မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းကာ ပထမဦးဆုံးအကြိမ်ရုပ်ရှင် ရိုက်ကူးသွားမည်

မြန်မာ – တရုတ်နှစ်နိုင်ငံပူးပေါင်းပြီး ပထမဦးဆုံးအကြိမ်ဖြင့် ပုဂံရတနာသိုက် ရုပ်ရှင် ဇာတ်လမ်းကို ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဇာတ်လမ်းတွဲမှာ သရုပ်ဆောင်နိုင်းနိုင်း ၊ အကယ်ဒမီဝတ်မှုံရွှေရည် နဲ့တရုတ်နိုင်ငံမှ အနုပညာ ရှင်များစွာ ပါဝင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်လမ်းကို မြန်မာ-တရုတ် သံတမာန်ဆက်ဆံမှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ရိုက်ကူးပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ #Pissaya_Entertaunment

Read More

မွေးနေ့အကြိုပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်ဧငြိမ်းဖြူ

 ရေဒီယိုဇာတ်လမ်းတွဲကနေ ပရိသတ်အသိများလာတဲ့ သရုပ်ဆောင်ဧငြိမ်းဖြူဟာဆိုရင်တော့ မနက်ဖြန် မေလ(၂၄) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့အကြိုကို တွံ့တေးမြို့မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူမကိုမွေးထုတ်ပေးခဲ့တဲ့ မိဘများကိုလည်း ငွေကျပ် (၁၀)သိန်းဖြင့် ကန်တော့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါမွေးနေ့အကြို အလှူကိုတော့ ချစ်ရတဲ့သူတွေနဲ့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ကြောင်းလည်းသူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာဖော်ပြထားကြောင်းသိရပါတယ်။ #Pissaya_News Photo;ANP’s FB

Read More

ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်ဦးဖိုးဖြူဖွင့်ထားတဲ့ ပရဟိဆေးခန်းမှာ ဘီပိုး ၊ စီပိုးအခမဲ့ကုသနိုင်

 ရုပ်ရှင် ၊ ဗွီဒီယိုသရုပ်ဆောင် ဦးဖိုးဖြူ ဆန္ဒသုခပရဟိတဆေးခန်းမှာအသည်းရောင်အသားဝါ ဘီပိုး ၊ စီပိုးကို အခမဲ့ကုသနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါရောဂါခံစားနေရတဲ့သူတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောဂါကုသမှုကို အခမဲ့စမ်းသပ် ပေးသွားမှာဖြစ်ပြီး ဝယ်ယူတဲ့ဆေးဖိုးသာကုန်ကျမှာဖြစ်ကြောင်းလည်းသိရပါတယ်။ ကုသရန်စုံစမ်းချင်သူများအနေနဲ့ ဒေါက်တာဇာနည်ဇင် အမည်နဲ့ Facebook Page စာမျက်နှာမှာ ဆေးခန်းဖွင့်လှစ်ချိန်နဲ့နေ့ရက်များကို အသေးစိတ်စုံစမ်းနိုင်သလို ဖုန်းနံပါတ် ၀၉-၅၁၈၃၉၁၇ ကို လည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။ အဆိုပါဆန္ဒသုခပရဟိတဆေးခန်းမှာ အသည်းရောင်အသည်းဝါဘီပိုး ၊ စီပိုးကို အဓိကထားကုသပေး နေတာဖြစ်ကြောင်းလည်းသိရပါတယ်။ #Pissaya_News photo;UPP’s FB

Read More

‘လကွယ်ဗုဒ္ဓဟူး’ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံအနုပညာရှင်များနဲ့ပူးပေါင်းရိုက်ကူးသွားမည်

 မကြာမှီရိုက်ကူးသွားမယ့် ‘လကွယ်ဗုဒ္ဓဟူး’ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံမှ အနုပညာရှင် ၊ အတတ်ရှင် များနဲ့ ပူးပေါင်းရိုက်ကူးသွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ သည်းထိပ်ရင်ဖိုဇာတ်လမ်းအဖြစ်ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး အကယ် ဒမီပြေတီဦး ၊ အကယ်ဒမီမို့မို့မြင့်အောင် ၊ သံသာမိုးထက် တို့နဲ့ ထိုင်းနိုင်ငံအနုပညာရှင်များ ကပါ ပူးပေါင်းပါဝင်ရိုက်ကူးသွားမှာဖြစ်ကြောင်းသိရပါတယ်။ ‘လကွယ်ဗုဒ္ဓဟူး’ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းဒေဝတာ ၊ ဇာတ်ညွှန်းလွင်မင်းအံ့နဲ့ ဒါရိုက်တာ သြရ သတို့က ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Read More

စိုင်းစိုင်းခမ်းလှိုင် Birthday Show ကို ပြန်လည်ထုတ်လွှင့်ပေးသွားမည်

ဒီကနေ့ ညနေ(၆)နာရီ သုဝဏ္ဏဘူမိမှာကျင်းပပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင် Birthday Show ကို တီဗွီရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel K မှာ ပြန်လည်ထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါပွဲကို မကြည့်ရှုလိုက်ရတဲ့ ပရိတ်သတ်များအတွက် Media Partner အဖြစ် ပါဝင်ရိုက်ကူးခွင့် ရတဲ့ Channel K မှာ ပြန်လည်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ ပြန်လည်ထုတ်လွှင့်မယ့် စိုင်းစိုင်းခမ်းလှိုင် Birthday Show ရဲ့အချိန်နဲ့နေ့ရက်ကို ပြန်လည်ကြော်ငြာ ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ #Pissaya_News Photo;SSKH’s FB

Read More

Summer Angel သင်္ကြန်မဏ္ဍပ်မှာ ရောခ့်အဆိုတော်များဖျော်ဖြေသွားမည်

Summer Angel သင်္ကြန်မဏ္ဍပ်မှာ ရော့ခ်အဆိုတော်များကဖျော်ဖြေသွားမှာဖြစ်ပြီး မင်းဓမ္မလမ်း MCC ရှေ့မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်သိရပါတယ်။   အဆိုပါသင်္ကြန်မဏ္ဍပ်မှာ ဇော်ဝင်းထွဍ် ၊ လင်းလင်း ၊ဖော်ကာ  ၊ ရေမွန်(Idiot) ၊ Eternal Gosh ၊ သီရိ ဂျေမောင်မောင် ၊ သျှီ နဲ့အခြားအဆိုတော်များစွာဖျော်ဖြေသွားမှာဖြစ်ကြောင်း သိရပါတယ်။   Summer Angel သင်္ကြန်မဏ္ဍပ်မှာ သင်္ကြန်အကြိုနေ့မှ အတတ်နေ့ထိမနက်ပိုင်းအချိန်များမှာ ရော့ခ် အဆိုတော်များကဖျော်ဖြေသွားမှာဖြစ်ကြောင်းသိရပါတယ်။ #Pissaya_News Photo;Crd

Read More

မကြာဥဇာတ်ရုပ်နဲ့ အကယ်ဒမီလွဲချော်ခဲ့တဲ့ အေးဝတ်ရည်သောင်းအတွက် အမှတ်တရပွဲပြုလုပ်ပေး

မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးမှာ မကြာဥဇာတ်ရုပ်နဲ့ အကယ်ဒမီလွဲချော်ခဲ့တဲ့ အေးဝတ်ရည်သောင်းအ တွက် အမှတ်တရပွဲလေးကို အသစ်အိမ် Beauty & Nail Art’မှသူငယ်ချင်းများနဲ့ သူမရဲ့ fan တွေ က ပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါအမှတ်တရပွဲလေးမှာ ပရိတ်သတ်ရင်ထဲက ဆုလက်ဆောင်များကို ရရှိလိုက်တဲ့အတွက် ပရိတ်သတ်အချစ်တွေပိုပြီးရရှိခဲ့တဲ့အတွက်ပိုပျော်ပါတယ်လို့ အေးဝတ်ရည်သောင်းကပြောကြားခဲ့ပါ တယ်။ ၂၀၁၈မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲမှာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးနဲ့ပရိတ်သတ်များက မျှော်မှန်းထားသော်လည်း အကယ်ဒမီဆုနဲ့လွဲချော်ခဲ့ရတဲ့အေးဝတ်ရည်သောင်းအတွက် အဆိုပါအ မှတ်တရပွဲလေးကိုပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

Read More

ရုပ်ရှင်မင်းသားသရုပ်ဆောင် ဦးကျော်သူ Star Awards ဆုပေးပွဲမတက်ဖြစ်ခဲ့တာကြောင့် ခွင့်လွှတ်တောင်းပန်

 တစ်ခေတ်တစ်ခါက ရုပ်ရှင်မင်းသားသရုပ်ဆောင်ကျော်သူ (သို့မဟုတ်) ပရဟိတပဲ့ ကိုင်ရှင် တစ်ဦး ဖြစ်တဲ့ ဦးကျော်သူဟာ အောင်ပန်းနဲ့မန္တလေးမြို့ကိုရောက်ရှိနေပြီး ဧပြီလ (၅)ရက်နေ့က ကျင်းပခဲ့တဲ့ Star Awards ဆုပေးပွဲကို မတက်ဖြစ်ခဲ့တာကြောင့် နားလည်ပေးပါရန်ခွင့်လွှတ်တောင်းပန်တဲ့ စာသား လေးကို ဦးကျော်သူ ရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားကြောင်းသိရပါတယ်။ အဆိုပါပုဂံမြို့သူ ဇာတ်လမ်းကို ကြည့်ရှုအားပေးခဲ့ကြတဲ့ မိဘပြည်သူပရိတ်သတ်များ ၊ ဆုရွေးချယ်ပေး ခဲ့တဲ့ လူကြီးမင်းများနဲ့တကွ ကျေးဇူတင်ထိုက်သောသူများကို နှလုံးသားမှ ကျေးဇူးတင်ရှိပါကြောင်း ကို ၄င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဦးကျော်သူဟာဆိုလို့ရှိရင် MRTV-4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ပုဂံမြို့သူဇာတ်လမ်းတွဲမှာ Best TV Series Director ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ #Pissaya_News Photo;UKyawThu’s FB

Read More

 The Faces of Rock | Street Exhibition ပြပွဲ Free Show ကျင်းပသွား မည်

မြန်မာနိုင်ငံက ရော့ခ်ဂီတကို မြတ်နိုးတန်ဖိုးထားတဲ့ အသိုက် အဝန်းအတွက် ပြပွဲ အဖွင့်အဖြစ် The Faces of Rock | Street Exhibition ပွဲကို ၃၁ လမ်း နဲ့၃၂လမ်းကြား နောက်ဖေးလမ်းမှာ ပထမဆုံးအကြိမ် ဖြင့် Free Show ဆင်နွှဲကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။ The Faces of Rock | Street Exhibition ပွဲကို ဧပြီလ (၆)ရက်နေ့မှ မေလ(၁၉) ရက်နေ့ထိ ညနေ(၄)နာရီမှ (၈)နာရီခွဲထိ ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါပွဲမှာ ရော့ခ်ဂီတအသိုင်းအဝန်းကို အမိုက်စားဖန်တီးပေနေတဲ့ ဂီတအနုပညာရှင်တွေထဲမှ (၁၃)ဦးပါဝင် ကာ ကူညီသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါပွဲကို လူဦးရေ(၁၅၀)ထိသာ သတ်မှတ်ထားတာဖြစ်ပြီး ဦးရာလူစနစ်နဲ့ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ #Pissaya_Entertainment

Read More

ဇာတိမြေမှာအလှူပြုလုပ်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်နေတိုးမိသားစု

ရုပ်ရှင်သရုပ်ဆောင်နေတိုးကတော့ မပြန်တာကြာပြီဖြစ်တဲ့ မွေးရက်ဇာတိမြေမှာ မိသားစုနဲ့အတူ ဒီကနေ့အလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သံကျောက်တောင် မဟာဇေယျသိဒ္ဓိ မဟာမုနိရှင်တော်မြတ်ဘုရား ၊ သုခ ချမ်းသာ ကမ္ဘာလုံး ဘုရားရှင်ဥပဂုတ္တရှင်သီဝလိဘုရားဖူးနားနေဆောင်(၂)ဘုရားအနေကဇာတင် နဲ့ ရှင်ပြု အလှူတော် မင်္ဂလာမှာ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဒါကြောင့်ရုပ်ရှင်သရုပ်ဆောင်နေတိုးမိသားစုရဲ့လှူဒါန်းမှု မြင်ကွင်းပုံရိပ်တွေကို Pissaya News ပရိတ်သတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ #Pissaya_Entertainment

Read More