COVID-19 ရောဂါပိုးတွေ့လူနာ (၃) ဦးတိုး၊ အတည်ပြုလူနာ စုစုပေါင်း (၈၈) ဦးအထိ ဖြစ်လာ

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ ပထမအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲလူနာ (၉၃) ဦးအနက် အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁) ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁) ဦးနဲ့ ကလေးမြို့မှာ အသွားအလာကန့်သတ်ထားသူ (၁) ဦး စုစုပေါင်း (၃) ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရပြီး ကျန်လူနာ (၉၀) ဦးမှာ ရောဂါပိုးမရှိကြောင်း သိရှိရပါတယ်။ ယနေ့ည (၈) နာရီအထိ တွေ့ရှိထားတဲ့ အတည်ပြုလူနာပေါင်း (၈၈) ဦးအထဲမှ (Case-003) ၊ (Case-009) နဲ့ (Case-012) တို့ဟာ ရောဂါသက်သာကောင်းမွန်လျက် ရှိနေပြီး ဓာတ်ခွဲနမူနာတွေကို နှစ်ကြိမ်စီ ထပ်မံစစ်ဆေးခဲ့ရာမှာ နှစ်ကြိမ်လုံး COVID-19 ရောဂါပိုး မတွေ့ရှိတော့ကြောင်း သိရပါတယ်။ ဒီအတွက် မြန်မာပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်မှုမှ ပြန်လည်သက်သာလာသူပေါင်း (၅) ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ရန်နောင် Source: MOHS

Read More

ဒီမင်းသမီးကို သိရင် သင့်အသက် တော်တော် ကြီးနေပြီဆိုတာ အာမခံပါတယ်💕🤗

ဒီတစ်ခါမှာ အိမ်မှာနေရင်း အက်မင်က ပျင်းနေမှာစိုးလို့ မေးခွန်းလေးတွေ မေးပါရစေနော်🧚‍♀️🧚‍♀️ သူမရဲ့ နာမည်? သူမရဲ့ဇာတ်ဆောင်နာမည်? သူမကို ဘယ်ဇာတ်ကားကနေ စသိတာလဲ? သူမရဲ့ လက်ရှိအသက်က ဘယ်လောက်ပါလဲ? ကဲ ကိုရီးယားကားကြိုက်နှစ်သက်တဲ့ အချစ်တွေကတော့ ဒီမေးခွန်းလေးတွေကို အေးဆေး မျက်စိမှိတ် ဖြေနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်😘😘 By AsunaSein

Read More

ရှားစောင်းလက်ပပ်ရဲ့ အလှအပအတွက် အသုံးဝင်ပုံ

နေလောင်တာကို သက်သာစေနိုင်ပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ကို ရေနဲ့ရောပြီး ရေခဲသေတ္တာထဲမှာ အခဲခံထားပါ။ ပြီးရင်တော့ နေလောင်တဲ့နေရာလေးမှာ သုတ်လိမ်းပေးလိုက်ပါတယ်။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးမယ်ဆို အမဲစက်တွေကို သက်သာပြီး ချောမွေ့လှပလာမှာ ဖြစ်ပါတယ်။ ၀က်ခြံတွေကို သက်သာစေနိုင်ပါတယ်။ ၀က်ခြံသက်သာဖို့အတွက် ရှားစောင်းလက်ပပ်အနှစ်ကို ၀က်ခြံရှိတဲ့နေရမှာ အုံပေးထားပါ။ မိနစ်အနည်းငယ်ထားပြီး မျက်နှာကို ရေနဲ့ဆေးပေးလိုက်ရင် ၀က်ခြံတွေ သိသိသာသာ သက်သာသွားမှာ ဖြစ်ပါတယ်။ ခြေဖ၀ါးကွဲတာကို သက်သာစေနိုင်ပါတယ်။ ခြေဖ၀ါးကို ရှားစောင်းလက်ပပ်နဲ့ သံပုရာရေရောပြီး မိနစ် (၃၀) လောက်ထားပေးပါ။ ပြီးရင် ရေနွေးလေးနဲ့ဆေးပေးပါ။ ဒီနည်းလေးကိုတော့ တပတ်ကို ၂ခါလောက်ပြုလုပ်ပေးသင့်ပါတယ်နော်။ ဆံသားကို ကောင်းမွန်စေနိုင်ပါတယ်။ ဆံသားကောင်းမွန်ဖို့အတွက် ခေါင်းမလျှော်ခင်မှာ ရှားစောင်းလက်ပပ်အနှစ်နဲ့ ပေါင်းတင်ပေးရမှာပါ။ မိနစ်(၂၀)လောက်ထားပြီး ခေါင်းလျှော်ပေးလိုက်ရင်တော့ ဆံသားလေးတွေကို ကောင်းမွန်လာစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကတော့ ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ အိမ်မှာ အလွယ်တကူပြုလုပ်လို့ရမယ့် ရှားစောင်းလက်ပပ်ရဲ့ အလှအပ အသုံးဝင်ပုံတွေကို တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ By T.T.T

Read More