(၇)ရက်သားသမီးများရဲ့ တစ်ပတ်အတွင်းဟောစာတမ်း
(၃၀.၅.၂၀၁၉ ) မှ (၆.၅.၂၀၁၉)ထိ တနင်္ဂနွေ ဒီကာလအတွင်းမိမိတစ်ကိုယ်တော်ကြိုးစားတာကပိုကောင်းတယ်ဗျ။ သူများဝင်ပါရင်ပိုဆိုးကုန်တတ်ပါ တယ်။ အသင်းအဖွဲနဲ့လုပ်ကိုင်ရတယ်ဆိုလဲအခြားသူတွေရဲ့ဖြစ်ချင်၊လုပ်ချင်တာကိုဦးစားပေးလုပ်ကိုင်စေချင်ပါတယ် ။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့အခက်အခဲတွေကိုလဲ ကူညီပြီးတော့ဖြေရှင်းနေရတတ်ပါတယ်။ ကျန်းမာရေးက တော့ ထင်ထားသည်ထက်ပိုမိုအားနည်းနေတတ်ပါတယ်။ အနည်းငယ်ဂရုစိုက်ပေးပါ။ မျက်စိနာတာ၊မျက်ရိုးကိုက် တာမျိုးတွေ အထူးဖြစ်ရတတ်ပါတယ်။ကိုယ်ပိုင်စီးပွားများ မနာလိုသူတွေရှိနေတတ်ပါတယ်။ မိမိရဲ့လုပ်ငန်းနဲ့ပက် သက်တဲ့ အဆင်ပြေနေတာတွေကိုထုတ်မပြောတာပိုကောင်းပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီး လက်လွန်ထားရင် ဆုံးတတ်ပါတယ်။ ချေးငှားတာမျိုးရှောင်လိုက်စေချင်ပါတယ်။ စက်ပစ္စည်းနဲ့ပက်သက်ပြီးစိတ်ညစ်နေရတတ်ပါတယ် ။ဒီကာလဟာဘာမှတော့ လွယ်လွယ်ကူကူမဖြစ်အခက်အခဲလေးတွေကိုရင်ဆိုင်ကျော်လွှားနေရပါလိမ့်မယ်။ အချစ် ရေးမှာတော့ ချစ်သူဆီကဖေးမကူညီမှုတွေကိုရပါလိမ့်မယ်။ အိမ်ထောင်ရေးမှာ အဆင်ပြေမှုတွေထက် စကားအခြေ အတင်များရတာကပိုနေတတ်ပါတယ်။ ပညာရေးဝီရိယစိုက်နိုင်မှအဆင်ပြေပါလိမ့်မယ်။ အကျိုးပေးဂဏန်း 1/3/5 အထူးဟော ကံအနည်းငယ်အားနည်းနေမည်။ ယတြာ ပေါက်ဆီဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။ တနင်္လာ ဒီကာလအတွင်း မိမိလိုအင်တွေပြည့်ဝပါလိမ့်မယ်။ ဒါပေမဲ့လွယ်လွယ်ကူကူတော့ မဖြစ်။အနှောက်အယှက် အခက်အခဲတွေများနေပါလိမ့်မယ်။ လုပ်ငန်းခွင်မှာလဲ မိမိရဲ့အကြံအစည်စိတ်ကူးတွေကသူများတွေနဲ့ကွဲထွက်နေ တတ်ပါတယ်။ ဘာလုပ်လုပ်ရေရှည်အတွက်စဉ်းစားလုပ်ကိုင်နေမိတတ်တဲ့နေ့ရက်တွေပါပဲ။ လိုချင်တဲ့အကူအညီ တွေကိုတော့ မိတ်ဆွေကောင်းတွေဆီကရရှိပါလိမ့်မယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးတွေများနေမဲ့ကာလပါ ပဲ။အရေပြားနဲ့ပက်သက်ပြီး ယားနာမျိုးတွေဖြစ်လွယ်ပါတယ်။ မျက်နှာပြင်ပေါ်ဝက်ခြံပုန်းတွေထွက်တာမျိုးလဲဖြစ်ရ တတ်ပါတယ်။အလုပ်နဲ့ပက်သက်ပြီး အဝေးမှာချဲ့ထွင်ထားတဲ့အလုပ်တွေကအထူးအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ လုပ်ရှိနေထိုင်လုပ်ကိုင်နေရတဲ့အနေအထားကိုမကျေနပ်တာ၊အားမရတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်များ၊လောင်းကစားအလုပ်များကိုတော့လျှော့ချလိုက်ပါ။ အချစ်ရေးမှာမိမိကိုယ်တိုင်က အချစ်ရေးမှာအာရုံမရောက်ဖြစ်နေရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အလုပ်ကြောင့်ခွဲနေရတာမျိုးတွေကြုံ နေရတတ်ပါတယ်။ ပညာရေးကတော့ အထူးကံကောင်းနေချိန်ပါပဲ။အကျိုးပေးဂဏန်း 2/4/6 အထူးဟော ကံသင့်နေပါတယ်။ ယတြာ သရက်သီး၁၀ စိပ်ခန့်ပန်းကန်တစ်ချပ်ထဲထည့်ပြီးဘုရားကပ်လှူလိုက်ပါ။ အင်္ဂါ ဒီကာလအတွင်း စိတ်ချမ်းသာစရာတွေများနေတတ်ပါတယ်။ မိမိကိုယ်တိုင်ကလဲ အရာရာကိုစိတ်အား ထက်သက်စွာနဲ့လုပ်နေမိတတ်ပါတယ်။အာရုံစိုက်စိတ်နှစ်ပြီး လုပ်ကိုင်မှုကြောင့် လုပ်ငန်းခွင်အတွင်းလိုအပ်ချက် တွေကိုသိမြင်ပါလိမ့်မယ်။ အများနဲ့တွဲလုပ်သူတွေကတော့…
Read More
Read More
Together Festival Yangon ရဲ့ EDM ဂီတပွဲတော်ကြီး ပြုလုပ်သွားမည်
 Together Festival Yangon ရဲ့ (၅)နှစ်မြောက်နှစ်ပတ်လည်ဖြစ်တဲ့ EDM ဂီတပွဲတော်ကြီးကို မေလ(၄) ရက်နေ့ တွင် သုဝဏ္ဏဘူမိကွင်းမှာကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါဂီတပွဲတော်ကြီးမှာ ကမ္ဘာကျော်နိုင်ငံခြား DJ Player (၄)ဦး ၊ ပြည်တွင်းနာမည်ကြီး DJ Player များ လည်း ပါဝင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ EDM ဂီတပွဲတော်ကြီးဟာမြန်မာလူငယ် တွေကြားရေပန်းအစားဆုံးပွဲတော်တစ်ခုဖြစ်ပြီး အဲဒီ့(၅) နှစ်မြောက်နှစ်ပတ်လည်ပွဲတော်မှာ ထူးခြားတဲ့အစီအစဉ်များလည်း ပါဝင်သွား မှာဖြစ်ကြောင်း သိရပါ တယ်။ #Pissaya_News Photo;TGF’s FB Page
Read More
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို အလုပ်သဘောခရီးသွားရောက်မည်
 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှာ ကျင်းပပြုလုပ်မယ့် ဒုတိယ အကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီးသွားရောက်မှာ ဖြစ်ကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ #Pissaya_General News
Read More
သင်္ကြန်ကာလအတွင်း Mingalar Bus မှဝန်ဆောင်မှုပေးသွားမည်
သင်္ကြန်ကာလအတွင်း Mingalar Bus မှ ရေပက်ခံကားဖြင့် ရေပက်ခံထွက်ရန် ဝန်ဆောင်မှုပေးသွား မှာဖြစ်ကြောင်း သိရပါတယ်။ Mingalar Bus မှရေပက်ခံကားမှာ နံနက်(၉)နာရီမှ ညနေ (၆)နာရီထိ ကမ္ဘာအေးဘုရားလမ်း၊ပြည် လမ်း ၊ တက္ကသိုလ်ရိပ်သာလမ်းတို့ကို ရေပက်ခံထွက်မှာဖြစ်ပြီး သင်္ကြန်ကာလ (၁၃)ရက်မှ (၁၆)ရက် အထိ ဝန်ဆောင်မှုပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါရေပက်ခံကားမှာ လူဦးရေ (၃၂)ဦးထိ လိုက်ပါနိုင်မှာဖြစ်ပြီး သင်္ကြန်အကြိုနေ့ကို ၂၅၀၀၀ ကျပ် ၊ သင်္ကြန်အကျနေ့နဲ့သင်္ကြန်အကြတ်နေ့ကို ၃၅၀၀၀ ကျပ် နဲ့ သင်္ကြန်အတတ်နေ့ကို ကျပ် ၅၀၀၀၀ သတ်မှတ်ထားကြောင်းသိရပါတယ်။ #Pissaya_News Photo;MingalarBus’s FB Page
Read More
မြကျွန်းသာသင်္ကြန်ပွဲတော်ကျင်းပသွားမည်
 CB KMA မှကြီးမှူးတဲ့ မြကျွန်းသာသင်္ကြန်ပွဲတော်ကို ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြကျွန်းသာမှာ ဧပြီလ(၁၃)ရက်နေ့မှ (၁၆) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ မြကျွန်းသာသင်္ကြန်ပွဲတော်မှာ နိုင်ငံကျော်အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပြီး စိုင်းစိုင်း ခမ်းလှိုင် ၊ ရဲလေး ၊ နီနီခင်ဇော် ၊ ရန်အောင် ၊ရဲအောင်တို့က ဖျော်ဖြေပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ အဆိုပါ ပွဲတော်ကို ဝင်ကြေးအခမဲ့ဖြင့် မည်သူမဆို ပါဝင်သွားနိုင်ပြီး ပျော်ရွှင်စရာဂိမ်းအစီအစဉ်များ ၊ သင်္ကြန်ရိုးရာအစားအစာများအပြင် ၊ တိုင်းရင်းသားရိုးရာ အစားအစာများလည်း ရောင်းချပေးသွားမှာ ဖြစ်ကြောင်းသိရပါတယ်။ #Pissaya_News
Read More
နှလုံးသားထဲကပုဂံဓါတ်ပုံပြပွဲ ကျင်းပ
 နှလုံးသားထဲကပုဂံဓါတ်ပုံပြပွဲ ကို ရန်ကုန်မြို့ရှိ Junction City မှာဒီကနေ့နေ့လည် (၂)နာရီက ပြုလုပ်ကျင်းပခဲ့ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံ UNESCO အစည်းအဝေးက ဆုံးဖြတ်ကြေငြာမယ့် ၂၀၁၉ ကမ္ဘာ့အမွေအနှစ်စာ ရင်းကြေညာချက်ကို အခြားနိုင်ငံ(၃၆)နိုင်ရဲ့ အမွေအနှစ်တွေနဲ့အတူ ယှဉ်ပြိုင်အရွေးခံနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါဓါတ်ပုံပြပွဲကို ဧပြီလ(၄)ရက်မှစတင်ကာဧပြီလ(၆)ရက်နေ့ထိ Junction Cityမှာ ပြသထားမှာဖြစ်ပြီး ပုဂံအထိမ်းအမှတ်အမှတ်တရလက်ဆောင်များကိုလည်း ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ #Pissaya_News Photo;Crd
Read More
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြောင်းမြတံတားသစ် တက်ရောက်ဖွင့်လှစ်
နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ မြောင်းမြတံတားသစ်ဖွင့်လှစ်ပွဲအခမ်းအနားကို ဒီကနေ့မနက်ပိုင်းက တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အခုဖွင့်လှစ်ခဲ့တဲ့ မြောင်းမြတံတားသစ်ဟာ ဂျပန်နည်းပညာနဲ့ တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဟန်ဇော်နှင့်ပြည်ထောင်စုဝန်ကြီးများ ၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ ၊ ပြည်ထောင်စု အဆင့် တိုင်းအဆင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြောင်းမြမြို့နှင့်အနီးဝန်းကျင်မှ ပြည်သူများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ #Pissaya_General News
Read More
အမြန်လမ်းတွင် မန္တလာမင်းexpressနှင့်canterကား ယဉ်တိုက်မှုဖြစ်ပွား
ရန်ကုန်-မန္တလေး လမ်း မိုင်တိုင် ၂၅၈/၄ အနီးမှာ ဒီကနေ့မနက်ပိုင်းက မန္တလာမင်းexpressနှင့်canterကားတို့ ယဉ်တိုက်မှုဖြစ်ပွားခဲ့ ယာဉ်အကူသေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရ ယာဉ်မောင်း ကိုမျိုးမင်းလတ်၊ ၃၀နှစ်၊ ကျိုက်ထိုမြို့နေသူမောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN 7P- 2—Yutong အမျိုးအစား အနီရောင် မန္တလာမင်း Express ယာဉ်မောင်း အိပ်ငိုက်ပြီး ရှေ့မှ လားရာတူ မောင်းနှင်နေလာတဲ့ 9K/1—Canter ကုန်တင်ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။ Express ယာဉ်ပေါ်မှာ ယာဉ်မောင်းပါ ကျား ၁၉ဦး၊ မ ၄ဦး၊ ပေါင်း ၂၃ဦးပါရှိပြီး ယာဉ်အကူ အောင်မြတ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့  ပေပင်လေး စခန်းမှ တပ်ဖွဲ့ ဝင်များမှ တောင်ညောင်ကုန်တိုက်နယ်ဆေးရုံသို့ တပ်ဖွဲ့ပိုင်ယာဉ်နဲ့ ပို့ဆောင်ခဲ့ ရာ. ဆေးရုံရောက်ရှိချိန်မှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ #Pissaya_General News
Read More
ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံ အား အပြာရောင်ကဗ္ဗည်းပြား (Blue Plaque) တပ်ဆင်
ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်မှာ ရှိတဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးကို  ရန်ကုန်မြို့ပြ အမွေအနှစ် နေရာ တစ်ခုအဖြစ်သတ်မှတ်ပြီး မတ်လ (၂၈) ရက်နေ့၊ ဒီကနေ့ မနက်ပိုင်းက အပြာရောင်ကဗ္ဗည်း တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။ အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ပြီး ကမ္ဗည်းပြားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုတပ်ဆင်တဲ့ အပြာရောင် ကဗ္ဗည်းပြား ဟာ  ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ သမိုင်းဝင်နေရာတွေကို တပ်ဆင်တဲ့ ၂၉ ခုမြောက် အပြာရောင်ကဗ္ဗည်းပြား ဖြစ်တယ်လို့လည်း  သိရပါတယ်။ #Pissaya_News Photo; YHT’s
Read More