အခုတစ်လော နာမည်ကြီးနေတဲ့ 365 days ထဲ မင်းသား Michele Morrone

365 days ဇာတ်ကားကတော့ လတ်တလောမှာ Netflix ရဲ့ နာမည်ကြီးနေတဲ့ ဇာတ်ကားလေးတစ်ကားပါ။ IMDb Rating တွေနည်းခဲ့ပေမယ်လို့ ကြည့်ရှုနှုန်းများတဲ့ ဇာတ်ကားဆိုလဲ မမှားပါဘူး။ အဲ့ဒီဇာတ်ကားထဲက မင်းသား Michele Morrone ကတော့ ပျိုမေတွေရဲ့ အသဲတစ်ခြမ်းဖြစ်ခဲ့ပါတယ်။ Italian Actor တစ်ဦးဖြစ်တဲ့အပြင် အဆိုတော်လည်း ဖြစ်ပါသတဲ့။ အရပ်ကတော့ ၆ ပေ ၂ လက်မဆိုတော့ အရပ်ပုပုကောင်မလေးတွေအတွက် ရင်ခွင်မှီအရပ်ပေါ့နော်။ ၂၀၁၄ ခုနှစ်တုန်းက Rouba Saadeh ဆိုတဲ့ designer နဲ့ လက်ထပ်ခဲ့ပြီး သားနှစ်ယောက်ရခဲ့ပါတယ်။ ဒါပေမဲ့လို့ ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ အခုတော့ လူလွတ်တစ်ယောက်ပေါ့နော်။ ကဲ ပရိသတ်ကြီးကော Are you lost, baby girl? ဆိုတဲ့ စကားလေးနဲ့ 365 days ဇာတ်ကားမှာ ဒီမင်းသားကို ကြွေခဲ့တယ်ဟုတ်? By AsunaSein

Read More