ကမ္ဘာကျော် မော်ဒယ်များနှင့်အတူ ပါဝင်တင်ဆက်ခဲ့တဲ့ ဂျက်ဆန်

တောင်ကိုရီးယား Kpop အဖွဲ့ GOT 7 မှ အဖွဲ့ဝင် ဂျက်ဆန်ကတော့ ပြင်သစ်နာမည် ကြီး ဇိမ်ခံပစ္စည်းများနှင့် လက်ဝတ်ရတနာလုပ်ငန်းစုကြီး Cartier ရဲ့ လှုပ်ရှားမှုမှာ ကမ္ဘာကျော် မော်ဒယ်များနှင့်အတူ ပါဝင်တင် ဆက်ခဲ့ပါတယ်။ အဲ့ဒီ Campaign မှာတော့ ဂျက်ဆန်က ရာမီမာလိခ်၊ ထရိုယီ ဆီဗန်၊ ဝီလိုစမစ်နှင့် မိုင်ဆိုင်ဝီလီ ယံတို့နှင့်အတူ မော်ဒယ်အဖြစ် ပါဝင်တင်ဆက်ခဲ့တာပါ။ Cartier Campaign ကတော့ လာမယ့် စက်တင်ဘာလမှာ စတင်မိတ်ဆက်မှာဖြစ်ပါတယ်။ စက်တင်ဘာလမှာ ပြုလုပ်မယ့် Campaign မှာတော့ Cartier အမှတ်တံဆိပ်ရဲ့ Pash de Cartier နာရီ ရောင်းအားမြှင့်အစီအစဉ်ကို ပြုလုပ်သွားမှာပါ။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်ဆန်ကတော့ ယခုနှစ် အ စောပိုင်းမှာ သီချင်းသစ် ‘100 Ways’ ထွက်ရှိထားပါတယ်။ By AsunaSein Source: Koreaboo

Read More