15.8.2019 မှ 21.8.2019 တပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီကာလဟာအဟောင်းတွေခဏမေ့ပြီးအသစ်တွေစတင်ရမဲ့အချိန်ပါ။ စိတ်ကူး သစ်၊ အတွေးသစ်ေ တွရပြီဆိုရင်တော့ချက်ချင်းအကောင်အထည်ဖော်လိုက်ပါ။ ဘုရားတည်ခြင်း ၊ကျောင်းဆောက် ခြင်း၊ ဘာသာရေးအခမ်းအနား ကျင်းပခြင်းနှင့်အလှူလုပ်ခြင်းတွေအတွက်အကောင်းဆုံးကာလပါ။ ကုသိုလ်ရေးနဲ့ ပက်သက်ပြီး ဆောင်ရွက်စရာများကြုံလာရင်တော့ လက်မနှေးဘဲလုပ်ကိုင်လိုက်ပါ။ ကံတွေမြင့်လာပါလိမ့်မယ်။ ဘာပဲလုပ်လုပ်အထစ်အငေါ့လေးကြုံပြီးမှ အဆင်ပြေလိမ့်မယ်။ ကံအကောင်းအဆိုးမျှနေတဲ့ကာလပါ။ မိမိလုပ် လိုက်တဲ့ကိစ္စတစ်ခုက မိခင်နဲ့မကြိုက်တဲ့ကိစ္စဖြစ်နေတတ်ပါတယ်။ ကိုယ်လက်မ အီမသာဖြစ်တာ အိမ်ရေးမဝတာ မျိုးခံစားရလိမ့်မယ်။ ကျန်းမာရေး ဂရုစိုက်ပါ။အချစ်ရေးမှာ ဝေးနေတဲ့ ချစ်သူတွေအဆင်ပြေနေပေမဲ့ အနေနီးကြတဲ့ ချစ်သူချင်းကတော့ နားလည်မှုလွဲနေတတ်သည်။မိသားစုအတွင်းကျန်းမာရေးညံသူများကြောင့် ဗျာများရတတ် သည်။ ကိစ္စကြီးငယ်ရှိက ခေါင်းအေးအေးထားပြီး ဆောင်ရွက်ပါ။ အိမ်ထောင်ရေးအညံ့များနေပါလိမ့်မယ်။ပညာရေး မှာ မိမိကိုယ်တိုင် self-study လုပ်တာ မျိုးကပိုပြီး တတ်မြောက်လွယ်မှာပါ။ အကျိုးပေးဂဏန်း .၂၊၄၊၅ အထူးဟော ဝေခွဲရခက်နေသလို ခံစားနေရတတ်သည်။ ယတြာ ဖိနပ်အဟောင်း /အပြတ်ရှိရင် စွန့်လိုက်ပါ တနင်္လာ ဒီတစ်ပတ်က တနင်္လာသားသမီးတွေအနေနဲ့ စီးပွားကံကောင်းနေတယ်လို့ပဲဆိုရမှာပါ။ အားနည်းမှုတွေကတော့ စီးပွားချဲ့ချင်ပေမဲ့ ငွေမနိုင်တာ။ ကိုယ်ကလာဘ်မြင်ပေမဲ့ လူကြီးတွေကတားဆီးနေတာ။ ကိုယ်ကလုပ်ချင်ပေမဲ့ အထက်လူကြီးက လုပ်ခွင့်မပေးတာ မျိုးကြုံရတတ်ပါတယ်။ ငွေကြေးချေးငှားခြင်းမလုပ်ပါနဲ့ ။ ငွေအပေးအယူကိစ္စ အငြင်းပွားစရာများ ကြုံလာနိုင်ဖွယ်ရှိနေပါတယ်။ အဖွဲ့အစည်း ၊ပရဟိတ လူမှုရေးအဖွဲ့က ငွေကြေးအပ်နှံတာမျိုး တွေလက်မခံပါနဲ့။ မည်သူတစ်ဦးတစ်ယောက်ကိုမဆို အာမခံပေးတာ မျိုးမလုပ်ပါနဲ့။ အလုပ်မှာအော်ဒါတွေရ လာပါလိမ့်မယ်။ မိမိက..ကတိတည်ဖို့လိုပါတယ်။ ခံစားချက်ကို ဦးစားမပေးဘဲ ဖြစ်သင့်တာ ကိုပဲအရေးပေးဆောင် ရွက်ပါ။ တစ်ခုသတိပေးချင်တာက တတ်နိုင်သမျှ…

Read More

၈.၈.၂၀၁၉ မှ ၁၄.၈.၂၀၁၉ အထိတစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း #တနင်္ဂနွေ လူမှု​ရေး ပရဟိတကိစ္စတွေကိုအားတတ်သရောလုပ်မိနေတတ်ပါတယ်။ စိတ်ကိုလွတ်လပ်ပေါ့ပါးစွာ နေချင် နေပြီး အရာရာကိုအကောင်းမြင်နေတတ်ပါတယ်။ စီးပွားရေးကတော့ ဟုန်းခနဲမအောင်မြင်ပေမဲ့ တဖြည်းဖြည်း တိုးတတ်မှာပါ။ ငွေကြေးလာဘ်လာဘလဲပေါများနေတတ်တဲ့အချိန်ပါ။ငွေအထူးဝင်မယ်။စပ်တူရှယ်ယာအလုပ်တွေ ကောင်းမွန်စွာ တိုးတတ်နေချိန်ပါပဲ။မွေးရပ်နဲ့အဝေးကနေ အကူအညီတွေရလိမ့်မယ်။ မိဘတွေရဲ့ကျန်းမားရေးကို ဂရုစိုက်စေချင်ပါတယ်။ စီးပွားရေးကောင်းမယ်။ လူမှူရေးကောင်းမယ်။ အရမ်းရင်းနှီးရသော လုပ်ဖော်ကိုင်ဖက် တွေရဲ့ အကြံဉာဏ်ရယူသင့်တဲ့အချိန်ပါ။ဘာပဲလုပ်လုပ် မိတ်ဆွေတွေနဲ့ အတူတိုင်ပင်ပါ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခရီးထွက်စရာ ကြုံလာပြီဆိုရင်တော့ သွားလိုက်ပါ။ ခရီးထွက်ပြီးတာနဲ့ကံတွေမြင့်မားလာတတ်လို့ပါပဲ။ အချစ်​​ရေးရှုပ်​​ထွေးမဲ့ကာလပါပဲ။မိမိကိုယ်​တိုင်​က​နောက်​မှ​ပေါက်​တဲ့ ​ရွှေကြာပင်​ကိုအ​ရေး​ပေး​နေမိတတ်​ပါတယ်​။ ကျန်းမာရေး အားနည်းမှုတွေလျော့ပါးသက်သာလာပါပြီ။အိမ်ထောင်ရေးကံမြင့်မားနေမည်။ အိမ်ထောင်ဘက်က မိမိကို အလွန်ဂရုစိုက်မည်။ ပညာရေးကြောင့်တစ်ဖက်တစ်လမ်းက ငွေဝင်မဲ့ကံမျိုးတွေ့ရပါတယ်ဗျာ။ အကျိုးပေးဂဏန်း ၇/၀/၃ အထူးဟော ငွေရွှင်မည် ယတြာ ငွေ၂၀၀ခန့်ပံ့သကူပစ်ပါ။ #တနင်္လာ မမျှော်လင့်ထားတာတွေပဲ တစ်ပတ်လုံးဖြစ်နေတတ်ပါတယ်။ အလုပ်ပြုတ်တာ အထက်လူကြီးနဲ့ စကားများ ရတာတွေကြုံရတတ်ပါတယ်။မိဘတွေ စိတ်ကွက်သွားစေတဲ့ ကိစ္စရပ်မျိုး မိိမိကပြုမူမိတတ်ပါတယ်။ ရန်များတတ် သလို မိမိကိုမနာလိုသူတွေရဲ့ချောင်တွန်းခြင်းခံရတတ်ပါတယ်။ မိမိသွားချင်သော ခရီးရှိရင် ဒီကာလအတွင်း သွားရတတ်ပါတယ်။ မိတ်ဆွေတွေရင်နှီးသူတွေနဲ့စကားများ စိတ်ဝမ်းကွဲရတတ်ပါတယ်။အစားအသောက် ဆင်ခြင် ပါ။ ဆီမသန့်တာတွေမစားပါနဲ့ ။ အစားမှားဆေးမှားဆိုတာမျိုးကြုံရတတ်ပါတယ်။ စက်ပစ္စည်းဝယ်ဖို့စိတ်ကူးထားရင် ဒီကာလအတွင်းမဝယ်ပါနဲ့အုံး။အလုပ်မှာလဲ မလုပ်ချင်တဲ့ကိစ္စတွေကိုတာဝန်ပေးခြင်းခံရပါတယ်။လူမျိုးခြားဘာ သာခြားတွေနဲ့ဆက်ဆံတာ၊တွဲဖက်လုပ်တာမျိုးဆိုသတိနဲ့လုပ်ပါ။ဒီကာလအတွင်းရပ်ဝေးကဆွေမျိုးတွေဆီ အလည် အပတ်မသွားသင့်သေးပါဘူး၊၊ ငွေကြေးရလိုမှု တစ်ခုထဲကြည့်ပြီး လုပ်မိလိုက်တဲ့ကိစ္စတွေက ဒုက္ခပေးတတ်ပါ တယ်။အချစ်ရေးကံမညံ့ပါဘူး။ အိမ်ထောင်ရေးမှာလဲ အိမ်ထောင်ဘက်ရဲ့ဖေးမကူညီခြင်းတွေရပါလိမ့်မယ်။ ပညာရေးမှာ တွက်စာကို မလိုက်နိုင်တာမျိုးကြုံရပါလိမ့်မယ်။ စာရှင်းပြချိန်သေချာအာရုံစိုက်ထားဖို့တော့လိုပါတယ်။ အကျိုးပေးဂဏန်း၎/၁/၈ အထူးဟော…

Read More

1.8.2019 မှ 07.8.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်းလုပ်ငန်းခွင်အတွင်းအထက်လူကြီးအပြောင်းအလဲလေးတွေဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲလုပ်ငန်းတွေနဲ့ပက်သက်ပြီး ပုံစံအသစ်တွေနဲ့လုပ်ကိုင်ရတတ်ပါတယ်။ အလုပ်တာဝန်တွေကလဲပိုလာနိုင်ပါတယ်။ မိမိရဲ့ကျန်းမာရေးကိုလဲ မမေ့သေ့ဘူး။ ခေါင်းမ ကြည်တာမျိုး၊ဇက်ကြောတတ်တာမျိုးဆို သွေးပေါင်လေးချိန်ကြည့်ပါ။ သွေးတိုးလွယ်တဲ့နေ့ရက်တွေဖြစ်နေလို့ပါပဲ။ အိမ်ကိစ္စ၊ အမွေကိစ္စတွေရှိနေရင် ဒီကာလမှာပိုရှုပ်သွားတတ်ပါတယ်။ ဖခင်နဲ့ သဘောထားမတိုက်ဆိုင်တဲ့ကိစ္စလေးတွေဖြစ်ရတတ်ပါတယ်။ အလုပ်သစ်ရှာရခက်ခဲနေလိမ့်မယ်။ အလုပ် စာမေးပွဲမှာ အောင်မြင်ဖို့ခက်ခဲတတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကို ချိန်ဆပြီးမှလုပ်စေ ချင်ပါတယ်။ အဆင်မပြေတဲ့ မိတ်ဆွေတွေအတွက်အကူအညီတွေပေးနေရတတ်ပါတယ်။ မထင်မှတ်ဘဲ ခရီးတိုလေးတွေသွားနေ ရတတ်ပါတယ် ။တွေးထင်ထားတဲ့ ကိစ္စတွေဖြစ်လာဖို့မလွယ်သေးပါဘူး။ အကြံကြီးကြီးတွေရှိနေရင်တောင်စတင်အကောင် အထည်မဖော်သင့်ပါဘူး။ ချစ်သူနဲ့ အဆင်ပြေပေမဲ့အလုပ်များနေတဲ့ချစ်သူက မိမိကိုဂရုစိုက်နိုင်ဖို့မလွယ်ပါဘူး။ အိမ်ထောင်ရေးမှာ ကြားလူစကားကိုမယုံပါနဲ့။ ပညာရေးနဲ့ပက်သက်ပြီးတော့ ဥာဏ်ဝီရိယကို အလေးထားပါ။ အကျိုးပေးဂဏန်း 3/4/8 အထူးဟော အပြောင်းအလဲတွေများနေမည်။ ယတြာ ဘုရားရှင်အားရွှေဆိုင်း၊ရွှေသင်္ကန်းကပ်လှူလိုက်ပါ။ တနင်္လာ အဘက်ဘက်က ကံအားသာချက်ရှိနေတာတော့အမှန်ပါပဲ။ မိမိရင်ထဲကဆန္ဒတွေအတိုင်းဖြစ်လာမဲ့ကာလ ပါပဲ။ မိတ်ဆွေသစ်တွေ တိုးပါလိမ့်မယ်။ တိုးလာမဲ့ မိတ်ဆွေတွေကလဲ တကယ့်ကို ကလျာဏမိတ္တဖြစ်ပါလိမ့်မယ်။ အဖတ်မတင်ပဲ အကုန်အကျများနေတဲ့ငွေတွေ ရပ်တန့်သွားပြီး ငွေစုဆောင်းနိုင်သည်အထိပြန်ဝင်လာတတ်ပါ တယ်။အကြွေးတွေပြန်ရတတ်ပါတယ်။ ကျန်းမာရေးကတော့အညံ့အဆိုး သိပ်မတွေ့ရပါဘူး။ စိတ်ကူးကောင်းအကြံ ကောင်းတွေကိုတော့ သူများကိုထုတ်မပြောလိုက်ပါနဲ့။ မိမိအကြံကိုသူများဦးသွားပြီး လုပ်တတ်လို့ပါပဲ။ လခစားဝန် ထမ်းများ လူချစ်လူခင်များပြီး ကူညီမဲ့သူပေါများလိမ့်မယ်။ပွဲစားအလုပ်များ၊ေ ငွကြေးဝန်ဆောင်မှု အလုပ်များ၊ေ ရနဲ့ ပက်သက်ဆက်နွယ်သောအလုပ်များအထူးအကျိုးပေးလိမ့်မယ်။ ခြံဝယ်ထားချင်သူများ၊ကားဝယ်ချင်သူများ၊ ကား အလဲအထပ်လုပ်ချင်သူများဒီကာလမှာဆောင်ရွက်လို့အထူးကောင်းပါတယ်။ ဆွတ်ပျံ့ကြည်နူးစရာကောင်းတာက တော့ အချစ်ရေးပါ။ ချစ်သူနဲ့ရင်ခုန်စရာကောင်းတဲ့အချိန်တွေကိုဖြတ်သန်းသွားနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေး ကံ ကောင်းနေပါလိမ့်မယ်။ ပညာရေးကတော့ အတတ်ပညာထက် အသိပညာတွေရပါလိမ့်မယ်။…

Read More

25.7.2019 မှ 31.7.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်းမိမိအတွက်ကောင်းမွန်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်တတ်ပါတယ်။ မိမိအနစ်နာ ခံလုပ်ကိုင်ဆောင်ရွက် မှုတွေရဲ့အသီးအပွင့်တွေကိုလဲ ခံစားစံစားနိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ပိုကောင်းတဲ့အခွင့်အလမ်းတွေ၊ အခွင့်အရေးေ တွရလွယ်နေပါလိမ့်မယ်။ မိဘ၊ဦးကြီး၊ဘကြီးတွေဆီက အကူအညီ တွေ၊အထောက်အပံ့တွေရလွယ်နေတတ်ပါတယ်။ ၀န်ထမ်းများ အထက်လူကြီးကတာဝန်ကြီးကြီးခိုင်းရင် တတ်နိုင် သလောက်ကြိုးစားလုပ်ပါ။ မိမိရဲ့အစွမ်းအစကို စမ်းသပ်တာမျိုးလဲဖြစ်နိုင် လို့ပါပဲ။ ကုန်ကျစရိတ်တွေများနေရင် ကောင်းစွာလျှော့ချသွားနိုင်ပါလိမ့်မယ်။ အိမ်ကိစ္စအမွေကိစ္စတွေနဲ့ပက်သက်ပြီး ရှုပ်ထွေးနေတာလေးေ တွကောင်းစွာ ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ မိမိထက်အသက်ကြီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့အကူအညီတွေကိုလဲ ရလွယ်တတ် ပါတယ်။ ကျန်းမာရေးက အပေါ်ယံနှာစေး ၊ချောင်းဆိုးလောက်ပါပဲ။ အချစ်ရေးမှာတော့စကားအမှားတွေကြောင့် ဖြေရှင်းရန်ခက်ခဲတြဲ့ ပဿနာတွေထိဖြစ်သွားနိုင်ပါတယ်။ ဒီအပတ်ထဲအားနည်းချက်အများဆုံးကတော့ အိမ်ထောင် ရေးပါ။ အိမ်ထောင်ရေးအဆင်မပြေတာများနိုင်ပါတယ်။ ပညာရေးကံညံ့နေတာမျိုး မတွေ့ရပါဘူး။ အကျိုးပေးဂဏန်း 1/5/8 အထူးဟော အခွင့်အရေးတွေရတတ်ပါတယ်။ ယတြာ ပဲကပ်ကြော်ဘုရားကပ်လှူဆုတောင်းပါ။ တနင်္လာ ဒီအပတ်ထဲမှာ မိမိကိုယ်တိုင်က အချိန်တွေဖြုန်းနေမိတတ်ပါတယ်။ ဂိမ်းနဲ့အချိန်ကုန်တာ၊entertainment နဲ့အချိန်ကုန်တာမျိုးတြွေ ဖစ်ရတတ်ပါတယ်။ ဒါကြောင့် အလေလိုက်မဲ့ကိစ္စမှန်သမျှချင့်ချိန်ပြီးလုပ်စေချင်ပါတယ်။ ကိုယ့်အတွက် တစ်နေ့တာကို ကုသိုလ်၊ပညာ ၊ဥစ္စာမရဘဲ မကုန်ဆုံးဖို့မှာချင်ပါတယ်။ ခရီးကိစ္စတွေအဆင်မပြေဖြစ် လွယ်ပါတယ်။ အဘက်ဘက်စီစဉ်ပြီးမှခရီးမသွားဖြစ်တော့တာ၊ ရက်ရွှေ့လိုက်ရတာမျိုးတွေအလွန်မှကြုံလွယ်တဲ့ ကာလပါပဲ။ အလုပ်နဲ့ပက်သက်ပြီးတော့လဲအဆင်ပြေနိုင်ပါတယ်။ မိမိကိုယ် တိုင်စိတ်နှစ်ပြီး မလုပ်ရင်တော့မတတ် နိုင်ဘူးပေါ့ဗျာ။ လွယ်ကူနေတဲ့ကိစ္စတွေကို ကျော်ခွသွားပြီး ခက်ခဲတဲ့ကိစ္စတွေကိုမှ မြတ်မြတ်နိုးနိုး လုပ်နေမိတတ်ပါ တယ်။ ငွေကြေးအဖတ်မတင်ဖြစ်လွယ်ပါတယ်။ ၀င်ငွေကောင်းသူတွေတောင်ကုန်စရာတစ်မျိုးပြီးတစ်မျိုးပေါ်လာပြီး စုဆောင်းရခက်ခဲနေတတ်ပါတယ်။ ကျန်းမာရေးအတွက် အညံ့မရှိပါဘူး။ ဒါပေမဲ့ မတည့်တာတွေစားမိတတ်ပါ တယ်။အချစ်ရေးမှာတော့ အနေနီးတဲ့ချစ်သူတွေတောင်အေးဆေးတွေ့ရဖို့ခက်ခဲပါတယ်။ အိမ်ထောင်ရေးမှာနိုင့် ထက်စီးနင်းပြောတာမျိုးမလုပ်ရင် အဆင်ပြေပါ…

Read More

11.7.2019 မှ 17.7.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်းအလုပ်တွေကိုကောင်းစွာ ဦးဆောင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။အချိန်တိုအတွင်း မိမိလုပ်ချင် တာတွေပြီးဆုံးအောင် လုပ်သွားနိုင်ပါလိမ့်မယ်။ စိတ်ထဲရည်ရွယ်ထားသမျှ လက်တွေ့မှာအကောင်အထည်ဖော်သွား နိုင်မဲ့ကာလပါပဲ။ ရှေ့ထွက်ဆောင် ရွက်ခြင်းများ၊ လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်စိတ်နဲ့ကြိုးစားခြင်းများကဒီကာ လမှာ လူကြီးတွေရဲ့မျက်စိကျခြင်းကိုရရှိပါလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များအဆင်မပြေတာရှိရင်တော့ ဖခင်ဆီက အကြံဥာဏ်ယူတိုင်ပင်ကြည့်လိုက်ပါ။ အိမ်တွင်းရေးမိသားစုအရေးကိစ္စများ အဆင်ပြေစိတ်ချမ်းသာရပါလိမ်မယ်။ မိမိသွားလိုတဲ့ခရီးတွေသွားခွင့်ကြုံရတတ်ပါတယ်။ အလုပ်တွေနဲ့ပက်သက်ပြီး ထပ်ချဲ့မယ်ဆိုရင်လဲ ဒီကာလမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီးခက်ခဲနေတာမျိုးရှိနေရင်လဲပြေလည်မှုတွေ ရသွား တတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ်အားနည်းပေမဲ့ကုသလွယ်တဲ့ရောဂါပဲဖြစ်ပါလိမ့်မယ်။ အချစ်ရေးအတွက်စိတ်ချမ်း သာရပါလိမ့်မယ်။ ချစ်သူရဲ့အထင်ကြီးအားကိုးခြင်းကိုခံရပါလိမ့်မယ်။ အိမ်ထောင်ရေး မှာတော့အနည်းငယ်သဘော ထားကွဲလွဲ စရာတွေဖြစ်ရတတ်ပါတယ်။ ပညာရေးအလွန်ကောင်းနေမည်။ အကျိုးပေးဂဏန်း 1/6/9 အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။ ယတြာ အုန်းညွှန့် ၆ညွှန့်ဘုရားကပ်လှူပါ။ တနင်္လာ ဒီကာလအတွင်းမိမိအတွက်ကောင်းသောအယူအဆစိတ်ကူးတွေ တွေးမိစိတ်ကူးမိနေတတ်ပါတယ်။ အကြံ ကောင်းတစ်ချက်ကြောင့်ပဲ အရမ်းအဆင်ပြေသွားကြသူတွေတွေ့ဖူးပါလိမ့်မယ်။ မိမိရတဲ့အကြံဥာဏ်တွေကိုကောင်း စွာအသုံးချတတ်ဖို့လိုအပ်ပါတယ်။ လူချစ် လူခင်များနေတတ်ပါတယ်။ မိမိကိုကူညီမဲ့သူတွေရှိနေတတ်ပါတယ်။ ငွေ ကြေးကိစ္စများ ပြောဆိုဆောင်ရွက်လို့ကောင်းပါတယ်။ တန်ဖိုးထားစရာလက်ဆောင်ပစ္စည်းများလဲ ရလာတတ်ပါ တယ်။ အလုပ်နဲ့ပက်သက်ပြီးတော့လဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲ ညီညီလုပ်ကိုင်နိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်စီး ပွားရေးများ ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင်တော့ ဒီနေ့မှာအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ကားဝယ်ခြင်း၊ကားရောင်း ခြင်း၊အလဲအထပ်လုပ်ခြင်းများ ဒီကာလမှာလုပ်သင့်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ အားရစရာ ကောင်းပါတယ်။ ကျန်းမာရေးညံ့နေသူတောင် နလန်ပြန်ထူလာမဲ့ကာလပါပဲ။ အချစ်ရေးအထူးကောင်းတယ်။ ချစ် ရသူနဲ့ ကြည်နူးရမဲ့ အချိန်ကာလပါပဲ။ ချစ်သူမရသေးသူများချစ်သူသစ်ရလွယ်ပါတယ်။ အိမ်ထောင်ရေးကတော့ သင့် နေပါတယ်။ ပညာရေးနဲ့ပက် သက်ပြီးတော့လဲ မိမိရဲ့သင်ယူနိုင်စွမ်းကြောင့်…

Read More

20.6.2019 မှ 26.6.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်း လူအများကိုမိမိဆီပါလာအောင်စည်းရုံးသိမ်းသွင်းနိုင်မဲ့နေ့ရက်ပါပဲ။ ဆိုဆုံးမခက်နေတဲ့ သားသမီးတွေကို ဆုံးမရ လွယ်ကူနေလိမ့်မယ်။ မိမိလုပ်ကိုင်ဆောင်ရွက်သမျှကိစ္စတွေက လူကြီးတွေယုံကြည်မှုတိုး စေပါတယ်။ စိတ်အလိုကျမဲ့နေ့ရက်ေ တွဖြစ်နေတာကြောင့် အချိန်တွေကိုသင့်တော်တဲ့နေရာတွေမှာကုန်ဆုံးတတ်ပါ စေ။ မိသားစုကိုအချိန်ပေးဖို့အတွက် မေ့လျော့နေသူများ ဒီကာလမှာအချိန်ပေးကြည့်လိုက်ပါ။ ထင်ထားသည်ထက် ပိုမိုနွေးထွေးသွားပါလိမ့်မယ်။မိမိရုံးခန်းကို အလှဆင်တာပဲဖြစ်ဖြစ်၊ သန့်ရှင်းေ ရးလုပ်တာပဲဖြစ်ဖြစ်ဆောင်ရွက်ခြင်းဖြင့် ဒီကာလမှာကံပိုမိုမြင့်မားသွားစေနိုင်ပါလိမ့်မယ်။ သူတစ်ပါးနဲ့မတူဘဲ ဒီကာလမှာအာရုံစူး စိုက်နိုင်ပါလိမ့်မယ်။ ဒါကြောင့်ခက်ခဲလေးနက်တဲ့ကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ပြောစရာမလို အောင်ကောင်းနေတတ်ပါတယ်။ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ ၀င်စရာရှိတဲ့ငွေကြေးတွေ မကြန့်ကြာဘဲရလာ တတ်ပါတယ်။ အချစ်ရေးကံကောင်းမည်။ အိမ်ထောင်ရေးအဖုအထစ်နည်းပါးပါလိမ့်မယ်။ ပညာရေးမှာတော့မိမိ ကိုယ်တိုင်စိတ်ပါဝင်စားဖို့လိုပါတယ်။ အကျိုးပေးဂဏန်း 2/5/9 အထူးဟော စိတ်ချမ်းသာမည်။ ယတြာ ဂျယ်လီလေးတွေဝယ်ပြီး နီးစပ်ရာကလေးကိုကျွေးပါ။ တနင်္လာ တွေးတောစိတ်ကူးသမျှဖြစ်မလာတတ်ပါ။ စိတ်ကူးနဲ့လက်တွေ့ကွာဟနေမဲ့အချိန်ကာလပါပဲ။ ငွေအသုံးပြတ် သည်အထိငွေထွက် သွားတတ်ပါတယ်။ မလိုအပ်တဲ့အရာတွေကိုဝယ်ပြီးငွေကုန်မခံမိဖို့လိုအပ်ပါတယ်။ မိသားစုဝင် တွေကျန်းမာရေးညံ့နေတတ်ပါတယ်။ မိမိကိုယ်တိုင်လဲ အဖျားကူးခံရတာမျိုးတွေဖြစ်လွယ်ပါတယ်။ ကိုယ်ခံအား နည်းနေတတ်ပါတယ်။ မိန်းကလေးဆိုရင်တော့ ဓမ္မတာ နဲ့ပက်သက်သောရောဂါမျိုးတွေရလွယ်ပါတယ်။လိုအပ်တဲ့ ငွေကြေးတွေချေးငှားမယ်ဆိုကာလတွေမှာတော့ အဆင်ပြေ ဖို့မလွယ်ပါဘူး။ လူငယ်များလူကြီးမိဘစကားထက် အပေါင်းအသင်းစကားကိုပိုမိုနားယောင်နေမိတတ်ပါတယ်။ အလုပ်နဲ့ပက်သက်သော ခရီးက လွဲ၍အပျော်ခရီးသွား ခြင်းတွေကိုတော့ တတ်နိုင်သလောက်ရှောင်လိုက်ပါ။ စီးပွားရေးကံကတော့ အညံ့နည်းပါတယ်။ အကောင်းကြီးမ ဟုတ်ပေမဲ့ ပုံမှန်လေးတော့လည်ပတ်နိုင်ပါလိမ့်မယ်။ အချစ်ရေးမှာ ထစ်ခနဲရှိဒေါသနဲ့ဖြေရှင်းမိနေပါတယ်။ အရင်က တည်းကသံယော ဇဉ်လက်ကျန်နည်းပါးနေသူများပိုမိုသတိထားလိုက်ပါ။ အိမ်ထောင်ဘက်ကျန်းမာရေးကိုတော့ ဂရုစိုက်ပေးပါ။ ပညာရေးနဲ့ပက်သက်ပြီး အခွင့်အလမ်းကောင်းတွေပေါ်လာတတ်ပါတယ်။ အကျိုးပေးဂဏန်း 3/5/9 အထူးဟော ကံအားနည်းနေမည် ယတြာ ဆပ်ပြာတုံးလေးတွေရဟန်းသံဃာကိုလောင်းလှူလိုက်ပါ။ အင်္ဂါ…

Read More

13.6.2019 မှ 19.6.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်း အလုပ်တွေများနေတာကြောင့်ပဲ အချိန်တွေဘယ်လိုကုန်သွားမှန်းမသိအောင်ဖြစ်ရတတ် ပါတယ်။ အပင်ပန်း ခံမှုတွေကြောင့်လဲ ၀ီရိယအကျိုးတော့ခံစားရပါလိမ့်မယ်။ ဖခင် ဒါမှမဟုတ်မိမိရဲ့အထက်လူကြီး ကျန်းမာရေးညံ့နိုင်တာကိုလဲ တွေ့ရပါတယ်။ အလုပ်နဲ့ပက်သက်ပြီး ဖွဲ့စည်းပုံပြောင်းတာ၊အလုပ်တာဝန်ပြောင်းလဲ လုပ်ကိုင်ရတာမျိုးတွေကြုံရ တတ်ပါတယ်။ အပြောင်းအရွှေ့လုပ်မယ်လို့ သတင်းကြားနေရင်တော့ မိမိနယ်ပြောင်းရ တဲ့အထဲပါတတ်ပါတယ်။ မိမိရဲ့ကျန်းမာရေးကလဲ အဆိုးကြီး မဟုတ်ရင်တောင် တစ်ငွေ့ငွေ့နဲ့ဖြစ်တတ်ပါတယ်။ ဖျား ချင်သလိုဖြစ်လိုက်၊ခေါင်းကိုက်လိုက်၊ နှာစေးလိုက်ဆိုတာမျိုး ပြောင်းလဲဖြစ်နေ တတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး တွေကတော့ စိတ်ကူးသစ်အကြံအစည်သစ်တွေကိုဦးစားမပေးသင့်ပါဘူး။ လူကြီးတွေ၊ဌာနဆိုင် ရာတွေနဲ့ပက်သက် ဆက်နွယ်လုပ်ကိုင်ခြင်းများအခက်အခဲများပါတယ်။ အချစ်ရေးမှာတော့ ချစ်သူကလဲအလုပ်များနေတာကြောင့် နှစ်ယောက်စလုံးအဆက်အသွယ်နည်းပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ နားလည်မှုယူမှအဆင်ပြေပါလိမ့်မယ်။ ပညာရေးနဲ့ပက် သက်ပြီးတော့လဲ စိတ်ရှုပ်နေတာကြောင့် အာရုံမစိုက်နိုင်ဖြစ်ရတတ်ပါတယ်။ အကျိုးပေးဂဏန်း ၃၊၄၊၈ အထူးဟော အလုပ်တွေများနေရတတ်ပါတယ်။ ယတြာ ဒဏ်ကြေလိမ်းဆေးဘုရားကပ်လှူလိုက်ပါ။ တနင်္လာ ဒီကာလအတွင်းမိမိအတွက်ကောင်းသော၊စိတ်ချမ်းသာဖွယ်ဖြစ်သော အခြေအနေကိုကြုံရတတ်ပါတယ်။ ငွေကြေးနဲ့ပက် သက်ပြီးတော့ လဲ အဘက်ဘက်ကငွေဝင်လာစရာရှိပါတယ်။ကားဖြင့်လှည့်လည်ရောင်းသော ထီ ဆိုင်မှထီလက်မှတ်ကိုရွေးချယ်လိုက်ပါ။ မိမိသင်ချင် တဲ့ပညာများကိုလဲ သင်ကြားခွင့်တွေရလာတတ်ပါတယ်။ကျန်း မာရေးကတော့အကောင်းများနေတတ်ပါ တယ်။ကျန်းမာရေးကတော့ အခက်အခဲတွေရှိခဲ့ရင်လဲဖြေရှင်းနိုင်ပါလိမ့် မယ်။ မိမိလုပ်ချင်တဲ့ကုသိုလ်လေးတွေလဲ လုပ်ခွင့်ရလာပါလိမ့်မယ်။ မိမိအတွက်ေ ကာင်းသောအလုပ်တွေကိုလဲ လုပ်ခွင့်ရလာပါလိမ့်မယ်။သားသမီးကြောင့် စိတ်ဆင်းရဲစရာတွေဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ပက် သက်ပြီးလူငယ် တွေ၊အောက်လက်ငယ်သားတွေကိုနေရာပေးလေ့ရှိပါတယ်။ စိတ်ကူးထားသမျှ အကောင်းဆုံးအကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။အချစ်ရေးအဆင်ပြေပါလိမ့်မယ်။ မင်္ဂလာကိစ္စတွေအတွက်ပြောဆိုဆောင်ရွက်လို့အထူးကောင်း တဲ့ကာလပါပဲ။ အိမ်ထောင်ရေးနဲ့ပက်သက်ပြီးတော့လဲ အထူးအဆင်ပြေပါလိမ့်မယ်။ ပညာရေးကတော့ သင်ယူ လွယ်၊တတ်မြောက်လွယ်တဲ့ကာလပါပဲ။ အကျိုးပေးဂဏန်း ၄၊၅၊၂ အထူးဟော ကံမြင့်မားနေမည်။ ယတြာ…

Read More

(၇)ရက်သားသမီးများရဲ့ တစ်ပတ်အတွင်းဗေဒင်ဟောစာတမ်း

တနင်္ဂနွေ ========== ဒီကာလအတွင်း မိမိအတွက်လုပ်ငန်းခွင်အတွင်းဖွဲ့စည်းပုံတွေ၊သီအိုရီတွေပြောင်းလဲသင့်ပါတယ်။ meeting တွေပြုလုပ်ပြီး ပိုမိုတိုး တတ်စေမဲ့လမ်းကြောင်းကို ရှာဖွေပါ။ ဒီကာလဟာ အလုပ်နဲ့ပက်သက်ပြီး လက်ရှိအနေအ ထားထက်ပိုမိုကောင်းတဲ့ရလဒ်ကို ရရှိပါ လိမ့် မယ်။ staff level တောင်မှမိမိအတွက်အခွင့်အလမ်းကောင်းတွေပေါ် လာနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားများ လုပ်ငန်းချဲ့ထွင်နိုင်သလို နား လည်တတ်ကျွမ်းသူတွေကိုမေးမြန်းအကြံယူသင့် တဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးကတော့အထူးကောင်းနေပါလိမ့်မယ်။ မိမိဖြစ်ချင်တာေ တွကိုလဲအားစိုက်လုပ်နိုင်ပါလိမ့် မယ်။အိမ်ဝယ်ချင်သူများ ၊တိုက်ခန်းဝယ်ချင်သူများ ဒီကာလမှာဆောင်ရွက်လို့အထူးကောင်းပါတယ်။ သားသမီး အတွက်ပူပန်ရတာမျိုးတွေငွေသုံးရတာမျိုးတွေကြုံရတတ်ပါတယ်။ လူမှုရေးကိစ္စများ၊သာရေးနာရေးကိစ္စတွေ ကြောင့်လဲ အချိန်ကုန်လူပန်းရတတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့မိမိကိုယ်တိုင်ကချစ်သူအပေါ်စိတ်ကုန် လွယ်ပါလိမ့်မယ်။ အိမ်ထောင်ရေး နဲ့ပက်သက်ပြီးတော့လဲအဆင်ပြေစိတ်ချမ်းသာရမဲ့နေ့ရက်တွေပါပဲ။ စီးပွားရေး နဲ့ပက်သက်သောသင်တန်းများ တက်ရောက်လို့ အထူးေ ကာင်းတဲ့ကာလပါပဲ။ အကျိုးပေးဂဏန်း ၁၊၄၊၅ အထူးဟော လုပ်ငန်းတွေကောင်းစွာစီမံနိုင်ပါလိမ့်မယ်။ ယတြာ ပေါင်မုန့်ထောပတ်သုပ်ဘုရားကပ်လှူလိုက်ပါ။ တနင်္လာ ========== ဒီကာလအတွင်း အလုပ်နဲ့ပက်သက်တဲ့ခရီးတွေသွားနေရတတ်ပါတယ်။ ငွေနောက်လိုက်ရင်တော့ လိုက်လေဝေးလေဖြစ်ရတတ်ပါတယ်။ လောဘတကြီးငွေမရှာလိုက်ပါနဲ့။ အလုပ်နဲ့ပက်သက်ရင်တော့ ၀န်ထမ်းဆို အရာရာရှေ့ထွက်လုပ်ဆောင်ခြင်းမပြုပါနဲ့။ မိမိစလိုက်တဲ့ ကိစ္စတွေကအဆုံးမသတ်ဘဲအခက်အခဲများသွားနိုင်လို့ ပါပဲ။အလုပ်နဲ့ပက်သက်ပြီး ဒီအတိုင်းအနေအထားလေးကိုပဲ တိုးတတ်အောင်လုပ် လိုက်ပါ။ အလုပ်သစ်ဆိုတာမျိုး တော့တတ်နိုင်သလောက်ရှောင်လိုက်စေချင်ပါတယ်။ ကျန်းမာရေးနှင့်ပက်သက်ပြီး အညံ့အဆိုးသိပ်မများ ပါဘူး။ ကျန်းမာရေးကောင်းတဲ့သူများပါလိမ့်မယ်။ လောင်းကစားလုပ်ခြင်းမျိုးအထူးရှောင်ပါ။ ရှိတာလေးကုန်သွားပါလိမ့် မယ်။စိတ်ကူး အယူအဆအသစ်တွေရရှိရင်တောင်မှ ဒီကာလမှာအကောင်အထည်မဖော်လိုက်ပါနဲ့။ စက်ပစ္စည်း အဟောင်းဝယ်တာ၊ တစ်ပတ်ရစ်ဝယ် တာဆိုရင်တော့ သေချာစစ်ဆေးပြီးမှဝယ်ယူပါ။ အချစ်ရေးကံကောင်းပါတယ်။ ဒါပေမဲ့ ချစ်သူနဲ့အနေဝေးနေရတတ်ပါတယ်။ အိမ်ထောင်ေ ရးသာယာအဆင်ပြေပါလိမ့်မယ်။ပညာရေးနဲ့ပက်သက် ရင်တော့ ဆရာသင်ပြတာကိုနားလည်ရခက်ခဲနေတတ်ပါတယ်။…

Read More

25.4.2019 မှ01.5.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်း လုပ်စရာတွေများနေတတ်ပါတယ်။ အိမ်နဲ့ မိသားစုနဲ့ပက်သက်တဲ့အလုပ်တွေရော၊ လုပ် ငန်းခွင်အလုပ်တွေရော အနားယူချိန်နည်းပါးနေတတ်ပါတယ်။ အလုပ်များတော့ အခြားအရေးမပါတာတွေခဏ မေ့ထားပြီး ကြိုးစားကြည့်ပါ။ဒီကာလမှာ ကြိုးစားထားသမျှတွေက မိမိကိုယုံကြည်မှုတိုးစေပါတယ်။ ၀န်ထမ်းဆို အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမယ်ဆိုရင်တော့ အထက်လူကြီးဆီapprove ယူပြီးမှလုပ်စေချင်ပါတယ်။ အိမ် ပြောင်းချင်သူများဒီကာလမှာပြောင်းရရွှေ့ရတတ်ပါတယ်။ကျန်းမာရေးကတော့ ဒီနေ့မှာအထူးအားနည်းနေတာကို တွေ့ရပါတယ်။ အပူဒဏ်မခံနိုင်တဲ့သူတွေကတော့ ဒီနေ့မှာခေါင်းမူးခေါင်းကိုက်ဖြစ်ရတတ်ပါတယ်။ ဦးနှောက်နဲ့ ပက်သက်သောရောဂါတွေကိုသတိထားလိုက်ပါ။အထက်လူကြီးများက လုပ်ငန်းဆောင်တာတွေကို မိမိတို့ကိုလွှဲ ပေးတာမျိုးတွေကြုံရတတ်ပါတယ်။ ဒါကြောင့်အလုပ်မှာတာဝန်ယူမှုတွေများနေတတ်ပါတယ်။ အချစ်ရေးကတော့ စီးပွားရေးတွေနဲ့ပက်သက်ပြီး ချစ်သူနဲ့တိုင်ပင်ဆွေးနွေးနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးနဲ့ပက်သက်ပြီးတော့လဲ အထူးစိတ်ညစ်ရတတ်ပါတယ်။ ပညာရေးကတော့အကောင်းများတယ်။ ကြိုးစားစေချင်ပါတယ်။ အကျိုးပေးဂဏန်း1/6/0 အထူးဟော တာဝန်ယူရတာတွေများနေမည်။ ယတြာ သပြေပန်းဘုရားကပ်လှူလိုက်ပါ။ တနင်္လာ ဒီကာလအတွင်း စိတ်လက်ပေါ့ပါးကြည်လင်နေတတ်ပါတယ်။ ဒါကြောင့်ဒီလိုကာလမျိုးဟာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ပါလိမ့်မယ်။ အရေးကြီးတဲ့ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ဆရာသမားတွေဆီက အကြံ ဥာဏ်တောင်းခြင်းများအထူးကောင်းပါတယ်။ လူငယ်တွေကိုတွဲခေါ်ပြီးတော့ နေရာပေးသင့်တဲ့ကာလပါပဲ။ စိတ်ကူး ထားတာလေးတွေက မိမိအတွက်အသုံးတည့်မဲ့စိတ်ကူးကောင်းလေးတွေဖြစ်နေတတ်ပါတယ်။ ငွေချေးခြင်း၊ ကြွေးယူခြင်း၊ကြွေးတောင်းခြင်းများလဲအထူးဆောင်ရွက်လို့ကောင်းပါတယ်။ အချစ်ရေးနဲ့ပက်သက်ပြီး အဆင်မပြေ တာတွေရှိခဲ့ရင်တော့ပြေလည်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ကြားစကားတွေကြောင့်အမြင်မကြည်တာတွေ ကို ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ချုပ်တည်းထားတာတွေ မျိုသိပ်ထားတဲ့ကိစ္စတွေရှိရင်တော့ ဒီနေ့မှာဖွင့်ထုတ်သင့် တဲ့နေ့မျိုးပါပဲ။ ခေတ်ပေါ်လုပ်ငန်းများ အထူးအဆင်ပြေပါတယ်။ အပေါင်ဆိုင်လုပ်ငန်းများ၊ ငွေကြေးချေးငှားတဲ့ ဘဏ်လုပ်ငန်းများ တိုးတတ်မှုတွေများပါလိမ့်မယ်။ လူအများက မိမိကိုယုံကြည်လာအောင်စွမ်းဆောင်နိုင်မဲ့ ကာလ ပါပဲ။ အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ နေကောင်းကျန်းမာနေပါလိမ့်မယ်။ ပညာရေးမှာတော့ ဆရာသင်သမျှ နားထဲစွဲနေမှာပါ။ အကျိုးပေးဂဏန်း 1/2/7 အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။ ယတြာ ကြက်ဥကြော်ပြီး ရဟန်းတွေကိုလောင်းလှူပါ။ အင်္ဂါ…

Read More

28.3.2019 မှ 3.4.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်း ကောင်းမွန်ပြည့်ဝသော မိတ်ဆွေကောင်းတွေအနားမှာမရှိသလောက်ပါပဲ။ မိမိကိုဒုက္ခပေး မဲ့မိတ်ဆွေတွေရှိနေတတ်ပါတယ်။ ဒါလေးကိုတော့သတိထားပါ။ မိသားစုနဲ့ခွဲခွာပြီး ခရီးထွက်ရတာမျိုးတွေလဲ တွေ့ ရကြုံရတတ်ပါတယ်။ အလုပ်နဲ့ပက်သက်ရင်တော့ ပုံမှန်ပါပဲ။ ဆုတ်ယုတ်သွားတာမျိုးလဲ မရှိသလို တိုးပြီးလဲ ကံကောင်းနေတာမျိုးမတွေ့ရပါဘူး။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ စီစစ်သုံးစွဲဖို့မှာချင်ပါတယ်။ စုမဲစုတာမျိုးတွေ၊ လက်လွတ်စပယ် ငွေချေးလိုက်တာမျိုးတွေရှောင်ပါ။ ကျန်းမာရေးကတော့ မိမိကိုယ်တိုင်လဲ သတိထားသင့်သလို ငယ်ရွယ်တဲ့သားသမီးတွေရှိရင်လဲ ထိုကလေးတွေကို ဂရုစိုက်ပါ။ အလုပ်နဲ့ပက်သက်ပြီး စပ်တူလုပ်ချင်တာတွေရှိ ရင်တော့ ဒီကာလမှာ အမှားမခံပါဘူး။ နားလည်မှုတွေယူမှပဲရပါလိမ့်မယ်။ စပ်တူလုပ်ငန်းတွေလုပ်ထားရင်လဲ အသေးအမွှားကိစ္စပဲဖြစ်ပါစေ …ရှယ်ယာဝင်တွေနဲ့တိုင်ပင်ပြီးမှလုပ်စေချင်ပါတယ်။ လူငယ်တွေအတွက် အချစ်ရေး ကိစ္စတွေမှာတော့ ”အဆင်မပြေပါဘူးဗျာ” ဆိုတဲ့ညည်းညူးသံတွေကြားရမဲ့ကာလပါပဲ။ အိမ်ထောင်ရေးမှာတော့ သားသမီးတွေနဲ့ပက်သက်ပြီးတော့ မိဘချင်းစကားများရတတ်ပါတယ်။ ပညာရေးထင်သလောက်ထွန်းပေါက်မှာ မဟုတ်ပါဘူး။ အကျိုးပေးဂဏန်း 1/9/3 အထူးဟော အလုပ်တွေထဲစိတ်နှစ်ထားပါ။ ယတြာ ဒီအပတ်အတွင်း ကြက်ဥလေးကြော်ပြီးတော့ ရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။ တနင်္လာ ဒီကာလအတွင်း စိတ်မောရတတ်ပါတယ်။ ဒါကြောင့်ပဲ မိမိက နှလုံးသွင်းမှန်ဖို့လိုပါတယ်။ စိတ်ညစ်ရမဲ့ အတွေးတွေကိုခေါင်းထဲထုတ်ပစ်လိုက်ပါ။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ မလိုအပ်တာတွေဝယ်လို့ ငွေကုန်ရ တတ်ပါတယ်။ လိုချင်တာနဲ့လိုအပ်တာကို ခွဲခြားသိဖို့လိုပါတယ်။ ဒီကာလအတွင်း မိမိရဲ့ စိတ်ကူးအကြံဥာဏ်တွေ ကကောင်းပေးမဲ့ အဖျက်စကားပြောမဲ့သူတွေရှိပါတယ်။ အထက်လူကြီးတွေက မိမိအပေါ်အမြင်မကြည်တာလေး တွေရှိနေတတ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းများ အလုပ်နဲ့ပက်သက်ပြီး Marketing သဘောတွေကိုအခြေခံပြီး လုပ်ငန်း အရှိန်အဟုန်ကိုတိုးမြှင့်သင့်တဲ့ကာလပါပဲ။ လူငယ်တွေဆို မိဘတွေခိုင်းတာကတစ်ခု၊ မိမိလုပ်ချင်တာက တစ်ခုနဲ့ အတိုက်အခံဖြစ်နေရတတ်ပါတယ်။ ကျန်းမာရေးကတော့ အရက်သေစာသောက်စားခြင်းမျိုးနဲ့အပျော်အပါး လိုက်စားခြင်းမျိုးတွေကို…

Read More