ဂျပန်ယန်း ၃၂၇၂ သန်း ထိထောက်ပံ့မည့် စီမံကိန်း ၂ ခုအတွက်လက်မှတ်ရေးထိုး

ဂျပန်ယန်း ၃၂၇၂ သန်း ပမာဏအထိ ရှိတဲ့အထောက်အပံ့စီမံကိန်း ၂ ခု နှင့်ပတ်သက်တဲ့ စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဂျပန် နိုင်ငံဖက်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် H.E. Mr. Ichiro MARUYAMA နှင့် မြန်မာနိုင်ငံဖက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ဟာ စီမံကိန်း ၂ ခု အထောက်အပံ့အတွက် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲသို့ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (အထောက်အပံ့စီမံကိန်းများ၏ အကျဉ်းချုပ်နှင့် ပတ်သက်ပြီး ဂျပန်သံရုံးက အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။) (၁) လေယာဉ်စောင့်ကြည့်ရေး စနစ် အဆင့်မြှင့်တင်ရေးစီမံကိန်း (ဂျပန်ယန်း ၂၈၂၈ သန်းအထိ) (Project for the Improvement of Aircraft Surveillance System) ဤစီမံကိန်းသည် ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်နှင့် နေပြည်တော်လေဆိပ်တို့ရှိ လေကြောင်းထိန်းရေဒါကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လေယာဉ်ပျံသန်းမှု ဘေးကင်း လုံခြုံရေးကို အဆင့်မြင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။ (၂) ကျေးလက်ဒေသများအတွက် လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ် ငန်းသုံးစက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရေးစီမံကိန်း (ဂျပန်ယန်း ၄၄၄သန်းအထိ) (Project for the Provision of Agricultural…

Read More

ဆံပင်ဖြူတွေ ပြန်လည်နက်လာစေဖို့အတွက် နည်းလမ်းများ

မိမိတို့ရဲ့ဆံသားနက်နက်လေးတွေထဲမှာ အဖြူရောင်ဆံသားလေးတွေရှိနေတဲ့သူတွေအတွက် ဆံသားတွေ ပြန်ပြီး နက်လာစေဖို့ နည်းလမ်းများစွာထဲက အားလူးနဲ့ပြုလုပ်လို့ရတဲ့နည်းလမ်းလေးကို Pissaya News ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ အာလူး(၅)လုံးပဲဖြစ်ပါတယ်။ အသုံးပြုနည်း အာလူး(၅)လုံးကိုရေစင်အောင်ဆေးပါ။ အခွံနွှာပါ။အခွံတွေကိုရေမြုပ်အောင်ထည့်ပြီး ပြုတ်ပေးပါ။ (၁၀)မိနစ်လောက်ကြာတဲ့အခါရေဆူလာပြီဆိုရင် အပူပေးတာရပ်လိုက်ပါ။ အာလူးအခွံတွေကို ဆယ်ထုတ်ပြီး ပြုတ်ရည်ကိုအအေးခံရမှာဖြစ်ပါတယ်။ အအေးခံထားတဲ့ပြုတ်ရည်ကို မိနစ်(၂၀)လောက်လိမ်းပေးပြီး ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်လို့ရပြီး (၃)ခါလောက်ပြုလုပ်ပြီးရင် ဆံပင်ဖြူတွေ ပြန်လည်နက် လာစေမှာဖြစ်ပါတယ်။

Read More

Around the City

Around the City အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီ အစဉ်ကတော့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေ အားလပ်ရက်တွေမှာ စိတ်ချမ်းချမ်းသာသာနဲ့ အနားယူအပန်းဖြေလို့ရမယ့် နေရာလေးတွေကို ရွေးချယ် တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီတပတ်မှာတော့ ဘယ်လိုနေရာမျိုးလေးကို ပရိသတ်အတွက် ရွေးချယ်တင်ဆက်ထား သလဲဆိုတာကို Pissaya News ပရိသတ်ကြီး လိုက်ပါကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ #Web_Tv #Pissaya_News  

Read More

တောက်ပတဲ့အသားအရေပိုင်ဆိုင်စေမယ့်နည်းလမ်းများ

မိမိတို့ရဲ့အသားအရေလေးတွေ ရွှေရောင်လိုဝင်းပြီးလှပနေမယ့် အသားအရေလေးတွေကို ပိုင်ဆိုင်ချင် သူများအတွက် နည်းလမ်းတွေများစွာထဲက အိမ်မှာပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည်ဝေမျှလိုက်ပါတယ်။ ရှိရမယ့်ပစ္စည်းတွေကတော့ ရှားစောင်းလက်ပက်ဂျယ် ၊ နှင်းဆီရေ ၊ ဗာဒံစေ့ ၊ သံလွင်ဆီ နဲ့ဗီတာမင် အီးတို့ပဲဖြစ်ပါတယ်။ ပြုလုပ်ရမယ့်နည်းလမ်း သန့်ရှင်းတဲ့ခွက်တစ်ခွက်ထဲမှာ ရှားစောင်းလက်ပက်ဂျယ်လက်ဖက်ရည်ဇွန်နှစ်ဇွန်းထည့်ပေးပါ။ နှင်းဆီရေလက်ဖက်ရည်ဇွန်(၂)ဇွန်းထည့်ပေးပါ။ အရည်ကြည်ရအောင်ထိမွှေပေးပါ။ ပြီးရင်ဗီးတာမင်အီး ဆေးနှစ်လုံးဖောက်ပြီးထည့်ပေးပါ။ ဗာဒံစေ့အဆီ (သို့မဟုတ်)သံလွင်ဆီ လက်ဖက်ရည်ဇွန်းအနည်းငယ်ထည့်ပေးပါ။ ပြီးရင်ပုလင်းအသန့်တစ်လုံးထဲမှာထည့်ပေးပါ။ အသုံးပြုပုံ ညအိပ်ရာဝင်မျက်နှာသစ်ပြီးတဲ့နောက် အဆိုပါအဆီကိုလိမ်းပေးပါ။ မိနစ်အနည်းငယ်မျက်နှာ ကိုညင်သာစွာနှိပ်ပေးပါ။ #Pissaya_ Health

Read More

Around the City

Around the City အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီ အစဉ်ကတော့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေ အားလပ်ရက်တွေမှာ စိတ်ချမ်းချမ်းသာသာနဲ့ အနားယူအပန်းဖြေလို့ရမယ့် နေရာလေးတွေကို ရွေးချယ် တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီတပတ်မှာတော့ ဘယ်လိုနေရာမျိုးလေးကို ပရိသတ်အတွက် ရွေးချယ်တင်ဆက်ထား သလဲဆိုတာကို Pissaya News ပရိသတ်ကြီး လိုက်ပါကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ #Web_Tv #Pissaya_News

Read More

သေနတ်သမားများရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ဂျီးရီးယားမှာ လူ ၂၁ ဦးသေဆုံး

နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ အမည်မသိသေနတ်သမားတွေရဲ့ပစ်ခတ်မှုကြောင့် လူ ၂၁ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က မနေ့က အတည်ပြုပြောကြားလိုက်ပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ လူမှုအသိုက်အ၀န်း နှစ်ခုကြားကို သေနတ်သမားများက ၀င်ရောက်ပစ်ခတ်တာဖြစ်ကြောင်း သိရပါတယ်။ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ခုကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ #Pissaya_International News

Read More

Around the City

Around the City အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီ အစဉ်ကတော့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေ အားလပ်ရက်တွေမှာ စိတ်ချမ်းချမ်းသာသာနဲ့ အနားယူအပန်းဖြေလို့ရမယ့် နေရာလေးတွေကို ရွေးချယ် တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီတပတ်မှာတော့ ဘယ်လိုနေရာမျိုးလေးကို ပရိသတ်အတွက် ရွေးချယ်တင်ဆက်ထား သလဲဆိုတာကို Pissaya News ပရိသတ်ကြီး လိုက်ပါကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Read More

‘လကွယ်ဗုဒ္ဓဟူး’ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံအနုပညာရှင်များနဲ့ပူးပေါင်းရိုက်ကူးသွားမည်

 မကြာမှီရိုက်ကူးသွားမယ့် ‘လကွယ်ဗုဒ္ဓဟူး’ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံမှ အနုပညာရှင် ၊ အတတ်ရှင် များနဲ့ ပူးပေါင်းရိုက်ကူးသွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ သည်းထိပ်ရင်ဖိုဇာတ်လမ်းအဖြစ်ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး အကယ် ဒမီပြေတီဦး ၊ အကယ်ဒမီမို့မို့မြင့်အောင် ၊ သံသာမိုးထက် တို့နဲ့ ထိုင်းနိုင်ငံအနုပညာရှင်များ ကပါ ပူးပေါင်းပါဝင်ရိုက်ကူးသွားမှာဖြစ်ကြောင်းသိရပါတယ်။ ‘လကွယ်ဗုဒ္ဓဟူး’ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းဒေဝတာ ၊ ဇာတ်ညွှန်းလွင်မင်းအံ့နဲ့ ဒါရိုက်တာ သြရ သတို့က ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Read More

စိုင်းစိုင်းခမ်းလှိုင် Birthday Show ကို ပြန်လည်ထုတ်လွှင့်ပေးသွားမည်

ဒီကနေ့ ညနေ(၆)နာရီ သုဝဏ္ဏဘူမိမှာကျင်းပပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင် Birthday Show ကို တီဗွီရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel K မှာ ပြန်လည်ထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါပွဲကို မကြည့်ရှုလိုက်ရတဲ့ ပရိတ်သတ်များအတွက် Media Partner အဖြစ် ပါဝင်ရိုက်ကူးခွင့် ရတဲ့ Channel K မှာ ပြန်လည်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ ပြန်လည်ထုတ်လွှင့်မယ့် စိုင်းစိုင်းခမ်းလှိုင် Birthday Show ရဲ့အချိန်နဲ့နေ့ရက်ကို ပြန်လည်ကြော်ငြာ ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ #Pissaya_News Photo;SSKH’s FB

Read More