တစ်ပတ်အတွင်းရုပ်ရှင်ဇာတ်ကားများ

ကဲဒီတစ်ပတ်အားလပ်ရက်(၁၃၊ ၂ ၊ ၂၀၂၀ ) ရက်မှ (၁၉၊ ၂ ၊ ၂၀၂၀) မှာ JCGV နဲ့ Mingalar Cinema မှာပြသသွားမယ့် ရုပ်ရှင် ကားတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ရုပ်ရှင်သွားကြည့်ကြမယ့် ပရိတ်သတ်တွေအတွက် ရုပ်ရှင် ရုံတွေမှာ အလွမ်း ၊ အဆွေး ၊ အငို ၊ အရယ် ကြောက်လန့်ဖွယ်ရာဘာတွေတင်နေလဲဆိုတာသိချင်ရင် အောက်ပါလင့်ခ်လေးကိုနှိပ်ပြီးဝင်ကြည့်လိုက်ကြရအောင်နော်။ ဒီတစ်ပတ်မှာတော့ ပရိတ်သတ်တွေ စိတ်ဝင်စားမယ့်ရုပ်ရှင်ကားတွေ တင်ထားတာတွေ့ရပါတယ်။ ကြောက်စရာဇာတ်လမ်းတွေလည်းပါ သေးတယ်။ဒါဆိုရင်ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကားတွေကို အားတဲ့အချိန်လေးမှာသွားကြည့်လိုက်ရအောင် နော်။

Read More

၂၀.၂.၂၀၂၀ မှာ ရုံတင်ပြသတော့မှာ ဖြစ်တဲ့ ကိုပေါ ရုပ်ရှင်ဇာတ်ကားကြီး

  ဇာတ်လမ်း ရိုက်ကူးနေချိန်မှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် လက်ရှိမှာ ရုံတင်ဇာတ်ကားကြီး တစ်ကား ဖြစ်လာပြီ ဖြစ်တဲ့ ကိုပေါ ဇာတ်ကားကြီးကတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ကိုပေါ ဇာတ်ကားကြီးကို ဒါရိုက်တာ နန္ဒကျော်က ရိုက်ကူးပုံဖော်ထားပြီး အဓိက သရုပ်ဆောင်တွေအနေနဲ့ စည်သူ (ပလပ်ကျွတ်)၊ စံရတီမိုးမြင့် ၊ ခင်စိုးပိုင်၊ ၀ါဝါအောင်၊ ၀င်းမင်းသန်း၊ အေးအေးခိုင်၊ မျိုးမျိုးခိုင်၊ မတူး၊ စပ်စု၊ ဆင်မ၊ ဗေဒါ နှင့် စိုင်းအောင်တင့် တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ စည်သူ (ပလပ်ကျွတ်) ကိုတော့ ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။ ကိုပေါဇာတ်ကားလေးထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်သီချင်းလေးကတော့ နာမည်ကြီးအောင်မြင်ခဲ့တဲ့ လွမ်းမိုးရဲ့ ကိုပေါ သီချင်းလေးကို ယခုခေတ်ပုံစံမျိုးပေါ်အောင် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ရိုးသားပြီး အချစ်ကြီးတဲ့ သူ တစ်ယောက်ရဲ့ အကြောင်းလေးကို ပုံဖော်ရိုက်ကူးထားတာပါ။ နောက်ပြီး ဒီဇာတ်ကားလေးထဲမှာ တောရွာအငွေ့အသက်လေးတွေကိုလည်း ခံစားရမှာဖြစ်ပါတယ်။  

Read More

13.2.2020 မှ 19.2.2020 အထိ တစ်ပတ်စာ၇ ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်းလုပ်ငန်းဆောင်ရွက်ဖို့ အခွင့်အရေးကောင်းတွေ လက်ဝယ်ရောက်ရှိလာမည်။စိတ်ကြည်လင်အေးချမ်း မှုတွေကိုရလာမယ့်ကာလပါပဲ။ အလုပ်အတွက် ကံကောင်းမှုတွေ ပေါ်ပေါက်လာပြီး ဘာပဲလုပ်လုပ် အဆင်ပြေမှု တွေ့ကြုံ နိုင်တဲ့ ကာလဖြစ်ပါတယ်။ လူမှုရေးကိစ္စအတွက် ပင်ပန်းမယ်။ ကိုယ့်သားချင်းတွေကြောင့် အနှောက်အယှက်ကြုံတတ်ပါ တယ်။လုပ်ကိုင်ဆောင်ရွက်လို့ ခက်ခဲနေရင်တောင် ကူညီအကြံဉာဏ်ပေးမယ့် ဆရာသမားတွေနဲ့ကြုံရတတ်ပါတယ်။မိမိ အကောင်အထည်ဖော်ချင်တဲ့ကိစ္စမျိုးတွေဒီကာလမှာစတင်သင့်ပါတယ်။ ကျန်းမာ ရေး ကတော့မီးယပ်နှင့် ဆိုင်သောရောဂါ များ၊အရေပြားအဖုအပိန့်ထွက်ခြင်းမျိုးဖြစ်တတ် ပါတယ်။အချစ်ရေးမှာတော့ အသက်ကြီးသူတွေရဲ့ချစ်မြတ်နိုးခြင်းကိုခံရ တတ်ပါတယ်။ လက်တွဲတာကြာနေပြီဖြစ်တဲ့ ချစ်သူစုံတွဲများ ပြဿနာဟောင်းတွေပြန်ပေါပြီးစကားများရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက် ကမိမိကို မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်တတ်ပါတယ်။ ချစ်တာထက် စိတ်မချတာကပိုများနေတတ်ပါ တယ်။မိမိက အနေအထိုင်မတည်ကြည်သူ ဆိုရင်ပိုဆိုးပါတယ်။ ပညာရေးကတော့ ဒီကာလဟာအစစအရာရာ ကောင်းမွန်နေပါလိမ့်မယ်။နိုင်ငံခြားဘာသာလေ့လာ နေသူ များပိုမိုတတ်လွယ်မည်။ အကျိုးပေးဂဏန်း ၁/၈/၃ အထူးဟော ကျန်းမာရေးဂရုစိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ ယတြာ ဇလုံထမင်းဘုရားရှင်အားဆွမ်းကပ်ပါ။ တနင်္လာ ဒီကာလအတွင်းဘုန်းကံအရှိန်အဝါ သိသိသာသာ မြင့်မားတိုးတတ်မယ်။ ရာထူးတိုးတတ်မှု ထူးခြားတဲ့ ကံကောင်း မှုတွေ ဒီလိုအချိန်မှာ မလိုချင်လည်း အလိုလိုရောက်ရှိလာတတ်ပါတယ်။ အလုပ်အတွက်ပင်ပန်းရပေမယ့် ပေးဆပ်သလောက် အကျိုးရှိကြီးပွားမယ်။ စီးပွားရေးကိစ္စတွေ ကိုယ်မျှော်မှန်းတာထက် တိုးတတ်လာပါမယ်။ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စ ရပ်တွေ မိသားစုမှာ တွေ့ကြုံလာမယ်။ နိုင်ငံခြား အခွင့်အရေးကောင်းတွေ တွေ့ကြုံပြီး ကိုယ့်ရဲ့ ဆောင်ရွက်မှုတွေအတွက် ရွှေဖြစ်နိုင်တဲ့ ကာလဖြစ်ပါတယ်။ ငွေဝင်ကောင်းသလို အကုန်အကျများပြားနေမယ်။ ငွေကြေးကိစ္စအတွက် မိသားစုပြဿနာ များဖြေရှင်းရမည်။ ကွန်ပျူနှင့်နည်းပညာပစ္စည်းများ…

Read More