ပြည်ပရေထွက်ပို့ကုန် တင်ပို့မှုမှာ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ သန်း ၂၀ နီးပါးလျော့ကျ

ဇန်နဝါရီ ၂၀ ပြည်ပသို့ ရေထွက်ပို့ကုန်တင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ (၃) လတာကာလအတွင်း အမေရိကန်ဒေါလာ ၂၄၂ ဒသမ ၃၅၂ သန်းဖိုးသာ တင်ပို့နိုင်ပြီး ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆၄၂ သန်း လျော့ကျခဲ့ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ယမန်နှစ်ကာလတူက ရေထွက်ကုန် အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၉၉၄ သန်းဖိုး တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့ရာတွင် တရုတ်ဘက်မှ ရေထွက်ပို့ကုန်ပစ္စည်းများ ရပ်ဆိုင်းထားခြင်း၊ ထိုင်းနိုင်ငံဘက်အြခမ်းတွင်လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားခြင်းတို့အပြင် ရေထွက်ပို့ကုန် ဈေးနှုန်းများ ထက်ဝက်ခန့်ကျဆင်းခြင်းကြောင့်လည်း ပြည်ပတင်ပို့မှု လျော့နည်းနေကြောင်း သိရသည်။ ထိုကဲ့သို့ ပြည်ပတင်ပို့မှု ကျဆင်းနေချိန်တွင် ပြည်တွင်းစားသုံးမှု မြင့်တက်စေရေးအတွက် ရေထွက်ကုန်များကို ဈေးကားများဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ချိတ်ဆက်ရောင်းချနေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။ Ref:themirror

Read More

၂၀၂၀ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မီးလောင်မှု ၂,၁၃၉ ကြိမ်ဖြစ်ပွား ငွေကျပ် သန်းခြောက်ထောင်ကျော် ဆုံးရှုံးခဲ့ရ

ဇန်နဝါရီ ၂၀ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း မီးလောင်မှု (၂,၁၃၉) ကြိမ် ဖြစ်ပွားခဲ့ရပြီး ငွေကျပ် (၆,၆၄၀ ဒသမ ၇၄) သန်းခန့် ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။ တစ်နှစ်တာအတွင်း မန္တလေးတိုင်းဒေသကြီးမှ (၂၉၈) ကြိမ်ဖြင့် မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၂၃၃) ကြိမ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ (၂၂၆) ကြိမ်တို့ဖြင့် ဒုတိယနှင့် တတိယနေရာမှာ တည်ရှိနေကြောင်း မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး (ဦးစီး) ဦးသိန်းထွန်းဦးက ပြောသည်။ ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ကျပ်သန်းပေါင်း (၂,၉၀၆ ဒသမ ၃၂၃) သန်းဖြင့် ဆုံးရှုံးမှုတန်ဖိုး အများဆုံးနေရာမှာ တည်ရှိနေပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ငွေကျပ်သန်းပေါင်း (၁,၃၁၃ ဒသမ ၄၅၂) သန်းနှင့် (၇၅၅ ဒသမ ၄၉၈) သန်းတို့ဖြင့် ဒုတိယနှင့် တတိယနေရာမှာ တည်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း မီးဘေးအန္တရာယ်ကြောင့် လူသေဆုံးမှု (၇၅) ဦး၊ ဒဏ်ရာရရှိသူ (၂၂၀) ဦးနှင့် မီးဘေးဒုက္ခသည် (၅,၄၄၃) ဦး၊ အိမ်ခြေအဆောက်အအုံပေါင်း (၃,၁၆၃) လုံးနှင့် စက်ရုံ/ အလုပ်ရုံ၊ ဂိုဒေါင်စုစုပေါင်း (၈၃)…

Read More

ဖာပွန်တွင် ကြောင်လျှာဆန် ဈေးကောင်းရနေ

ဇန်နဝါရီ ၁၉ ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာ ငွေအရင်းအနှီးထုတ် စိုက်ပျိုးရန်မလိုဘဲ သဘာဝအလျောက်ပေါက်နေတဲ့ ကြောင်လျှာပင်များမှ ခူးဆွတ်ကာ အခြောက်ခံရောင်းချနေသူများအဖို့ ကြောင်လျှာဆန် ဈေးကောင်းရရှိနေကြောင်း သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလဖြစ်နေသော်လည်း ကြောင်လျှာဆန်ဈေးကွက်မှာမူ ယမန်နှစ်က ကြောင်လျှာဆန်အခြောက် တစ်ပိဿာလျှင် ငွေကျပ် (၂,၅၀၀) သာ ရရှိခဲ့ရမှာ ယခုနှစ်တွင် တစ်ပိဿာလျှင် ငွေကျပ် (၃,၅၀၀) မှ (၅,၀၀၀) အထိ ဈေးကောင်း ရရှိနေခြင်းလည်း ဖြစ်ပါတယ်။ ကြောင်လျှာဆန်များကို တောတောင်များ၊ အိမ်ခြံမြေဝန်းများနဲ့ ဥယျာဉ်ခြံမြေကွက်များမှာ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ ကြောင်လျှာပင်များမှ ဆွတ်ခူးကာ အခြောက်ခံပြီး ရရှိလာတဲ့ ကြောင်လျှာဆန်များကို ဖာပွန်မြို့မှတစ်ဆင့် ဘားအံ၊ မော်လမြိုင်နဲ့ မန္တလေးမြို့များသို့ တင်ပို့ရောင်းချနေကြောင်း သိရှိရပါတယ်။ Photo:themirror

Read More

ကမ္ဘာ့ပထမဆုံးအနေဖြင့် ဝန်ထမ်းအားလုံး ကာကွယ်ဆေးထိုးနှံပြီး ဖြစ်လာနိုင်ဖွယ်ရှိနေသော စင်ကာပူလေကြောင်းလိုင်း

ဇန်နဝါရီ ၁၉ စင်ကာပူနိုင်ငံပိုင်လေကြောင်းလိုင်း (SIA) ဟာ ကမ္ဘာ့ပထမဆုံးအနေနဲ့ လေကြောင်းလိုင်းရှိ ဝန်ထမ်းအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး လေကြောင်းလိုင်း ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း စီအန်အန်က သတင်းရေးသား ဖော်ပြထားပါတယ်။ စီအန်အန် ခရီးသွားအစီအစဉ်မှာ ဖော်ပြထားချက်အရ SIA လေကြောင်းလိုင်းရှိ လေယာဉ်မှူး၊ လက်မှတ်ရောင်း၊ လက်မှတ်စစ်နဲ့ လေယာဉ်မောင်/မယ်တွေတင်မကဘဲ အများပြည်သူနဲ့ ထိတွေ့ဆက်ဆံနေရသူ ဝန်ထမ်းအားလုံးတို့ကို စင်ကာပူအစိုးရ စရိတ်ဖြင့် ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမှာ ဖြစ်တယ်လို့ သိရပါတယါ်။ စင်ကာပူနိုင်ငံဟာ ကာကွယ်ဆေး (၂) ကြိမ်ထိုးဖို့ လိုအပ်မယ့် ဖိုင်ဇာ (Pfizer) ကာကွယ်ဆေး ဝယ်ယူထားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်အရ SIA ရှိ ဝန်ထမ်း (၅,၂၀၀) ဦးမှာ ကာကွယ်ဆေးထိုးနှံဖို့အတွက် သဘောတူညီထားပြီးဖြစ်တဲ့အတွက် မကြာခင် ရက်ပိုင်းအတွင်း ကာကွယ်ဆေးထိုးနှံမှု စတင်မှာဖြစ်တယ်လို့ သိရပါတယ်။ MRML / Ref:CNN / Photo:SIA

Read More

အသည်းကွဲတဲ့ရောဂါတေးသံရှင် လာဇရု ကွယ်လွန်

ဇန်နဝါရီ ၁၉ “အသည်းကွဲတဲ့ရောဂါ” သီချင်းဖြင့် တွဲဖက်ပြီး လူသိများလှတဲ့ တေးရေး၊ တေးဆို လာဇရု (ခ) ကျော်နိုင်သူဟာ ယနေ့မနက် ၄ နာရီ ၅၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ အဆိုတော် လာဇရုဟာ မတော်တဆချော်လဲရာမှ ဦးခေါင်းဒဏ်ရာရရှိတဲ့အတွက် မြောက်ဥက္ကလာပဆေးရုံ၊ ဦးနှောက်နှင့် အာရုံကြောအရေးပေါ်ဌာနမှာ ဆေးကုသမှု ခံယူနေရင်း ယနေ့မနက်ပိုင်းတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ ရန်နော် / Photo Credit:Album Covers

Read More

ကြာက်သွန်နီဈေးနှုန်း အဆမတန်ကျဆင်းလာသဖြင့် လှောင်ထားသော တောင်သူများ အရှုံးပေါ်နေ

ဇန်နဝါရီ ၁၈ မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများမှာ မူလ တစ်ပိဿာ ငွေကျပ်တစ်ထောင်ကျော်မှ ယခုတွင် ငွေကျပ် (၄၀၀) အထိ ကျဆင်းနေသဖြင့် ကြက်သွန်နီဈေးတက်ရန် မျှော်လင့်ကာ လှောင်ထားသော တောင်သူများ အရှုံးပေါ်လျှက်ရှိနေသည်။ “အရင်က တစ်ပိဿာ ကျပ် ၁၂၀၀/၁၃၀၀ ဝန်းကျင်ရှိပေမဲ့ ယခု ကြက်သွန်နီဈေး အဆမတန်ကျသွားတော့ တောင်သူနဲ့ ကြက်သွန်နီ လှောင်ထားသူအားလုံး အရှုံးပေါ်တာပေါ့ဗျာ” ဟု ကြက်သွန်နီအဝယ်တော် ဦးထွန်းက မြန်မာ့အလင်းသို့ ပြောသည်။ ယမန်နှစ်ကာလတူက ကြက်သွန်နီဈေးမှု လက်ကားတစ်ပိဿာ (၁,၇၀၀) ကျပ်မှ (၁,၈၀၀) ကျပ်အထိ ဈေးနှုန်းရောက်ရှိခဲ့ဖူးသဖြင့် တောင်သူများမှာ ယင်းဈေးရောက်ရန် မျှော်မှန်းကာ လှောင်ထားသော်လည်း ယခုမှု သုံးပုံတစ်ပုံခန့်သာ ကျန်သည်အထိ ဈေးကျဆင်းခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ မင်းဘူးမြို့ ကြက်သွန်နီ ဈေးကွက်မှာ လက်လီ တစ်ပိဿာ ကျပ် ၅၀၀ နဲ့ လက်ကား တစ်ပိဿာ ကျပ် ၄၀၀ သာရောင်းရပါတယ်” ဟု ပွဲရုံလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ Photo:commerce

Read More

ရွှေစက်တော်ဘေးမဲ့တောအတွင်း နှစ်စဉ် ကြယ်လိပ်ရာနှင့်ချီကာ ပျောက်ဆုံးမှု ဖြစ်ပွား

ဇန်နဝါရီ ၁၈ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ ရွှေစက်တောဘေးမဲ့တောအတွင်းရှိ မြန်မာ့ကြယ်လိပ်များမှာ မျိုးသုဉ်းရန် အလွန်နီးအဆင့်သတ်မှတ်ခံထားရတဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိနေရာ ကောင်ရေတိုးပွားမှုများ ရှိသော်လည်း နှစ်စဉ် ကောင်ရေ ရာနဲ့ချီကာ ပျောက်ဆုံးလျက်ရှိကြောင်း သိရပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်လက ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ပြန်လွှတ်ရန် လေ့ကျင့်မွေးမြူထားတဲ့ ကြယ်လိပ်အကောင်ရေ (၆၅၀) ထဲမှ (၃၅၇) ကောင်မှာ သေဆုံး၊ ပျောက်ဆုံးခဲ့သလို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၂ ရက် ညပိုင်းကလည်း သံဆူးကြိုးကာ ခြံခတ်ထားတဲ့ ကြယ်လိပ်ခြံထဲမှ ကြယ်လိပ် ၁၅၇ ကောင် ပျောက်ဆုံးခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာန မှတ်တမ်းများအရ သိရပါတယ်။ “ကြယ်လိပ်ကလေးတွေ တောထဲမှာထားတော့ ခြံမလုံလို့ တောဝက်တွေ ဝင်စားခံရတာ ရှိပါတယ်။ အပူဒဏ်လွန်ကဲပြီး အစာရေစာပြတ်လို့ သေဆုံးခဲ့ရတာတွေ ရှိပါတယ်” လို့ ရွှေစက်တော်အနီးမှ ဒေသခံတစ်ဦးဖြစ်သူ ဦးသိန်းက MOI သို့ ပြောဆိုပါတယ်။ ထို့အတူ သဘာဝတောအတွင်းရှိ ရွှေသမင်များကို ခိုးယူပစ်ခတ် စားသောက်မှုတွေ များလာတဲ့အတွက် မျိုးစိတ်နည်းပါးမယ့် အရေးစိုးရိမ်နေရကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမောင်က ပြောပါတယ်။ “ရွှေသမင်တွေ ကျက်စားတဲ့နေရာတွေ၊ ရေသောက်ဆင်းတဲ့ ကန်တွေအနီးမှာ ကားနဲ့လာပြီး ပစ်ခတ်ဖမ်းဆီးတာတွေ ရှိတယ်လို့လည်း ကြားရပါတယ်။ ဒေသခံတွေကလည်း တရားဝင်တိုင်ဖို့ကျတော့ အကြောက်တရားတွေ ရှိကြတာပေါ့” လို့…

Read More

နှစ်လအတွင်း ငွေပေါ်သော မုန်လာဥဖြူအား ဝက်လက်တွင် စိုက်ပျိုးမှုများလာ

ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ နှစ်လအတွင်း ငွေပေါ်တဲ့ မုန်လာဥဖြူ စိုက်ပျိုးမှုများပြားလာကြောင်း ကြေးမုံက သတင်းဖော်ပြခဲ့ပါတယ်။ ရွှေဘိုခရိုင်အတွင်း မုန်လာဥဖြူ ဈေးနှုန်းအနေနဲ့ အပင် (၅၀) ကို ပေါက်ဈေး (၂,၂၀၀) ကျပ်ခန့် ရရှိတဲ့အတွက် မုန်လာဥဖြူ ဧကဝက် စိုက်ပျိုးပါက နှစ်လအတွင်း ငွေကျပ် (၅) သန်းခန့် ဝင်ငွေပြန်လည်ရရှိကြောင်း ဝက်လက်မြို့နယ်၊ မြင်တော်ကျေးရွာအုပ်စု၊ တိုက်ကုန်းကျေးရွာနေ ဦးတင့်ဝေက ဆိုပါတယ်။ မုန်လာဥဖြူပင်ဟာ သဲဆန်တဲ့မြေမှာ စိုက်ပျိုးဖြစ်ထွန်းပြီး မြေဧက တစ်ဝက်ကို မျိုးစေ့ (၃) ထုပ် စိုက်ပျိုးရပါတယ်။ စိုက်ပျိုးပြီးတဲ့အခါ စိုက်ခင်းအတွင်းသို့ အပင်အားဆေး၊ ပိုးသတ်ဆေးနဲ့ မြေဆီအနည်းငယ် ပက်ဖျန်းပေးရပြီး ကုန်ကျစရိတ်အနေနဲ့ ငွေကျပ် တစ်သိန်းခွဲခန့်ရှိကြောင်း သိရပါတယ်။ Photo:themirrordaily

Read More

ကမ်းခြေသစ်များစွာ ဖော်ထုတ်နိုင်မည့် ဧရာဝတီ-ရခိုင် ကမ်းခြေပတ်လမ်း အကောင်အထည်ဖော်နေ

ဇန်နဝါရီ ၁၇ ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့နယ်အထိ ကမ်းရိုးတန်းအတိုင်း လမ်းအရှည် ၆၉ မိုင် ၅ ဒသမ ၅ ဖာလုံရှည်လျားတဲ့ ကမ်းခြေပတ်လမ်း စီမံကိန်းကို အကောင်အထည်ဖော်နေရာ မတ်လကုန်ရောက်ပါက ချောင်းသာမှ ဂွအထိ မော်တော်ယာဉ်များ တိုက်ရိုက်သွားလာနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့မှ ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်- ဂွလမ်းအထိ ဖောက်လုပ်လျက်ရှိနေတာ ဖြစ်ပြီး လမ်းအရှည် ၅၅ မိုင် ၃ ဒသမ ၅ ဖာလုံရှည်လျားတဲ့ ချောင်းသာနဲ့ ဂွလမ်းပိုင်းအတွင်းရှိ ၁၈ မိုင်ရှည်လျားသော သဘော့ကန်(ကျွန်းချောင်း)-ဘောမိအပိုင်းမှာ မော်တော်ယာဉ်များသွားလာ၍ မရသေးသောကြောင့် မြေသားလမ်းဖြစ်စေရန်အတွက် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ သဘော့ကန်(ကျွန်းချောင်း) – ဘောမိအပိုင်း မြေသားလမ်းအဖြစ် ဆောင်ရွက်ပြီးစီးသွားပါက ချောင်းသာမှ ဂွအထိ မော်တော်ကားလမ်းတစ်ဆက် တည်း ဖြစ်သွားမည်ဖြစ်ရာ ယင်းအပိုင်းအတွင်းရှိ အရှည်ပေ ၁,၅၀၀ ရှိသော ကျွန်းချောင်းတံတားနဲ့ အရှည်ပေ ၂,၂၀၀ ရှိသော ဘောမိတံတားတို့ တည်ဆောက်ရေးအတွက်ပါ ဆက်လက် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ယင်းလမ်းကြောင်းတစ်ခုလုံးရှိ မြေသားလမ်းများကို မတ်လကုန်ပိုင်းမှာ အချိန်မီ အပြီးအစီး ဖြစ်စေဖို့ ရည်ရွယ်ဆောင်ရွက်လျက်ရှိနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ သိရပါတယ်။ ရန်နောင် / Photo:themirrordaily

Read More

မိုးကုတ် ကျောက်မျက်ဈေးကွက် အေးစက်နေသည်ဟု သိရ

ဇန်နဝါရီ ၁၆ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရှိ မိုးကုတ်မြို့နယ်တွင်း ကျောက်အရောင်းအဝယ်လုပ်ငန်းများဖြင့် ပြန်လည်စည်ကားနေသော်လည်း အရောင်းအဝယ်မှာမူ အေးစက်လျက်ရှိနေကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့သော ကျောက်မျက်ရတနာဈေး (ထာပွဲ) များကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ကတည်းက ပြန်လည်ဖွင့်လှစ်ခဲ့သောကြောင့် အရောင်းအဝယ်လုပ်ငန်းများ ပြန်လည်စည်ကားလာသော်လည်း ကျောက်ရှားပါးမှု၊ ကျောက်ဈေးမရမှုတို့ကြောင့် အရောင်းအဝယ်ပြုလုပ်ရာတွင် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။ မိုးကုတ်မြို့နယ်တွင်း ကျောက်တွင်းလုပ်ငန်းများ ပိတ်ထားသည့်အတွက်ကြောင့် ကျောက်မျက်ရတနာများ ရှားပါးနေသလို ဝယ်ယူသူများအနေဖြင့်လည်း ဈေးကြီးပေးမဝယ်ယူနိုင်သောကြောင့် ရောင်းချသူများမှာ ကျောက်ဈေးရရှိမှု နည်းပါးကာ အဆင်မပြေဖြစ်နေကြရပြီး ကျောက်မျက်ရတနာ တူးဖော်ခွင့်ရရှိရန် မျှော်လင့်လျက်ရှိနေကြကြောင်း သိရှိရပါသည်။ Photo:MOI

Read More