မျက်စိမမှုန်စေရန် ရှောင်ရမည့်နည်းလမ်းများ

မျက်စိမမှုန်စေဖို့အတွက် ဆောင်ရ ၊ ရှောင်ရမယ့်နည်းလမ်းတွေကို Pissaya News ပရိတ်သတ်ကြီးအ တွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ဆောင်ရ ၊ ရှောင်ရမယ့်နည်းလမ်းများကတော့ စာဖတ်တဲ့အခါအိပ်ပြီးမဖတ်တာအကောင်းဆုံးပါ။ မှောင်တဲ့နေရာမှာ စာမဖတ်တာအကောင်းဆုံးပါ။ စာဖတ်တဲ့အခါ မှောက်ပြီးလည်းမဖတ်တာအကောင်းဆုံးပါ။ ကား၊ရထားစီးရင် စာဖတ်တာလည်းမကောင်းပါဘူး။ TV ကြည့်တဲ့အခါ မျက်စိနဲ့တတန်းတည်းထားကြည့်ရပါမယ်။ TV ကြည့်တဲ့အခါအမှောင်ထဲမှာမကြည့်ပဲ အလင်းနောက်ခံထားကြည့်သင့်ပါတယ်။ #Pissaya_Health

Read More

မင်းဂွတ်သီးစားသုံးခြင်းရဲ့အကျိုးကျေးဇူးများ

မိမိတို့နေ့စဉ်စားသုံးနေတဲ့ အသီးအနှံတွေများစွာရှိပါတယ်။ အဲဒီအသီးအနှံတွေထဲကမှမင်းဂွတ် သီးဟာဆိုလို့ရှိရင် ဘယ်လိုကောင်းကျိုးတွေရနိုင်လဲဆိုတာ Pissaya News ပရိတ်သတ်ကြီးအ တွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ မင်းဂွတ်သီးစားသုံးခြင်းရဲ့အကျိုးကျေးဇူးများ ဝိတ်ကျစေနိုင်ခြင်း။ အသားအရေလှပစေခြင်း။ ရောင်ရမ်းခြင်းကိုသက်သာစေနိုင်ခြင်း။ အာဟာရဓါတ်ပြည့်ဝခြင်းနဲ့ကိုယ်ခံအားမြှင့်တင်နိုင်ခြင်း။ ကင်ဆာဖြစ်နိုင်ချေလျော့ကျစေခြင်း။ အရွယ်တင်နုပျိုစေခြင်း။ သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးခြင်းတို့ကိုရရှိနိုင်မှာဖြစ်ပါတယ်။ #Pissaya_Health

Read More

အိန္ဒိယဥပဒေပြုအမတ်လုပ်ကြံခံရ

အိန္ဒိယနိုင်ငံ ချတ်တီးစဂတ်ပြည်နယ်(Chhattisgarh) အလယ်ပိုင်းမှာဧပြီ ၉ရက်နေ့က ပြည်နယ်ဥပဒေပြု အမတ်တစ်ဦး လုပ်ကြံခံခဲ့ရကြောင်း သိရပါတယ်။ Naxalsလက်နက်ကိုင် သူပုန်များက ဖောက်ခွဲရေးပစ္စည်းများအသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် ပြည်နယ်ဥပဒေပြုအမတ်အပြင် သူရဲ့လုံခြုံရေး ၅ ဦးလည်း သေဆုံးခဲ့ရပါတယ်။ အခုလိုလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် နာရန်ဒါမိုဒီ က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ #Pissaya_International News

Read More

နွေရာသီမှာ စိုပြေဝင်းလက်တဲ့အသားရေလေးရရှိအောင် ဘယ်လိုထိန်းသိမ်းမလဲ

နွေရာသီမှာ မိမိတို့ရဲ့အသားအရေတွေဟာ နေရောင်ခြည်ကြောင့် ပျက်စီးလွယ်တတ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့အသားအရေတွေကို မပျက်စီးပဲ စိုပြေဝင်းလက်တဲ့အသားရေလေးရရှိစေရန် ထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေကို Pissaya News ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ စိုပြေဝင်းလက်တဲ့အသားရေလေးရရှိစေမယ့်နည်းလမ်းများ မျက်နှာသစ်တဲ့အခါ အဆီပြန်တတ်တဲ့အသားအရေဆို salicylic acid ပါတဲ့ မျက်နှာသစ်ဆေး သုံးပြီး မျက်နှာ အသားခြောက်တဲ့သူတွေကတော့ non-soapy fase wash ပါတဲ့မျက်နှာ သစ် ဆေး နဲ့ ပုံမှန်အသားအရေရှိတဲ့သူတွေကတော့ gel-based face wash  ပါတဲ့ မျက်နှာသစ် ဆေး ကိုနှစ်ခါ (သို့မဟုတ်) သုံးခါလောက်သုံးပေးပါ။ နေရောင်ခံလူးဆေးလူးပြီးမှာအပြင်ထွက်ပါ။ ရေဓါတ်ပြည့်ဝအောင်အမြဲနေပေးပါ။ မိတ်ကပ်ပါးပါးလေးပဲလူးပါ။ ခြေဖဝါးလေးကိုလည်းဂရုစိုက်ဖို့မမေ့ပါနဲ့။ လေ့ကျင့်ခန်းတွေလည်းလုပ်ပါ။ ကောင်းကောင်းအနားယူပါ။ မျက်လုံးတစ်ဝိုက်ကိုလည်း moisturiserလူးဖို့ မမေ့ပါနဲ့။ ရေအေးအေးနဲ့ရေချိုးပါ။ ဒါတွေကိုဂရုစိုက်မယ်ဆိုလို့ရှိရင်အသားအရေလေးက ပြောင်းလဲလာပါလိမ့်မယ်။ #Pissaya_Health

Read More

ကော်ဖီသောက်ခြင်းအကျိုးကျေးဇူးများ

မိမိတို့ရဲ့နေ့တစ်နေ့တာမနက်ခင်းအစမှာ တော်တော်များများက ကော်ဖီဒါမှမဟုတ် လက်ဖက်ရည်ကို သောက်သုံးလေ့ရှိကြပါတယ်။ ဒါကြောင့်ကော်ဖီကိုသောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ကော်ဖီသောက်ခြင်းအကျိုးကျေးဇူးများ ခန္ဓာကိုယ်စွမ်းအင်ပမာဏမြှင့်တင်ပေးတယ်။ စိတ်ဖိစီးမှုလျော့ကျစေတယ်။ ဆီးပုံမှန်ထက်ပိုရွှင်တယ်။ ဦးနှောက်စွမ်းအင်ကိုမြှင့်တင်ပေးတယ်။ အသည်းကိုလည်းကာကွယ်ပေးသလို အသည်းရောဂါဖြစ်ခြင်းကိုလည်း နည်းပါးစေပါတယ်။ ကိုလက်စထရောပမာဏထိန်းညှိပေးတယ်။ အရွယ်တင်နုပျိုစေပါတယ်။ #Pissaya_Health

Read More

ဝမ်းမချူပ်စေရန် ကာကွယ်ရမယ့်နည်းလမ်းများ

ဝမ်းမချုပ်စေရန် ကာကွယ်ရမယ့်နည်းလမ်းတွေများစွာထဲက လူတိုင်းလုပ်နိုင်မယ့်နည်းလမ်းလေးတွေ ကို Pissaya News ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ နည်းလမ်းများကတော့ ရေကိုလုံလောက်တဲ့ပမာဏထိသောက်ရပါမယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံစားမသုံးပါနဲ့။ ကိုယ်လက်လှုပ်ရှားမှုရှိရပါမယ်။ စိတ်ဖိစိမှုးမရှိအောင်အတတ်နိုင်ဆုံးနေရပါမယ်။ အမျှင်ဓါတ်တွေလုံလောက်စွာသုံးဆောင်ရပါမယ်။ သကြားနဲ့ကျန်းမာရေးမညီညွတ်တဲ့အစားအစာတွေ အလွန်အကျွံမစားသုံးပါနဲ့။ ကယ်စီယမ်နဲ့သံဓါတ်တွေ များစွာမစားသုံးပါနဲ့။ ဆေးအချို့ကြောင့်လည်း ဝမ်းချုပ်တာဖြစ်တတ်ပါတယ်။ #Pissaya_Health

Read More

အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရတဲ့ မန်ယူ

ဒီကနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တခုဖြစ်တဲ့ ဘာစီလိုနာနဲ့ မန်ယူပွဲမှာ ၁-၀ ဂိုးနဲ့ မန်ယူအသင်းအရေးနိမ့်ခဲ့ရပါတယ်။ ဘာစီလိုနာကို ယှဉ်ပြိုင်ဖို့အတွက် နည်းပြဆိုးရှား တစ်ယောက် လူစုံပွဲထုတ်လာခဲ့ပေမယ့် ပွဲအစပိုင်းမှာ ဘာစီလိုနာအသင်း ပိုမိုထိုးဖောက်နိုင်ခဲ့ပြီး (၁၂)မိနစ်မှာ မန်ယူနောက်ခံလူ လုခ်ရှော ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ ဘာစီလိုနာအသင်း ဦးဆောင်နိုင်ခဲ့ပါတယ်။ အိမ်ကွင်းရှုံးပွဲကြောင့် မန်ယူအသင်းအတွက်ကတော့ ဆီမီးဖိုင်နယ်တက်ခွင့်က ပိုမိုခက်ခဲသွားခဲ့တာလည်းဖြစ်ပါတယ်။ #Pissaya_Sport

Read More

ပျက်ဆီးနေတဲ့ဆံသားလေတွေ ဘယ်လိုထိန်းသိမ်းမလဲ

မိမိတို့ရဲ့ဆံသားလေးတွေမှာ အဖျားနှစ်ခွဖြစ်တာတို့ ရေဓါတ်ခြောက်ခမ်းတာတို့အရောင်ဆိုးခြင်း ကြောင့်ဆံသားပျက်စီးတာတွေ ဖြစ်တတ်ကြပါတယ်။ဒါကြောင့်မိမိအိမ်မှာ  ပျက်ဆီးနေတဲ့ဆံသား လေးတွေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ ဆံသားလေးတွေ ပြန်ကောင်းလာဖို့ဆိုရင် အစိုဓါတ်လေးတွေပြန်ဖြည့်ဖို့လိုပါတယ်။ အညစ်အကြေးတွေဖယ်ရှားဖို့လိုပါတယ်။ ပျက်ဆီးနေတဲ့ဆံသားတွေပြုပြင်ဖို့လိုပါတယ်။ ပိုမိုတောက်ပအောင်လုပ်ဖို့လိုပါတယ်။ ဆံပင်ကြီးထွားမှုပိုကောင်းအောင်လုပ်ဖို့လိုပါတယ်။ ပျော့ပျောင်းအောင်လုပ်ဖို့လိုပါတယ်။ Ph Level ထိန်းညှိကြဖို့လိုပါတယ်။ ပြုလုပ်ရမယ့်နည်းလမ်းတွေကတော့ (၁) သံလွင်ဆီစားပွဲတင်ဇွန်း(၁)ဇွန်းနဲ့ဒိန်ချဉ် လေးပုံတစ်ပုံကို ရောပြီးမွှေပေးပါ။ပြီးလျှင်ဆံပင်ကိုအနှံ့ လိမ်းပေးပါ။ (၁၅)မိနစ် မိနစ်(၂၀) ကြာပြီလျှင် ရေဆေးချပေးပါ။ မိမိရဲ့ဆံသားလေးတွေ အစိုဓါတ်ပြန် ပြည့်လာပါလိမ့်မယ်။ (၂)ဆားစားပွဲတင်ဇွန်း(၂)ဇွန်း ၊ သံပုရာရည်စားပွဲတင်ဇွန်း (၂)ဇွန်း  နဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း (၂) ဇွန်းတို့ကို ဆံပင်အနှံ့လိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးရင်ခေါင်းလျှော်ပေးပါ။ (၃)ဌက်ပျောသီးတစ်လုံးနဲ့ ပျားရည်စားပွဲတင်ဇွန်း (၁)ဇွန်းကို ထည့်ပြီး ကြိတ်မွေပေးပါ။ ပြီးရင်ဆံကေ သာကိုလိမ်းပေးပါ။ ချောမွေ့မှုမရသေးခင်အထိ ထပ်ခါထပ်ခါလုပ်နိုင်ပါတယ်။ ပြီးရင်တော့ရေဆေးချ ပေးပါ။ (၄)ကြက်ဥ ၊ အုန်းရည်တစ်ခွက်စာရယ် ၊ သံလွင်ဆီစာပွဲတင်ဇွန်း (၁)ဇွန်းကို ရောမွှေပြီး ဦးရေပြားပေါ်လိမ်းပေးပါ။ (၁၅)မိနစ် ၊ မိနစ်(၂၀)ကြာရင် ရေဆေးချပေးပါ။ (၅)ကြက်ဥ  ၊ အုန်းဆီအနည်းငယ်နဲ့ လက်ဖက်စိမ်းမှုန့်စားပွဲတင်ဇွန်း(၁)ဇွန်းတို့ကို ရောပြီးမွှေပေး ပါ။ ဘီးကိုအသုံးပြုပြီး ဆံပင်ရော ၊ ဦးရေရော အနှံလိမ်းပေးပါ။ မိနစ်(၃၀)ထားပြီးခေါင်းလျှော်ပေးပါ။ (၆)အုန်းဆီစားပွဲတင်ဇွန်း(၂)ဇွန်းနဲ့ ပျားရည်စားပွဲတင်ဇွန်း(၁)ဇွန်း ကိုရောမွှေပြီး မိနစ်အနည်းငယ် လောက်အပူပေးပါ။မိနစ်(၃၀)မှ (၁)နာရီလောက် ရေချိုးဦးထုပ်ဆောင်းလေးနဲ့…

Read More

28.3.2019 မှ 3.4.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်း ကောင်းမွန်ပြည့်ဝသော မိတ်ဆွေကောင်းတွေအနားမှာမရှိသလောက်ပါပဲ။ မိမိကိုဒုက္ခပေး မဲ့မိတ်ဆွေတွေရှိနေတတ်ပါတယ်။ ဒါလေးကိုတော့သတိထားပါ။ မိသားစုနဲ့ခွဲခွာပြီး ခရီးထွက်ရတာမျိုးတွေလဲ တွေ့ ရကြုံရတတ်ပါတယ်။ အလုပ်နဲ့ပက်သက်ရင်တော့ ပုံမှန်ပါပဲ။ ဆုတ်ယုတ်သွားတာမျိုးလဲ မရှိသလို တိုးပြီးလဲ ကံကောင်းနေတာမျိုးမတွေ့ရပါဘူး။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ စီစစ်သုံးစွဲဖို့မှာချင်ပါတယ်။ စုမဲစုတာမျိုးတွေ၊ လက်လွတ်စပယ် ငွေချေးလိုက်တာမျိုးတွေရှောင်ပါ။ ကျန်းမာရေးကတော့ မိမိကိုယ်တိုင်လဲ သတိထားသင့်သလို ငယ်ရွယ်တဲ့သားသမီးတွေရှိရင်လဲ ထိုကလေးတွေကို ဂရုစိုက်ပါ။ အလုပ်နဲ့ပက်သက်ပြီး စပ်တူလုပ်ချင်တာတွေရှိ ရင်တော့ ဒီကာလမှာ အမှားမခံပါဘူး။ နားလည်မှုတွေယူမှပဲရပါလိမ့်မယ်။ စပ်တူလုပ်ငန်းတွေလုပ်ထားရင်လဲ အသေးအမွှားကိစ္စပဲဖြစ်ပါစေ …ရှယ်ယာဝင်တွေနဲ့တိုင်ပင်ပြီးမှလုပ်စေချင်ပါတယ်။ လူငယ်တွေအတွက် အချစ်ရေး ကိစ္စတွေမှာတော့ ”အဆင်မပြေပါဘူးဗျာ” ဆိုတဲ့ညည်းညူးသံတွေကြားရမဲ့ကာလပါပဲ။ အိမ်ထောင်ရေးမှာတော့ သားသမီးတွေနဲ့ပက်သက်ပြီးတော့ မိဘချင်းစကားများရတတ်ပါတယ်။ ပညာရေးထင်သလောက်ထွန်းပေါက်မှာ မဟုတ်ပါဘူး။ အကျိုးပေးဂဏန်း 1/9/3 အထူးဟော အလုပ်တွေထဲစိတ်နှစ်ထားပါ။ ယတြာ ဒီအပတ်အတွင်း ကြက်ဥလေးကြော်ပြီးတော့ ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။ တနင်္လာ ဒီကာလအတွင်း စိတ်မောရတတ်ပါတယ်။ ဒါကြောင့်ပဲ မိမိက နှလုံးသွင်းမှန်ဖို့လိုပါတယ်။ စိတ်ညစ်ရမဲ့ အတွေးတွေကိုခေါင်းထဲထုတ်ပစ်လိုက်ပါ။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ မလိုအပ်တာတွေဝယ်လို့ ငွေကုန်ရ တတ်ပါတယ်။ လိုချင်တာနဲ့လိုအပ်တာကို ခွဲခြားသိဖို့လိုပါတယ်။ ဒီကာလအတွင်း မိမိရဲ့ စိတ်ကူးအကြံဥာဏ်တွေ ကကောင်းပေးမဲ့ အဖျက်စကားပြောမဲ့သူတွေရှိပါတယ်။ အထက်လူကြီးတွေက မိမိအပေါ်အမြင်မကြည်တာလေး တွေရှိနေတတ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းများ အလုပ်နဲ့ပက်သက်ပြီး Marketing သဘောတွေကိုအခြေခံပြီး လုပ်ငန်း အရှိန်အဟုန်ကိုတိုးမြှင့်သင့်တဲ့ကာလပါပဲ။ လူငယ်တွေဆို မိဘတွေခိုင်းတာကတစ်ခု၊ မိမိလုပ်ချင်တာက တစ်ခုနဲ့ အတိုက်အခံဖြစ်နေရတတ်ပါတယ်။ ကျန်းမာရေးကတော့ အရက်သေစာသောက်စားခြင်းမျိုးနဲ့အပျော်အပါး လိုက်စားခြင်းမျိုးတွေကို…

Read More

ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်ဦးဖိုးဖြူဖွင့်ထားတဲ့ ပရဟိဆေးခန်းမှာ ဘီပိုး ၊ စီပိုးအခမဲ့ကုသနိုင်

 ရုပ်ရှင် ၊ ဗွီဒီယိုသရုပ်ဆောင် ဦးဖိုးဖြူ ဆန္ဒသုခပရဟိတဆေးခန်းမှာအသည်းရောင်အသားဝါ ဘီပိုး ၊ စီပိုးကို အခမဲ့ကုသနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါရောဂါခံစားနေရတဲ့သူတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောဂါကုသမှုကို အခမဲ့စမ်းသပ် ပေးသွားမှာဖြစ်ပြီး ဝယ်ယူတဲ့ဆေးဖိုးသာကုန်ကျမှာဖြစ်ကြောင်းလည်းသိရပါတယ်။ ကုသရန်စုံစမ်းချင်သူများအနေနဲ့ ဒေါက်တာဇာနည်ဇင် အမည်နဲ့ Facebook Page စာမျက်နှာမှာ ဆေးခန်းဖွင့်လှစ်ချိန်နဲ့နေ့ရက်များကို အသေးစိတ်စုံစမ်းနိုင်သလို ဖုန်းနံပါတ် ၀၉-၅၁၈၃၉၁၇ ကို လည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။ အဆိုပါဆန္ဒသုခပရဟိတဆေးခန်းမှာ အသည်းရောင်အသည်းဝါဘီပိုး ၊ စီပိုးကို အဓိကထားကုသပေး နေတာဖြစ်ကြောင်းလည်းသိရပါတယ်။ #Pissaya_News photo;UPP’s FB

Read More