နှလုံးသားထဲကပုဂံဓါတ်ပုံပြပွဲ ကျင်းပ

 နှလုံးသားထဲကပုဂံဓါတ်ပုံပြပွဲ ကို ရန်ကုန်မြို့ရှိ Junction City မှာဒီကနေ့နေ့လည် (၂)နာရီက ပြုလုပ်ကျင်းပခဲ့ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံ UNESCO အစည်းအဝေးက ဆုံးဖြတ်ကြေငြာမယ့် ၂၀၁၉ ကမ္ဘာ့အမွေအနှစ်စာ ရင်းကြေညာချက်ကို အခြားနိုင်ငံ(၃၆)နိုင်ရဲ့ အမွေအနှစ်တွေနဲ့အတူ ယှဉ်ပြိုင်အရွေးခံနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါဓါတ်ပုံပြပွဲကို ဧပြီလ(၄)ရက်မှစတင်ကာဧပြီလ(၆)ရက်နေ့ထိ Junction Cityမှာ ပြသထားမှာဖြစ်ပြီး ပုဂံအထိမ်းအမှတ်အမှတ်တရလက်ဆောင်များကိုလည်း ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ #Pissaya_News Photo;Crd

Read More

နေကြာစေ့စားခြင်းဖြင့်ရလာနိုင်မယ့်အကျိုးကျေးဇူးများ

နေကြာစေ့ကိုစားပေးခြင်းဖြင့်ရှိလာနိုင်မယ့်အကျိုးကျေးဇူးတွေကိုPissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။ အရိုးအဆစ်တွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။ သွေးတွင်းရှိသကြားဓါတ်ကိုထိန်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းရှိအဆိပ်အတောက်တွေကိုပြေစေပါတယ်။ အသားအရေပျက်စီးမှုတွေကိုလည်းသက်သာပျောက်ကင်းစေပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ ဖြည့်စွက်စာ အဖြစ်လည်းစားသုံးနိုင်ပါတယ်။ ဝိတ်ကျပြီးသွယ်လျစေနိုင်ပါတယ်။ ဆံပင်နဲ့ခြေသည်းတွေကိုလည်းကျန်းမာသန်စွမ်းစေပါတယ်။ သွေးအားကိုထိန်းညှိပေးသလို ကင်ဆာရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ #Pissaya_Health

Read More

စပါးအသင်း ကွင်းသစ် ဖွင့်လှစ်

 ပေါင်(၁)ဘီလျံ တန်ကြေးရှိတဲ့ ကွင်းသစ်ကြီးကို စပါးအသင်းဟာ အခုလ (၄)ရက် မနက်ပိုင်းက တရားဝင်ဖွင့်လှစ် ခဲ့ကြောင်း သိရပါတယ်။ စပါးအသင်းဟာ ကွင်းသစ်ကြီးမှာ ပဲလေစ့်အသင်းနဲ့ အဲ့နေ့က ကစားခဲ့ပြီး ၂-၀ ဂိုးမရှိနဲ့ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ ၂ လနီးပါးကြာ နိုင်ပွဲပျောက်ဆုံးနေတဲ့ စပါးအသင်းဟာ ကွင်းသစ်ကြီးထဲမှာ ပထမဆုံးနိုင်ပွဲ ပြန်လည်ရှာဖွေခဲ့တာလည်း ဖြစ်ပါတယ်။ #Pissaya_Sport

Read More

နှစ်(၂၀)ကျော်ကြာမရောက်ဖြစ်တဲ့ဇာတိမြေမှာ အလှူသွားပြုလုပ်တဲ့နေတိုး

 ရုပ်ရှင်သရုပ်ဆောင် နေတိုးဟာဆိုရင် နှစ်(၂၀)ကျော်ကြာ မရောက်ဖြစ်တဲ့ မွေးရပ်မြေဇာတိမြို့ဖြစ်တဲ့ မာန်အောင်ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဇာတိမြေဖြစ်တဲ့မာန်အောင်မြေကိုအလှူသွားလုပ်တာ ရင်ထဲမှာမကောင်းပေမယ့်လည်း ကွယ်လွန် သွားပြီဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်မင်းသွေးနဲ့အတူတည်ထားခဲ့တဲ့ ဘုရားမှာ ထီးတော်တင်ကာ အလှူပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ မွေးရပ်မြေဖြစ်တဲ့ မာန်အောင်မြို့မှာ အလှူသွားပြုလုပ်မယ့်နေ့ရက်ကိုတော့ ဧပြီလ(၅)ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ #Pissaya_News  

Read More

Around the City

Around the City အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီ အစဉ်ကတော့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေ အားလပ်ရက်တွေမှာ စိတ်ချမ်းချမ်းသာသာနဲ့ အနားယူအပန်းဖြေ လို့ရမယ့် နေရာလေးတွေကို ရွေးချယ် တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီတပတ်မှာတော့ ဘယ်လိုနေရာမျိုးလေးကို ပရိသတ်အတွက် ရွေးချယ်တင်ဆက်ထား သလဲဆိုတာကို Pissaya News ပရိသတ်ကြီး လိုက်ပါကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ #Web_Tv #Pissaya_News

Read More

Around the City

Around the City အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီ အစဉ်ကတော့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေ အားလပ်ရက်တွေမှာ စိတ်ချမ်းချမ်းသာသာနဲ့ အနားယူအပန်းဖြေ လို့ရမယ့် နေရာလေးတွေကို ရွေးချယ် တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီတပတ်မှာတော့ ဘယ်လိုနေရာမျိုးလေးကို ပရိသတ်အတွက် ရွေးချယ်တင်ဆက်ထား သလဲဆိုတာကို Pissaya News ပရိသတ်ကြီး လိုက်ပါကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ #Web_Tv #Pissaya_News

Read More

4.4.2019 မှ 10.4.2019 အထိတစ်ပတ်စာ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်း မိမိဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပက်သက်ပြီးမိမိ အတွက် လိုအပ်တဲ့အကူအညီတွေကိုလဲ မိမိရဲ့ဆရာသမားမိဘတွေဆီကရရှိပါလိမ့်မယ်။ ဖခင်က မိမိဖြစ်ချင်တာ တွေကိုလိုက်လျောပါလိမ့်မယ်။ အလုပ်ထဲမှာလစာနည်းနေတာဖြစ်စေ၊ အခွင့်အရေးမရတာမျိုးဖြစ်စေ၊ လုပ်ရတာ နဲ့မတန်ဘူးထင်နေတယ်ဆိုရင် အထက်လူကြီးဆီတင်ပြပြောဆိုလို့အလွန်ပဲကောင်းပါတယ်။ ကျန်းမာရေးနှင့်ပက် သက်ပြီးတော့လဲ အဆိုးအညံ့မရှိသလောက်ရှားပါးနေတတ်ပါတယ်။ စိတ်ချမ်းသာကိုယ်ကျန်းမာမှုတွေရှိမဲ့နေ့ရက်တွေ ပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ အလုပ်ထဲမှာလိုအပ်တာတွေကို ရင်းနှီးမြုပ်နှံလိုက်ပါ။ ငွေကြေးရင်း နှီးထားတဲ့ကိစ္စတွေက အကျိုးအမြတ်ကြီးပါလိမ့်မယ်။အလုပ်ခွင်မှာ နေရာပေးလာရင် ရွံရွံချွန်ချွန်လုပ်ပြလိုက်ပါ။ တာဝန်ယူစိတ်အပြည့်နဲ့လုပ်ပြလိုက်ပါ။ သေချာပေါက်ရာထူးတိုးတာအသိအမှတ်ပြုခံရတာတွေကြုံရပါလိမ့်မယ်။ အချစ်ရေးနဲ့ပက်သက်ပြီးတော့လဲ အားရစရာကောင်းတဲ့အနေအထားပါ။ မိမိတို့အချစ်ရေးအခြေအနေကိုမိဘတွေ ကိုတိုင်ပင်သင့်တဲ့ကာလပါပဲ။ အိမ်ထောင်ရေးကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေဖြစ်နေပါလိမ့် မယ်။ပညာရေးကတော့ ခေါင်းဆောင်မှုဆိုင်ရာပညာတွေကိုလေ့လာသင့်ပါတယ်။ အကျိုးပေးဂဏန်း 1/8/5 အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။ ယတြာ အားတဲ့နေ့ ခေါင်းဆေးမင်္ဂလာပြုလုပ်ပါ။ တနင်္လာ ဒီကာလကတော့ အနုပညာဆန်ဆန်ကိစ္စတွေကိုဦးစားပေးလုပ်ကိုင်လိုက်စေချင်ပါတယ်။ စိတ်ကူးတွေ၊ ခံစားချက်တွေကိုဦးစားပေးပြီး လုပ်ရတဲ့အလုပ်တွေကိုအထူးအလေးပေးဆောင်ရွက်ပါ။ စာရေးတာ၊ကဗျာစပ်တာ၊ ပန်းချီဆွဲတာ၊ပန်းပုထုတာမျိုးတွေလဲ အထူးကောင်းပါတယ်။ လူများများနဲ့တွဲဖက်လုပ်ကိုင်ဆောင်ရွက်ရတဲ့အလုပ် တွေမှာတော့ ထင်ထားသည်ထက်ပိုမိုအောင်မြင်မှုတွေကို ကြုံရတတ်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီးအလွန် လာဘ်လာဘပေါများတတ်ပါတယ်။ ဘောက်ဆူးရတာမျိုး ၊ရောင်းလိုတဲ့ပစ္စည်းရောင်းထွက်သွားလို့ငွေအစုလိုက် ၀င်တာမျိုးတွေကြုံရတတ်ပါတယ်။ လူချစ်လူခင်ပေါများပါလိမ့်မယ်။ အရင်ကတည်းကလူချစ်ခင်အောာင်နေတတ် သူတွေကတော့ အတိုင်းထက်အလွန်ပါပဲ။ မိမိဆိုင်လူကျပါလိမ့်မယ်။ဖောက်သည်သစ်တွေတိုးပွားပါလိမ့်မယ်။ ကျန်းမာရေးနှင့်ပက်သက်ပြီးတော့ ဥတုနဲ့လိုက်ဖက်အောင်နေတတ်ရင် အညံ့အဆိုးရှိမှာမဟုတ်ပါဘူး။ အချစ်ရေး ကိစ္စတွေမှာတော့ တစ်ယောက်မကသောအချစ်ရေးမျိုးကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပက်သက်ပြီးတော့လဲ အားနည်းချက်တွေရှိနေတတ်ပါတယ်။ အိမ်ထောင်ဘက်က မိမိကိုသံသယတွေများနေတတ်ပါတယ်။ ပညာရေးက တော့ သင်ယူလွယ်တတ်မြောက်လွယ်မဲ့ကာလပါပဲ။ အကျိုးပေးဂဏန်း 9/5/6 အထူးဟော စိတ်ချမ်းသာရပါလိမ့်မယ်။ ယတြာ ကလေးတွေကိုသကြားလုံးဝေပါ။ အင်္ဂါ ဒီကာလအတွင်း အချိန်ကိုအကျိုးရှိအောင်အသုံးချတတ်ဖို့လိုပါတယ်။…

Read More

Around the City

Around the City အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီ အစဉ်ကတော့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေ အားလပ်ရက်တွေမှာ စိတ်ချမ်းချမ်းသာသာနဲ့ အနားယူအပန်းဖြေ လို့ရမယ့် နေရာလေးတွေကို ရွေးချယ် တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီတပတ်မှာတော့ ဘယ်လိုနေရာမျိုးလေးကို ပရိသတ်အတွက် ရွေးချယ်တင်ဆက်ထား သလဲဆိုတာကို Pissaya News ပရိသတ်ကြီး လိုက်ပါကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ #Web_Tv #Pissaya_News

Read More