သေနတ်သမားများရဲ့ ပစ်ခတ်မှုကြောင့် ပါကစ္စတန် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေ၊ အခြား ၄ဦး ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ Punjab ပြည်နယ်မှာ မနေ့ညပိုင်းက အမည်မသိသေနတ်သမားတစ်ဦး ရဲ့ ဝှေ့ယမ်းပစ်ခတ်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး အခြားလူ ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ သံသယဖြစ်ဖွယ် မော်တော်ဆိုင်ကယ်တစ်စီးအား စစ်ဆေးရေးဂိတ်မှာ ရပ်တန့်စစ်ဆေးစဉ် ဆိုင်ကယ်ပေါ်မှ သေနတ်သမားတွေဟာ ပစ်ခတ်ခဲ့ပြီး အခင်းဖြစ်ပွားရာမှ လွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။ အခုတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ မသိရှိသေးကြောင်း သိရပါတယ်။ #Pissaya_International News Photo Crd; ယခင်တိုက်ခိုက်မှုတွင် တွေ့ရသည့် ဓာတ်ပုံ

Read More

အသည်းအကျိတ် ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်​ ပါမောက္ခချုပ်ဆရာတော်ကြီး သုံးလကြာအနားယူမည်

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်​ကြီး ​ဒေါက်​တာနန္ဒမာလာဘိဝံသသည် အသည်းအကျိတ် ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်​ ခရီးသွားလာခြင်း ၊ဟောပြောခြင်းများကို သုံးလကြာ ရပ်နားထား၍ အနားယူရ မည်ဖြစ်ကြောင်း သိရပါတယ်။ ဆရာတော်ကြီးသည်စင်ကာပူနိုင်ငံတွင် ကျန်းမာ​ရေးစစ်​​ဆေးမှု ပြုလုပ်ချက်အရ သုံးလအတွင်း ၁ ဒဿမ. ၄၃ စင်တီမီတာ မှ ၂ဒဿမ. ၂၁ စင်တင်မီတာခန့်အထိ အရွယ်အစား ကြီးလာသော အသည်းရှိ အကျိတ်ကို Radio Frequency Ablation (RFA) နည်းစနစ်ဖြင့်ကုသမှုခံယူထားတာလည်း ဖြစ်ပါတယ်။ ကုသမှုခံယူထားတဲ့ Biopsy အဖြေရယူစစ်ဆေးရာတွင် ကင်ဆာဆဲလ် မတွေ့ရှိကြောင်းလည်း သိရပါတယ်။ #Pissaya_General News

Read More

နေအိမ်မီးလောင်မှုကြောင့် ကနေဒါတွင် ကလေး ၇ ဦးသေဆုံး

ကနေဒါနိုင်ငံ Halifax မြို့မှာ မနေ့အစောပိုင်းက နေအိမ်တလုံး မီးလောင်မှုကြောင့် ကလေးငယ် ၇ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုကြောင့် နေအိမ်ဟာ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး၊ မီးလောင်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်များရဲ့ အသက်ဟာ အသက် ၃လ မှ အသက် ၁၇နှစ်အထိ ဖြစ်ကြကြောင်း သိရပါတယ်။ #Pissaya_International News

Read More

မန်းရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းမှာ ရှိတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၉ ရက် ၊ ဒီကနေ့ မနက်အစောပိုင်းက ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မန်းရွှေစက်တော် ဘုရားပွဲတော်ရက်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်(ဖေဖော်ဝါရီလ ၉ ရက် )မှ မြန်မာနှစ်ဆန်း တစ်ရက်(ဧပြီလ ၁၇ရက်) ထိကျင်းပလေ့ရှိပါတယ်။ ပွဲတော်ဖွင့်ပွဲကို သီတဂူ ဆရာတော်ဘုရားကြီးနှင့် မကွေးတိုင်း သံဃာ့နာယက ဆရာတော်ကြီးများက ဖွင့်လှစ်ပေးခဲ့ တာဖြစ်ပါတယ်။ ဖွင့်ပွဲနေ့မှာတင် လာရောက်သည့် ဘုရားဖူးများစွာရှိခဲ့ပြီး အရင်နှစ်များထက် ပိုမိုစည်ကားလျက်ရှိတယ်လို့သိရပါတယ်။ #Pissaya_News Photo;Crd

Read More

STRAND Hotel ကို Blue Plaque(အပြာရောင် ကမ္ဗည်းပြား) တပ်ဆင်

ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ STRAND Hotel ကို သမိုင်းဝင်အဆောက်အအုံ တစ်ခုအဖြစ် Blue Plaque (အပြာရောင် ကမ္ဗည်းပြား) ကို ဖေဖော်ဝါရီလ (၇) ရက်နေ့၊ ဒီကနေ့မနက်ပိုင်းမှာတော့ တပ်ဆင်လိုက်ပြီ ဖြစ်ပါတယ်။ STRAND Hotel ကို သမိုင်းဝင်အဆောက်အအုံ တစ်ခုအဖြစ် သတ်မှတ်ခြင်းအခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ #Pissaya_News Photo:Crd

Read More

Together Festival Yangon ရဲ့ 5th Anniversary ကျင်းပပြုလုပ်မည်။

Electronic Dance Music (EDM) Festival တစ်ခုဖြစ်တဲ့ Together Festival Yangon ရဲ့ ၅ကြိမ်မြောက် ပွဲတော်ကြီးကတော့ EDM ကြိုက်နှစ်သက်တဲ့ လူငယ်တွေဆီကို မကြာခင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော နိုင်ငံတကာအဆင့်မှီ  ဂီတပွဲတော်ကြီး Together Festival Yangon (5th Year Anniversary) ကို ရန်ကုန်မြို့၊ Thuwunnabhumi Event Park မှာ ၂၀၁၉ခုနှစ်၊ မေလ၊ ၄ရက် (စနေနေ့) မှာ အရင်ကကျင်းပခဲ့ဖူးတဲ့ EDM Festival တွေနဲ့ မတူညီပဲ ထူးခြားစမ်းသစ်မှုတွေနဲ့ ကျင်းပပြုလုပ်မည်ဖြစ် ပါသည်။ Together Festival Yangon (5th Anniversary) မှာတော့ ကမ္ဘာ့ထိပ်တန်း TOP Artists တွေက လာရောက်ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။

Read More

Wave Money မှ ကိုယ်စားလှယ်များ နဲ့ သုံးစွဲသူများအပေါ်ကြေညာချက်ထုတ်ပြန်

မကြာသေးမီအချိန်က မြန်မာနိုင်ငံမှာ ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ Red Dot လုပ်ငန်းအရေးနဲ့ ပတ်သက်ပြီး Wave Money မှ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ Wave Money ဟာ Red Dot လုပ်ငန်းနဲ့ မတူညီပဲ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်း စည်းကမ်းနဲ့အညီလုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုက်စင်ချထားပေးတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ အဓိကအချက်အနေနဲ့ ကိုယ်စားလှယ်များနှင့် သုံးစွဲသူများရဲ့ ငွေကြေးများကို ထိန်းသိမ်းကာကွယ်ထားပြီး ၄င်းငွေကြေးများ၏ (၁၀၀) ရာခိုင်နှုန်းကို ရိုးမဘဏ်တွင် Trust Account ငွေစာရင်းအဖြစ် ထိန်းသိမ်းထားလျှက်ရှိပါတယ်။ Wave Money သုံးစွဲသူများနှင့် ပူးပေါင်းလုပ်ဆောင်သော လုပ်ငန်းရှင်ပါတနာများအနေနဲ့ သိရှိလိုသည်များကို အချိန်မရွေး Call Center မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်။ #Pissaya_News  

Read More

Master Chef Myanmar ရဲ့အကဲဖြတ်အဖွဲ့ဝင်ဒိုင်လူကြီးတစ်ဦး ရုတ်တရက် ကွယ်လွန်

MRTV-4 Free To Air ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသနေတဲ့ ပရိတ်သတ်တွေ စိတ်ဝင်စားမှု အများဆုံးအစီအစဉ်တစ်ခုဖြစ်တဲ့ Master Chef Myanmar ရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ကမ္ဘာ့အဆင့်မှီစားဖိုမှူး Chef Michel Louis Meca ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ဇန်နဝါရီလ (၉) ရက်နေ့ နေ့လည်ပိုင်းက ပြင်သစ်နိုင်ငံတွင် ရုတ်တရက်နှလုံးရပ်ကာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ #Pissaya_News Photo;Crd

Read More

တစ်ပတ်အတွင်း အရောင်းရဆုံးစာအုပ်များ (23.12.2018 – 29.12. 2018)

(၁) ကွမ်ကျိုးဒီမိုကရေစီနေ့စဉ်သတင်းစာဆောင်းပါးများ စာရေးသူ – ရဲမိုး တန်ဖိုး – ၃၅၀၀ ကျပ် (၂) ကြွေးမြီကင်းသောဘ၀နေမှု စာရေးသူ – ဒေါက်တာသာထွန်းဦး တန်ဖိုး – ၃၀၀၀ ကျပ် (၃) ဗုဒ္ဓဘာသာမြန်မာတို့၏ကိုးကွယ်မှုအစဉ်အလာများ စာရေးသူ – အရှင်စန္ဒသိရီ(မြစ်ကွေ့) တန်ဖိုး – ၄၅၀၀ ကျပ် (၄) မြန်မာတွေ မညံ့ပါဘူး-၂ စာရေးသူ – ဟန်စိုး တန်ဖိုး – ၂၅၀၀ ကျပ် (၅) မွန်မြတ်သူများ(စိတ်၊ စေတနာ၊ မေတ္တာ) စာရေးသူ – မင်းယုဝေ တန်ဖိုး – ၂၅၀၀ ကျပ် (၆) မလျှော့အားမာန်မချန်သတ္တိ စာရေးသူ – နေမင်းသူ တန်ဖိုး – ၅၀၀၀ ကျပ် (၇) ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉ စာရေးသူ – မသီတာ(စမ်းချောင်း) တန်ဖိုး – ၄၀၀၀ ကျပ် (၈) လေးစားရမည့်ဝါးပင်တို့၏သဘာဝနှင့်စီးပွားဖြစ်ဝါးစိုက်ပျိုးရေး စာရေးသူ – ၀င်းကျော်ဦး တန်ဖိုး – ၂၅၀၀ ကျပ် (၉) ၀ိုင်းတွန်းတိုင်းလည်းမရွေ့ပါ စာရေးသူ – မြင့်ဇော်ဇော် တန်ဖိုး – ၃၅၀၀ ကျပ် (၁၀) အာဆီယံသစ်အကြောင်းစဉ်းစားခြင်း စာရေးသူ –…

Read More

မြန်မာအမျိုးသားလေကြောင်းလိုင်း ထုတ်ပြန်ချက်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Cessna Grand Caravan XY-AMB လေယာဉ်သည် ယနေ့ ၂၇/၁၁/၂၀၁၈ ရက်နေ့ ၀၈၄၆ အချိန်၌ လေ့ကျင့်ပျံသန်းမှု Flight အဖြစ် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်အားဆောင်ရွက်ခဲ့ရာ မော်လမြိုင်သို့ ဆင်းသက်ချိန် ၀၉၂၈ နာရီ တွင် ရှေ့ဘီးကျိုး မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ ထို flightတွင်လေ့ကျင့်မှု ဖြစ်သည့် အလျောက် ခရီးသည်ပါဝင်မှု မရှိဘဲ၊ လေ့ကျင့်မည့် လေယာဉ်မှူးများ၊ လေယာဉ်မောင်/မယ် (၈) ဦး သာပါဝင်ခဲ့ပါသည်။ လေယာဉ်သည်ပြေးလမ်း ပေ၁၈၀၀ ခန့် တွင် ရှေ့ဘီးကျိုး၍ ရပ်တန့်သွားခဲ့ပြီး လူ ဒဏ်ရာ ရရှိမှု မရှိခဲ့ပါ ကြောင်းနှင့် MNA ၏ ခရီးစဉ်များ ထိခိုက်မှုမရှိပါကြောင်းတင်ပြအပ်ပါသည်။ soucre_မြန်မာအမျိုးသားလေကြောင်းလိုင်း

Read More