ဆင်းရဲတဲ့ လောကဒဏ်ကို ကြံ့ကြံ့ခံပြီး ဘဝကိုအရှုံးမပေးပဲ အောင်မြင်လာခဲ့ကြတဲ့ အနုပညာရှင် ၉ ယောက်

နိုင်ငံတကာမှာ အောင်မြင်ရေပန်းစားနေတဲ့ ကိုရီးယားသရုပ်ဆောင်များစွာ ရှိပါတယ်။ အနုပညာရှင်အချို့ကတော့ ပင်ကိုယ်ချမ်းသာမှုနဲ့ တစ်ခဏချင်း အောင်မြင်လာကြပေမဲ့ အချို့အနုပညာရှင်တွေကတော့ နောက်ကွယ်မှာ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ကျော်ဖြတ်ပြီးတော့မှ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ကြတာပါ။ ဒါ့ကြောင့် လောကဒဏ်ကို ကြံ့ကြံ့ခံပြီး ဘဝကိုအရှုံးမပေးပဲ အောင်မြင်လာခဲ့ကြတဲ့ အနုပညာရှင် ၉ ယောက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ Seo In Guk Seo In Guk ဟာ ခုချိန်မှာတော့ အောင်မြင်တဲ့ korean star တစ်ဦးဖြစ်နေပေမယ့်လည်း သူ့ရဲ့ငယ်ဘဝကတော့ ကြမ်းတမ်းခဲ့ပါတယ်။ မိသားစုကထမင်းစားရဖို့အတွက် ‌ Seo In Guk အမေက စက္ကူပုံးအခွံတွေ လိုက်စုပြီးတော့တောင် မိသားစုရဲ့စားဝတ်နေရေးကိုဖြေရှင်းဖို့ ကြိုးစားခဲ့ရပါတယ်။ အခုချိန်မှာတော့ Seo In Guk ဟာ နိုင်ငံတကာမှာပါ အောင်မြင်တဲ့ အနုပညာရှင် ဖြစ်နေပါပြီ။ Park Shin Hye Park Shin Hye ကတော့ ငယ်စဉ်ကတည်းက ငွေကြေးအခက်အခဲများစွာနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ သူမ မင်းသမီးတစ်ယောက်ဖြစ်ဖို့အတွက် မိဘတွေက ရှိသမျှလေးတွေ အကုန်ရောင်းချပြီး ဆိုးလ်မြို့ကို ပို့ပေးခဲ့တာပါ။ ဒါပေမဲ့လည်း မိဘတွေအတွက်တော့ Park Shin Hye တစ်ယောက် သမီးလိမ္မာလေး ဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လို့ နေပါပြီ။ Han So Hee…

Read More