အဆီပြန်စေးကပ်နေတဲ့ဆံပင်များကို ထိန်းသိမ်းနည်းများ

မိမိတို့ရဲ့ဆံသားတွေ ခေါင်းလျှော်ပြီးတဲ့နောက် ဆံသားတွေအဆီပြန်စေးကပ်နေပြီး ဆံပင်ပုံစံ မလှမပ လေး တွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အဆီပြန်စေးကပ်တဲ့ဆံသားတွေကို ထိန်းသိမ်းနိုင် မယ့်နည်း လမ်းလေးတွေကို Pissaya News ပရိတ်သတ်ကြီးအတွက်ပြန် လည်ဝေမျှပေးလိုက်ပါတယ်။ ဆံသားလေးတွေကိုထိန်းသိမ်းနိုင်မယ့်နည်းလမ်း ရေနွေးကြက်သိမ်းလေးနဲ့ခေါင်းလျှော်ပေးပါ။ခေါင်းလျှော်ရည်ကိုလက်ဝါးထဲထည့်ကာပွတ် ပြီးတော့မှ ခေါင်းမှာ သုတ်ပေးပါ။ဆံပင်အရင်းနေရာတွေကို လက်သည်းနဲ့မကုတ်ပဲ လက် ချောင်းထိပ်လေးတွေနဲ့ ဖိနှိပ်ပေးပါ။ ရေနွေးလေးနဲ့ပြန်ဆေးချပြီး ခေါင်းလျှော်ရည်နောက် တစ်ခေါက်ထပ်ထည့်ကာ လက်သည်းနဲ့မကုတ်ပဲ လက် ချောင်းထိပ်လေးတွေနဲ့ ဖိနှိပ် ပေးပြီးတော့ ခေါင်းလျှော်ရည်များပြောင်အောင် ရေအေးနဲ့ပြန်ဆေးချလိုက်ပါ။ ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ပြီးတဲ့အခါ သံပုရိုရည်တစ်ဇွန်းနဲ့ရေတစ်ခွက်ရောထားတဲ့ အရည်ကို ဦးခေါင်းအနှံ့လောင်းချပြီး နှိပ်နယ်ပေးပါ။ဆယ်မိနစ်လောက်ကြာရင်ရေပြန်ဆေး ချလိုက်ပါ။ ဆံပင်ရှည်တဲ့သူဆိုရင် အပြင်သွားခါနီး နာရီဝက်လောက်အလိုမှာ ဆံထုံးထုံးထားပြီး အပြင်သွားမယ်ဆိုရင်ဖြည်ချလိုက်ပါ။ ခေါင်းအုံးကိုတစ်ဖက်တည်းမအုန်းပဲ နေ့တိုင်းဟိုဘက်ဒီဘက်လှန်ပေးပါ။ခေါင်းအုန်းစွပ်ကို တစ်ပတ်တစ်ခါလျှော်ပေးပါ။        

Read More

မျက်တောင်လေးတွေရှည်ရှည်ထူထူဖြစ်လာစေမယ့် နည်းလမ်းများ

မိမိတို့ရဲ့ မျက်တောင်လေးတွေကျွတ်ပြီးပါးလာတာတွေကို ရပ်တန့်ပစ်စေနိုင်မယ့် နည်းလမ်းလေး တွေကို Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ မျက်တောင်ရှည်ရှည်ထူထူဖြစ်လာစေမယ့်နည်းလမ်းများကတော့ မျက်လုံးနားကမိတ်ကပ်တွေကို ပြောင်စင်နေအောင် ဖျက်ပြီးမှအိပ်ပါ။ ရှားစောင်းလက်ပက်အနှစ်တွေကိုယူပြီး မျက်တောင်ကော့တံနဲ့သုတ်ပေးပါ။မနက်ရောက် မှရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ သုံးပြီးသားလက်ဖက်အိတ်လေးတွေကို ရေခဲသေတ္တာထဲမှာ မိနစ်နှစ်ဆယ်လောက်ထား လိုက်ပါ။ပြီးရင်လက်ဖက်အိတ်လေး (၁၀)မိနစ်လောက် ကပ်ထားပြီးမှ မျက်နှာသစ်လိုက် ပါ။ အုန်းနို့ကိုဂွမ်းတံလေးနဲ့စွတ်ပြီး မျက်တောင်လေးမှာ စိုတယ်စွတ်ရုံလေး မိနစ် (၂၀)လောက်စွပ်ပေးပါ။ ပြီးရင်ရေနွေးလေးနဲ့မျက်နှာသစ်ပေးပါ။ သံလွင်ဆီအနှစ်လေးကို ယူပြီးမျက်တောင်နဲ့မျက်ခွံလေးမှာ နှံ့နှံ့စပ်စပ်လိမ်းပေးပါ။ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ မျက်တောင်ကော့တံလေးကိုဆေးပြီး မျက်တောင်လေးတွေကို ဖြီးပေးပါ။ မျက်ခွံလေးတွေကိုလည်းလက်ချောင်းထိပ်လေးတွေနဲ့ဖိနှိပ်ပေးပါ။ #Pissaya_Health

Read More

စိန့်မာတင်ကျွန်းမှာ ဘင်္ဂလားဒေရှ့်က လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ နယ်ခြားစောင့်အဖွဲ့ဖြန့်ကျက်

မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေရှ့် တောင်ပိုင်း ကျွန်းတခုဖြစ်တဲ့ စိန့်မာတင်ကျွန်းမှာ ဘင်္ဂလားဒေရှ့်က လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ နယ်ခြားစောင့် အဖွဲ့ဖြန့်ကျက်ထားကြောင်း သိရပါတယ်။ အခုလိုတပ်ဖြန့်ကျက်တာဟာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ဖြန့်ကျက်ထားတာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြားမှုအရ အခုလြို့ဖန့်ကျက်မှုဟာ နယ်စပ်ဒေသကွာကွယ်ရန်နဲ့ မှုးယစ်မှောင်ခိုတွေကို ရပ်တန့်ဖို့အတွက်လို့ ဆိုပါတယ်။ ဒီကနေ့မှာတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိတွေဟာ နေပြည်မှာတော့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ #Pissaya_General News

Read More

မကြာဥဇာတ်ရုပ်နဲ့ အကယ်ဒမီလွဲချော်ခဲ့တဲ့ အေးဝတ်ရည်သောင်းအတွက် အမှတ်တရပွဲပြုလုပ်ပေး

မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးမှာ မကြာဥဇာတ်ရုပ်နဲ့ အကယ်ဒမီလွဲချော်ခဲ့တဲ့ အေးဝတ်ရည်သောင်းအ တွက် အမှတ်တရပွဲလေးကို အသစ်အိမ် Beauty & Nail Art’မှသူငယ်ချင်းများနဲ့ သူမရဲ့ fan တွေ က ပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါအမှတ်တရပွဲလေးမှာ ပရိတ်သတ်ရင်ထဲက ဆုလက်ဆောင်များကို ရရှိလိုက်တဲ့အတွက် ပရိတ်သတ်အချစ်တွေပိုပြီးရရှိခဲ့တဲ့အတွက်ပိုပျော်ပါတယ်လို့ အေးဝတ်ရည်သောင်းကပြောကြားခဲ့ပါ တယ်။ ၂၀၁၈မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲမှာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးနဲ့ပရိတ်သတ်များက မျှော်မှန်းထားသော်လည်း အကယ်ဒမီဆုနဲ့လွဲချော်ခဲ့ရတဲ့အေးဝတ်ရည်သောင်းအတွက် အဆိုပါအ မှတ်တရပွဲလေးကိုပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

Read More

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရတော့မယ့် အာဆင်နယ်

မနေ့က ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ အာ ဆင်နယ်အသင်းဟာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် ရုန်းကန်ရတော့မယ့် အခြေအနေဖြစ်သွားခဲ့ပါတယ်။ အဝေးကွင်းရလဒ်တွေညံ့ဖျင်းနေတဲ့ အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် အရေးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲဗာတန်အသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်း ၁၀ မီနစ်မှာပဲ ဂျာဂီရယ်ဂွါက သွင်းယူခဲ့တာဖြစ်ပြီး ဒီရှုံးပွဲကြောင့် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ ရဖို့အတွက်ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ #Pissaya_Sport

Read More

ဦးနှောက်အကြိတ်ရှိတဲ့ လက္ခဏာရပ်များ

လူခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းများထဲက ဦးခေါင်းမှာတည်ရှိတဲ့ ဦးနှောက်က အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက်ထဲမှာ နေမထိထိုင်မသာဖြစ်နေပြီး အကြိတ်ရှိတဲ့ လက္ခဏာရပ်တွေကိုဖော်ပြနေတာက ဘာတွေဖြစ်မလဲဆိုတာPissaya News ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ဦးနှောက်ထဲမှာ အကြိတ်ရှိတဲ့လက္ခဏာရပ်တွေကဘယလဲဆိုတော့ အပြင်းအထန်ခေါင်းကိုက်ပြီးတော့ မနက်ပိုင်းဆိုပိုပြီးတော့ခံစားရပါလိမ့်မယ်။ ခြေလက်တွေတုန်တာ၊ ရင်တုန်တာတွေဟာလည်း လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ အမြင်အာရုံဝေဝါးခြင်း ၊ ရှင်းလင်းပြတ်သားစွာမမြင်ရခြင်းတို့ကလည်း လက္ခဏာတစ်ရပ်ဖြစ်ပါ တယ်။ စိတ်ပိုင်းဆိုင်ရာအားနည်းခြင်းဖြစ်တဲ့ အာရုံမစူးစိုက်နိုင်ခြင်း ၊ မှတ်ညဏ်အားနည်းခြင်း တို့ကလည်း ဦးနှောက်ကင်ဆာရဲ့အစဖြစ်နေ ပါတယ်။ မူးခြင်း ၊ အန်ခြင်းတွေကလည်း မနက်ပိုင်းမှာအဖြစ်များပြီး မအီမသာခံစားရပါလိမ့်မယ်။ မျှမျှတတမလုပ်နိုင်တာတွေလည်းဖြစ်လာပါတယ်။ နားအူခြင်း ၊ ထုံကျဉ်ခြင်းအပြင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်း မဟုတ်တဲ့ခံစားချက်တွေပေါ် လာပါတယ်။ #Pissaya_Health

Read More