ဦးရွှေမန်းဦးဆောင်တဲ့ကော်မရှင်ကို သက်တမ်းမတိုးဖို့ လွှတ်တော်ဆုံးဖြတ်

 သူရဦးရွှေမန်းဦးဆောင်တဲ့ ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များကော်မရှင်ကို သက်တမ်းတိုးရေး၊ မတိုးရေးနဲ့ပတ်သက်ပြီး ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ သက်တမ်း ထပ်မတိုးဖို့ လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။ ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များကော်မရှင်ဟာ သက်တမ်းသုံးနှစ်ပြည့်ခဲ့ပြီ ဖြစ်တဲ့အတွက် နောက်ထပ်သက်တမ်းအတွက် လွှတ်တော်ရဲ့သဘောတူညီချက်ရယူတဲ့အခါမှာ ကန့်ကွက်မဲ ၅၅၅ မဲ ရရှိခဲ့ပြီ ထောက်ခံမဲ ၂၀ မဲသာရရှိခဲ့တာဖြစ်ပါတယ်။ အရင်က သူရဦးရွှေမန်းကော်မရှင်ကို တနှစ်တခါ သက်တမ်းတိုးဖို့ လွှတ်တော်မှာ ဆုံးဖြတ်ရာမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသာ ကန့်ကွက်ခဲ့ကြပေမယ့် အခုအခါမှာ အရပ်သားလွှတ်တော်ကိုယ်စားလှယ်များပါ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ #Pissaya_General News

Read More

သားယောကျာ်းလေး (၃) ယောက်ပိုင်ဆိုင်လိုက်ရတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ

သရုပ်ဆောင် အလုပ်နဲ့ လူမှုအကျိုးပြု ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ ဟာ အခုဆိုရင်တော့ သားလေး (၃) ယောက်ကို ပိုင်ဆိုင်ထားတဲ့ မေမေ ခိုင်နှင်းဝေ ဖြစ်နေပါပြီ။ သားလေး (၃) ယောက်ကို ပိုင်ဆိုင်လိုက်ရလို့ ၀မ်းသာပီတိဖြစ်နေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ က “ကျွန်မ ထံသို့ ရောက်ရှိလာတဲ့ ပန်းရိုင်းလေး 3 ပွင့် (သို့) သားလေးသုံးယောက် ခိုကိုးရာမဲ့ ကလေးတွေကို ကျွန်မ ရင်ခွင်ထဲမှာ ခေါ်ယူစောင့်ရှောက်လိုစိတ်ပြင်းပြလွန်းလို့ ဘုရား က လက်ဆောင် အနေနဲ့ ဒီနေ့ သားလေး သုံးယောက်ကို ကျွန်မရင်ခွင်ထဲအရောက် ပို့ပေးလိုက်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်ရှင် 🙏🙏🙏 ကျွန်မ ကလေး တွေကို နေစရာအိမ်လေးတလုံးနဲ့ သူတို့လေးတွေ ဘဝမှာ အားငယ်စိတ်တွေမဖြစ်ရအောင် ကျွန်မ အားအင်ပေးချင်စိတ်နဲ့ သူတို့လေးတွေ အတွက် နေစရာလေးဖြစ်ပေါ်လာအောင် ကြိုးစားနေချိန်မှာပဲ ကျွန်မမေတ္တာမှန်လို့ ကလေးလေး တွေ ကျွန်မလက်ထဲရောက်လာခဲ့ပြီ ….. အူဝဲ 👶👶👶👶 အဲ့ဒီအသံလေးက ကျွန်မ နားထဲမှာတော့ အမေ သားတို့တွက် ပိုကြိုးစားပေးပါလို့ ပြောနေသယောင် ကြားယောင်မိလို့ အမေ သားတို့အတွက် ကြိုးစားပါ့မယ်လို့ ကတိပေးခဲ့တယ် အဲ့ကတိအတိုင်း မေမေ့ သားလေးတွေ လူမှန်းသိတတ်စအရွယ်မှာ မိဘမဲ့ ဆိုတာထက် ငါတို့အမေက ခိုင်နှင်းဝေ ဆိုတာမျိုးဖြစ်လာအောင် အမေ…

Read More

အိမ်ကွင်းမှာ ဘုန်းမောက်ကို ဂိုးမိုးရွာခဲ့တဲ့ အာဆင်နယ်

ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဘုန်းမောက်ပွဲစဉ်မှာတော့ အာဆင်နယ် အသင်းက ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ပထမဂိုးကို ပွဲအစ ၄ မိနစ်မှာ အိုဇေးလ်က သွင်းယူခဲ့ပါတယ်။ ၂၇ မိနစ်မှာတော့ ကွင်းလယ်မှာ အိုဇေးလ်နဲ့ အတူ ခြေစွမ်းပြနေတဲ့ မီခီးတာရန်က အာဆင်နယ်အတွက် ဒုတိဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယဂိုးသွင်းယူပြီး ၃ မိနစ်အကြာမှာတော့ ဘုန်းမောက်က ခြေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၄၇မိနစ်နဲ့ ၅၉ မိနစ်တွေမှာ ကိုစီယန်နီနဲ့ အူဘာမီရန် တို့ က အာဆင်နယ်အတွက် ဆက်တိုက်ဆိုသလို အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပြီး ပွဲသိမ်းဂိုးကိုတော့ တိုက်စစ်မှုး လာကာဇက်က ပြစ်ဒဏ်ဘောကနေတဆင့် လှလှပပ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ #Pissaya_Sport

Read More