ငလျင်ဘေးအတွက်ကြိုတင်ပြင်ဆင်ရန်များ
(၁) မိမိနေထိုင်ရာနေရာသည် မည်သည့်ငလျင်ဇုံတွင်ကျရောက်သည် မည်ကဲ့သို့ပြင်ဆင်ထားသင့် သည်ကို လေ့လာထားပါ။ (၂) ဘေးကင်းလုံခြုံသောနေရာ ၊ လမ်းကြောင်းများကို သတ်မှတ်ထားပါ။ ငလျင်လှုပ်နေချိန်တွင်ပြုမူ နေထိုင်ရမည့် နည်းလမ်းများကို မိသားစုဝင်များအား အသိပေးလေ့ကျင့်ထားပါ။ (၃)ပြိုကျ ၊ ပြုတ်ကျ ၊ ကွဲရှနိုင်သောပစ္စည်းများ တွဲလောင်းကျနေသောအရာများကို အန္တရာယ်မဖြစ်စေ ရန် မြဲမြံအောင်ပြုလုပ်ထားပါ။ (၄) မိသားစုံသုံးအရေးပေါ်ပစ္စည်းများ ၊ အရေးကြီးစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားပါ။ (၅)မိမိအိမ်၏ခိုင်ခံမှုကိုပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင်ပြုလုပ်ထားပါ။ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန်အချက်များ (၁) ကြောက်ရွံထိတ်လန့်မှုမရှိပါနှင့်။သတိရှိပါ။တည်ငြိမ်မှုရှိပါ။ (၂) (၅)စက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ရောက်နိုင်ပါက ပြေးထွက်ပါ။မရောက်နိုင်ပါက ဘေးကင်းသောနေရာတွင် (ဝပ် ၊ ကာ ၊ ကိုင်)ပုံစုံဖြင့် နေပါ။ ဝပ် – ဘေးအန္တရာယ်ကင်းသောနေရာတွင်ဝပ်နေပါ။ ကာ- ခိုင်ခံ့သော စားပွဲ ၊ခုတင် အောက်တွင် မိမိကိုယ်ကိုအကာအကွယ်ယူပါ။ ကိုင် – ခိုင်ခံ့သော စားပွဲ ၊ ခုံ ၊ခုတင်များကို မြဲမြံစွာကိုင်ထားပါ။ (၃)လယ်ကွင်း ကွင်းပြင် (သို့) ဘေးကင်းရာ (မြင့်မားသောအဆောက်အအုံ ၊ လျှပ်စစ်မီးကြိုး ၊ဓါတ် တိုင်များ ၊ သစ်ပင်များ ပြိုကျနိုင်သောအရာများနှင့် ဝေးရာ)သို့ပြေးပါ။ (၄) ငလျင်ကြောင့် ဆူနာမီလိုင်းများဖြစ်ပေါ်လာနိုင်သည့်အတွက် ကမ်းခြေ(သို့မဟုတ်) မြစ်ကမ်းစပ်အနီးတွင်ရောက်ရှိနေပါက ကုန်းမြေမြင့်သို့ရွှေ့ပြောင်းပါ။ (၅)မီးအသုံးပြုနေစဉ် ငလျင်လှုပ်ပါကမီးတောက်ငြိမ်းပါ။ မီးခလုတ်များကိုပိတ်ပါ။ (၆) ဆိုင်ကယ် ၊ကားစသည်တို့မောင်းနှင်နေချိန်ဖြစ်ပါက အရှိန်လျှော့ပြီး…
Read More
Read More
Read More
အိပ်ပျော်နေစဉ်ကြုံတွေ့ရတတ်သော ကိစ္စများ
ပြုတ်ကျသကဲ့သို့ ခံစားရခြင်း အိပ်နေစဉ်အတွင်း တစ်စုံတစ်ခုကနေ ပြုတ်ကျလာသလိုခံစားရတာကို hypnagogic jerk လို့ခေါ်ပြီး အိပ်မက်ထဲမှာ ချောက်ကမ်းပါး၊ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာသလို၊ ခလုတ်တိုက်သလို ခံစားရတတ် ပါတယ်။ အလွန်အမင်းမောပန်း၊ အိပ်ရေးပျက် (သို့) စိတ်ဖိစီးမှုတွေများရင် ဒီလိုခံစားရလေ့ရှိပါတယ်။ ဒါက ဦးနှောက်က အိပ်စက်တဲ့စက်ဝန်းကိုရောက်တဲ့အချိန်မှာ ခန္ဓာကိုယ်ကမအိပ်သေးလို့ဖြစ်ပါတယ်။ ခန္ဓာကိုယ်မလှုပ်ရှားနိုင်ခြင်း (ဘီလူးစီးသလိုခံစားရခြင်း) မနက်စောစောနိုးလာချိန်မှာ စကားပြောလို့မရ၊ လှုပ်ရှားလို့မရဘဲ စက္ကန့်အတော်ကြာ၊ မိနစ် အတော်ကြာအောင် ခံစားရတတ်ပါတယ်။ ဒါက ထိတ်လန့်ဖွယ်ရာခံစားချက်ပါပဲ။ ဒါကဘာကြောင့်လဲဆိုတော့ အိပ်မောကျနေရာကနေ ကောင်းကောင်းမနိုးသေးခင်မှာ ဦးနှောက်က နိုး လာခြင်းကြောင့်ပါ။ အချို့လူတွေမှာ အသက်တောင်ရှူလို့မရဘဲ ရင်ဘတ်ပေါ် ဆင်တက်ထိုင်ထားသလို ခံစားရတယ်လို့ပြောကြပါတယ်။ ဒါကတော့ ရင်ဘတ်နဲ့ ဝမ်းဗိုက်ခြားကန့်လန့်ကာကြွက်သားကလွဲရင် ကျန်တဲ့အသက်ရှူခြင်းနဲ့ဆိုင်တဲ့ ကြွက်သားအားလုံးက လှုပ်ရှားမှုမရှိသေးလို့ဖြစ်ပါတယ်။ အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း အိပ်စက်ခြင်းနဲ့ဆက်နွယ်တဲ့ အမူအကျင့်အများစုက အန္တရာယ်မရှိပေမယ့် အိပ်ပျော်နေစဉ် လမ်းထလျှောက်တာကတော့ အန္တရာယ် များပါတယ်။ ဒီအချိန်မှာခလုတ်တိုက်နိုင်တယ်၊ အိမ်ထဲကနေ ထွက်သွားနိုင်တယ်၊ မတော်တဆတွေတောင်ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားမှုပြုနိုင်တဲ့ အထိနိုးထလာပြီးတော့ ဦးနှောက်ကတော့မနိုးသေးတဲ့အတွက် အိပ်ပျော်နေစဉ်လမ်းလျှောက်ခြင်းဖြစ်ပါတယ်။ တစ်ခါတရံ အိပ်ဆေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ညဘက်မှာနိုးလာပေမယ့် အိပ်ဆေးကြောင့်ဦးနှောက် ကငြိမ်ပြီး အသိမ ရှိသေးပါဘူး။ အိပ်ဆေးသောက်နေချိန်မှာ ဒီလိုကြုံတွေ့ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြန်ပြီး တိုင်ပင်ပါ။ ယောင်ယမ်းခြင်း အရွယ်ရောက်ပြီးသူ 5% လောက်က အိပ်ပျော်နေစဉ်ထပြီးယောင်တတ်ကြပါတယ်။ ပျမ်းမျှအားဖြင့် တစ်ခါယောင်ရင် 30 စက္ကန့်လောက်ကြာတတ်ပြီး…
Read More
တစ်ပတ်အတွင်းအရောင်းရဆုံးစာအုပ်များ စက်တင်ဘာ(၂၃.၉.၂၀၁၈ – ၂၉.၉.၂၀၁၈)
စာအုပ် စာပေချစ်မြတ်နိုးကျတဲ့ Pissaya News ရဲ့စာဖတ်ပရိတ်သတ်များအတွက် ဝယ်ယူလေ့လာဖတ်ရှုနိုင်အောင် တပတ် အတွင်း အရောင်းရဆုံးစာအုပ် (၁၀)အုပ် ကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ (၁) ကျွန်တော်ရေးသောကျန်းမာရေးစာစုများ စာရေးသူ – Dr.Phyo Maung တန်ဖိုး – ၅၀၀၀ (၂) ကဗျာအသစ်များနှင့်လက်ရွေးစင်ကဗျာများ စာရေးသူ – မောင်ဒေး တန်ဖိုး – ၄၀၀၀ (၃) စိတ်ညစ်ရမယ့်စကားများမပြောပါနဲ့လား စာရေးသူ – ရဝေနွယ်(အင်းမ) တန်ဖိုး – ၁၂၀၀ (၄) စိတ်ဖိစီးမှုကိုပြောင်းပြန်လှန်ကာအကောင်းဘက်ဆွဲဆောင်ကြည့်ခြင်း စာရေးသူ-ကျော့မောင်(မင်္ဂလာတောင်ညွန့်) တန်ဖိုး – ၄၀၀၀ (၅) ပန်းပွင့်များရဲ့စီးချင်း စာရေးသူ – ကြည်ကြည်-KYI KYI တန်ဖိုး – ၄၀၀၀ (၆) မေတ္တာစွမ်းအားကြီးမားမိုင်းဖုန်းဆရာတော်ဘုရား စာရေးသူ – ဂမ္ဘီရဆရာလှမျိုး(B.Sc) တန်ဖိုး – ၃၀၀၀ (၇) ရောက်တတ်ရာရာစာစုများ(အတွဲ၂) စာရေးသူ – MP Maung Myint တန်ဖိုး – ၅၀၀၀ (၈) လ၀န်းမျက်နှာကြည့်တိုင်းသာ စာရေးသူ – မင်းကိုနိုင် တန်ဖိုး – ၂၅၀၀ (၉) သင်္ချာလားလာထားကိန်းနှင့်ဂဏန်းများ Easy Math(1) စာရေးသူ – Jeon Yeon-Jin တန်ဖိုး – ၃၃၀၀ (၁၀)Manor Sisyphus…
Read More
Sweden Idol ပြိုင်ပွဲမှာ Top 13 အဆင့်ထိ ရောက်ရှိနေနဲ့ ကရင်လူငယ် နော်နိုရင်း
Ki soe ဟာ မယ်လဒုက္ခသည်စခန်းမှာပဲ မွေးဖွားခဲ့သူဖြစ်ပြီး ဆွီဒင်နိုင်ငံကိုရောက်နေတာ ၁၃ နှစ်ရှိပြီဖြစ်ပါတယ်။ သူဟာ သီချင်းဆိုတာ ၀ါသနာပါလို့ အခုလို ဆွီဒင်အိုင်ဒေါ့လ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အခု ၁၃ ယောက် စာရင်းမှာ ရှိနေတယ်လို့ Ki Soe က ပြောပါတယ်။ “ကျနော်က သောကြာနေ့တရက်ဆိုရင် သီချင်းဆိုရတယ်။ သူများတွေက ကျနော့်ကို vote ပေးရင်တော့ ကျနော့် ၁၂ ရက်စာရင်းမှာ ပါလာမှာပေါ့နော်။ ကျနော်နောက်အဆင့်တွေ ပါမယ်ဆိုရင်တော့ ဒီဇင်ဘာလအထိ သီးချင်းဆိုရတယ်။” သူ့အနေနဲ့ ဆွီဒင်အိုင်ဒေါ့လ်ကို အခုနှစ် ဧပြီလကတည်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ရတာဖြစ်ပြီး အဆင့်ဆင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အခု Top 13 အထိ ရောက်ရှိလာရတာ လို့လည်း ပြောပါတယ်။ သူဟာ မယ်လဒုက္ခသည်စခန်းကနေ မွေးဖွားလာခဲ့တာဖြစ်ပြီး အခု အသက် ၁၇ နှစ်ရှိပါတယ်၊ သူ့ကို ဆက်လက်အားပေးဖို့ လည်း ပြောဆိုခဲ့ပါတယ်။ဆွီဒင်အိုင်ဒေါလ့်ဟာအပတ်စဉ် သောကြာနေ့တွေမှာ သီချင်းဆိုယှဉ်ပြိုင်ရတာဖြစ်ပြီး ဆွီဒင်နိုင်ငံရဲ့ TV4 မှာ ထုတ်လွင့်နေတာဖြစ်ပါတယ်။ Credit
Read More
တစ်ပတ်အတွင်း အရောင်းရဆုံးစာအုပ်များ (Sep 16 – 22 . 2018)
(၁) ကင်ဆာသိမှတ်ဖွယ်ရာများ အော်တစ်ဇင်မ် စသည့်အသည်းအဆီဖုံးစသည့်ဖြည့်စွက်စာများ စာရေးသူ – Dr.ခင်နွယ်ဝင်း တန်ဖိုး – ၃၅၀၀ ကျပ် (၂) ကဗျာအသစ်များနှင့် လက်ရွေးစင်ကဗျာများ စာရေးသူ – မောင်ဒေး တန်ဖိုး – ၃၀၀၀ ကျပ် (၃) မောင်ရှင်ဆိုင်းထမ်းဝတ္ထုတိုများ စာရေးသူ – ကလောင်စုံ တန်ဖိုး – ၂၄၀၀ ကျပ် (၄) ရွှေနိုင်ငံနိဒါန်း စာရေးသူ – ၀င်းပြုံးမြင့် တန်ဖိုးငွေ – ၅၅၀၀ ကျပ် (၅) လ၀န်းမျက်နှာကြည့်တိုင်းသာ စာရေးသူ – မင်းကိုနိုင် တန်ဖိုး – ၂၅၀၀ ကျပ် (၆) သတိရခြင်းမီးခိုးတန်းများ စာရေးသူ – ခွန်းညိုသွေး တန်ဖိုး – ၁၅၀၀ ကျပ် (၇) အနောက်တောင်တိုင်း ရွှေလင်းယုန် စစ်ဆင်ရေး စာရေးသူ – အေးစန် (သာယာဝတီ-သုံးဆယ်) တန်ဖိုး – ၆၀၀၀ ကျပ် (၈) ၂၁ ရာစုဂီတကြယ်တာရာများ စာရေးသူ – ကိုမျိုး(I.R) တန်ဖိုး – ၉၀၀၀ ကျပ် (၉) ၂၁ ရာစုသင်ကြားပို့ချမှုဆိုင်ရာပညာရေးလမ်းညွှန် စာရေးသူ – KHANT MYAT (SETC) တန်ဖိုး – ၅၀၀၀…
Read More