ယနေ့ ည (၈) နာရီထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ (၆) ဦးတိုး၊ (၄) ဦးမှာ ကလေးမြို့နယ်မှဖြစ်

ရန်ကုန်၊ ဧပြီ ၂၀ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ ပထမအသုတ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၆) ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ည (၈) နာရီက ထုတ်ပြန်ခဲ့တဲ့အတွက် အတည်ပြုလူနာ စုစုပေါင်း (၁၁၇) ဦးအထိ ရှိလို့ လာပြီ ဖြစ်ပါတယ်။ ရောဂါပိုးကင်းစင်သူ စုစုပေါင်းမှာလည်း (၉) ဦးအထိ ရှိလာပြီး၊ ၎င်းတို့အနက် (၄) ဦးကို ယနေ့ ဆေးရုံက ဆင်းခွင့်ပေးလိုက်တဲ့အတွက် ဆေးရုံဆင်းသူ စုစုပေါင်းမှာလည်း (၆) ဦး ဖြစ်လို့လာပါပြီ။ ဆေးရုံက ဆင်းခွင့်ရပြီးသူတွေကတော့ Case-003၊ Case-004၊ Case- 007၊ Case-009၊ Case-021 နဲ့ Case-015 တို့ပဲဖြစ်ပြီး ၎င်းတို့ကို သတ်မှတ်ရက်ပြည့်တဲ့အထိ အသွားအလာ ဆက်လက်ကန့်သတ်ထားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသစ်ထပ်တိုးတဲ့ လူနာ (၆) ဦးအနက် Case-112 မှာ တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်ကဖြစ်ပြီး၊ Case-113 ကတော့ ချင်းပြည်နယ်၊ တီးတိန်မြို့က ဖြစ်ပါတယ်။ နှစ်လုံးစလုံးက အမျိုးသမီးတွေပါ။ ကျန်လူနာလေးဦးဖြစ်တဲ့ Case-114 မှ 118 အထိကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှပဲ ဖြစ်ပြီး အသက် ၁၀ နှစ်မှ…

Read More