အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌအဖြစ် ဦးဇော်ဇော်ရွေးချယ်ခံရ

 အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌနေရာအတွက် မလေးရှားနိုင်ငံမှာ ဒီကနေ့ ရွေးချယ်မှုပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်မှ ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ဦးဇော်ဇော် အရွေးချယ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင်ထုတ်ပြန်ထားပြီး မြန်မာဘောလုံး သမိုင်းတလျောက် ပထမဆုံး အာရှအဆင့်ရာထူးကို ဦးဇော်ဇော်က ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ #Pissaya_News Photo;MFF

Read More

ကလေးများနဲ့ရေဓါတ်ဆုံးရှုံးခြင်း

ယခုလက်ရှိအချိန်ဟာဆိုရင် နွေရာသီထဲကိုရောက်ရှိနေပြီဖြစ်ပါတယ်။ နွေရာသီမှာဆိုလို့ရှိရင် ကလေး လေးတွေမှာ ရေဓါတ်ဆုံးရှုံးခြင်းကိုခံရပါတယ်။ဒါကြောင့် ရေဓါတ်ဆုံးရှုံးခြင်းရဲ့လက္ခဏာရပ်တွေကို Pissaya News ပရိတ်သတ်တွေအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ နွေရာသီမှာကလေးတွေက ရေဓါတ်ကုန်ခမ်းလွယ်ပါတယ်။အဲဒါကြောင့် မိမိတို့ရဲ့ရင်သွေး လေးတွေ ရေဓါတ်ဆုံးရှုံးရင် ဘယ်လိုလက္ခဏာလေးတွေဖြစ်တတ်လဲဆိုတာ မိဘတွေက  အထူးသတိပြုဖို့ လိုအပ်ပါတယ်။ ရေဓါတ်ဆုံးရှုံးခြင်းကိုပြမယ့် လက္ခဏာရပ်တွေကတော့ ပင်ပန်းနုံးနယ်ခြင်း။ မျက်ကွင်းတွေချိုင့်နေခြင်း။ ဆီးသွားနည်းခြင်း နဲ့ ဆီးအရောင်ရင့်နေခြင်း။ ကိုယ်ပူပြီးခြောက်သွေ့နေခြင်း။ လျှာနှုတ်ခမ်းများခြောက်သွေ့နေခြင်း။ ကိုယ်ပူချိန်တက်ခြင်း။ အစာကောင်းကောင်းမစားပဲ ပျော့ခွေအိပ်နေခြင်း။ အသက်ရှုမြန်နေခြင်း တို့ဖြစ်တတ်ပါတယ်။ #Pissaya_Health

Read More

လက်ချောင်းလေးတွေနဲ့ကျန်းမာရေး

လူခန္ဓာကိုယ်မှာရှိတဲ့ လက်ချောင်းလေးတွေက ဘယ်လိုကျန်းမာရေးအထောက်အကူပြုသလဲဆိုတာ Pissaya News ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ အိပ်မပျော်တဲ့သူတွေဆိုရင် လက်မနဲ့လက်ညိုးကို နှိပ်ပေးပါက အိပ်ပျော်မှုအားကောင်းစေပါ တယ်။ စိတ်ဖိစိမှုများခေါင်းကိုက်နေတယ်ဆိုရင်လက်မနဲ့လက်ညိုးကိုနှိပ်ပေးပါက သက်သာစေနိုင်ပါ တယ်။ အမျိုးသမီးဓမ္မတာကြောင့်ကိုက်ခဲနေတယ်ဆိုရင် လက်ကောက်ဝတ်လေးတွေနားကို နှိပ်နယ် ပေးပါက သက်သာစေနိုင်ပါတယ်။ အစာအိမ်ဝေဒနာတွေကြောင်းခံစားနေရတယ်ဆိုရင် လက်မနဲ့လက်သန်းကို နှိပ်နယ်ပေးပါ က သက်သာစေနိုင်ပါတယ်။ နှာပိတ်နေတာဆိုရင်တော့ လက်ချောင်းထိပ်လေးတွေကို နှိပ်နယ်ပေးပါက သက်သာစေနိုင်ပါ တယ်။ #Pissaya_Health

Read More

မြကျွန်းသာသင်္ကြန်ပွဲတော်ကျင်းပသွားမည်

 CB KMA မှကြီးမှူးတဲ့ မြကျွန်းသာသင်္ကြန်ပွဲတော်ကို ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြကျွန်းသာမှာ ဧပြီလ(၁၃)ရက်နေ့မှ (၁၆) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ မြကျွန်းသာသင်္ကြန်ပွဲတော်မှာ နိုင်ငံကျော်အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပြီး စိုင်းစိုင်း ခမ်းလှိုင် ၊ ရဲလေး ၊ နီနီခင်ဇော် ၊ ရန်အောင် ၊ရဲအောင်တို့က ဖျော်ဖြေပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ အဆိုပါ ပွဲတော်ကို ဝင်ကြေးအခမဲ့ဖြင့် မည်သူမဆို ပါဝင်သွားနိုင်ပြီး ပျော်ရွှင်စရာဂိမ်းအစီအစဉ်များ ၊ သင်္ကြန်ရိုးရာအစားအစာများအပြင် ၊ တိုင်းရင်းသားရိုးရာ အစားအစာများလည်း ရောင်းချပေးသွားမှာ ဖြစ်ကြောင်းသိရပါတယ်။ #Pissaya_News

Read More

တောင်ကိုရီးယားနေရာဒေသများတစ်လျှောက်တောမီးလောင်မှု ဆက်လက်ဖြစ်နေ

 တောင်ကိုရီးယားအရှေ့မြောက်ဘက်စွန်းရှိ Goseong မြို့မှာဧပြီလ(၄)ရက်နေ့ နှောင်းပိုင်းက တောမီး စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ ယခုလက်ရှိအချိန်ထိ ဆက်လက် လောင်ကျွမ်းမှုတွေဖြစ် နေ ကြောင်း နိုင်ငံတကာ သတင်းတွေအရသိရပါတယ်။ Goseong မြို့မှတစ်ဆင်စတင်လောင်ကျွမ်းခဲ့တဲ့တောမီးဟာ Sokcho, Gangneung နဲ့ Donghae မြို့များကို နာရီပိုင်းအတွင်း လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ ကြောင်းလည်းဖြစ်ပါတယ်။ တောမီးကြောင့် တောင်ကိုရီးယားမှာ နေအိမ် ၄၀၀ခန့်နဲ့ မြေဧက ၁၂၀၀ ကျော် လောင်ကျွမ်းခဲ့ ပြီဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရကထုတ်ပြန်ထားကြောင်းသိရပါတယ်။ ကနဦးသတင်းများအရ တောမီးကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ၃၅ ဦးဒဏ်ရာရကာ လူဦးရေ ၄၂၀၀နီးပါးကို ရွေ့ြေ့ ပာင်းပေးထားကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ထုတ်ပြန် ထားပါတယ်။ #Pissaya_News Photo;Crd

Read More

ရုပ်ရှင်မင်းသားသရုပ်ဆောင် ဦးကျော်သူ Star Awards ဆုပေးပွဲမတက်ဖြစ်ခဲ့တာကြောင့် ခွင့်လွှတ်တောင်းပန်

 တစ်ခေတ်တစ်ခါက ရုပ်ရှင်မင်းသားသရုပ်ဆောင်ကျော်သူ (သို့မဟုတ်) ပရဟိတပဲ့ ကိုင်ရှင် တစ်ဦး ဖြစ်တဲ့ ဦးကျော်သူဟာ အောင်ပန်းနဲ့မန္တလေးမြို့ကိုရောက်ရှိနေပြီး ဧပြီလ (၅)ရက်နေ့က ကျင်းပခဲ့တဲ့ Star Awards ဆုပေးပွဲကို မတက်ဖြစ်ခဲ့တာကြောင့် နားလည်ပေးပါရန်ခွင့်လွှတ်တောင်းပန်တဲ့ စာသား လေးကို ဦးကျော်သူ ရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားကြောင်းသိရပါတယ်။ အဆိုပါပုဂံမြို့သူ ဇာတ်လမ်းကို ကြည့်ရှုအားပေးခဲ့ကြတဲ့ မိဘပြည်သူပရိတ်သတ်များ ၊ ဆုရွေးချယ်ပေး ခဲ့တဲ့ လူကြီးမင်းများနဲ့တကွ ကျေးဇူတင်ထိုက်သောသူများကို နှလုံးသားမှ ကျေးဇူးတင်ရှိပါကြောင်း ကို ၄င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဦးကျော်သူဟာဆိုလို့ရှိရင် MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ပုဂံမြို့သူဇာတ်လမ်းတွဲမှာ Best TV Series Director ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ #Pissaya_News Photo;UKyawThu’s FB

Read More