Spa ကို သွားစရာ မလိုဘဲ ခြေထောက်လေးတွေသန့်စင်နည်း

ခြေသည်းကို သန့်ရှင်းရေး လုပ်ပေးပါ။ ခြေသည်းလေးတွေကို တစ်ပတ်ကို တစ်ခါလောက် ပုံမုန်လေး ညှပ်ပေးတာ၊ တိပေးတာတို့ လုပ်ပေးသင့်ပါတယ်။ ခြေထောက်ကို ပွတ်တိုက် သန့်စင်ပေးပါ။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း နဲ့ သံပုရာရည် နှစ်ဇွန်း၊ နဲ့ သွားတိုက်ဆေးတို့ကို သမအောင်ရောမွှေပြီး ခြေသည်းလေးတွေကို ပွတ်တိုက်သန့်စင်ပေးပါ။ ပြီးရင်တော့ ခြေထောက်ကိုခြောက်သွေ့အောင်ပုဝါလေးနဲ့ သေချာပွတ်တိုက်ပေးပါ။ ဒီနည်းလေးကိုလည်း တစ်ပတ်ကို တစ်ခါလောက်ပုံမှန်လေး လုပ်ပေးသင့်ပါတယ်။ ခြေထောက်ကို ခြောက်သွေ့ပြီး ခြေဖနောင့်ကွဲတာ မဖြစ်စေအောင် ဂရုစိုက်ပါ။ ခြေထောက်လေး စိုပြေဖို့အတွက် ဆိုရင်တော့ ညအိပ်ယာဝင်ခါနီးတိုင်း သံလွင်ဆီလေး ပုံမှန်လိမ်းပေးသင့်ပါတယ်။ ဒါ့အပြင် အပြင်သွားတဲ့ အခါမှာလည်း Lotion လေး လိမ်းပြီးမှ သွားသင့်ပါတယ်နော်။

Read More

လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ရုံတင်တော့မှာ ဖြစ်တဲ့ Yuri – Film ရုပ်ရှင်ဇာတ်ကားကြီး

မျက်နှာသစ်သရုပ်ဆောင်တွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ Yuri – Film ရုပ်ရှင်ဇာတ်ကားကြီး ကတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ယူရီ ဇာတ်ကားလေးကို The Motivation Gallery Production က တင်ဆက်တာဖြစ်ပြီး ဇာတ်လမ်းနဲ့ဒါရိုက်တာက အာဂသူရ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ ဧည်သည်သရုပ်ဆောင် မေမြတ်နိုးက လွဲရင် မျက်နှာသစ်တွေနဲ့ ပုံဖော်ရိုက်ကူးထား တာဖြစ်ပါတယ်။ ဒီဇာတ်ကားလေး ထဲမှာ ယူရီအဖြစ် သရုပ်ဆောင် ၀င်ဒီထက်၊ ဟန့် (Hank) အဖြစ် သရုပ်ဆောင် အောင်မျိုးဝင်းတို့က အဓိက သရုပ်ဆောင်တွေ အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးက ပရိသတ်တွေအတွက် ရယ်စရာ၊ ပျော်စရာ၊ ကြည်နူးစရာ ရင်ခုန်စိတ်လှုပ်ရှားစရာအပြည့်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကားရုံတင်လို့ ရရှိလာမည့် အကျိုးအမြတ်တွေကိုလည်း ကင်ဆာ​ဝေဒနာရှင်က​လေး​ငယ်များအတွက် ရန်ပုံ​ငွေအဖြစ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

Read More