မြစ်ဝကျွန်းပေါ်၊ မွန်-တင်္နသာရီ ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ြ
Read More
Read More
(၇)ရက်သားသမီးများရဲ့ တစ်ပတ်အတွင်းဟောစာတမ်း
(၃၀.၅.၂၀၁၉ ) မှ (၆.၅.၂၀၁၉)ထိ တနင်္ဂနွေ ဒီကာလအတွင်းမိမိတစ်ကိုယ်တော်ကြိုးစားတာကပိုကောင်းတယ်ဗျ။ သူများဝင်ပါရင်ပိုဆိုးကုန်တတ်ပါ တယ်။ အသင်းအဖွဲနဲ့လုပ်ကိုင်ရတယ်ဆိုလဲအခြားသူတွေရဲ့ဖြစ်ချင်၊လုပ်ချင်တာကိုဦးစားပေးလုပ်ကိုင်စေချင်ပါတယ် ။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့အခက်အခဲတွေကိုလဲ ကူညီပြီးတော့ဖြေရှင်းနေရတတ်ပါတယ်။ ကျန်းမာရေးက တော့ ထင်ထားသည်ထက်ပိုမိုအားနည်းနေတတ်ပါတယ်။ အနည်းငယ်ဂရုစိုက်ပေးပါ။ မျက်စိနာတာ၊မျက်ရိုးကိုက် တာမျိုးတွေ အထူးဖြစ်ရတတ်ပါတယ်။ကိုယ်ပိုင်စီးပွားများ မနာလိုသူတွေရှိနေတတ်ပါတယ်။ မိမိရဲ့လုပ်ငန်းနဲ့ပက် သက်တဲ့ အဆင်ပြေနေတာတွေကိုထုတ်မပြောတာပိုကောင်းပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီး လက်လွန်ထားရင် ဆုံးတတ်ပါတယ်။ ချေးငှားတာမျိုးရှောင်လိုက်စေချင်ပါတယ်။ စက်ပစ္စည်းနဲ့ပက်သက်ပြီးစိတ်ညစ်နေရတတ်ပါတယ် ။ဒီကာလဟာဘာမှတော့ လွယ်လွယ်ကူကူမဖြစ်အခက်အခဲလေးတွေကိုရင်ဆိုင်ကျော်လွှားနေရပါလိမ့်မယ်။ အချစ် ရေးမှာတော့ ချစ်သူဆီကဖေးမကူညီမှုတွေကိုရပါလိမ့်မယ်။ အိမ်ထောင်ရေးမှာ အဆင်ပြေမှုတွေထက် စကားအခြေ အတင်များရတာကပိုနေတတ်ပါတယ်။ ပညာရေးဝီရိယစိုက်နိုင်မှအဆင်ပြေပါလိမ့်မယ်။ အကျိုးပေးဂဏန်း 1/3/5 အထူးဟော ကံအနည်းငယ်အားနည်းနေမည်။ ယတြာ ပေါက်ဆီဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။ တနင်္လာ ဒီကာလအတွင်း မိမိလိုအင်တွေပြည့်ဝပါလိမ့်မယ်။ ဒါပေမဲ့လွယ်လွယ်ကူကူတော့ မဖြစ်။အနှောက်အယှက် အခက်အခဲတွေများနေပါလိမ့်မယ်။ လုပ်ငန်းခွင်မှာလဲ မိမိရဲ့အကြံအစည်စိတ်ကူးတွေကသူများတွေနဲ့ကွဲထွက်နေ တတ်ပါတယ်။ ဘာလုပ်လုပ်ရေရှည်အတွက်စဉ်းစားလုပ်ကိုင်နေမိတတ်တဲ့နေ့ရက်တွေပါပဲ။ လိုချင်တဲ့အကူအညီ တွေကိုတော့ မိတ်ဆွေကောင်းတွေဆီကရရှိပါလိမ့်မယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးတွေများနေမဲ့ကာလပါ ပဲ။အရေပြားနဲ့ပက်သက်ပြီး ယားနာမျိုးတွေဖြစ်လွယ်ပါတယ်။ မျက်နှာပြင်ပေါ်ဝက်ခြံပုန်းတွေထွက်တာမျိုးလဲဖြစ်ရ တတ်ပါတယ်။အလုပ်နဲ့ပက်သက်ပြီး အဝေးမှာချဲ့ထွင်ထားတဲ့အလုပ်တွေကအထူးအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ လုပ်ရှိနေထိုင်လုပ်ကိုင်နေရတဲ့အနေအထားကိုမကျေနပ်တာ၊အားမရတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်များ၊လောင်းကစားအလုပ်များကိုတော့လျှော့ချလိုက်ပါ။ အချစ်ရေးမှာမိမိကိုယ်တိုင်က အချစ်ရေးမှာအာရုံမရောက်ဖြစ်နေရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အလုပ်ကြောင့်ခွဲနေရတာမျိုးတွေကြုံ နေရတတ်ပါတယ်။ ပညာရေးကတော့ အထူးကံကောင်းနေချိန်ပါပဲ။အကျိုးပေးဂဏန်း 2/4/6 အထူးဟော ကံသင့်နေပါတယ်။ ယတြာ သရက်သီး၁၀ စိပ်ခန့်ပန်းကန်တစ်ချပ်ထဲထည့်ပြီးဘုရားကပ်လှူလိုက်ပါ။ အင်္ဂါ ဒီကာလအတွင်း စိတ်ချမ်းသာစရာတွေများနေတတ်ပါတယ်။ မိမိကိုယ်တိုင်ကလဲ အရာရာကိုစိတ်အား ထက်သက်စွာနဲ့လုပ်နေမိတတ်ပါတယ်။အာရုံစိုက်စိတ်နှစ်ပြီး လုပ်ကိုင်မှုကြောင့် လုပ်ငန်းခွင်အတွင်းလိုအပ်ချက် တွေကိုသိမြင်ပါလိမ့်မယ်။ အများနဲ့တွဲလုပ်သူတွေကတော့…
Read More
Read More
ပထမဦးဆုံးရေခဲပြင် စကိတ်အားကစားကွင်း ဖွင့်ပွဲကျင်းပ
မြန်မာနိုင်ငံမှာ ပထမဦးဆုံးရေခဲပြင် စကိတ်အားကစားကွင်းဖွင့်ပွဲကို ရန်ကုန်မြို့ ၊ ၉ မိုင် တော်ဝင်လမ်းမှာရှိတဲ့ အဆောက်အဦး မှာ ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ Ice Skate နဲ့ဘိုးလင်းကစားကွင်းကို ၂၀၁၉ ခုနှစ် မေလ(၁) ရက်နေ့မှစတင်ကာ နေ့စဉ် နံနက် (၁၀) နာရီမှ ည (၁၀)နာရီအထိ ဖွင့်လှစ် သွားမှာဖြစ်ပြီး Ice Skate စီးသူများအတွက်  ဂျပန် Trainer (၁) ဦး နဲ့ မြန်မ Trainer (၅) ဦးမှ ကူညီပြသပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါစကိတ်ကွင်းမှာ စားသောက်ဆိုင်များနဲ့ အခြားဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်းနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရပါတယ်။ #Pissaya_ News
Read More
Together Festival Yangon ရဲ့ EDM ဂီတပွဲတော်ကြီး ပြုလုပ်သွားမည်
 Together Festival Yangon ရဲ့ (၅)နှစ်မြောက်နှစ်ပတ်လည်ဖြစ်တဲ့ EDM ဂီတပွဲတော်ကြီးကို မေလ(၄) ရက်နေ့ တွင် သုဝဏ္ဏဘူမိကွင်းမှာကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါဂီတပွဲတော်ကြီးမှာ ကမ္ဘာကျော်နိုင်ငံခြား DJ Player (၄)ဦး ၊ ပြည်တွင်းနာမည်ကြီး DJ Player များ လည်း ပါဝင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ EDM ဂီတပွဲတော်ကြီးဟာမြန်မာလူငယ် တွေကြားရေပန်းအစားဆုံးပွဲတော်တစ်ခုဖြစ်ပြီး အဲဒီ့(၅) နှစ်မြောက်နှစ်ပတ်လည်ပွဲတော်မှာ ထူးခြားတဲ့အစီအစဉ်များလည်း ပါဝင်သွား မှာဖြစ်ကြောင်း သိရပါ တယ်။ #Pissaya_News Photo;TGF’s FB Page
Read More
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို အလုပ်သဘောခရီးသွားရောက်မည်
 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှာ ကျင်းပပြုလုပ်မယ့် ဒုတိယ အကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီးသွားရောက်မှာ ဖြစ်ကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ #Pissaya_General News
Read More
ဂျပန်ယန်း ၃၂၇၂ သန်း ထိထောက်ပံ့မည့် စီမံကိန်း ၂ ခုအတွက်လက်မှတ်ရေးထိုး
ဂျပန်ယန်း ၃၂၇၂ သန်း ပမာဏအထိ ရှိတဲ့အထောက်အပံ့စီမံကိန်း ၂ ခု နှင့်ပတ်သက်တဲ့ စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဂျပန် နိုင်ငံဖက်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် H.E. Mr. Ichiro MARUYAMA နှင့် မြန်မာနိုင်ငံဖက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ဟာ စီမံကိန်း ၂ ခု အထောက်အပံ့အတွက် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲသို့ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (အထောက်အပံ့စီမံကိန်းများ၏ အကျဉ်းချုပ်နှင့် ပတ်သက်ပြီး ဂျပန်သံရုံးက အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။) (၁) လေယာဉ်စောင့်ကြည့်ရေး စနစ် အဆင့်မြှင့်တင်ရေးစီမံကိန်း (ဂျပန်ယန်း ၂၈၂၈ သန်းအထိ) (Project for the Improvement of Aircraft Surveillance System) ဤစီမံကိန်းသည် ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်နှင့် နေပြည်တော်လေဆိပ်တို့ရှိ လေကြောင်းထိန်းရေဒါကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လေယာဉ်ပျံသန်းမှု ဘေးကင်း လုံခြုံရေးကို အဆင့်မြင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။ (၂) ကျေးလက်ဒေသများအတွက် လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ် ငန်းသုံးစက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရေးစီမံကိန်း (ဂျပန်ယန်း ၄၄၄သန်းအထိ) (Project for the Provision of Agricultural…
Read More
သင်္ကြန်ကာလအတွင်း Mingalar Bus မှဝန်ဆောင်မှုပေးသွားမည်
သင်္ကြန်ကာလအတွင်း Mingalar Bus မှ ရေပက်ခံကားဖြင့် ရေပက်ခံထွက်ရန် ဝန်ဆောင်မှုပေးသွား မှာဖြစ်ကြောင်း သိရပါတယ်။ Mingalar Bus မှရေပက်ခံကားမှာ နံနက်(၉)နာရီမှ ညနေ (၆)နာရီထိ ကမ္ဘာအေးဘုရားလမ်း၊ပြည် လမ်း ၊ တက္ကသိုလ်ရိပ်သာလမ်းတို့ကို ရေပက်ခံထွက်မှာဖြစ်ပြီး သင်္ကြန်ကာလ (၁၃)ရက်မှ (၁၆)ရက် အထိ ဝန်ဆောင်မှုပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါရေပက်ခံကားမှာ လူဦးရေ (၃၂)ဦးထိ လိုက်ပါနိုင်မှာဖြစ်ပြီး သင်္ကြန်အကြိုနေ့ကို ၂၅၀၀၀ ကျပ် ၊ သင်္ကြန်အကျနေ့နဲ့သင်္ကြန်အကြတ်နေ့ကို ၃၅၀၀၀ ကျပ် နဲ့ သင်္ကြန်အတတ်နေ့ကို ကျပ် ၅၀၀၀၀ သတ်မှတ်ထားကြောင်းသိရပါတယ်။ #Pissaya_News Photo;MingalarBus’s FB Page
Read More
စိန့်မာတင်ကျွန်းမှာ ဘင်္ဂလားဒေရှ့်က လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ နယ်ခြားစောင့်အဖွဲ့ဖြန့်ကျက်
မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေရှ့် တောင်ပိုင်း ကျွန်းတခုဖြစ်တဲ့ စိန့်မာတင်ကျွန်းမှာ ဘင်္ဂလားဒေရှ့်က လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ နယ်ခြားစောင့် အဖွဲ့ဖြန့်ကျက်ထားကြောင်း သိရပါတယ်။ အခုလိုတပ်ဖြန့်ကျက်တာဟာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ဖြန့်ကျက်ထားတာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြားမှုအရ အခုလြို့ဖန့်ကျက်မှုဟာ နယ်စပ်ဒေသကွာကွယ်ရန်နဲ့ မှုးယစ်မှောင်ခိုတွေကို ရပ်တန့်ဖို့အတွက်လို့ ဆိုပါတယ်။ ဒီကနေ့မှာတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိတွေဟာ နေပြည်မှာတော့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ #Pissaya_General News
Read More