ကျန်းမာရေးဝန်ထမ်းတွေအတွက် ရန်ပုံငွေ ရှာပေးခဲ့တဲ့ ဂျက်စတင်ဘီဘာနဲ့ အရီယားနား ဂရန်ဒီ

ကိုရိုနာဗိုင်းရပ်စ်အတွက် ရှေ့တန်းကနေ ရပ်တည်ပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဂျက်စတင်ဘီဘာနဲ့ အရီယားနား ဂရန်ဒီတို့ နှစ်ဦးက မေလ ၈ ရက် နေ့က အသစ်ထွက်ရှိထားတဲ့ “Stuck With U” သီချင်းနဲ့ ရန်ပုံငွေ ရှာပေးခဲ့ပါတယ်။ နှစ်ပတ်အတွင်း Stuck With U ဆိုတဲ့ သီချင်းကို Youtube Channel မှာ ကြည့်ရှုသူပေါင်း 46M ထိရရှိထားပြီးတော့ အလှူရန်ပုံငွေများစွာ ရရှိတယ်လို့ သိရပါတယ်။ ဒီ သီချင်းထုတ်လွှင့်လို့ ရတဲ့ အကျိုးအမြတ် အားလုံးကို ကိုရိုနာ ကပ်ရောဂါကြီး တိုက်ဖျက်ဖို့ အတွက် ရှေ့တန်းကနေ အလုပ်လုပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ထောက်ပံ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အလှူရန်ပုံငွေတွေထဲက တစ်ပုံကိုတော့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ရင်သွေးတွေ အတွက် ပညာသင် စားရိတ်ထောက်ပံ့သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အသက်ငယ်ငယ်နဲ့ ကမ္ဘာကျော် အနုပညာရှင် နှစ်ဦးဖြစ်တဲ့ ဂျက်စတင်ဘီဘာနဲ့ အရီယားနား ဂရန်ဒီတို့ကတော့ ကပ်ရောဂါကြီးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့တာဟာ လေးစားစရာကောင်းတဲ့ ကိစ္စရပ်ကြီးတစ်ခုပါပဲ။ By AsunaSein source: The Mirror

Read More