အခုတစ်လော နာမည်ကြီးနေတဲ့ 365 days ထဲ မင်းသား Michele Morrone

365 days ဇာတ်ကားကတော့ လတ်တလောမှာ Netflix ရဲ့ နာမည်ကြီးနေတဲ့ ဇာတ်ကားလေးတစ်ကားပါ။ IMDb Rating တွေနည်းခဲ့ပေမယ်လို့ ကြည့်ရှုနှုန်းများတဲ့ ဇာတ်ကားဆိုလဲ မမှားပါဘူး။ အဲ့ဒီဇာတ်ကားထဲက မင်းသား Michele Morrone ကတော့ ပျိုမေတွေရဲ့ အသဲတစ်ခြမ်းဖြစ်ခဲ့ပါတယ်။ Italian Actor တစ်ဦးဖြစ်တဲ့အပြင် အဆိုတော်လည်း ဖြစ်ပါသတဲ့။ အရပ်ကတော့ ၆ ပေ ၂ လက်မဆိုတော့ အရပ်ပုပုကောင်မလေးတွေအတွက် ရင်ခွင်မှီအရပ်ပေါ့နော်။ ၂၀၁၄ ခုနှစ်တုန်းက Rouba Saadeh ဆိုတဲ့ designer နဲ့ လက်ထပ်ခဲ့ပြီး သားနှစ်ယောက်ရခဲ့ပါတယ်။ ဒါပေမဲ့လို့ ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ အခုတော့ လူလွတ်တစ်ယောက်ပေါ့နော်။ ကဲ ပရိသတ်ကြီးကော Are you lost, baby girl? ဆိုတဲ့ စကားလေးနဲ့ 365 days ဇာတ်ကားမှာ ဒီမင်းသားကို ကြွေခဲ့တယ်ဟုတ်? By AsunaSein

Read More

Happy Birthday ပါ မင်းသမီးလေး Kim Go Eun ရေ

The King: The Eternal Monarch ရဲ့ မင်းသမီးလေးဖြစ်တဲ့ Kim Go Eun ကတော့ ယနေ့ ဇူလိုင်လ ၂ ရက်နေ့ဟာ သူရဲ့ ၂၉ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သူမဟာဆိုရင် ၁၉၉၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့လေးမှာ မွေးဖွားခဲ့တာပါ။ Kim Go Eun ရဲ့ နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ Cheese in the Trap, Guardian: The Lonely and Great God, and The King: Eternal Monarch မှာ ဇာတ်ဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ကောင်းချက်ကတော့ တစ်ရက်တစ်ခြားကို ဖန်တွေတိုးလာတာကို ကြည့်ရုံနဲ့သိနိုင်တယ်။ ဒါ့အပြင် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သတ်တဲ့ ဆုတွေများစွာလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ By AsunaSein

Read More

Google မှာ ရှာဖွေမှုအများဆုံးခံရတဲ့ Kpop Idol ဖြစ်လာတဲ့ Jung kook

BTS အဖွဲ့ဝင် Jung Kook ကတော့ ၂၀၂၀ ခုနှစ် နှစ်ဝက်မှာပဲ Google မှာ ရှာဖွေမှုအများဆုံးခံရတဲ့ Kpop Idol စာရင်းမှာ ထိပ်ဆုံးကနေ ဖြစ်လာပါတယ်။ ဒါကို ကြည့်တာနဲ့ သူ့ကို ချစ်တဲ့ ဖန်တွေ တစ်နေ့တစ်ခြားတိုးပွားတာကို သိနိုင်ပါတယ်။ Jungkook ဟာ YouTube မှာလည်း ရှာဖွေမှုအများဆုံး K-pop Idol တစ်ဦးဖြစ်ခဲ့ပြီး၊ TikTok မှာပါ 10 billion views ကိုရရှိခဲ့ပါတယ်။ ‘still with you’, ‘still with you jungkook’, ‘still with you lyrics’ စတဲ့စာသားတွေကတော့ Google search တော်တော်များများမှာနေရာယူထားတာပါ။ ပရိသတ်တွေချစ်ပြီးရင်းချစ်အောင်ပြုမူတတ်တဲ့ Jung Kook ရဲ့ Google မှာ ရှာဖွေမှု အများဆုံးခံရတဲ့ အကြောင်းကိုတော့ မီဒီယာတော်တော်များများမှာ ဖော်ပြထားတာကို တွေ့မြင်ရမှာပါ။ By AsunaSein

Read More

BLACKPINK ရဲ့ အောင်မြင်မှုကြီးကတော့ နောက်စရာမဟုတ်ပါနော်

BLACKPINK’s comeback ရဲ့ Teaser က ထွက်ရှိပြီး သုံးရက်အကြာမှာပဲ viewer 13 million ကျော်သွားတာပါ။ 14 စက္ကန့်သာရှိတဲ့ Teaser Video ဟာ ထွက်ရှိပြီး သုံးရက်ကြာသည်အထိ Indonesia ရဲ့ Youtube’s trending videos list မှာထိပ်ဆုံးကနေရပ်တည်နေခဲ့ပါတယ်။ နိုင်ငံအသီးသီးမှာလည်း trending အဖြစ်ဆုံး video တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် BLACKPINK အဖွဲ့ဟာ Indonesia ရဲ့ Youtube’s trending videos list မှာ နံပါတ်တစ်နေရာကို အချိန်အကြာဆုံးရယူထားနိုင်ခဲ့တဲ့ K-pop group တစ်ခုအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ BLACKPINK ရဲ့ အောင်မြင်မှုကြီးကတော့ အံ့မခန်းပါပဲနော်။ တကယ့် MV အစစ်သာ ထွက်ရှိလာရင် ဘယ်လိုတောင် perfect ဖြစ်နေလိုက်မလဲ ရင်ခုန်လိုက်တာ…… By AsunaSein Source: Allkpop

Read More

Jisoo လေးရယ် လှလိုက်တာကွယ်

Blackpink အဖွဲ့ဝင် Jisoo ကတော့ တောင်ကိုရီးယား beauty magazine တစ်ခုဖြစ်တဲ့ ‘ELLE Korea’ မှာ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ဒီအလှပုံရိပ်တွေဟာ Jisoo ရဲ့အလှကိုလည်း ပေါ်လွင်စွာ မြင်တွေ့ရပြီးတော့ သဘာဝမျက်နှာအလှပေါ်မှာ မိတ်ကပ်ကို လိုက်ဖက်စွာချယ်သထားပြီး ဆံပင်ပုံစံကိုလည်း ထူးထူးခြားခြားကြီးပြင်‌ဆင်ထားခြင်းမျိုးမရှိဘဲ ရိုးရိုးလေးနဲ့လှနေခဲ့ပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ Come Back နီးလာတဲ့အတွက် ရင်ခုန်နေတဲ့အချိန် Jisoo လေးကို ဒီလိုတွေ့မြင်လိုက်ရတဲ့အတွက် အပျော်ကြီးပျော်နေကြပါတယ်။ ဒါ့အပြင် ပရိသတ်တွေဟာ July လမှာပြုလုပ်မယ့် ‘ELLE Korea’ magazine နဲ့ Jisoo တို့ရဲ့ interview အစီအစဉ်နဲ့ ထပ်မံထွက်ရှိလာမယ့် Jisoo ရဲ့အလှပုံရိပ်တွေကိုလ်ညး မျှော်လင့်‌နေကြပါတယ်။ By AsunaSein Source: Allkpop

Read More

အရာအားလုံးကို ပေါ့ပေါ့ပါးပါးနဲ့ဖော်ပြတတ်တဲ့ မင်းသားတစ်ယောက် ဖြစ်ချင်တယ်ဆိုတဲ့ ဆောင်ဂျွန်ကီ

မင်းသား ဆောင်ဂျွန်ကီဟာ ၂၀၁၉ ခုနှစ် Arthdal Chronicles ရဲ့ Season-1 ပရိုမိုးရှင်းပွဲပြီးကတည်းက အနုပညာလှုပ်ရှားမှုတွေ မလုပ်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေလောက်က Dating လုပ်နေတယ်ဆိုတဲ့ သတင်းမှားတွေ ထွက်ပေါ်လာခဲ့လို့ သူ့ရဲ့ အေဂျင်စီက ဖြေရှင်းခဲ့ရပါသေးတယ်။ အခုလို ကပ်ရောဂါကြောင့် ဆောင်ဂျွန်ကီဟာ အနုပညာအလုပ်တွေကို ရပ်ဆိုင်းထားတာပါ။ လက်ရှိမှာ သူ့ရဲ့ အားလပ်ချိန်နဲ့ပတ်သတ်ပြီး “ကျွန်တော် အခုအချိန်မှာ သာမန်နေ့စဉ်ဘဝလေးကို ပထမဆုံးအကြိမ်ဖြတ်သန်းနေပါတယ်။ စာအုပ်တွေဖတ်တယ်။ ဇာတ်ကားတွေကြည့်တယ်။ ပြီးတော့ ပန်းကန်အပုံလိုက်ကြီးကိုလည်း ဆေးကြောပါတယ်။ အဲ့လို နေ့စဉ်လှုပ်ရှားမှုတွေက အတူတူပဲဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အရာအားလုံးကို ပေါ့ပေါ့ပါးပါးနဲ့ဖော်ပြတတ်တဲ့ မင်းသားတစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားနေပြီးတော့ အလုပ်နဲ့ဘဝညီမျှဖို့ နည်းလမ်းကိုလည်း ရှာဖွေနေပါတယ်လို့ သိရပါတယ်။ By AsunaSein Source: Allkpop

Read More

8× PLATINUM certified နှင့်အထက် သီချင်းသုံးပုဒ်ရရှိထားတဲ့ FIRST and ONLY female Rapper ဖြစ်လာတဲ့ Cardi B

ကဲ အချေစိန်မလေး Cardi B ပါဝင်သီဆိုထားတဲ့ “Girls Like You” သီချင်းဟာ US မှာ 8 million units ရောင်းချရပြီး ဖြစ်တာကြောင့် 8× PLATINUM certified ရသွားပြီပဲဖြစ်ပါတယ်။ “Bodak Yellow” – 9× PLATINUM “I Like It” – 8× PLATINUM နဲ့ “Girls Like You” – 8× PLATINUM တို့ကို့ ရရှိထားတာကြောင့် Cardi B ဟာ 8× PLATINUM certified နှင့်အထက် သီချင်းသုံးပုဒ်ရရှိထားတဲ့ FIRST and ONLY female Rapper ဖြစ်လို့လာပါပြီ။ ဒါကြောင့် အက်မင်အချစ်တော်ကြီး Cardi B ရဲ့ ချေမိုးနေမှုတွေကို သူမရဲ့ ကြီးမားတဲ့အောင်မြင်မှုတွေနဲ့အတူ ဆက်လက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။ By AsunaSein Source: CardiBMyanmar

Read More

အိုးမိုင်ဂေါ့ BLACKPINK ကတော့ လုပ်လိုက်ရင် တစ်မူထူးခြားတဲ့ ဖန်တီးမှုတွေချည်းပါပဲနော်

တောင်ကိုရီးယားရဲ့ နာမည်ကျော် Kpop အဖွဲ့တစ်ခုဖြစ်တဲ့ BLACKPINK ကနေ ပရိသတ်တွေကို Comeback တိုင်းမှာ အံ့သြမှင်သက်မှုတွေ အလန်းစား ပါဖောမန့်တွေနဲ့ ချပြလာပြီးနောက် အခုတစ်ခါမှာလည်း တစ်ခါမှမကြုံဖူးတဲ့ သီချင်း ဖျော်ဖြေတင်ဆက်မှုတွေကို ချပြဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထူးခြားဆန်းကြယ်တဲ့ အလန်းစားသီချင်းတွေကို ဖန်တီးလာခဲ့တဲ့ BLACKPINK က ” How You Like That ” သီချင်းနဲ့အတူ ကမ္ဘာ့ဂီတဈေးကွက်ကို နောက်ထပ်တစ်ဖန် ပြန်လှုပ်ခတ်ဖို့ ပိုမိုပြီး မျှော်လင့်ထားခြင်းခံရပါတယ်။ ဒီလို comeback ကြီးကို ပရိသတ်ကြီးကော ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတယ်မလား? By AsunaSein source: Allkpop

Read More

Twitter ပေါ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ Park Bom

Park Bom လေးကတော့ ပရိသတ်ကြီးနဲ့ Twitter ပေါ်မှာ အဆက်အသွယ်ပြတ်နေခဲ့တာ ၁ နှစ်ကျော်လောက်ရှိပြီပဲ ဖြစ်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာတော့ Park Bom ဟာသူ့ရဲ့ Official Twitter Account ပေါ်မှာ Tweet တစ်ခုလုပ်ခဲ့ပြီး ပရိသတ်တွေကို Suprise ဖြစ်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် park Bom တစ်ယောက် twitter နဲ့ အဆက်ပြတ်နေတာအတော်ကြာပါပြီ။ ပြီးခဲ့တဲ့နှစ် ၂၀၁၉ မတ်လ မှာထဲက နောက်ဆုံးပိုစ့်ကို တင်ထားခဲ့တာ ဖြစ်လို့ပါ။ ဒါပေမဲ့ ဇွန်လ ၁၉ ရက်နေ့မှာတော့ “နောက်ဆုံးတော့ Twitter ကိုပြန်လည်ရှာတွေ့ခဲ့ပါပြီ” ဆိုတဲ့ Caption လေးနဲ့ Twitter မှာ Tweet လုပ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ Park Bom ပြန်ပေါ်လာတဲ့အတွက် အပျော်ကြီး ပျော်နေကြပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းက Public မှာ Park Bom တစ်ယောက် ပလက်စတစ်ဆာဂျူရီတွေ ပြုလုပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဝေဖန်ခံခဲ့ရပါသေးတယ်။ D Nation ကတော့ Park Bom ရဲ့ Album အသစ်ကို ယခုနှစ် ၂၀၂၀ မှာ ချပြသွားမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ By AsunaSein Source: Allkpop

Read More

RIP ပါ Bob ရေ

RIP ပါ Bob ရေ A Street Cat Named Bob လို့ အမည်ရတဲ့ ကမ္ဘာကျော်စာအုပ်ထဲက ကြောင်လေး Bob ကတော့ ဇွန်လ ၁၅ ရက်နေ့မှာ သေဆုံးသွားခဲ့ပါပြီ။ ကြောင်ကလေး Bob ဟာဆိုရင် သူ့သခင်ဖြစ်သူ စာရေးဆရာ James Bowen နဲ့ လမ်းဘေးတစ်နေရာမှာ စတင်တွေ့ရှိခဲ့တာပါ။ လမ်းဘေးမှာ ဒဏ်ရာတွေနဲ့ စွန့်ပစ်ခံထားရတဲ့ ကြောင်ကလေး Bob ကို ခေါ်ယူမွေးစားရာကနေ သံယောဇဉ်တွယ်လာခဲ့ပါတယ်။ James Bowen အနေနဲ့ ကြောင်ကလေး Bob ကိုကယ်ယူခဲ့သလို ကြောင်ကလေး Bob ကြောင့်ပဲ ဆေးစွဲရာကနေ ဘဝရဲ့လမ်းကြောင်းမှန်ကို ရှာဖွေနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုလို Bob သေဆုံးသွားတဲ့အတွက် Bowen တစ်ယောက် အလွန်စိတ်ထိခိုက်နေပြီးတော့ အလင်းရောင်မဲ့သွားသလို ခံစားနေရတယ်လို့ ဆိုပါတယ်။ Bob သေဆုံးချိန်မှာတော့ အသက် ၁၄ နှစ်ရှိပြီဖြစ်ပြီး သူ့ကိုချစ်ကြတဲ့ နိုင်ငံတကာက ပရိသတ်အတော်အများများက ကြောင်ကလေး Bob သေဆုံးသွားတဲ့အတွက် ဝမ်းနည်းနေကြပါတယ်။ Bob ရဲ့အကြောင်းကို ရေးသားထားတဲ့ Bowen ရဲ့ A street Cat Named Bob ဆိုတဲ့ စာအုပ်ဟာဆိုရင် ၂၀၁၆ ခုနှစ်မှာ ရုပ်ရှင်ရိုက်ကူးရတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ ဒီကားလေးမှာတော့ Bob ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာကို…

Read More