ယုဇနဥယျာဉ်မြို့တော်က နှစ်လောင်းပြိုင်လူသတ်မှု ကျူးလွန်သူ ကို ဖမ်းဆီးရမိပြီ

ယုဇနဥယျာဉ်မြို့တော်က နှစ်လောင်းပြိုင်လူသတ်မှု ကျူးလွန်သူ ကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်၊ အေ(၉)လမ်း၊ ရဲ့ တိုက်ခန်း တစ်ခုအတွင်း မနေ့က နှစ်လောင်းပြိုင် လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ကျူးလွန်သူကတော့ အသက် ၂၂ နှစ်အရွယ်သာရှိပါသေးတယ်။ သူကို မြိတ်မြို့နယ်၊ ဒညက်ကျေးရွာအုပ်စု၊ စနေထောင့်ကျေးရွာ၌ ဖမ်းဆီး ရမိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေဟာ မွေ့ရာဆိုင်အရောင်းဝန်ထမ်း ဖြစ်ပြီး၊ ထိုးသွင်းဒဏ်ရာများနဲ့သေဆုံးခဲ့ကြတာဖြစ်ပြီး၊ ကျူးလွန်သူကို ဒဂုံဆိပ်ကမ်း မြို့မရဲစခန်း က (ပ)၄၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ #Pissaya_Crime

Read More

မထင်မှတ်ဘဲ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတဲ့ PSG

ဒီကနေ့မနက်က ကစားခဲ့ကြတဲ့ မန်ယူအသင်းနဲ့ PSG အသင်းတို့ပွဲစဉ်မှာ ၃-၁ ဂိုးနဲ့ မန်ယူအသင်းက အနိုင်ယူခဲ့ပါတယ်။ ဒီပွဲစဉ်ဟာပြင်သစ်လိဂ်ချန်ပီယံ PSG အသင်းအတွက် မျှော်မှန်းမထားတဲ့ ရလဒ်တခုဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေလဲ ထွက်ခွာခဲ့ရပါတယ်။ မန်ယူအသင်းရဲ့ အနိုင်ဂိုးတွေကို လူကာကူနဲ့ ရပ်ရှ်ဖို့ဒ် တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး၊ PSG အသင်းရဲ့ ခြေပဂိုးကိုတော့ ဘားနက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့မန်ယူအသင်းဟာ အဝေးဂိုးစည်းမျဉ်းနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

Read More

သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် နိုင်ဂျီးနီးယားမှာ လူအယောက် ၃၀ ကျော်သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံရဲ့အနောက်မြောက်ဘက် Zamfara ပြည်နယ် မှာ သေနတ်သမားများ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးနီးယား ရဲတပ်ဖွဲ့မှ အတည်ပြုပြောကြားခဲ့ကြောင်း သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ မတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဆိုင်ကယ်စီး သေနတ်သမားများဟာ ရွာအတွင်းတွင် ထိခိုက်သေကြေမှု များဖြစ်အောင် အကြီးအကျယ်တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာ အတည်ပြုဖို့ စုံစမ်းနေကြောင်းလည်း သိရပါတယ်။

Read More