အသည်းကွဲတဲ့ရောဂါတေးသံရှင် လာဇရု ကွယ်လွန်

ဇန်နဝါရီ ၁၉ “အသည်းကွဲတဲ့ရောဂါ” သီချင်းဖြင့် တွဲဖက်ပြီး လူသိများလှတဲ့ တေးရေး၊ တေးဆို လာဇရု (ခ) ကျော်နိုင်သူဟာ ယနေ့မနက် ၄ နာရီ ၅၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ အဆိုတော် လာဇရုဟာ မတော်တဆချော်လဲရာမှ ဦးခေါင်းဒဏ်ရာရရှိတဲ့အတွက် မြောက်ဥက္ကလာပဆေးရုံ၊ ဦးနှောက်နှင့် အာရုံကြောအရေးပေါ်ဌာနမှာ ဆေးကုသမှု ခံယူနေရင်း ယနေ့မနက်ပိုင်းတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ ရန်နော် / Photo Credit:Album Covers

Read More

ဟာသသရုပ်ဆောင် ဧရာ ကိုဗစ်-၁၉ ဖြင့် ကွယ်လွန်

ဒီဇင်ဘာ ၁၉ ရုပ်ရှင်နဲ့ဗီဒီယို ဟာသသရုပ်ဆောင် လူရွှင်တော် ဧရာဟာ ယနေ့မနက် ၃ နာရီ ၃၉ မိနစ်အချိန်က ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ လူရွှင်တော် (ဦး) ဧရာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရင်း ကွယ်လွန်သွားတဲ့ ယင်းသတင်းမှာ အမှန်ဖြစ်ကြောင်း ဟားငါးကောင်အဖွဲ့ဝင် တိုင်းကျော်က 8 days သို့ အတည်ပြုပြောကြားထားတာကိုလည်း တွေ့ရှိရပါတယ်။ သရုပ်ဆောင် ဧရာဟာ နိုဝင်ဘာလကုန်ပိုင်းကတည်းက ကိုဗစ်-၁၉ ပေါ့စတစ် အဖြေတွေ့ရှိတဲ့အတွက် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေခဲ့ရတာ ဖြစ်ပါတယ်။ Photo Credit

Read More

ဗေလုဝ သေဆုံးသည်ဆိုသော သတင်း မဟုတ်မှန်

ဒီဇင်ဘာ ၁၆ ဦးဗေလုဝ ကျန်းမာစွာရှိနေကြောင်း၊ ကျန်းမာရေး ကောင်းမွန်ကြောင်း မိသားစုဝင်များနှင့် ရင်းနှီးသူမှ Live ဗီဒီယိုထုတ်လွှင့်ကာ အတည်ပြုထားတာကို တွေ့ရှိရပါတယ်။ ယင်းဗီဒီယိုမှာတော့ ၎င်းရဲ့ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း ဦးဗေလုဝကိုယ်တိုင် ပြောဆိုထားပါတယ်။ Ref: Khin Cham Myae Thu

Read More

တောအုပ်ထဲက နတ်သမီးလေးလားကွယ် လှလိုက်တာ Jennie ရယ်

အခုတစ်လောမှာ အရမ်းကို နာမည်ကြီးနေတဲ့ BlackPink အဖွဲ့ဝင် Jennie လေးကတော့ အင်စတာဂရမ်မှာ ပုံတင်ခဲ့ပါတယ်။ ဒီပုံလေးမှာတော့ Jennie တစ်ယောက် တောအုပ်ထဲမယ် ပျော်ပွဲစားထွက်လာသလိုပါပဲ။ ဂါဝန်အရှည်ကြီးကြီးနဲ့ အိတ်ကြီးကြီးတစ်လုံးကို ကိုင်ဆောင်ထားပြီး ချစ်စဖွယ် ပိုစ့်လေးတွေ အမျိုးမျိုးပေးထားတာပါ။ Jennie လေးကို ချစ်တယ်ဆိုရင် အသဲလေးတွေ ပေးသွားပါဦးနော် By AsunaSein

Read More

ဇနီးဟောင်းကို နှိပ်စက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်တဲ့ ဂျွန်နီဒပ်

ပင်လယ်ဓားပြ ဂျက်စပဲရိုးဇာတ်ရုပ်နဲ့ လူသိများထင်ရှားတဲ့ ဂျွန်နီဒပ် တစ်ယောက် ဇနီးဟောင်းကို နှိပ်စက်ခဲ့တဲ့ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ The Sun သတင်းစာမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဇနီးဟောင်းကို နှိပ်စက်တယ်လို့ ရေးသားဖော်ပြတဲ့ The Sun သတင်းစာ ထုတ်ဝေသူနဲ့ အက်ဒီတာချုပ် ဒန်းဝူဒန်ကို ဂျွန်နီဒပ်က အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတာပါ။ ဒီကိစ္စနဲ့ပတ်သတ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှာ သရုပ်ဆောင် ဂျွန်နီဒပ်နဲ့ ဇနီးဟောင်း သရုပ်ဆောင် အမ်ဘာဟာ့ဒ်တို့ လန်ဒန်မြို့မှာရှိတဲ့ တရားရုံးကို လာရောက်ခဲ့ကြပါတယ်။ တရားခွင်မှာတော့ အမ်ဘာက သူတို့နှစ်ယောက် တွဲနေစဉ်ကာလမှာ ဂျွန်နီဒပ်က သူ့အပေါ် ရုပ်ပိုင်းနှိပ်စက်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး ဂျွန်နီဒပ်ကတော့ အဲဒီစွပ်စွဲချက်တွေဟာ အလိမ်အညာ သက်သက်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သရုပ်ဆောင် ဂျွန်နီဒပ်နဲ့ အမ်ဘာတို့ဟာ ၂၀၁၅ ဖေဖော်ဝါရီလက လက်ထပ်ခဲ့ပေမယ့် ၁၅ လအကြာမှာတော့ အမ်ဘာက တရားဝင် ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။ By AsunaSein Source: BBC

Read More

2020 MTV music awards ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ ၃၀ ရက်တွင် ကျင်းပပြုလုပ်မှာဖြစ်

ယခုနှစ် 2020 MTV music awards ဆုပေးပွဲအခမ်းအနားကိုတော့ နယူးယောက်စီးတီးမှာရှိတဲ့ ဘာကလေစင်တာမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ၎င်းဆုပေးပွဲကိုတော့ ဩဂုတ်လ ၃၀ ရက် တနင်္ဂနွေနေ့မှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ ဒီဆုပေးပွဲဟာဆိုရင် ကိုရိုနာဗိုင်းရပ်စ်အပြီး ပထမဆုံးကျင်းပပြုလုပ်တဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်တယ်လို့ နယူယောက်အုပ်ချုပ်ရေးမှူး အန်ဒရူးကူအိုမိုက ပြောကြားခဲ့ပါတယ်။ ပွဲကျင်းပရေး ဆောင်ရွက်မှု အဆင့်ဆင့်မှာလည်း လူတိုင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင် ရွက်သွားမှာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက သတင်းစာရှင်းလင်းပွဲ တစ်ရပ်မှာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ်က ဆုပေးပွဲမှာတော့ အဆိုတော် တေလာဆွစ်ဖ် က ဆုသုံးဆုရရှိခဲ့ပြီး You Need To Calm Down Music Video နဲ့ တစ်နှစ်တာအကောင်းဆုံးဆုရရှိခဲ့ပါတယ်။ ဒီနှစ်မှာ ဘယ်အနုပညာရှင် အဆိုတော်တွေက ဆုတွေကို သိမ်းပိုက်မလဲဆိုတာတော့ ရင်ခုန်စရာပါ။ By AsunaSein Source: DailyMail

Read More

ကမ္ဘာကျော် မော်ဒယ်များနှင့်အတူ ပါဝင်တင်ဆက်ခဲ့တဲ့ ဂျက်ဆန်

တောင်ကိုရီးယား Kpop အဖွဲ့ GOT 7 မှ အဖွဲ့ဝင် ဂျက်ဆန်ကတော့ ပြင်သစ်နာမည် ကြီး ဇိမ်ခံပစ္စည်းများနှင့် လက်ဝတ်ရတနာလုပ်ငန်းစုကြီး Cartier ရဲ့ လှုပ်ရှားမှုမှာ ကမ္ဘာကျော် မော်ဒယ်များနှင့်အတူ ပါဝင်တင် ဆက်ခဲ့ပါတယ်။ အဲ့ဒီ Campaign မှာတော့ ဂျက်ဆန်က ရာမီမာလိခ်၊ ထရိုယီ ဆီဗန်၊ ဝီလိုစမစ်နှင့် မိုင်ဆိုင်ဝီလီ ယံတို့နှင့်အတူ မော်ဒယ်အဖြစ် ပါဝင်တင်ဆက်ခဲ့တာပါ။ Cartier Campaign ကတော့ လာမယ့် စက်တင်ဘာလမှာ စတင်မိတ်ဆက်မှာဖြစ်ပါတယ်။ စက်တင်ဘာလမှာ ပြုလုပ်မယ့် Campaign မှာတော့ Cartier အမှတ်တံဆိပ်ရဲ့ Pash de Cartier နာရီ ရောင်းအားမြှင့်အစီအစဉ်ကို ပြုလုပ်သွားမှာပါ။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်ဆန်ကတော့ ယခုနှစ် အ စောပိုင်းမှာ သီချင်းသစ် ‘100 Ways’ ထွက်ရှိထားပါတယ်။ By AsunaSein Source: Koreaboo

Read More

အခုတစ်လော နာမည်ကြီးနေတဲ့ 365 days ထဲ မင်းသား Michele Morrone

365 days ဇာတ်ကားကတော့ လတ်တလောမှာ Netflix ရဲ့ နာမည်ကြီးနေတဲ့ ဇာတ်ကားလေးတစ်ကားပါ။ IMDb Rating တွေနည်းခဲ့ပေမယ်လို့ ကြည့်ရှုနှုန်းများတဲ့ ဇာတ်ကားဆိုလဲ မမှားပါဘူး။ အဲ့ဒီဇာတ်ကားထဲက မင်းသား Michele Morrone ကတော့ ပျိုမေတွေရဲ့ အသဲတစ်ခြမ်းဖြစ်ခဲ့ပါတယ်။ Italian Actor တစ်ဦးဖြစ်တဲ့အပြင် အဆိုတော်လည်း ဖြစ်ပါသတဲ့။ အရပ်ကတော့ ၆ ပေ ၂ လက်မဆိုတော့ အရပ်ပုပုကောင်မလေးတွေအတွက် ရင်ခွင်မှီအရပ်ပေါ့နော်။ ၂၀၁၄ ခုနှစ်တုန်းက Rouba Saadeh ဆိုတဲ့ designer နဲ့ လက်ထပ်ခဲ့ပြီး သားနှစ်ယောက်ရခဲ့ပါတယ်။ ဒါပေမဲ့လို့ ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ အခုတော့ လူလွတ်တစ်ယောက်ပေါ့နော်။ ကဲ ပရိသတ်ကြီးကော Are you lost, baby girl? ဆိုတဲ့ စကားလေးနဲ့ 365 days ဇာတ်ကားမှာ ဒီမင်းသားကို ကြွေခဲ့တယ်ဟုတ်? By AsunaSein

Read More

Happy Birthday ပါ မင်းသမီးလေး Kim Go Eun ရေ

The King: The Eternal Monarch ရဲ့ မင်းသမီးလေးဖြစ်တဲ့ Kim Go Eun ကတော့ ယနေ့ ဇူလိုင်လ ၂ ရက်နေ့ဟာ သူရဲ့ ၂၉ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သူမဟာဆိုရင် ၁၉၉၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့လေးမှာ မွေးဖွားခဲ့တာပါ။ Kim Go Eun ရဲ့ နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ Cheese in the Trap, Guardian: The Lonely and Great God, and The King: Eternal Monarch မှာ ဇာတ်ဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ကောင်းချက်ကတော့ တစ်ရက်တစ်ခြားကို ဖန်တွေတိုးလာတာကို ကြည့်ရုံနဲ့သိနိုင်တယ်။ ဒါ့အပြင် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သတ်တဲ့ ဆုတွေများစွာလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ By AsunaSein

Read More

Google မှာ ရှာဖွေမှုအများဆုံးခံရတဲ့ Kpop Idol ဖြစ်လာတဲ့ Jung kook

BTS အဖွဲ့ဝင် Jung Kook ကတော့ ၂၀၂၀ ခုနှစ် နှစ်ဝက်မှာပဲ Google မှာ ရှာဖွေမှုအများဆုံးခံရတဲ့ Kpop Idol စာရင်းမှာ ထိပ်ဆုံးကနေ ဖြစ်လာပါတယ်။ ဒါကို ကြည့်တာနဲ့ သူ့ကို ချစ်တဲ့ ဖန်တွေ တစ်နေ့တစ်ခြားတိုးပွားတာကို သိနိုင်ပါတယ်။ Jungkook ဟာ YouTube မှာလည်း ရှာဖွေမှုအများဆုံး K-pop Idol တစ်ဦးဖြစ်ခဲ့ပြီး၊ TikTok မှာပါ 10 billion views ကိုရရှိခဲ့ပါတယ်။ ‘still with you’, ‘still with you jungkook’, ‘still with you lyrics’ စတဲ့စာသားတွေကတော့ Google search တော်တော်များများမှာနေရာယူထားတာပါ။ ပရိသတ်တွေချစ်ပြီးရင်းချစ်အောင်ပြုမူတတ်တဲ့ Jung Kook ရဲ့ Google မှာ ရှာဖွေမှု အများဆုံးခံရတဲ့ အကြောင်းကိုတော့ မီဒီယာတော်တော်များများမှာ ဖော်ပြထားတာကို တွေ့မြင်ရမှာပါ။ By AsunaSein

Read More