မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းကာ ပထမဦးဆုံးအကြိမ်ရုပ်ရှင် ရိုက်ကူးသွားမည်

မြန်မာ – တရုတ်နှစ်နိုင်ငံပူးပေါင်းပြီး ပထမဦးဆုံးအကြိမ်ဖြင့် ပုဂံရတနာသိုက် ရုပ်ရှင် ဇာတ်လမ်းကို ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဇာတ်လမ်းတွဲမှာ သရုပ်ဆောင်နိုင်းနိုင်း ၊ အကယ်ဒမီဝတ်မှုံရွှေရည် နဲ့တရုတ်နိုင်ငံမှ အနုပညာ ရှင်များစွာ ပါဝင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်လမ်းကို မြန်မာ-တရုတ် သံတမာန်ဆက်ဆံမှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ရိုက်ကူးပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ #Pissaya_Entertaunment

Read More

မွေးနေ့အကြိုပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်ဧငြိမ်းဖြူ

 ရေဒီယိုဇာတ်လမ်းတွဲကနေ ပရိသတ်အသိများလာတဲ့ သရုပ်ဆောင်ဧငြိမ်းဖြူဟာဆိုရင်တော့ မနက်ဖြန် မေလ(၂၄) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့အကြိုကို တွံ့တေးမြို့မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူမကိုမွေးထုတ်ပေးခဲ့တဲ့ မိဘများကိုလည်း ငွေကျပ် (၁၀)သိန်းဖြင့် ကန်တော့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါမွေးနေ့အကြို အလှူကိုတော့ ချစ်ရတဲ့သူတွေနဲ့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ကြောင်းလည်းသူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာဖော်ပြထားကြောင်းသိရပါတယ်။ #Pissaya_News Photo;ANP’s FB

Read More

ကျန်းမာရေးအတွက်သတိပြုရမယ့်အချက်များ

မိမိတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေမှာ တစ်ခါတစ်လေ အောင့်တတ်တာလေးတွေရှိတတ်ပါ တယ်။ ဒါကြောင့်အောင့်တတ်တဲ့နေရာလေးတွေကဘာကြောင့်အောင့်တယ်ဆိုတာသိရအောင်လို့  Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ သတိပြုရမယ့်အချက်များ (၁) ရင်ညွှန့်အောင်လျှင် အစာအိမ်နာခြင်း  ၊ အစာအိမ်လေပူထခြင်း  နဲ့ မုန့်ချိုအိတ်ယောင်ခြင်းတို့ ဖြစ်တတ်ပါတယ်။ (၂) ဘယ်ဘက်နံရိုးအောက် အောင့်လျှင် လေအောင့်ခြင်းနဲ့ အစာအိမ် အနာဖြစ်ခြင်းတို့ဖြစ်တတ်ပါ တယ်။ (၃) ညာဘက်နံရိုးအောက်အောင့်လျှင် သည်းခြေအိတ်ယောက်ခြင်း နဲ့ အစာအိမ်ယောင်ခြင်းတို့ ဖြစ် တတ်ပါတယ်။ (၄) ချက်အလယ်နေရာအောင့်လျှင် လေအောင့်ခြင်း နဲ့ အစောပိုင်း အူအတတ်ယောင်ခြင်းတို့ဖြစ် တတ်ပါတယ်။ (၅)ဆီးခုံနေရာအောင့်လျှင် ဆီးပိုးဝင်ခြင်း ၊ သားအိမ်ခေါင်ယောင်ခြင်း နဲ့ ရာသီကိုက်ခဲခြင်းတို့ဖြစ်တတ် ပါတယ်။ (၆)ညာဘက်ချက်ဘေးအောင့်လျှင် ဆီးကျောက်တည်ခြင်း ၊ ဆီးပိုးဝင်ခြင်း နဲ့ ဝမ်းချုပ်ခြင်းတို့ဖြစ် တတ်ပါတယ်။ (၇) ဘယ်ဘက်ချက်ဘေးအောင့်လျှင် ဆီးကျေက်တည်ခြင်းနဲ့ အူယောင်ခြင်းတို့ဖြစ်တတ်ပါတယ်။ (၈)ဘယ်ဘက်ပေါင်ရင်းထိပ်နေရာအောင့်လျှင် အူကျခြင်း နဲ့ မမျိုးဥပြွန်ယောင်ခြင်းတို့ဖြစ်တတ်ပါ တယ်။ (၉)ညာဘက်ပေါင်ရင်းထိပ်နေရာအောင့်လျှင် အူအတတ်ယောင်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ မမျိုးဥအိမ် ရေအိတ်တည်ခြင်း ၊ အူကျခြင်းနဲ့ မမျိုးဥပြွန်ယောင်ခြင်းတို့ဖြစ်တတ်ပါတယ်။ #Pissaya_Health

Read More