STRAND Hotel ကို Blue Plaque(အပြာရောင် ကမ္ဗည်းပြား) တပ်ဆင်

ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ STRAND Hotel ကို သမိုင်းဝင်အဆောက်အအုံ တစ်ခုအဖြစ် Blue Plaque (အပြာရောင် ကမ္ဗည်းပြား) ကို ဖေဖော်ဝါရီလ (၇) ရက်နေ့၊ ဒီကနေ့မနက်ပိုင်းမှာတော့ တပ်ဆင်လိုက်ပြီ ဖြစ်ပါတယ်။ STRAND Hotel ကို သမိုင်းဝင်အဆောက်အအုံ တစ်ခုအဖြစ် သတ်မှတ်ခြင်းအခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ #Pissaya_News Photo:Crd

Read More

Together Festival Yangon ရဲ့ 5th Anniversary ကျင်းပပြုလုပ်မည်။

Electronic Dance Music (EDM) Festival တစ်ခုဖြစ်တဲ့ Together Festival Yangon ရဲ့ ၅ကြိမ်မြောက် ပွဲတော်ကြီးကတော့ EDM ကြိုက်နှစ်သက်တဲ့ လူငယ်တွေဆီကို မကြာခင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော နိုင်ငံတကာအဆင့်မှီ  ဂီတပွဲတော်ကြီး Together Festival Yangon (5th Year Anniversary) ကို ရန်ကုန်မြို့၊ Thuwunnabhumi Event Park မှာ ၂၀၁၉ခုနှစ်၊ မေလ၊ ၄ရက် (စနေနေ့) မှာ အရင်ကကျင်းပခဲ့ဖူးတဲ့ EDM Festival တွေနဲ့ မတူညီပဲ ထူးခြားစမ်းသစ်မှုတွေနဲ့ ကျင်းပပြုလုပ်မည်ဖြစ် ပါသည်။ Together Festival Yangon (5th Anniversary) မှာတော့ ကမ္ဘာ့ထိပ်တန်း TOP Artists တွေက လာရောက်ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။

Read More

Wave Money မှ ကိုယ်စားလှယ်များ နဲ့ သုံးစွဲသူများအပေါ်ကြေညာချက်ထုတ်ပြန်

မကြာသေးမီအချိန်က မြန်မာနိုင်ငံမှာ ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ Red Dot လုပ်ငန်းအရေးနဲ့ ပတ်သက်ပြီး Wave Money မှ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ Wave Money ဟာ Red Dot လုပ်ငန်းနဲ့ မတူညီပဲ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်း စည်းကမ်းနဲ့အညီလုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုက်စင်ချထားပေးတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ အဓိကအချက်အနေနဲ့ ကိုယ်စားလှယ်များနှင့် သုံးစွဲသူများရဲ့ ငွေကြေးများကို ထိန်းသိမ်းကာကွယ်ထားပြီး ၄င်းငွေကြေးများ၏ (၁၀၀) ရာခိုင်နှုန်းကို ရိုးမဘဏ်တွင် Trust Account ငွေစာရင်းအဖြစ် ထိန်းသိမ်းထားလျှက်ရှိပါတယ်။ Wave Money သုံးစွဲသူများနှင့် ပူးပေါင်းလုပ်ဆောင်သော လုပ်ငန်းရှင်ပါတနာများအနေနဲ့ သိရှိလိုသည်များကို အချိန်မရွေး Call Center မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်။ #Pissaya_News  

Read More

Master Chef Myanmar ရဲ့အကဲဖြတ်အဖွဲ့ဝင်ဒိုင်လူကြီးတစ်ဦး ရုတ်တရက် ကွယ်လွန်

MRTV-4 Free To Air ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသနေတဲ့ ပရိတ်သတ်တွေ စိတ်ဝင်စားမှု အများဆုံးအစီအစဉ်တစ်ခုဖြစ်တဲ့ Master Chef Myanmar ရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ကမ္ဘာ့အဆင့်မှီစားဖိုမှူး Chef Michel Louis Meca ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ဇန်နဝါရီလ (၉) ရက်နေ့ နေ့လည်ပိုင်းက ပြင်သစ်နိုင်ငံတွင် ရုတ်တရက်နှလုံးရပ်ကာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ #Pissaya_News Photo;Crd

Read More

တစ်ပတ်အတွင်း အရောင်းရဆုံးစာအုပ်များ (23.12.2018 – 29.12. 2018)

(၁) ကွမ်ကျိုးဒီမိုကရေစီနေ့စဉ်သတင်းစာဆောင်းပါးများ စာရေးသူ – ရဲမိုး တန်ဖိုး – ၃၅၀၀ ကျပ် (၂) ကြွေးမြီကင်းသောဘ၀နေမှု စာရေးသူ – ဒေါက်တာသာထွန်းဦး တန်ဖိုး – ၃၀၀၀ ကျပ် (၃) ဗုဒ္ဓဘာသာမြန်မာတို့၏ကိုးကွယ်မှုအစဉ်အလာများ စာရေးသူ – အရှင်စန္ဒသိရီ(မြစ်ကွေ့) တန်ဖိုး – ၄၅၀၀ ကျပ် (၄) မြန်မာတွေ မညံ့ပါဘူး-၂ စာရေးသူ – ဟန်စိုး တန်ဖိုး – ၂၅၀၀ ကျပ် (၅) မွန်မြတ်သူများ(စိတ်၊ စေတနာ၊ မေတ္တာ) စာရေးသူ – မင်းယုဝေ တန်ဖိုး – ၂၅၀၀ ကျပ် (၆) မလျှော့အားမာန်မချန်သတ္တိ စာရေးသူ – နေမင်းသူ တန်ဖိုး – ၅၀၀၀ ကျပ် (၇) ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉ စာရေးသူ – မသီတာ(စမ်းချောင်း) တန်ဖိုး – ၄၀၀၀ ကျပ် (၈) လေးစားရမည့်ဝါးပင်တို့၏သဘာဝနှင့်စီးပွားဖြစ်ဝါးစိုက်ပျိုးရေး စာရေးသူ – ၀င်းကျော်ဦး တန်ဖိုး – ၂၅၀၀ ကျပ် (၉) ၀ိုင်းတွန်းတိုင်းလည်းမရွေ့ပါ စာရေးသူ – မြင့်ဇော်ဇော် တန်ဖိုး – ၃၅၀၀ ကျပ် (၁၀) အာဆီယံသစ်အကြောင်းစဉ်းစားခြင်း စာရေးသူ –…

Read More

မြန်မာအမျိုးသားလေကြောင်းလိုင်း ထုတ်ပြန်ချက်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Cessna Grand Caravan XY-AMB လေယာဉ်သည် ယနေ့ ၂၇/၁၁/၂၀၁၈ ရက်နေ့ ၀၈၄၆ အချိန်၌ လေ့ကျင့်ပျံသန်းမှု Flight အဖြစ် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်အားဆောင်ရွက်ခဲ့ရာ မော်လမြိုင်သို့ ဆင်းသက်ချိန် ၀၉၂၈ နာရီ တွင် ရှေ့ဘီးကျိုး မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ ထို flightတွင်လေ့ကျင့်မှု ဖြစ်သည့် အလျောက် ခရီးသည်ပါဝင်မှု မရှိဘဲ၊ လေ့ကျင့်မည့် လေယာဉ်မှူးများ၊ လေယာဉ်မောင်/မယ် (၈) ဦး သာပါဝင်ခဲ့ပါသည်။ လေယာဉ်သည်ပြေးလမ်း ပေ၁၈၀၀ ခန့် တွင် ရှေ့ဘီးကျိုး၍ ရပ်တန့်သွားခဲ့ပြီး လူ ဒဏ်ရာ ရရှိမှု မရှိခဲ့ပါ ကြောင်းနှင့် MNA ၏ ခရီးစဉ်များ ထိခိုက်မှုမရှိပါကြောင်းတင်ပြအပ်ပါသည်။ soucre_မြန်မာအမျိုးသားလေကြောင်းလိုင်း

Read More

အလုံ ဌာနာလမ်းထိပ်က G&G စတိုးဆိုင်ထဲ ၀င်လုသူတွေကို ဖမ်းမိ

အလုံမြို့နယ် ဌာနာလမ်းထိပ်ရှိ G & G စတိုးဆိုင်ထဲသို့ ၀င်ရောက် လုယက်သူများအား ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ၊ အလုံမြို့နယ် ၊ ဌာနာလမ်းထိပ်ရှိ G&G စတိုး ဆိုင်တွင်းသို့ နိုဝင်ဘာ၂၄ရက်နေ့ ၀၁၂၀ အချိန် ခန့်က လူငယ်သုံးဦးခန့် ဆိုင်အတွင်းသို့ဝင်လာပြီး အရောင်းဝန်ထမ်း ကို——–အားထိုးကြိတ်မည်ပြောဆိုကာ လူနှစ်ဦးမှ ကို——-အနီး၌စောင့်နေခိုင်းပြီး ကျန်တစ်ဦးမှ ကို——- အင်္ကျီအိတ်ကတ်အတွင်း ထည့်ထားသော Vivo ဖုန်းအား ဆွဲယူပြီး အံဆွဲအတွင်းမှ ဈေးရောင်းရငွေ ၃၈၀၀၀ ကျပ်အား ယူဆောင်ထွက်ပြေးသွားသဖြင့် အရောင်းဝန်ထမ်း ကို—– မှ အလုံမြို့မရဲစခန်း (ပ) ၄၃၅/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်တိုင်တန်းခဲ့ကြောင်းသိရပါတယ်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးညွှန်ကြားချက်နှင့်အညီ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ ကိုယ်တိုင်ကြပ်မတ်၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အဖွဲ့များ ဖွဲ့စည်းပြီး အခင်းဖြစ်နေရာအား အသေးစိတ်စုံစမ်းခဲ့ရာ နိုဝင်ဘာ၂၅ရက် ည ၈နာရီ ၄၅မိနစ်အချိန်ခန့်တွင် အလုံမြို့နယ်၊ စောရန်ပိုင် အနောက်ရပ်ကွက် ၊ ဆွမ်းသိမ်းပွဲစတိတ်ရှိုးပွဲပြုလုပ်သည့်နေရာ၌ လုယက်မှုတွင် ပါဝင်သည့် လသာမြို့နယ်၊ (၇)ရပ်ကွက်နေ စိုင်းအောင်ကောင်မြတ်(ခ)ဖိုးပြည့်စုံ(ခ)အရိုး (၁၇)နှစ်၊ တာမွေမြို့ နယ်၊ နတ်ချောင်းရပ်ကွက်နေ မင်းသန့်ကို(ခ)မင်းသန့် (၁၇)နှစ်၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်နေ စိုးသီဟ(ခ)မိချောင်း…

Read More

သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ လက်ဝယ်တွေ့ရှိမှုအတွက်ထောင်ဒဏ်ငါးနှစ်ချမှတ်

မူးယစ်ဆေးဝါး အမှုနဲ့ကာလကြာ အမှုရင်ဆိုင်နေရတဲ့ သရုပ်​​ဆောင်​ မိုး​အောင်​ရင်​ကို မူးယစ်ဆေးဝါးသုံးစွဲ မှုအပြင် လက်ဝယ်တွေ့ရှိ မှုတွေနဲ့ ပုဇွန်တောင်မြို့နယ် တရားရုံးကထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။ သရုပ်ဆောင်မိုးအောင်ရင်ကို မနေ့က နိုဝင်ဘာလ ၂၆ ရက်မှာ အမိန့်ချလိုက် တာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ လက်ဝယ်တွေ့ရှိမှုအတွက် တပေါင်းတည်း ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သရုပ်ဆောင်မိုးအောင်ရင်ဟာ ပြီးခဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းက မှုးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီခံခဲ့ရတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-သရုပ်ဆောင်မိုးအောင်ရင်အား တရားရင်ဆိုင်ရန် ရုံးထုတ်ခဲ့စဉ်

Read More

ဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ

(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ======================== ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၇)၊၂၀၁၈ ———————- ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ —————— (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဂါဂျာ” (Gaja)သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယ နိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့ဘက်မိုင်(၂၈၀)ခန့်နှင့် နာဂါပတ္တနမ်မြို့ (Nagapattinam)၏ အရှေ့မြောက်ဘက်(၃၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) ဆိုင်ကလုန်းမုန်တိုင်း”ဂါဂျာ”(Gaja)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်း “ဂါဂျာ”(Gaja)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း ———————— အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း”ဂါဂျာ”(Gaja)သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု (၁၃.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၅.၁)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)နှုန်းအထိ ဖြစ်ပါသည်။ နောက်(၁၂)နာရီအတွင်းခန့်မှန်းချက် ————————–——————— အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း”ဂါဂျာ”(Gaja)သည် နောက်(၁၂)နာရီအတွင်း ပိုမို အားကောင်းလာကာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း”ဂါဂျာ”(Gaja)အဖြစ် သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။ သတိပေးနှိုးဆော်ချက် ———————– (က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း”ဂါဂျာ”(Gaja)၏အရှိန်ကြောင့် ယနေ့နေ့လည်မှ နောက် (၂၄)နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊…

Read More

အလုံ အနုကြမ်းစီးမှုမှာ ပါဝင်သူ ၅ ယောက်ကိုဖမ်းဆီးရမိ

မနေ့ညက အလုံမြို့နယ်၊ စောရန်ပိုင်၊ အရှေ့ ရပ်ကွက်ရှိ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီဝင်းအတွင်းသို့ လူတစုမှ တုတ် ၊ဓား လက်နက်များဖြင့် ၀င်ရောက်ခဲ့ပြီး အဲ့ဒီထဲကမှ ၅ ဦးကို ဖမ်းဆီးရမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက် အပြည့်အစုံကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ၁၈၅၀ အချိန် အလုံမြို့နယ်၊ စောရန်ပိုင်၊ အရှေ့ ရပ်ကွက်ရှိ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီဝင်းအတွင်းသို့ 6E/×××× လိုက်ထရပ်ယာဉ် ဖြင့် သူရ(၄၂)နှစ်၊ (၁၃၃)ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူပါ အမျိုးသား ၁၀ ဦးခန့် (စိစစ်ဆဲ)သည် မျက်နှာတွင် Mark များ တပ်ဆင်ထားပြီး တုတ်/ ဓားများ ကိုင်ဆောင်ဝင်ရောက်လာကာ ကုမ္ပဏီဝန်ထမ်း သားဒို(ခ)စောမူးဖွဲ့ထူး(၂၄)နှစ်၊ ဒေါင်ကြီးကျေးရွာ၊ ကန်ကြီးဒေါင့်မြို့နယ်နေသူပါ အမျိုးသား ၃ ဦး အား ကြိုးဖြင့် တုပ်ပြီး ဖုန်း ၃ လုံးကို သိမ်းဆည်း၍ ကုမ္ပဏီရုံးခန်းအတွင်း တပ်ဆင်ထားသော CCTV အား ဖြုတ်ယူသွားခဲ့ကာ လိုက်ထရပ်ယာဉ်ဖြင့် ပြန်ထွက်သွားခဲ့ကြောင်း၊ ၄င်းအဖွဲ့မှ ၅ ဦး သည် ကုမ္ပဏီမန်နေဂျာ ဦးမြင့်စိန်(ခ)ဖီးလစ်(၄၈)နှစ်အား ၎င်းပိုင် 3F/×××× လင်ခရူဆာယာဉ်နှင့် အတူခေါ်ဆောင်သွားကာ ၎င်း၏ ဖုန်း ၂ လုံးအား ယူဆောင်၍ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းနှင့် မပိုလမ်းအရောက်၌…

Read More