ဂျပန်နိုင်ငံမှာ အင်အား ၅.၂ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်

ဂျပန်နိုင်ငံမှာ ဝါကာရာမစီရင်စုနဲ့ နီးကပ်တဲ့ ကီးကျွန်းဆွယ် အလွန်မှာ ဒီကနေ့က အင်အား ၅.၂ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံ မိုးလေဝသဌာန (JMA) ရဲ့ အဆိုအရ ဟွန်းရှူးကျွန်းပေါ်ရှိ ကီးကျွန်းဆွယ် နှင့် ရှီကိုခုကျွန်း ကို ခွဲခြားထားတဲ့ ကီးရေလက်ကြား ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးကြောင်းလည်း သိရပါတယ်။ #Pissaya_International News

Read More

သွားလေးတွေဖြူစင်ဝင်းပစေဖို့

ကိုယ့်ရဲ့သွားတွေဖြူစင်ဝင်းပစေဖို့အတွက် အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ အသုံးပြုရန်လိုအပ်တဲ့ပစ္စည်းတွေကတော့. . . နေကြာဆီ (သို့မဟုတ်) သံလွင်ဆီ နနွင်းမှုန့် တို့ပဲ လိုအပ်ပါတယ်။ နေကြာဆီ (သို့မဟုတ်) သံလွင်ဆီ ထဲကို သွားတိုက်တံကို စိတ်ထားပါ။ ပြီးရင် နနွင်းမှုန့် နည်းနည်း ထည့်ပြီး (၃) မိနစ်ခန့်သွားတိုက်ပေးပါ။ အခုဝေမျှပေးခဲ့တဲ့ နည်းလမ်းလေးကို တစ်ပတ်မှာ အနည်းဆုံး ၂ကြိမ် မှ ၃ကြိမ် အထိပြုလုပ်ပေးလို့ရပါတယ်။ #Pissaya_News Photo;crd

Read More

တစ်ကျော့ပြန် ရီးရဲလ် နည်းပြဖြစ်လာခဲ့တဲ့ ဇီဒန်း

ရလဒ်ဆိုးများကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရီးရဲလ်မက်ဒရစ်က အသင်းနည်းပြဟောင်း ဇီဒန်းကို ပြန်လည်ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းဟာပြီးခဲ့တဲ့ရက်ပိုင်းကစပိန်ဘုရင့်ဖလား၊လာလီဂါနဲ့ချန်ပီယံလိဂ်ပြိုင်ပွဲ(၃)ခုစလုံးမှာရလဒ်တွေဆိုးကြုံခဲ့ရတာကြောင့် နည်းပြဆိုလာရီကို ထုတ်ပယ်ပြီး ဇီဒန်းကို ၃ နှစ်စာချုပ်နဲ့ ပြန်လည်ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဆုဖလား ၉ ဆုကို ရယူပေးထားခဲ့တဲ့ နည်းပြတဦးလည်းဖြစ်ပါတယ်။ #Pissaya_Sports

Read More