ပြည်သူ့အကယ်ဒမီရုပ်တု ဒီဇိုင်း ထုတ်လုပ်ဖန်တီးမှုထွက်ရှိလာ

ပရိသတ်ကပေးတဲ့ ပြည်သူ့အကယ်ဒမီရုပ်တု ဒီဇိုင်းထုတ်လုပ်ဖန်တီးမှုထွက်ရှိလာပြီဖြစ်ကြောင်း သိရ ပါတယ်။ အဆိုပါအကယ်ဒမီရုပ်ကို ကိုစိုးသီဟနောင်ကဦးစီးပြီး အကယ်ဒမီထူးချွန်ဆု စာရင်းဝင် ဇာတ် ကားတွေထဲက မုဒြာခေါ်သံ နဲ့ မီရုပ်ရှင် ဇာတ်ကားတို့ကို ရည်ရွယ်ပြုလုပ်ကာ ဖြစ်ကြောင်းသိရပါ တယ်။ ပြည်သူ့အကယ်ဒမီရုပ်တု ဒီဇိုင်းကို ထုတ်လုပ်ဖန်တီးပေးသူကတော့ ပန်းပု ထူးချွန်ဆုကို (၇)နှစ် ဆက် တိုက်ရရှိခဲ့တဲ့ မဆုပိုက်ကပြု လုပ်ပေးခဲ့တာဖြစ်ကြောင်းလည်းသိရပါတယ်။ #Pissaya_Entertainment

Read More

ပထမဦးဆုံးရေခဲပြင် စကိတ်အားကစားကွင်း ဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံမှာ ပထမဦးဆုံးရေခဲပြင် စကိတ်အားကစားကွင်းဖွင့်ပွဲကို ရန်ကုန်မြို့ ၊ ၉ မိုင် တော်ဝင်လမ်းမှာရှိတဲ့ အဆောက်အဦး မှာ ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ Ice Skate နဲ့ဘိုးလင်းကစားကွင်းကို ၂၀၁၉ ခုနှစ် မေလ(၁) ရက်နေ့မှစတင်ကာ နေ့စဉ် နံနက် (၁၀) နာရီမှ ည (၁၀)နာရီအထိ ဖွင့်လှစ် သွားမှာဖြစ်ပြီး Ice Skate စီးသူများအတွက်  ဂျပန် Trainer (၁) ဦး နဲ့ မြန်မ Trainer (၅) ဦးမှ ကူညီပြသပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါစကိတ်ကွင်းမှာ စားသောက်ဆိုင်များနဲ့ အခြားဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်းနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရပါတယ်။ #Pissaya_ News

Read More

နှာခေါင်းသွေးလျှံခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းများ

နွေရာသီရောက်ပြီဆိုတာနဲ့ လူကြီး ၊ လူငယ်မရွေး နှာခေါင်းသွေးလျှံခြင်းများ တစ်ခါတစ်ရံဖြစ် ပေါ် တတ်ပါတယ် ။နှာခေါင်းသွေး ဘာကြောင့် လျှံရတာဆိုတာကတော့ နှာခေါင်းအတွင်းမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးများ ပေါက်ပြဲပြီး နှာရောင်တစ်လျှောက်မှ သွေးများစီးကျလာခြင်းတို့ကြောင့် ဖြစ် ကြောင်းသိရပါတယ်။ဒါကြောင့် နှာခေါင်းသွေးလျှံခြင်းတို့မှာ ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို Pissaya News ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ နှာခေါင်းသွေးလျှံခြင်းကိုကာကွယ်နိုင်မယ့် နည်းလမ်းများကတော့ ခန္ဓာကိုယ်အပူချိန်ကို ပြင်ပရာသီဥတုအပူချိန်နဲ့လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်း။ သွေးတိုးရောဂါရှင်များအနေဖြင့် ဆေးများကို မပြတ်မှီဝဲနေထိုင်ခြင်း။ နှာရည်ယို ၊ နှာစေးသောအခါ အားပြင်းပြင်းနဲ့နှပ်ညှစ်ခြင်း။ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုမှာ နေပူထဲအသွားများခြင်းမှာ ရှောင်ကြဉ်ခြင်း။ အပူ ၊ အစပ်များကိုလည်း တတ်နိုင်သမျှလျှော့စားခြင်း ။ ရေဓါတ်ပြည့်ဝအောင်ပြုလုပ်ထားရမှာဖြစ်ခြင်း။ #Pissaya_Health

Read More