ဇွန်လမှာ အသစ်ထွက်ရှိမယ့် ဇွန်ဘီ ဇာတ်ကားသစ်တွင် မင်းသမီး ပတ်ရှင်ဟေးပါဝင်

၂၀၂၀ ခုနှစ် ဇွန်လမှာ အသစ်ထွက်ရှိလာမယ့် #ALIVE အမည်ရှိတဲ့ ဇွန်ဘီ ဇာတ်ကားသစ်မှာဆိုရင်တော့ မင်းသမီး ပတ်ရှင်ဟေးနဲ့ မင်းသားချော ယူအန်အင်း တို့ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ် သည်းထိတ်ရင်ဖို ဇာတ်ကားမျိုးဖြစ်ပြီးတော့ ထူးဆန်းတဲ့ ကူးစက်ရောဂါတစ်ခုကို အချိန်မှီမထိန်းချုပ်နိုင်ဘဲ ပျံ့နှံ့လာတာနဲ့ ပတ်သတ်ပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး ပတ်ရှင်ဟေးကတော့ ကမ္ဘာကျော် သရုပ်ဆောင်တစ်ဦးဖြစ်တာမို့ ပရိတ်သတ်ကြီးကလည်း #ALIVE ဆိုတဲ့ ရုပ်ရှင်ကို စောင့်မျှော်နေကြမယ်လို့ ထင်ပါတယ်။ By AsunaSein Source: Soompi

Read More