အဂတိလိုက်​စားမှုတွေကို ထိထိ​ရောက်​​ရောက်​ ကိုင်​တွယ်​မယ်​လို့ သမ္မတရုံး​ပြော​ရေးဆိုခွင့်​ရှိသူ ပြော

လက်​ရှိအစိုးရလက်​ထက်​မှာ အဂတိလိုက်​စားမှု​တွေနဲ့ ပတ်​သက်​ပြီး ထိထိ​ရောက်​​ရောက်​ ကိုင်​တွယ်​မယ်​လို့ သမ္မတရုံး​ပြော​ရေးဆိုခွင့်​ရှိသူ ဦး​ဇော်​​ဌေးက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ နေပြည်​​တော်​ရှိ NRPCမှာ သတင်းမီဒီယာ​တွေနဲ့​တွေ့ဆုံစဉ်​ သမ္မတရုံး​ပြော​ရေးဆိုခွင့်​ရှိသူက အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးရဲ့ အမြင့်ဆုံးဖြစ်တဲ့ ၀န်ချုပ်အဆင့်ထိပါ အရေးယူထားခဲ့တာလည်းဖြစ်ပါတယ်။ #Pissaya_General News

Read More

အီသီယိုးပီးယားလကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ပျက်ကျမှု အသက်ရှင်သူမရှိ

မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အီသီယိုးပီးယားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သူမရှိကြောင်း ယင်းလေကြောင်းလိုင်း တာဝန်ရှိသူတွေက အတည်ပြုပြောကြားလိုက်ပါတယ်။ အီသီယိုးပီးယားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ သို့ ဦးတည်ပျံသန်း စဉ်မှာ ပျက်ကျခဲ့တာလည်း ဖြစ်ပါတယ်။ လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်အရ လေယာဉ်ဟာအက်ဒစ်အဘာ ဘာမြို့ မှ ၄၅ ကီလိုမီတာအကွာ Bishoftu မြို့ ပေါ်သို့  ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ အဆိုပါ လေယာဉ်ပေါ်မှာ နိုင်ငံပေါင်း ၃ဝ ကျော်မှ ခရီးသည် ၁၅၇ ဦးလိုက်ပါသွားတာဖြစ်ကြောင်းလည်း သိရပါတယ်။ #Pissaya_International News

Read More

ဂန်းနား ပရိတ်သတ်တွေပျော်ခဲ့တဲ့ည

မနေ့က ကစားခဲ့ကြတဲ့ အာဆင်နယ် အသင်းနဲ့ မန်ယူအသင်းတို့ ပွဲစဉ်မှာ အာဆင်နယ်က ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဂန်းနား ပရိတ်သတ်တွေအတွက် အပျော်တွေဖန်တီးပေးနိုင်ခဲ့ကြပါတယ်။ အာဆင်နယ်အသင်းရဲ့ ကွင်လယ်မှာ ရမ်ဆေးနဲ့ ဇက်ခါတို့ရဲ့ အတွဲညီမှုက အာဆင်နယ်အတွက် အဖိုးတန် အနိုင် သုံးမှတ်ကို ဆောင်ကျဉ်းပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပထမပိုင်း ၁၂ မိနစ်မှာ ဇက်ခါရဲ့အဝေးကန်ချက်က အာဆင်နယ်အတွက် အဖွင့်ဂိုးသေချာစေခဲ့ပါတယ်။ အာဆင်နယ်အတွက် အဖိုးတန် ဒုတိယဂိုးကို ၆၉ မိနစ်မှာ မန်ယူကစားသမား ဖရက်ကြောင့် ပေးရတဲ့ ပင်နယ်တီကနေ အဘာမီယန်က ကန်သွင်းပေးခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ်တို့ အနိုင်သေချာစေခဲ့ပါတယ်။ #Pissaya_sport

Read More