ရတနာပုံဆိုက်ဘာစီးတီးကျောင်းသားသေဆုံးမှု အဓိက တရားခံကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့အမိန့်ချ

 ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ ရတနာပုံဆိုက်ဘာစီးတီးကျောင်းသားအမှုမှာ အဓီက တရားခံဖြစ်တဲ့ မှုံကြီး(ခ) ပြည့်စုံအောင်ကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ နဲ့ထောင်ဒဏ် ၁၀ နှစ်ပါကျခံစေဖို့ပြင်ဦးလွင်ခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ အခြား တရားခံတွေထဲက ကျန် ၃ ဦးကိုတော့ ထောင်ဒဏ် နှစ် ၂၀၊ ၁၀ နှစ်နဲ့ ၇ နှစ်စီအသီးသီးကျခံစေဖို့လည်း အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ #Pissaya_Crime

Read More

“လူလည်ကြီးများရွာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ပြုလုပ်ကျင်းပ

 လူလည်ကြီးများရွာ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့က ရန်ကုန်မြို့၊ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပေးတာဖြစ်ပြီး အကြည်တော် ရဲ့ ၀တ္ထုကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ “လူလည်ကြီးများရွာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခန့်စည်သူ၊ ပြေတီဦး၊ခိုင်သင်းကြည်၊ အိချောပို ဒိန်းဒေါင်၊ ဗေလုဝ၊ ဆင်မ၊ ဇော်ဝင်းနိုင်၊ ညောင်ညောင်၊ အကယ်ဒမီ အောင်ခိုင်၊ ကိုပေါက်၊ နေလင်း၊ဇော်ဇော်၊ချမ်းသာ၊ အောင်သီဟ၊ အေးသီတာ၊ ကြူ ကြူ သင်း နှင့် အခြားသော အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ “လူလည်ကြီးများရွာ”ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ (၁) ရက်မှစတင်ပြီးရုံတင်ပြသသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ #Pissaya_News Photo;crd

Read More

ပါကစ္စတန်လေပိုင်နက်ထဲဝင်လာတဲ့ အိန္ဒိယ လေယာဉ် ၂ စီး ကို ပစ်ချ

အိန္ဒိယလေတပ်မှ လေယာဉ် ၂ စီးဟာ ကက်ရှ်မီးယား ဒေသက ပါကစ္စတန်ပိုင်နက်ထဲဝင်လာတဲ့ အတွက်ပစ်ချခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ ပစ်ချမှုကြောင့် လေယာဉ်တစ်စီးဟာ ပါကစ္စတန်ပိုင်နက်ထဲ ပျက်ကျခဲ့ပြီး ပိုင်းလော့တဦးကို ဖမ်းဆီးရမိထားပါတယ်။ ကျန်တစ်စီးကတော့ အိန္ဒိယကပိုင်နက်ထဲ ပျက်ကျခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသထဲ အိန္ဒိယစစ်သား အယောက် ၄၀ သေဆုံးမှုဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံကြား တင်းမာမှုတွေဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။ #Pissaya_International News

Read More

အစာမကြေဖြစ်နေရင် ဒိန်ချဉ်သောက်ပါ

အစာစားပြီး အစာမကြေဖြစ်တက်တဲ့ သူတွေအတွက် နည်းလမ်းလေးတစ်ခု ဝေမျှပေးချင်ပါတယ်။ ဒိန်ချဉ် ကြိုက်သူတွေအတွက်တော့ သတင်းကောင်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ဒိန်ချဉ်က ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေရုံသာမက အစာမကြေဖြစ်ခြင်းကိုလည်း ကောင်းမွန်စေတဲ့ ဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ အစာမကြေဖြစ်နေသူတွေအတွက် ဒိန်ချဉ်သောက်ပေးခြင်းဖြင့် အစာမကြေခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။ သကြား၊ ထန်းလျက်ရည် တို့မပါဝင်တဲ့ ဒိန်ချဉ်ကို သောက်သုံးမယ်ဆိုရင်တော့ အစာမကြေဖြစ်ခြင်းကို သက်သာစေဖို့ လျင်မြန်တဲ့ထိရောက်မှုကို ရရှိနိုင်မှာပါနော်။ #Pissaya_News Photo;Crd

Read More

သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အယူခံလျှောက်ထားမှု ပယ်ချခံရ

 ပုဇွန်တောင်မြို့နယ်တရားရုံးမှမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊၁၆(ဂ) နဲ့ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သည့်အပေါ် သရုပ်ဆောင်မိုးအောင်ရင်မှ ခရိုင်တရားရုံးကို အယူခံတင်ရမှာ ပယ်ချခံခဲ့ရကြောင်း သိရပါတယ်။ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အယူခံလျှောက်ထားမှုကို အရှေ့ပိုင်းခရိုင်တရားရုံးက ဒီကနေ့မှာပယ်ချလိုက်တာလဲ ဖြစ်ပါတယ်။ သရုပ်ဆောင်မိုးအောင်ရင် အနေနဲ့ တရားဥပဒေလုပ်ထုံး လုပ်နည်းအရ ခရိုင်မှ ပယ်ချသော်လည်း တိုင်းနဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးများသို့ အယူခံ ဆက်တက်နိုင်ကြောင်းလည်း သိရပါတယ်။ #Pissaya_News Photo;crd

Read More