နေ့စဉ်သုံး သွားပွတ်တံ လေးတွေသန့်ရှင်းဖို့ ဒါတွေလုပ်ပါ

မိမိတို့နေ့စဉ်အသုံးပြုနေတဲ့ သွားပွတ်တံလေးတွေသန့်ရှင်းနိုင်ဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်ရမည့်နည်းလမ်းက. . . သွားပွတ်တံကို ရှာလကာရည်ထည့်ထားတဲ့ခွက်ထဲကို ထည့်ပြီး မိနစ် (၃၀) လောက်စိမ်ထားဖို့ပဲလိုပါတယ်။ စိမ်ပြီးရင်တော့ ရေဆေးပါ။ ရှာလကာရည်က သွားပွတ်တံမှာ ရှိတဲ့ သွားတိုက်ဆေးကပ်နေတာတွေကို သန့်ရှင်းပေးတဲ့အတွက် သွားပွတ်တံကို သန့်သွားအောင်လုပ်ပေးပါတယ်နော်။ သတိထားရမှာက သွားပွတ်တံတစ်ချောင်းကို (၃) လ တကြိမ်လဲပေးသင့်ပါတယ်။ အခုဝေမျှပေးခဲ့တဲ့ နည်းလမ်းလေးကို မလဲခင်အချိန်အတွင်းမှာ သွားပွတ်တံ သန့်ရှင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။

Read More

မိဘမဲ့ကလေးငယ်တွေကို ရှင်ပြုအလှူပြုလုပ်ပေးခဲ့တဲ့ အဆိုတော် ရတနာမိုင် တို့မိသားစု

အဆိုတော်ရတနာမိုင်တို့ မိသားစုမှ မိဘမဲ့ ကလေးငယ်လေးများကို  ရှင်သာမဏေ အဖြစ် ရှင်ပြုအလှူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရှင်သာမဏေ (၁၆) ပါးကို ရှင်ပြုပေးခဲ့တာ ဖြစ်ပြီး ဘ၀မှာ ဘုရားဒါယိကာမ၊ ရဟန်းဒါယိကာမ ဖြစ်ခဲ့ဖူးတဲ့ ပီတီတွေကိုလည်း ရတနာမိုင်က သူမရဲ့ Facebook စာမျက်နှာမှာရေးသားထားပါသေးတယ်။ ရတနာမိုင် တို့မိသားစုရဲ့ ပဗ္ဗဇ္ဇအမွေခံ ရှင်ပြုအလှူတော်ကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဓမ္မဂုဏ်ရည်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ #Pissaya_News Photo;Yadanarmy’s Fb

Read More

အိုစမာ ဘင်လာဒင်ရဲ့ သားဖြစ်သူရှိတဲ့နေရာကို သတင်းပေးနိုင်ရင် ဒေါ်လာ တစ်သန်း ဆုချမည်

 အိုစမာ ဘင်လာဒင် ရဲ့ သားဖြစ်သူ ဟမ်ဇာ ဘင်လာဒင် ရှိတဲ့နေရာကို သတင်းပေးနိုင်ရင် ဒေါ်လာ တစ်သန်း ဆုချမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တယ်။ လက်ရှိမှာ အိုစမာ ဘင်လာဒင်ရဲ့သားဟာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင် တယောက်ဖြစ်နေပြီလို့လဲ ဆိုပါတယ်။ အိုစမာ ဘင်လာဒင်ဟာ အကြမ်းဖက်မှုလုပ်ငန်းစဉ်တွေကြောင့် အမေရိကန်တပ်ဖွဲ့တွေရဲ့ အသေပစ်ခတ်ဖမ်းဆီးခြင်းကို ပါကစ္စတန်နိုင်ငံမှာ ခံခဲ့ရတာလည်းဖြစ်ပါတယ်။ #Pissaya_International News

Read More