ဖရဲသီးစားသုံးခြင်းရဲ့အကျိုးကျေးဇူးများ

နွေရာသီမှာ လူအများစုမှာ ပူတဲ့ဒဏ်ကိုအံတုရင်း နွေဥတုနဲ့လိုက်ဖက်မယ့် အစားအသောက်တွေကို စားသုံးတတ်ကြပါတယ်။အစားအစာတွေများစွာထဲမှ ဖရဲသီးကို တော်တော်များများက နွေရာသီမှာ ပိုမိုစားသုံးတတ်ကြပါတယ်။ဒါကြောင့်ဖရဲသီးစားသုံးခြင်းနဲ့ပတ်သတ်ပြီး ရရှိလားမယ့်ကျန်းမာရေး အကျိုးကျေးဇူးတွေကို Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ဖရဲသီးစားသုံးခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ ဝိတ်ကျစေတယ်။ ကြွက်သားနာကျင်မှုကိုသက်သာစေတယ်။ ကျောက်ကပ်ကျောက်တည်ခြင်းကိုကာကွယ်ပေးတယ်။ အစာချဉ်ပြန့်တာသက်သာစေတယ်။ ကင်ဆာကိုတိုက်ဖျက်ပေးတယ်။ ကိုယ်ခံအားမြှင့်တင်ပေးတယ်။ မျက်လုံးနှင့်နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေတယ်။ ခန္ဓာကိုယ်တွင်းရှိအဆိပ်အတောက်တွေကို ထုတ်ပေးပြီးအသားအရေတွေကိုကြည်လင်စေ တယ်။ စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။ #Pissaya_Health

Read More

ကျန်းမာရေးအတွက်သတိပြုရမယ့်အချက်များ

မိမိတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေမှာ တစ်ခါတစ်လေ အောင့်တတ်တာလေးတွေရှိတတ်ပါ တယ်။ ဒါကြောင့်အောင့်တတ်တဲ့နေရာလေးတွေကဘာကြောင့်အောင့်တယ်ဆိုတာသိရအောင်လို့  Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ သတိပြုရမယ့်အချက်များ (၁) ရင်ညွှန့်အောင်လျှင် အစာအိမ်နာခြင်း  ၊ အစာအိမ်လေပူထခြင်း  နဲ့ မုန့်ချိုအိတ်ယောင်ခြင်းတို့ ဖြစ်တတ်ပါတယ်။ (၂) ဘယ်ဘက်နံရိုးအောက် အောင့်လျှင် လေအောင့်ခြင်းနဲ့ အစာအိမ် အနာဖြစ်ခြင်းတို့ဖြစ်တတ်ပါ တယ်။ (၃) ညာဘက်နံရိုးအောက်အောင့်လျှင် သည်းခြေအိတ်ယောက်ခြင်း နဲ့ အစာအိမ်ယောင်ခြင်းတို့ ဖြစ် တတ်ပါတယ်။ (၄) ချက်အလယ်နေရာအောင့်လျှင် လေအောင့်ခြင်း နဲ့ အစောပိုင်း အူအတတ်ယောင်ခြင်းတို့ဖြစ် တတ်ပါတယ်။ (၅)ဆီးခုံနေရာအောင့်လျှင် ဆီးပိုးဝင်ခြင်း ၊ သားအိမ်ခေါင်ယောင်ခြင်း နဲ့ ရာသီကိုက်ခဲခြင်းတို့ဖြစ်တတ် ပါတယ်။ (၆)ညာဘက်ချက်ဘေးအောင့်လျှင် ဆီးကျောက်တည်ခြင်း ၊ ဆီးပိုးဝင်ခြင်း နဲ့ ဝမ်းချုပ်ခြင်းတို့ဖြစ် တတ်ပါတယ်။ (၇) ဘယ်ဘက်ချက်ဘေးအောင့်လျှင် ဆီးကျေက်တည်ခြင်းနဲ့ အူယောင်ခြင်းတို့ဖြစ်တတ်ပါတယ်။ (၈)ဘယ်ဘက်ပေါင်ရင်းထိပ်နေရာအောင့်လျှင် အူကျခြင်း နဲ့ မမျိုးဥပြွန်ယောင်ခြင်းတို့ဖြစ်တတ်ပါ တယ်။ (၉)ညာဘက်ပေါင်ရင်းထိပ်နေရာအောင့်လျှင် အူအတတ်ယောင်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ မမျိုးဥအိမ် ရေအိတ်တည်ခြင်း ၊ အူကျခြင်းနဲ့ မမျိုးဥပြွန်ယောင်ခြင်းတို့ဖြစ်တတ်ပါတယ်။ #Pissaya_Health

Read More

မျက်စိမမှုန်စေရန် ရှောင်ရမည့်နည်းလမ်းများ

မျက်စိမမှုန်စေဖို့အတွက် ဆောင်ရ ၊ ရှောင်ရမယ့်နည်းလမ်းတွေကို Pissaya News ပရိတ်သတ်ကြီးအ တွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ဆောင်ရ ၊ ရှောင်ရမယ့်နည်းလမ်းများကတော့ စာဖတ်တဲ့အခါအိပ်ပြီးမဖတ်တာအကောင်းဆုံးပါ။ မှောင်တဲ့နေရာမှာ စာမဖတ်တာအကောင်းဆုံးပါ။ စာဖတ်တဲ့အခါ မှောက်ပြီးလည်းမဖတ်တာအကောင်းဆုံးပါ။ ကား၊ရထားစီးရင် စာဖတ်တာလည်းမကောင်းပါဘူး။ TV ကြည့်တဲ့အခါ မျက်စိနဲ့တတန်းတည်းထားကြည့်ရပါမယ်။ TV ကြည့်တဲ့အခါအမှောင်ထဲမှာမကြည့်ပဲ အလင်းနောက်ခံထားကြည့်သင့်ပါတယ်။ #Pissaya_Health

Read More

မင်းဂွတ်သီးစားသုံးခြင်းရဲ့အကျိုးကျေးဇူးများ

မိမိတို့နေ့စဉ်စားသုံးနေတဲ့ အသီးအနှံတွေများစွာရှိပါတယ်။ အဲဒီအသီးအနှံတွေထဲကမှမင်းဂွတ် သီးဟာဆိုလို့ရှိရင် ဘယ်လိုကောင်းကျိုးတွေရနိုင်လဲဆိုတာ Pissaya News ပရိတ်သတ်ကြီးအ တွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ မင်းဂွတ်သီးစားသုံးခြင်းရဲ့အကျိုးကျေးဇူးများ ဝိတ်ကျစေနိုင်ခြင်း။ အသားအရေလှပစေခြင်း။ ရောင်ရမ်းခြင်းကိုသက်သာစေနိုင်ခြင်း။ အာဟာရဓါတ်ပြည့်ဝခြင်းနဲ့ကိုယ်ခံအားမြှင့်တင်နိုင်ခြင်း။ ကင်ဆာဖြစ်နိုင်ချေလျော့ကျစေခြင်း။ အရွယ်တင်နုပျိုစေခြင်း။ သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးခြင်းတို့ကိုရရှိနိုင်မှာဖြစ်ပါတယ်။ #Pissaya_Health

Read More

နွေရာသီမှာ စိုပြေဝင်းလက်တဲ့အသားရေလေးရရှိအောင် ဘယ်လိုထိန်းသိမ်းမလဲ

နွေရာသီမှာ မိမိတို့ရဲ့အသားအရေတွေဟာ နေရောင်ခြည်ကြောင့် ပျက်စီးလွယ်တတ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့အသားအရေတွေကို မပျက်စီးပဲ စိုပြေဝင်းလက်တဲ့အသားရေလေးရရှိစေရန် ထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးတွေကို Pissaya News ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ စိုပြေဝင်းလက်တဲ့အသားရေလေးရရှိစေမယ့်နည်းလမ်းများ မျက်နှာသစ်တဲ့အခါ အဆီပြန်တတ်တဲ့အသားအရေဆို salicylic acid ပါတဲ့ မျက်နှာသစ်ဆေး သုံးပြီး မျက်နှာ အသားခြောက်တဲ့သူတွေကတော့ non-soapy fase wash ပါတဲ့မျက်နှာ သစ် ဆေး နဲ့ ပုံမှန်အသားအရေရှိတဲ့သူတွေကတော့ gel-based face wash  ပါတဲ့ မျက်နှာသစ် ဆေး ကိုနှစ်ခါ (သို့မဟုတ်) သုံးခါလောက်သုံးပေးပါ။ နေရောင်ခံလူးဆေးလူးပြီးမှာအပြင်ထွက်ပါ။ ရေဓါတ်ပြည့်ဝအောင်အမြဲနေပေးပါ။ မိတ်ကပ်ပါးပါးလေးပဲလူးပါ။ ခြေဖဝါးလေးကိုလည်းဂရုစိုက်ဖို့မမေ့ပါနဲ့။ လေ့ကျင့်ခန်းတွေလည်းလုပ်ပါ။ ကောင်းကောင်းအနားယူပါ။ မျက်လုံးတစ်ဝိုက်ကိုလည်း moisturiserလူးဖို့ မမေ့ပါနဲ့။ ရေအေးအေးနဲ့ရေချိုးပါ။ ဒါတွေကိုဂရုစိုက်မယ်ဆိုလို့ရှိရင်အသားအရေလေးက ပြောင်းလဲလာပါလိမ့်မယ်။ #Pissaya_Health

Read More

ကော်ဖီသောက်ခြင်းအကျိုးကျေးဇူးများ

မိမိတို့ရဲ့နေ့တစ်နေ့တာမနက်ခင်းအစမှာ တော်တော်များများက ကော်ဖီဒါမှမဟုတ် လက်ဖက်ရည်ကို သောက်သုံးလေ့ရှိကြပါတယ်။ ဒါကြောင့်ကော်ဖီကိုသောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ကော်ဖီသောက်ခြင်းအကျိုးကျေးဇူးများ ခန္ဓာကိုယ်စွမ်းအင်ပမာဏမြှင့်တင်ပေးတယ်။ စိတ်ဖိစီးမှုလျော့ကျစေတယ်။ ဆီးပုံမှန်ထက်ပိုရွှင်တယ်။ ဦးနှောက်စွမ်းအင်ကိုမြှင့်တင်ပေးတယ်။ အသည်းကိုလည်းကာကွယ်ပေးသလို အသည်းရောဂါဖြစ်ခြင်းကိုလည်း နည်းပါးစေပါတယ်။ ကိုလက်စထရောပမာဏထိန်းညှိပေးတယ်။ အရွယ်တင်နုပျိုစေပါတယ်။ #Pissaya_Health

Read More

ဝမ်းမချူပ်စေရန် ကာကွယ်ရမယ့်နည်းလမ်းများ

ဝမ်းမချုပ်စေရန် ကာကွယ်ရမယ့်နည်းလမ်းတွေများစွာထဲက လူတိုင်းလုပ်နိုင်မယ့်နည်းလမ်းလေးတွေ ကို Pissaya News ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ နည်းလမ်းများကတော့ ရေကိုလုံလောက်တဲ့ပမာဏထိသောက်ရပါမယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံစားမသုံးပါနဲ့။ ကိုယ်လက်လှုပ်ရှားမှုရှိရပါမယ်။ စိတ်ဖိစိမှုးမရှိအောင်အတတ်နိုင်ဆုံးနေရပါမယ်။ အမျှင်ဓါတ်တွေလုံလောက်စွာသုံးဆောင်ရပါမယ်။ သကြားနဲ့ကျန်းမာရေးမညီညွတ်တဲ့အစားအစာတွေ အလွန်အကျွံမစားသုံးပါနဲ့။ ကယ်စီယမ်နဲ့သံဓါတ်တွေ များစွာမစားသုံးပါနဲ့။ ဆေးအချို့ကြောင့်လည်း ဝမ်းချုပ်တာဖြစ်တတ်ပါတယ်။ #Pissaya_Health

Read More

ပျက်ဆီးနေတဲ့ဆံသားလေတွေ ဘယ်လိုထိန်းသိမ်းမလဲ

မိမိတို့ရဲ့ဆံသားလေးတွေမှာ အဖျားနှစ်ခွဖြစ်တာတို့ ရေဓါတ်ခြောက်ခမ်းတာတို့အရောင်ဆိုးခြင်း ကြောင့်ဆံသားပျက်စီးတာတွေ ဖြစ်တတ်ကြပါတယ်။ဒါကြောင့်မိမိအိမ်မှာ  ပျက်ဆီးနေတဲ့ဆံသား လေးတွေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ ဆံသားလေးတွေ ပြန်ကောင်းလာဖို့ဆိုရင် အစိုဓါတ်လေးတွေပြန်ဖြည့်ဖို့လိုပါတယ်။ အညစ်အကြေးတွေဖယ်ရှားဖို့လိုပါတယ်။ ပျက်ဆီးနေတဲ့ဆံသားတွေပြုပြင်ဖို့လိုပါတယ်။ ပိုမိုတောက်ပအောင်လုပ်ဖို့လိုပါတယ်။ ဆံပင်ကြီးထွားမှုပိုကောင်းအောင်လုပ်ဖို့လိုပါတယ်။ ပျော့ပျောင်းအောင်လုပ်ဖို့လိုပါတယ်။ Ph Level ထိန်းညှိကြဖို့လိုပါတယ်။ ပြုလုပ်ရမယ့်နည်းလမ်းတွေကတော့ (၁) သံလွင်ဆီစားပွဲတင်ဇွန်း(၁)ဇွန်းနဲ့ဒိန်ချဉ် လေးပုံတစ်ပုံကို ရောပြီးမွှေပေးပါ။ပြီးလျှင်ဆံပင်ကိုအနှံ့ လိမ်းပေးပါ။ (၁၅)မိနစ် မိနစ်(၂၀) ကြာပြီလျှင် ရေဆေးချပေးပါ။ မိမိရဲ့ဆံသားလေးတွေ အစိုဓါတ်ပြန် ပြည့်လာပါလိမ့်မယ်။ (၂)ဆားစားပွဲတင်ဇွန်း(၂)ဇွန်း ၊ သံပုရာရည်စားပွဲတင်ဇွန်း (၂)ဇွန်း  နဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း (၂) ဇွန်းတို့ကို ဆံပင်အနှံ့လိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးရင်ခေါင်းလျှော်ပေးပါ။ (၃)ဌက်ပျောသီးတစ်လုံးနဲ့ ပျားရည်စားပွဲတင်ဇွန်း (၁)ဇွန်းကို ထည့်ပြီး ကြိတ်မွေပေးပါ။ ပြီးရင်ဆံကေ သာကိုလိမ်းပေးပါ။ ချောမွေ့မှုမရသေးခင်အထိ ထပ်ခါထပ်ခါလုပ်နိုင်ပါတယ်။ ပြီးရင်တော့ရေဆေးချ ပေးပါ။ (၄)ကြက်ဥ ၊ အုန်းရည်တစ်ခွက်စာရယ် ၊ သံလွင်ဆီစာပွဲတင်ဇွန်း (၁)ဇွန်းကို ရောမွှေပြီး ဦးရေပြားပေါ်လိမ်းပေးပါ။ (၁၅)မိနစ် ၊ မိနစ်(၂၀)ကြာရင် ရေဆေးချပေးပါ။ (၅)ကြက်ဥ  ၊ အုန်းဆီအနည်းငယ်နဲ့ လက်ဖက်စိမ်းမှုန့်စားပွဲတင်ဇွန်း(၁)ဇွန်းတို့ကို ရောပြီးမွှေပေး ပါ။ ဘီးကိုအသုံးပြုပြီး ဆံပင်ရော ၊ ဦးရေရော အနှံလိမ်းပေးပါ။ မိနစ်(၃၀)ထားပြီးခေါင်းလျှော်ပေးပါ။ (၆)အုန်းဆီစားပွဲတင်ဇွန်း(၂)ဇွန်းနဲ့ ပျားရည်စားပွဲတင်ဇွန်း(၁)ဇွန်း ကိုရောမွှေပြီး မိနစ်အနည်းငယ် လောက်အပူပေးပါ။မိနစ်(၃၀)မှ (၁)နာရီလောက် ရေချိုးဦးထုပ်ဆောင်းလေးနဲ့…

Read More

ဆံပင်ဖြူတွေ ပြန်လည်နက်လာစေဖို့အတွက် နည်းလမ်းများ

မိမိတို့ရဲ့ဆံသားနက်နက်လေးတွေထဲမှာ အဖြူရောင်ဆံသားလေးတွေရှိနေတဲ့သူတွေအတွက် ဆံသားတွေ ပြန်ပြီး နက်လာစေဖို့ နည်းလမ်းများစွာထဲက အားလူးနဲ့ပြုလုပ်လို့ရတဲ့နည်းလမ်းလေးကို Pissaya News ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ အာလူး(၅)လုံးပဲဖြစ်ပါတယ်။ အသုံးပြုနည်း အာလူး(၅)လုံးကိုရေစင်အောင်ဆေးပါ။ အခွံနွှာပါ။အခွံတွေကိုရေမြုပ်အောင်ထည့်ပြီး ပြုတ်ပေးပါ။ (၁၀)မိနစ်လောက်ကြာတဲ့အခါရေဆူလာပြီဆိုရင် အပူပေးတာရပ်လိုက်ပါ။ အာလူးအခွံတွေကို ဆယ်ထုတ်ပြီး ပြုတ်ရည်ကိုအအေးခံရမှာဖြစ်ပါတယ်။ အအေးခံထားတဲ့ပြုတ်ရည်ကို မိနစ်(၂၀)လောက်လိမ်းပေးပြီး ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်လို့ရပြီး (၃)ခါလောက်ပြုလုပ်ပြီးရင် ဆံပင်ဖြူတွေ ပြန်လည်နက် လာစေမှာဖြစ်ပါတယ်။

Read More

တောက်ပတဲ့အသားအရေပိုင်ဆိုင်စေမယ့်နည်းလမ်းများ

မိမိတို့ရဲ့အသားအရေလေးတွေ ရွှေရောင်လိုဝင်းပြီးလှပနေမယ့် အသားအရေလေးတွေကို ပိုင်ဆိုင်ချင် သူများအတွက် နည်းလမ်းတွေများစွာထဲက အိမ်မှာပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို Pissaya News ပရိတ်သတ်ကြီးအတွက်ပြန်လည်ဝေမျှလိုက်ပါတယ်။ ရှိရမယ့်ပစ္စည်းတွေကတော့ ရှားစောင်းလက်ပက်ဂျယ် ၊ နှင်းဆီရေ ၊ ဗာဒံစေ့ ၊ သံလွင်ဆီ နဲ့ဗီတာမင် အီးတို့ပဲဖြစ်ပါတယ်။ ပြုလုပ်ရမယ့်နည်းလမ်း သန့်ရှင်းတဲ့ခွက်တစ်ခွက်ထဲမှာ ရှားစောင်းလက်ပက်ဂျယ်လက်ဖက်ရည်ဇွန်နှစ်ဇွန်းထည့်ပေးပါ။ နှင်းဆီရေလက်ဖက်ရည်ဇွန်(၂)ဇွန်းထည့်ပေးပါ။ အရည်ကြည်ရအောင်ထိမွှေပေးပါ။ ပြီးရင်ဗီးတာမင်အီး ဆေးနှစ်လုံးဖောက်ပြီးထည့်ပေးပါ။ ဗာဒံစေ့အဆီ (သို့မဟုတ်)သံလွင်ဆီ လက်ဖက်ရည်ဇွန်းအနည်းငယ်ထည့်ပေးပါ။ ပြီးရင်ပုလင်းအသန့်တစ်လုံးထဲမှာထည့်ပေးပါ။ အသုံးပြုပုံ ညအိပ်ရာဝင်မျက်နှာသစ်ပြီးတဲ့နောက် အဆိုပါအဆီကိုလိမ်းပေးပါ။ မိနစ်အနည်းငယ်မျက်နှာ ကိုညင်သာစွာနှိပ်ပေးပါ။ #Pissaya_ Health

Read More