မျက်နှာအဆီပြန်လို့ စိတ်ညစ်နေရတဲ့ ပျိုမေတွေအတွက် နည်းလမ်းကောင်း

 နေအပူရိန် မြင့်နေတဲ့ ဒီလိုရာသီဥတုမျိုးမှာ မိတ်ကပ်လိမ်းပြီး အပြင်ထွက်ရတာလည်း မလွယ်ပါဘူးနော်။ ရာသီဥတုကပူ ချွေးထွက်၊ အဆီပြန် နေတဲ့ မျက်နှာမျိုးကိုတော့ ဘယ်သူမှမလိုချင်ကြပါဘူး။ အဲ့ဒါကြောင့် မျက်နှာအဆီပြန်ခြင်း ကို သက်သာစေမယ့် နည်းလမ်းလေးကို ပြန်လည်ဝေမျှပေးချင်ပါတယ်။ အခုဝေမျှပေးမယ့် နည်းလမ်းလေးအတိုင်း တစ်ပတ်မှာ တစ်ခါလောက်လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ အဆီပြန်တာကို လုံးဝသက်သာစေမှာပါ။ ပါဝင်ပစ္စည်းတွေက. . . ပန်းသီး( ၁) ခြမ်း၊ သံပုရာရည် (စားပွဲဇွန်း၁ဇွန်း) အသုံးပြုပုံ. . . ပန်းသီးကို အခွံနွာ အစေ့ဖယ်ပြီး blenderထဲ ထည့်ကြိတ်ပါ။ သံပုရာရည်ကိုတော့ တခါတည်းထည့် ကြိတ်လဲ ရပါတယ်။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်သုတ်လိမ်းလိုက်ပါ။ လိမ်ပြီးသွားရင်တော့ ၁၅မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ အခုဝေမျှပေးခဲ့တဲ့ နည်းလမ်းလေးအတိုင်းကို လိုက်လုပ်ကြည့်ပါလို့ အကြံကောင်းလေးပေးပါရစေရှင်… #Pissaya_News Crd;

Read More

နယူးဇီလန်နိုင်ငံမှာ ဗလီ၂ ခု တိုက်ခံရ လူ ၄၀ ကျော် သေဆုံး

နယူးဇီလန်နိုင်ငံ ခရိုက်စ်ချက် မြို့မှာ ဒီကနေ့ နေ့လည်ပိုင်းက ဗလီ ၂ ခုကို တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ဦး ကို ဖမ်းဆီးထားကြောင်းလည်းသိရပါတယ်။ နယူးဇီလန် ဝန်ကြီးချုပ်က ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အကြမ်းဖက်မှုဟာနိုင်ငံရဲ့ အကျည်းတန်တဲ့ နေ့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ #Pissaya_International News  

Read More

ငွေကျပ် ၂၈,၉၅၇သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 ငွေကျပ် ၂၈,၉၅၇သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေကို တောင်ငူမြို့၊(၄)မိုင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ တောင်ငူမြို့ (၄)မိုင် စစ်ဆေးရေးဂိတ်မှာ HINOအမျိုးအစား(၆)ဘီးမော်တော်ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းရာမှာ မောင်းနှင်ထွက်ပြေးသွားတဲ့အတွက် ပိတ်ဆို့ရှာဖွေရာမှာ ပီနံအိတ် ၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅,၂၅၀ ပြား၊ ငွေ ၉၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တာလည် ဖြစ်ပါတယ်။ #Pissaya_Crime News

Read More