‘ချစ်ပန်းအိမ်’ အဖြစ်မြင်တွေ့ရအုံးမယ့် ‘ဆိုင်းမိုင်’

‘မိုးကောင်းကင်အိမ်မက’် ရုပ်သံဇာတ်လမ်းတွဲ ကနေ ‘ဆိုင်းမိုင်’ ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပိုးကြာဖြူခင် ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေ ထပ်မံရိုက်ကူးလျက်ရှိပါတယ်။ တည်ငြိမ်တဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ‘ပိုးကြာဖြူခင်’ ကအခုလျက်ရှိမှာတော့ ‘ ကြယ်ကလေးရဲ့ကောင်းကင်’ ဇာတ်လမ်းတွဲ ကို ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ‘ချစ်ပန်းအိမ်’ ဆိုတဲ့ဇာတ်ကောင်နေရာမှာ ပါဝင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ သူမကိုချစ်ကျတဲ့ ရိတ်သတ်တွေအတွက် ရိုက်ကွင်းပေါ်က သူမရဲ့ ပုံရိပ်လေးတွေကို Pissaya News ပရိတ်သတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News #Entertainment Photo;PoeKyarPhyuKhin’s FB

Read More

ပရိသတ်တွေကြောင့် အင်းဝမြို့မှာ ပျော်ခဲ့ရတယ်ဆိုတဲ့ တိုင်ရွန်

သရုပ်ဆောင်တိုင်ရွန်ဟာ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ ထုတ်လွှင့်ပြသနေတဲ့ ” မနေ့ကဖြစ်သည် ၂” ရုပ်သံဇာတ်လမ်းတွဲ နဲ့ နာမည်ကြီးနေတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့ သူ့ရဲ့ အင်ဝကိုသွားတဲ့ ခရီးစဉ်မှာပေါ့ ပရိသတ်တွေရဲ့ ၀မ်းသားအားရနှုတ်ဆက်မှုတွေနဲ့ အားပေးမှုတွေကြောင့် အရမ်းပျော်ခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလိုရေးထားပါတယ်။ ” ပျော်စရာကြည်နူးစရာ အရမ်းကောင်းပါတယ် ခန့်ထည် ဆိုပြီး နှုတ်ဆက်ကြတဲ့အတွက် အရမ်းဝမ်းသာပါတယ် နောက်ထပ် လာချင် ပါ သေးတယ်။ အင်းဝသို့ ခေါ်ရခက်တဲ့ နာမည်ကိုခေါ်တတ်တယ် တိုင်ရွန် တဲ့ ဖွားဖွားကြီးတွေက” လို့ရေးထားပါတယ်။ သရုပ်ဆောင်တိုင်ရွန်တစ်ယောက် အင်းဝကို သွားတဲ့ ခရီးမှာ ခန့်ထည်ဆိုတဲ့ ဇာတ်ကောင်နာမည်ကို သိကြတဲ့ ပရိသတ်တွေက ဝမ်းသာအားရ နှုတ်ဆက်ကြလို့ အရမ်းပျော်ရပါတယ်။ မော်ဒယ်လောကမှာ အောင်မြင်မှုများစွာ ပိုင်ဆိုင်ပြီးခဲ့တဲ့ တိုင်ရွန်ဟာ သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်တဲ့သူဖြစ်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ Photo Credit – တိုင်ရွန် ဖေ့စ်ဘွတ်

Read More

ပြည့်​ငါးပြည့်​ဘုရားကို သွား​ရောက်​ဖူး​မျှော်​ခဲ့တဲ့ သရုပ်​​ဆောင်​ ခိုင်​သင်းကြည်​ရဲ့ ပုဂံ​ရောက်​ ပုံရိပ်

ပြည့်​ငါးပြည့်​ဘုရားကို သွား​ရောက်​ဖူး​မျှော်​ခဲ့တဲ့ သရုပ်​​ဆောင်​ ခိုင်​သင်းကြည်​ရဲ့ ပုဂံ​ရောက်​ ပုံရိပ်​​ Photo Credit _ Khine Thin Kyi

Read More

နေရင်းထိုင်ရင်း ချွေးသိပ်ထွက်တတ်တဲ့ အမျိုးသမီးတွေနဲ့ နောက်ခံအကြောင်းတရားများ

အမျိုးသမီးတွေ ဖြူဖြူမည်းမည်း၊ ပိန်ပိန်ဝဝ၊ ချွေးသိပ်ထွက်တဲ့အခါ အင်္ကျီမှာစွန်း၊ ချိုင်းမှာ အကွက်ထ၊ လူကြားထဲလည်း အနံ့ထွက် စသည်ဖြင့် စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ်။ ဒီလို ချွေး သိပ်ထွက်လွန်းတာ ဘာတွေကြောင့်များ ဖြစ်မလဲ? ● လည်ပင်းကြီးရောဂါ သိုင်းရွိုက်ကို အရင်ဆုံး စဉ်းထားသင့်ပါတယ်။ ဟော်မုန်းလွန်ကဲတဲ့အခါ တဖြည်းဖြည်း ကိုယ်တွင်းဇီဝရုပ် ဖြစ်ပျက် မှုတွေ မြန်လာပြီး ချွေး သိပ်ထွက်တတ်ပါတယ်။ လည်ပင်းလေးကို စမ်းကြည့်ပါ။ ဆရာဝန်ပြသ စစ်ဆေးပါ။ ● ဆီးချိုရောဂါ ဖြစ်လာရင် ချွေးသိပ်ထွက်လာပါတယ်။ ဆီးချိုကျတဲ့အခါ ချွေးပြန်လာသလို ဆီးချိုဖြစ်တာကြာပြီး အာရုံကြော ထိခိုက်ရင် လည်း ချွေး ထွက် များလာပါတယ်။ ဆီးချို ဖောက်စစ်ကြည့်နော်။ ● သိပ်ဝလွန်းရင် ချွေးထွက် များသတဲ့။ ဝိတ်ချပြီး အဆီကျ အသားကျစ်သွားတဲ့အခါ သက်သာလာတတ်ပါတယ်။ ● တီဘီရောဂါ ခံစားရတဲ့အခါ ညချွေးပြန်တတ်ပါတယ်။ ညနေနဲ့ ညပိုင်းမှာ ချွေးတွေ သိပ်ထွက်လာပါတယ်။ ချောင်းဆိုးရင် ရက်ရှည်ဖျား ရင် ည ချွေးထွက်ရင် တီဘီ စစ်ကြပါ။ သလိပ် စစ်ကြပါ။ ● စိတ်ဖိစီးတာတွေ၊ စိတ်ကျရောဂါတွေ၊ အစိုးရိမ်လွန်တာတွေလည်း ချွေးပြန်တတ်ပါတယ်။ ရင်တုန်မယ်၊ ဇောချွေးပြန်မယ်၊ ညအိပ်မပျော်ဘူး၊ အားပြတ်နေမယ်၊ စကားမပြောချင်ဘူး ဒါတွေပါ ရှိရင် စိတ်ကျရောဂါကို စဉ်းစားကြဖို့ ဖြစ်ပါတယ်။ လေ့ကျင်ခန်း၊…

Read More