၂၀.၉.၂၀၁၈ မှ ၂၆.၉.၂၀၁၈ အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ ဘာသာရေးနဲ့ သက်ဆိုင်သောပစ္စည်းများ လက်ဆောင်ရပါလိမ့်မယ်။ ဘာသာရေးကိစ္စများ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကံတွေမြင့် လာဖွယ်ရှိပါတယ်။ တွေးခေါ်မြော်မြင်မှုတွေအားနည်းနေတတ်ပါသည်။ အတွေးချော်နေတတ်တဲ့အတွက် ဆုံးဖြတ်ချက် ချမယ် ဆို လောဘ ဒေါသ မောဟနည်းတဲ့အချိန် ဆုံးဖြတ်ပါ။ ဒီကာလမှာ ရွှေငွေလက်ဝတ်ရတနာများ ထွက်ရတတ်ပါတယ်။ နယ်သွား ချင်သူများ လက်ရှိနေရာမှာမပျော်ရွင်သူများ အတွက် ဒီအချိန်ဟာ မိမိတို့ဆန္ဒပြည့်ဝမဲ့အချိန်ပါပဲ။ ပြဿ နာ တိုင်းကို မိမိခေါင်း ပေါ် မတင်ထားပါနဲ့။ မိသားစုအရေးကိစ္စ တွေက မိမိတစ်ယောက်ထဲပူပန်နေလို့ ငြိမ်းအေးမည်မဟုတ်ပါ။ အိမ်ထောင်ရေးတွေမှာ မိမိစိတ်ကူးအယူအဆတိုင်း မလုပ်ပါနဲ့။ အိမ်ထောင်ဘက်ကိုလဲ တိုင်ပင်သင့်ပါတယ်။အချစ်ရေးကိစ္စတွေမှာ အကောင်းအဆိုးတလှည့်ဆီဖြစ်နေမဲ့အချိန်ပါ။ ပညာရေးကံအထူးညံ့ပါလိမ့်မယ်။ အကျိုးပေးဂဏန်း ၅/၉/၁ အထူးဟော စက်ပစ္စည်းများပျက်လွယ်မည်။ ယတြာ ရွက်လှ ၄ညွှန့်+ သစ္စာပန်း ၆ညွှန့် ဘုရားလှူပါ တနင်္လာ ဒီကာလဟာ တနင်္လာသားသမီး အနေနဲ့ ငြိမ်နေရတာမျိုး မရှိဘဲ လှုပ်လှုပ်ရှားရှားနဲ့ပင်ပန်းရမဲ့ကာလပါပဲ။ အလုပ်ကိစ္စတွေတစ်မျိုးပြီး တစ်မျိုးတာဝန်ပေးခြင်းခံရပါလိမ့်မယ်။ ကိုယ်ပိုင် အလုပ်ဆိုလဲ မိမိအလုပ်အတွက်လိုအပ်တာဝယ်ရခြမ်းရနဲ့ အချိန်ကုန်လူပန်းရပါ လိမ့်မယ်။ မိမိနဲ့မသိသော တစိမ်းတရံတွေနဲ့ အဆင်မပြေဖြစ်ရတတ်ပါတယ်။ ညဥ့်နက်သည်အထိ အပြင်ထွက်တာမျိုးမလုပ်ပါနဲ့။ မိမိအနေနဲ့ အနားယူချိန် အလုပ်လုပ်ချိန်တွေကိုသေချာပိုင်းခြားထားပါ။ weakဖြစ်ပြီး ကျန်းမာရေးအားနည်းသွားတတ်တဲ့ ကာလမို့ပါ။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ ဆွေမျိုးတွေနဲ့ အဆင်မပြေ ဖြစ်လွယ်ပါတယ်။အချစ်ရေးအနေနဲ့ အကောင်းဘက်မှာရှိနေပါတယ်။ ချစ်သူအချင်းချင်း မအားလပ်ဘဲမတွေ့နိုင်တာမျိုးကြုံနေရတတ်တယ်။ပညာရေးကိစ္စတွေမှာ ကျက်စာထက် တွက်စာတွေကြောင့် သောကရောက်ရမှာပါ။…

Read More

09.8.2018 မှ 15.8.2018 အထိတစ်ပတ်စာ ၇ရက်သားသမီး⁠ဟောစာတမ်း

တနင်္ဂနွေ အလုပ်ထဲအာရုံစိုက်မရဖြစ်နေတတ်တယ်။ မိမိမကျွမ်းကျင်တဲ့အပိုင်းကို ခိုင်းစေခြင်းခံရတာမျိုးကြောင့် စိတ် ပန်းလူပန်ြး ဖစ်နေ ရတတ်ပါတယ်။ ကိုယ်ပိုင်အလုပ်များ မိမိကိုယ်တိုင် ၀င်ရောက်မလုပ်ဘဲ ၀န်ထမ်းတွေနဲ့မျက်နှာ လွှဲထားနေမိ တတ် ပါတယ်။ အမှန်တော့ အလုပ်တွေကိုခဏမေ့ထားပြီးခေါင်းဆေးသင့်တဲ့ကာလပါပဲ။ ငွေကြေးရလို မှုထက် အကောင်း ဆုံးလုပ်ပေးနိုင်ဖို့ကိုစဉ်းစားရမဲ့ကာလပါ။ အတ္တကြီးသူများဒုက္ခရောက်လွယ်တဲ့ကာလပါပဲ။ ကျန်းမာရေးကိုတော့ ဒီကာ လမှာ ခေါင်းကိုက်ခေါင်းမူးဖြစ်တတ်သလို ဦးနှောက်နဲ့အာရုံကြောအားနည်းလွယ်တဲ့ ကာလလို့ပြောချင်ပါတယ်။ အိမ်ေ ထာင်ရေးမှာတော့ အိမ်ထောင်ဘက်ကခရီးများနေတတ်ပါတယ်။ အချစ်ရေးမှာ တော့ ချစ်သူကမိမိအခက်အခဲတွေကို ကူညီဖြေရှင်းပေးပါလိမ့်မယ်။ ပညာရေးကတော့ အားနည်းချက်ရှိပါတယ်။ စိုးရိမ်လွန်းတဲ့စိတ်က ရထားတဲ့စာတွေကိုမေ့ သွားစေပါတယ်။ အကျိုးပေးဂဏန်း 6/9/5 အထူးဟော ကိုယ်အား ဥာဏ်အားစိုက်ထုတ်ရမဲ့ကာလပါပဲ။ ယတြာ လူကြီးမိဘတွေကို အာဟာရဖြစ်မဲ့ အစားအသောက်တွေဝယ်ကျွေးလိုက်ပါ။ တနင်္လာ လွတ်လပ်ပေါ့ပါးနေပါလိမ့်မယ်။ စိတ်ချမ်းမြေ့စရာတွေဆက်တိုက်ကြုံရတတ်ပါတယ်။ လူငယ်များ စိတ်ကူး သစ်တွေ အကြံအစည်ကောင်းတွေ တွေးမိစဉ်းစားမိတတ်ပါတယ်။ ဖြစ်ချင်တာတွေကိုလုပ်ခွင့်ရပါလိမ့်မယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်သူများ စပ်တူအလုပ်တွေလုပ်ဖို့စဉ်းစားထားရင်တိုင်ပင်ဆွေးနွေးဖို့အကောင်းဆုံးအချိန်ပါပဲ။ လုပ်ငန်းခွင်ထဲ လုပ်ဖော် ကိုင်ဖက်တွေနဲ့ လက်တွဲညီညီလုပ်ဆောင်မှုကြောင့် အလုပ်များအဆင်ပြေချောမွေ့ပါလိမ့် မယ်။ငွေကြေးကံကောင်းနေ တတ်ပါတယ်။ ငွေအစုလိုက်ဝင်စရာရှိရင် ဒီကာလအတွင်းရရှိပါလိမ့်မယ်။ ကျန်းမာရေး ကတော့ သင့်ပါတယ်။ အရက်ေ သာက်တတ်သူများ အလွန်အကျွံမသောက်မိစေဖို့ သတိထားသင့်ပါတယ်။ အိမ်ထောင်ရေးကတော့ မိမိကိုယ်တိုင်အနေ အထိုင်ဆင်ခြင်ပါ။ အချစ်ရေးကတော့အကောင်းဆုံးကာလပါပဲ။ ချစ်သူ ရဲ့အလိုအလိုက်အကြိုက်ဆောင်ခြင်း ကိုခံရပါ လိမ့်မယ်။ ပညာရေးကတော့သင်ယူလွယ်တတ်မြောက်လွယ် ဖြစ်နေ မှာပါ။ အကျိုးပေးဂဏန်း…

Read More

၂၁.၆.၂၀၁၈ မှ ၂၇.၆.၂၀၁၈ အထိ တစ်ပတ်စာ ၇ရက်သားသမီး ⁠ဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်း အလုပ်ကိစ္စတွေများနေပါလိမ့်မယ်။ စိတ်ပင်ပန်းစရာ လူပင်ပန်းစရာတွေလဲ ကြုံရတွေ့ ရတတ်ပါတယ်။ မိမိက လုပ်ငန်း ခွင်တာဝန် ကြီးကြီးယူထားသူဆို အရေးကြီးတဲ့ကိစ္စများကို ဆုံးဖြတ်ချက်ချနေရပါ လိမ့်မယ်။ လိုတာထက်ပိုပြီး အပင်ပန်းခံရမယ်ဆိုပါက အနားယူချိန်ကိုလဲ သတ်သတ်မှတ်မှတ်ထားပါလို့ ပြောချင် ပါတယ်။ ကိုယ်ပိုင်စီးပွားရေးများ တိုးတတ်နိုင်ပေမဲ့ ရောင်းမှားဝယ်မှားမဖြစ်အောင်သတိထားဖို့တော့ လိုအပ်ပါ တယ်။ ကျန်းမာရေးလဲ အရင်ကထက်ပိုဂရုစိုက်ပါ။ ရောဂါကြီးကြီးမားမားမရှိပေမဲ့ ပန်းဖျားဖျားတာမျိုးတွေ ကြုံရ တတ်ပါတယ်။ ၀န်ထမ်းများအလုပ်နဲ့ပက်သက်ပြီး အပြောင်းအလဲကြုံရတတ်ပါတယ်။ ကိုယ်ပိုင်ငွေသုံးစွဲမှုများလဲ စနစ်ကျဖို့လိုပါတယ်။ အချစ်ရေးအဆင်ပြေနိုင်ပေမဲ့ ကိုယ်အလုပ်နဲ့ကိုယ် အချစ်ရေးကို အာရုံမစိုက်နိုင်တာမျိုး ဖြစ်နေပါလိမ့်မယ်။ ပညာရေးကတော့ မိမိရဲ့စိုးရိမ်စိတ်ကပဲ တွန်းအားတစ်ခုဖြစ်စေပါလိမ့်မယ်။ အကျိုးပေးဂဏန်း 1/5/2 အထူးဟော ကျန်းမာရေးထိခိုက်အောင်အလုပ်မလုပ်ပါနဲ့။ ယတြာ မြေပဲလေးကြော်ပြီး ဘုရားကပ်လှူပါ။ တနင်္လာ မိမိအတွက်တော့ ဒီကာလဟာကံကောင်းခြင်းတွေရှိနေပါလိမ့်မယ်။ စေတနာပိုသူအတွက် ပိုမိုအဆင်ပြေ ပါလိမ့်မယ်။ အဓိကတော့ ငွေကြေး လာဘ်လာ ဘတွေအထူးဝင်တတ်ပါတယ်။ ငွေအစုလိုက်ဝင်နိုင်တဲ့ ကာလထဲ ရောက်နေပါတယ်။ အသင်းအဖွဲ့နဲ့ပေါင်းစုပြီး လုပ်ရတဲ့အလုပ်များ၊ လူများနဲ့တတ်ညီ လက်ညီလုပ်ရတဲ့စီးပွားရေး များလဲအထူးပဲအကျိုးပေးအောင်မြင်ပါလိမ့်မယ်။ စပ်တူအလုပ်များအကျိုးပေးပါလိမ့်မယ်။ ပရဟိတအလုပ်များ လူမှုရေးကိစ္စများ ကူညီလုပ်ကိုင်ပေးရတာမျိုးလဲ ကြုံရဆုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးနည်း သွားပါပြီ။ ရောဂါဝေဒနာတွေလဲသက်သာခွင့် ရပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အနည်းငယ်အားနည်းနေ ပါလိမ့်မယ်။ အချစ်ရေးကတော့ ချစ်သူနဲ့ အလုပ်ကြောင့် ခဏတာဝေးနေပါလိမ့်မယ်။ ပညာရေးအထူးကောင်းနေ ပါလိမ့်မယ်။ သင်ယူလွယ်တတ်မြောက်လွယ်တဲ့ကာလလို့ပဲ ပြောရပါလိမ့်မယ်။ အကျိုးပေးဂဏန်း…

Read More

24.5.2018 မှ 30.5.2018 အထိ တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ ဒီကာလဟာ ပင်ပန်းနွမ်းနယ်စရာတွေများတတ်ပါတယ်။ ခရီးသွားခြင်းကြောင့်ပဲ ဖြစ်ဖြစ် ၊ အလုပ်ဒဏ်ပိနေလို့ပဲဖြစ်ဖြစ် လူပင်ပန်းဖြစ်ရတတ်ပါတယ်။ စပ်တူအလုပ်များ အချင်းချင်းစိတ်ဝမ်းကွဲတတ်တယ်။ နားလည်မှုရှိပါ။ ငွေကံက ရစရာရှိတဲ့ ငွေကြေးတွေ ရက်ရွေ့ခြင်း ၊ဆိုင်းငံ့ခြင်းမျိုး ကြုံရတတ်ပါတယ်။ မိသားစုအတွင်းမကြေလည်စရာကိစ္စတွေရှိရင် ချက်ချင်းဖြေရှင်းသင့်တဲ့အချိန်ပါပဲ။ မြုံမထားဘဲ နားလည်းသည်အထိ ဖြေရှင်းသင့်ပါတယ်။ ငွေကြေးချေးငှားတာမျိုးရှောင်ပါ။ လက်ခက်တဲ့သူကို ချေးမိသလိုဖြစ်သွားတတ်ပါတယ်။ ကျန်းမာရေးဂရုပြုသင့်ပါတယ်။ ဗိုက်အောင့် ဗိုက်နာဖြစ်စေသော အစားအသောက်များ ရှောင်သင့်သလို အစာခံပြီးနေခြင်းမျိုးလဲရှောင်ပါ။ အချစ်ရေးကံ အားအနည်းဆုံးအချိန်ပါပဲ။ အကျိုးပေးဂဏန်း ၃/၆/၈ အထူးဟော အစာအိမ်ရောဂါရှိသူများ ဆင်ခြင်သင့်တဲ့ကာလပါ။ ယတြာ မြေပဲကြော်ဘုရားကပ်လှူပါ။ တနင်္လာ ဒီကာလအတွင်း လုပ်စရာကိစ္စတွေတစ်မျိုးပြီးတစ်မျိုးပေါ်လာရတတ်ပါတယ်။ ဒါကြောင့်ပဲ အလုပ်ရှုပ်၊ စိတ်ရှုပ်ရတာမျိုးကတော့ ရှိနေမှာပါ။ ငွေကြေးနဲ့ ရန်ဖြစ်ထားသလားအောက်မေ့ရအောင် ငွေကမိမိဆီကိုအလည်အပတ်မလာတာမျိုးကြုံရမှာပါ။ ဘိုင်ပြတ်နေတတ်တယ်ပေါ့ဗျ။ အလုပ်ကံကမဆိုးပါဘူး ။ ဒါပေမဲ့ မိမိလုပ်ထားပြီး လုပ်အားခချက်ချင်းမရတာ အကြွေးကျတာမျိုးလဲရှိတတ်ပါတယ်။ ပညာရေးနဲ့ပက်သက်ပြီး စိတ်တထင့်ထင့်ဖြစ်နေတာ၊ ပူပန်သောကရောက်နေရတာမျိုးလဲကြံရမှာပါ။ ချစ်သူနဲ့ကတော့ ခွဲခွာနေရတတ်ပြီး အဝေးကနေပဲလွမ်းဆွတ်တမ်းတနေရတတ်ပါတယ်။ ကျန်းမာရေးကတော့ မဆိုးပါဘူး။ နှားစေးတာ ၊ခေါင်းကိုက်တာလောက်ပဲဖြစ်ပါလိမ့်မယ်။ အကျိုးပေးဂဏန်း ၁/၂/၆ အထူးဟော .ခြေများနေရမည်။ ယတြာ အသက်ဂုဏ်ဝါကြီးသူတွေကို အာဟာရဖြစ်နေမဲ့ အစားအစာတစ်ခုလှူဒါန်းလိုက်ပါ။ အင်္ဂါ ဒီကာလအတွင်း မိမိစိတ်ထဲတောင်းတနေတာလေးတွေ ဖြစ်ဖြစ်လာတတ်ပါတယ်။ စိတ်ကူးဆန္ဒတွေကို အကောင်အထည်ဖော်နိုင်မဲ့အချိန်ပါ။ ခရီးကိစ္စများ ရပ်ဝေးကိစ္စများ အဆင်ပြေချောမွတ်ပါလိမ့်မည်။ အလုပ်ခွင်အတွင်း နေရာပေးခြင်းခံရမည်။ အလုပ်သစ်များ/အလုပ်orderများ လက်ခံရရှိမည်။ ငွေကြေးကံကောင်းနေသလို ဇိမ်ခံပစ္စည်းတွေလဲ…

Read More

26.4.2018 မှ 02.5.2018 အထိ တစ်ပတ်စာ ၇ရက်သားသမီး⁠ဟောစာတမ်း

တနင်္ဂနွေ ဒီကာလဟာ ဇာတာရှင်အတွက်အလုပ်စီးပွားအတွက် plan ချထားတဲ့ အစီအစဉ်ရှိရင် အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ လုပ်ငန်းများ ထပ်မံတိုးချဲ့နိုင် ပါလိမ့်မယ်။ အမြတ်အစွန်းများစွာရရှိမဲ့ကာလပါ။ အလုပ်ရဖို့ ကြန့်ကြာနေသူများ ဒီကာလအတွင်း အလုပ်ဝင်နိုင်ပါပြီ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အားပေးထောက်ခံမှုကြောင့် အရေးကြီးတဲ့လုပ်ငန်း ကဏ္ဍများတွင် တာဝန်ပေးခြင်း ခံရတတ်ပါတယ်။ ကျန်းမာရေး ကောင်းနေမဲ့ အချိန်ပါပဲ။ ဝမ်းချုပ် လေချုပ်ဖြစ်လွယ်တဲ့ အချိန်ပါ။ အားနည်းတာကတော့ အိမ်တွင်းရေးအိမ်ထောင်ရေးပါပဲ။ မိသားစုအတွင်းရေး ကိစ္စတွေကြောင့် သောကရောက် ရလိမ့်မယ်။ အချစ်ရေးကတော့ မိမိကိုယ်တိုင်ကအချစ်ရေးအတွက် အချိန်မပေးနိုင်ဖြစ်ရပါလိမ့်မယ်။ ပညာရေးအလွန်ကောင်းမည်။ သူငယ်ချင်းတွေနဲ့ ပညာရပ်တွေတိုင်ပင်နှီးနှောသင့်တဲ့ကာလပါပဲ။ အကျိုးပေးဂဏန်း ၁/၅/၉ အထူးဟော တိုးတတ်အောင်မြင်မည် ယတြာ ကျန်းမာရေးအားနည်းသူကို ဓာတ်စာဝယ်ပေးလိုက်ပါ။ တနင်္လာ ဒီကာလအတွင်း တနင်္လာသားသမီးတွေကတော့ အလုပ်ပို ကိစ္စပိုတွေကြုံရတတ်ပါတယ်။ နီးစပ်သူတွေရဲ့ သာရေးနာရေး ကိစ္စတွေမှာ ပါဝင် ကူညီပေး ရတာမျိုးတွေလဲ ကြုံရမှာပါ။ ငွေကံကလဲ ဝင်သလောက်မလောက်ပါ။ ကုန်စရာတွေပေါ်လာတတ်တယ်။ မိမိဆီ ငွေကြေးချေးငှားမဲ့ သူတွေလဲရောက် လာတတ်ပါတယ်။ မိမိကိုယ်ရေးကိုယ်တာထက် အများဝန်ထမ်းရတာနဲ့ပဲ ဒီအပတ်အချိန်ကုန်နေမှာပါ။ ကျန်းမာရေးကတော့ အနည်းငယ် သက် သာရာရပြီလို့ ပြောလို့ရပါပြီ။ ကျန်းမာရေးအားကောင်းလာတတ်ပါတယ်။ ဒီကာလအတွင်း စပ်တူဘာမှမလုပ်နဲ့ ။ အာမခံတာမျိုးမလုပ်ပါနဲ့။ အချစ်ရေး ကံကတော့ အကောင်းအဆိုးမျှနေဆဲပါပဲ။ ပညာရေးမှာတော့ ဂရုစိုက်ချင် အရမ်းကြိုးစားနေပြီး လှည့်မကြည့်ရင်တော့ လုံးဝမေ့မိတဲ့အချိန်ပါပဲ။ အကျိုးပေးဂဏန်း ၀/၄/၈ အထူးဟော အလုပ်များနေမည်။…

Read More

၅.၄.၂၀၁၈ မှ ၁၁.၄.၂၀၁၈ အထိ တစ်ပတ်စာ ၇ရက်သားသမီး ⁠ဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်း ပွဲစားအလုပ်များ ၊ ကျူ ရှင်အလုပ်များ စတဲ့လေနဲ့ ရင်းနှီးလုပ်ရတဲ့ အလုပ်များ အထူးအကျိုးပေးပါတယ်။ ရေလမ်းခရီးတွေလဲ သွားရဖို့ အကြောင်းဖန်လာတတ်ပါတယ်။ မည်သည်အလုပ်မဆို လျှို့ဝှက်စွာလုပ်ကိုင်ခြင်းဖြင့် အကျိုးဖြစ်ထွန်းမဲ့ကာလပါပဲ။ မိမိအကြံအစည်စိတ်ကူးတွေကို ဘယ်သူကိုမှထုတ်မပြောသင့်ပါဘူး။ ရွှေထွက်တတ်တဲ့ကာလပါပဲ။ ရပ်ဝေးကမိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကူအညီပေးတာမျိုး ကြုံရလိမ့်မယ်။ အရွယ်ရောက်ပြီးတဲ့ သားသမီးတွေအဝေးသွားအလုပ်လုပ်တာမျိုး ကြုံရလိမ့်မယ်။ ကျန်းမာရေးတော့ ဂရုစိုက်စေချင်ပါတယ်။ ဝမ်းဗိုက်နဲ့ ပက် သက် သော ရောဂါတွေဖြစ်လွယ်ပါတယ်။ ပညာရေးကို အထူးဝီရိယထားကြိုးစားသင့်တဲ့ကာလပါ။ ပညာရေးအပေါ် စိတ်နှစ်ထားစေချင်ပါတယ်။ အချစ်ရေးကံခေနေတယ်လို့ပြောလို့ရပါတယ်။ ချစ်သူရဲ့ဥပေက္ခာပြုထားခြင်း ခံရတတ်ပါတယ်။ အကျိုးပေးဂဏန်း ၄/၅/၁ အထူးဟော အလုပ်တော့ များပါလိမ့်မယ် ယတြာ အုန်းသီးပါသောမုန့်တစ်မျိုးမျိုး ဘုရားကပ်လှူပါ။ တနင်္လာ ကံကောင်းခြင်း ကံဆိုးခြင်းတွေ တစ်လှည့်စီကြုံတွေ့ရတတ်ပါတယ်။ စိုင်ကော်လို့ ခြုံပေါ်ရောက်တဲ့ ကံမျိုးလဲ ကြုံရတတ်ပါတယ်။ ဒီကာလအတွင်းမှာ အလုပ်သစ်စတင်ခြင်း၊ အိမ်ပြောင်းခြင်း၊ ဆိုင်သစ်ဖွင့်ခြင်းတွေ ခဏဆိုင်းငံ့ထားစေချင်ပါတယ်။ ငွေကြေးကဏ္ဍကတော့ ဝင်သလောက် အဖတ် မတင် ပြန်ထွက်သွားတတ်ပါတယ်။ အသုံးနဲ့ အဖြုန်းနားလည်သင့်တဲ့ ကာလပါ။ ကျန်းမာရေးကတော့ အညံ့အဆိုးနည်းပါတယ်။ အရေးပြားနဲ့ ပက်သက်သော ရောဂါဝေဒနာများ ခံစားရနိုင်ပါတယ်။ ပညာရေးထွန်းပေါက်မဲ့ ကာလပါ။ ဆရာသမားတွေရဲ့ နည်းပေးလမ်းပြမှုတွေရရှိနိုင်မှာပါ။ အချစ်ရေး ကတော့ အကောင်းဘက်မှာရှိပါတယ်။ ဒါပေမဲ့ ချစ်သူရဲ့ သဝန်တိုချုပ်ချယ်မှုတွေကြောင့် စိတ်ညစ် စိတ်ရှုပ်ရတတ်ပါတယ်။ အိမ်ထောင်သည် များ အိမ်ထောင်ရေး အိမ်တွင်းရေးသောကများရတတ်ပါတယ်။…

Read More

၁၅.၃.၂၀၁၈ မှ ၂၁.၃.၂၀၁၈ အထိ တစ်ပတ်စာ ၇ရက်သားသမီး ⁠ဟောစာတမ်း

တနင်္ဂနွေ ဒီကာလထဲ အလုပ်ထဲမှာအဆင်မပြေတာမျိုးတွေ ကြုံခဲ့ရမယ်ဆိုရင်တော့ သည်းခံပြီးတော့ကျော်ဖြတ်လိုက်ပါ။ တာဝန်မယူတတ်တဲ့ လုပ်ဖော်ကိုင် ဖက် တွေကြောင့် စိတ်ပင်ပန်းရတတ်ပါတယ်။ ဖခင်ရဲ့ကျန်းမာရေးကိုအထူးပဲ ဂရုစိုက်သင့်လှပါတယ်။ အရေးကြီးတဲ့ စာချုပ်စာတန်းများ လက်မှတ်ထိုးစရာ ကိစ္စများ ကြုံလာပါကသေချာစီစစ်ပြီးမှထိုးသင့်ပါတယ်။ ကျန်းမာရေးကတော့ရောဂါဗေဒအနေနဲ့သိပ်ပြီးမခံစားရပေမဲ့ အလုပ်ပင်ပန်းလို့ ပန်းဖျားဖျားတာ မျိုးတော့ ကြုံရနိုင်ပါတယ်။ လူငယ်များ ဖခင်နဲ့အခြေအတင်ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ မိမိလိုချင်တဲ့ပုံစံမျိုး အိမ်ထောင်ဘက်ပုံသွင်းဖို့ မကြိုးစားပါနဲ့။ အချစ်ရေးကံကောင်းပါတယ်။ မိဘတွေကိုတော့ လက်ထပ်ဖို့ဖွင့် မပြောသင့်သေးပါဘူး။ ပညာရေးအထူးကောင်းမှာပါ။စိုးရိမ်စိတ်နဲ့တော့ စာမလုပ်စေချင်ပါဘူး။ အကျိုးပေးဂဏန်း 2/5/9 အထူးဟော ပူပန်ရတတ်ပါတယ်။ ယတြာ ဖိနပ်ပြတ်တွေ အိမ်မှာရှိရင်စွန့်ပစ်လိုက်ပါ။ တနင်္လာ အပေါင်းအသင်းမိတ်ဆွေတွေ တိုးပွားမဲ့ကာလပါပဲ။ လှချင်ပချင်စိတ်တွေဖြစ်ပေါ်နေတာကြောင့် အလှကုန်ပစ္စည်းတွေဝယ်မိနေတတ်ပါတယ်။ လူချစ်လူ ခင်များသလို ရည်စားမရှိသေးသူများချစ်ရေးဆိုခြင်းခံရတတ်ပါတယ်။ ချစ်သူရှိသူများကတော့ ဝေးနေရတာမျိုးကြုံရတတ်တာကြောင့်ဖုန်းနဲ့ပဲ အလွမ်းဖြေ ရမှာပါ။ စပ်တူအလုပ်တွေအထူးအကျိုးပေးတယ်။ online စီးပွားရေးများအထူးတိုးတတ်ပါလိမ့်မယ်။ ငွေကံအထူးကောင်းတတ်ပါတယ်။ ခရီးသွားရင်းရောက် တဲ့မြို့မှာထီထိုးစေချင်ပါတယ်။ ကံကောင်းနေချိန်ဖြစ်တာကြောင့် စိတ်ထဲမျှော်လင့်ထားတာလေးတွေပြည့်လာတတ်ပါတယ်။ ကျန်းမာရေးအတွက်လဲ စိုးရိမ်စရာမရှိပါဘူး။ မတည့်တာတွေတော့မစားပါနဲ့။ မင်္ဂလာကိစ္စ အလှူကိစ္စတွေဒီကာလမှာကြုံရတွေ့ရတတ်ပါတယ်။ ပညာရေးကံကတော့ ဒီကာလ မှာအထူးကောင်းပါတယ်။ မိမိကိုယ်တိုင်ကလဲ သင်ယူလွယ်တတ်မြောက်လွယ်နေပါတယ် အကျိုးပေးဂဏန်း 6/9/2 အထူးဟော ကံမြင့်နေချိန်ပါပဲ။ ယတြာ သပြေပန်း လက်တစ်ဆုပ်ခန့် မွေးနံထောင့်မှာလှူဒါန်းပေးလိုက်ပါ။ အင်္ဂါ မိတ်ဆွေတွေရဲ့အကြံပေးခြင်းကို လက်ခံလုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတွေရပါလိမ့်မယ်။ ၀န်ထမ်းတွေနဲ့တက်ညီလက်ညီ စပေါင်းလုပ်ကိုင် ခြင်း ဖြင့်   အောင်မြင်မှုတွေရရှိမှာပါ။ စပ်တူအလုပ်များ…

Read More

04.1.2018 မှ 10.1.2018အထိ တစ်ပတ်စာ ၇ရက်သားသမီး⁠ဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်း တနင်္ဂနွေသားသမီးတွေအထူးကံကောင်းနေတတ်ပါတယ်။ ကြံစည်သမျှအောင်မြင်မဲ့ အချိန်ပါ။ ကုန်သွယ်မှု လုပ်ငန်း ၊ ခရီးသွားလုပ်ငန်း ၊ ဘဏ်လုပ်ငန်းတွေ အထူးကောင်းကျိုးပေးချိန်ပါ။ အနာဂတ်စီမံကိန်းချ ထားတဲ့ ကိစ္စများ လက်တွေ့အကောင်အထည်ဖော်နိုင်မဲ့အချိန်ပါပဲ။ လူငယ်တွေ အချစ်ရေးကံကောင်းနေပါတယ်။ စန်းလဲပွင့်နေပါတယ်။ အလုပ်အကိုင်တွေလဲ အရှိန်အဟုန်တွေနဲ့ တိုးတတ်နေပါတယ်။ အထက်လူကြီးရဲ့ ချီးမြှောက်ခြင်းခံရတတ်ပါတယ်။ ရာထူးတိုးခြင်း၊ နေရာကောင်းရခြင်း အလုပ်ရှာနေသူများ အလုပ်သစ်ရခြင်းမျိုး တွေကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ သွေးတိုးနိုင်တာကြောင့် တတ်စာတွေလျှော့စားပါ။ ပညာရေး အကောင်းဆုံးအချိန်ပါ။ အကျိုးပေးဂဏန်း ၂/၆/၁ အထူးဟော ကောင်းသောကံများဖြစ်ထွန်းနေမည်။ ယတြာ အနီရောင်များများပါသော အဝတ်အစားများအားပြုဝတ်ဆင်ပါ တနင်္လာ ဒီကာလမှာတနင်္လာသားသမီးတွေအနေနဲ့ ရပ်ဝေးကနေအကူအညီတွေရတတ်သလို သတင်းကောင်းတွေလဲ ကြား ရတတ်ပါတယ်။ လူမျိုးခြား ဘာသာခြား တစိမ်းတွေရဲ့ အထောက်အပံ့တွေရလာတတ်ပါတယ်။ ကျန်းမာရေး အား နည်းသူတွေ နလန်ပြန်ထမဲ့အချိန်ပါပဲ။ နာတာရှည် ဖြစ်နေသူတွေတောင် ဆေးကောင်းဝါးကောင်း တွေ့သွားတတ် တဲ့အချိန်ပါပဲ။လက်စမသတ်ရသေးသောအလုပ်များအပြီးမသတ်ရသးသောကိစ္စများ အဆုံးသတ်နိုင်ပါလိမ့်မယ်။ အချစ်ရေးမှာ လမ်းခွဲထားပြီးဖြစ်တဲ့ ချစ်သူဟောင်းက ပြန်လည်ဆက်သွယ်လာတာမျိုးကြုံရတတ်တယ်။ ဖုန်းအသစ် တွေလဲ လက်ဆောင်ရတတ်တဲ့ ကာလပါပဲ။ ငွေရွှင်ပါလိမ့်မယ်။ ပညာရေးကတော့ ကြိုးစာဖို့သာလိုပါတယ်။ ကံကမိမိဘက်မှာပါ။ အကျိုးပေးဂဏန်း ၇/၀/၂ အထူးဟော ငွေကံကောင်းနေမည်။ ယတြာ ဖီးကြမ်းဌက်ပျောသီး ၆ လုံးဘုရားကပ်လှူပါ အင်္ဂါ ဒီကာလဟာ စိတ်ညစ် စိတ်ရှုပ်ရတတ်တဲ့ကာလပါပဲ။အလုပ်ပို ကိစ္စပိုတွေနဲ့ အချိန်ကုန်ငွေကုန်ဖြစ်နေတတ်ပါတယ်။ အလုပ်အပြောင်းအရွေ့ကိစ္စ အိုးအိမ်အပြောင်းအရွှေ့ကိစ္စတွေမှာ စိတ်ရှုပ်စရာလေးတွေတွေ့ရတတ်ပါတယ်။…

Read More

30.11.2017 မှ 06.12.2017 အထိ တစ်ပတ်စာ ၇ရက်သားသမီး ⁠ဟောစာတမ်း

တနင်္ဂနွေ ဒီကာလဟာ အလုပ်သစ်လျှောက်ခြင်း၊ အလုပ်ရှာဖွေခြင်း၊ ဆိုင်ဖွင့်ခြင်း ၊အလုပ်သစ်ရှာဖွေခြင်းတွေအထူးကောင်းပါတယ်။ အထက်လူကြီး /အကြီးအကဲမိဘတွေရဲ့ ကူညီ ထောက်ပံ့ခြင်းတွေလဲရလာတတ်ပါတယ်။ အလုပ်စီးပွားလဲ အဘက်ဘက်ကနေပြီး ကောင်းလာတတ် ပါတယ်။ မိသားစုအတွင်းရေးနဲ့ ပက်သက်ပြီးတော့ အပူတွေ့ရတတ်ပါတယ်။ ညီအကို မောင်နှမတွေနဲ့ မတည့်တာ စကားများရတာ တွေလဲကြုံရပါလိမ့်မယ်။ အရပ်ဝေး ခရီးတွေလဲ သွားရတတ်ပါတယ်။ အချစ်ရေးကံကတော့ အညံ့ဘက်များပါတယ်။ အချစ်ရေးကံခေနေတတ်တဲ့ကာလပါပဲ။ ပညာရေးကံကြမ္မာ အကောင်းဆုံးအချိန်ပါပဲဗျ။ ကျန်းမာရေးကတော့ အနည်းငယ်ဂရုစိုက်ဖို့ လိုအပ်ပါတယ်ဗျာ။ အကျိုးပေးဂဏန်း ၅/၁/၈ အထူးဟော စီးပွားရေးကောင်းမည် ယတြာ အာလူးဟင်းနဲ့ ဘုရားရှင်အား ဆွမ်းကပ်ပါ။ တနင်္လာ ဒီကာလအတွင်း ပြုဖွယ်ရာကိစ္စတွေအရမ်းများနေတတ်ပါတယ်။ မိမိအကျိုးထက် သူများအကျိုးစီးပွားများ လုပ်ဆောင်ပေးနေရ တတ်တယ်။ လူမှုရေးကိစ္စများမှာလဲ ဦးဆောင်ဦးရွက်လုပ်ပေးနေရတတ်ပါတယ်။ ဒါကြောင့်ပဲ ငွေကုန်ကြေးကျလဲ များနေရတတ်ပါတယ်။ သူများပိုက်ဆံလာအပ်ရင် လက်မခံထားပါနဲ့ ။ မိမိလက်ထဲကျမှ ပျောက်ရှတတ်လို့ပါ။ အချစ်ရေးနဲ့ပက်သက်ပြီးတော့ ချစ်သူနဲ့ ခွဲခွာနေရ တတ်ပါတယ်။ ချစ်သူကို အဝေးကနေ လွမ်းဆွတ်နေရလိမ့်မယ်။ အလုပ်ထဲမှာ အများနဲ့ စုပေါင်းလုပ်ကိုင်ရတဲ့ကိစ္စတွေမှာ အခက်အခဲများ စေပါတယ်။ ညှိနှိုင်းရခက်ခဲမဲ့ သဘောတွေရှိပါတယ်။ ကျန်းမာရေးကတော့ နည်းနည်းနုနေတဲ့ကာလပါ။ အတိမ်းအစောင်း အခံဘူးပေါ့ လေ။ ပညာရေးကတော့ အကောင်းအဆိုးမျှနေပါတယ်ဗျ။ အကျိုးပေးဂဏန်း ၄/၈/၉ အထူးဟော ကိစ္စများနေရလိမ့်မယ်။ ယတြာ အိမ်က ဘုရားဆောင်အား သန့်ရှင်းရေးလုပ်ပါ အင်္ဂါ ဒီကာလအတွင်း ဘာကိစ္စမဆို…

Read More

23.11.2017 မှ 29.11.2017 အထိ တစ်ပတ်စာ ၇ရက်သားသမီး ⁠ဟောစာတမ်း

တနင်္ဂနွေ မိမိကိုယ်သာ အားကိုးသင့်တဲ့ကာလပါ။ မိမိအတွေးအကြံမှတစ်ပါး တစ်ခြားလူဆီက အကြံဉာဏ်မတောင်းပါနှင့်။ ကူညီမဲ့သူထက် ဒုက္ခပေးမဲ့သူသာ အနားမှာ ဝန်းရံနေတတ်လို့ပါ။ မိမိစိတ်ကူးကြောင့် အောင်မြင်မှုတွေ ရပါလိမ့်မည်။ ခရီးကိစ္စများကြန့်ကြာပြီးမှ လိုရာပန်း တိုင်ရောက်မည်။ လက်ရှိအလုပ်မှာ စိတ်ပါဝင်စားမှုအားနည်းခြင်း၊ အလုက်ထွက်ချင်စိတ်ဖြစ်ပေါ်နေတတ်ခြင်းများ ခံစားရမည်။ အထက် လူကြီးနှင့်အဆင်မပြေဖြစ်တတ်သည်။ ဘာသာရေးအပေါ်စိတ်ဝင်စားမှုအားနည်းနေတတ်သည်။နေ့စဉ်လုပ်နေကျ ကုသိုလ်အလုပ်တွေ မလုပ်မိ ပျင်းရိနေတတ်သည်။ ပညာရေးကံအားနည်းနေသည်။ စာတွေမလိုက်နိုင်တာမျိုးကြုံတွေ့နိုင်သည်။ အချစ်ရေးကံကြမ္မာ ညံ့နေ တုန်းပါပဲ ။ နှစ်ယောက်ကြား သွေးတိုးစကားတွေကိုယုံမိတတ်သည်။ အကျိုးပေးဂဏန်း -၈/၄/၁ အထူးဟော -စိတ်လေနေမည်။ ယတြာ …တနင်္ဂနွေထောင့်မှာ သပြေပန်းလှူပါ။ တနင်္လာ ငွေကြေးကဏ္ဍတစ်ခုကတော့ အားနည်းနေသည်။ ငွေပေးငွေယူ သတိရှိပါ။ ကြွေးယူကြွေးတောင်းမလုပ်ပါနဲ့။ လူမှုရေးအသင်းအဖွဲ့ မှငွေများ မိမိလက်ဝယ်ထားရှိခြင်းမျိုးလက်မခံပါနှင့်။ လာဘ်ပိတ်တတ်ပါတယ်။ အစားအသောက်ဆင်ခြင်ပါ။ ဝမ်းပျက်ဝမ်းလျော ဖြစ် တတ့်သည်။ လုပ်ငန်းစီးပွားတိုးတတ်နေပေမဲ့ လုပ်သလောက်အကျိုးအမြတ်နည်းနေတတ်သည်။ ကျန်းမာရေးကတော့ အထူးဂရုစိုက် စေချင်သည်။ အချစ်ရေးကံကတော့ မြင့်မားနေချိန်ပါပဲ။ ချစ်သူဆီက နားလည်မှုတွေ ကြင်နာမှုတွေရပါလိမ့်မည်။ ပညာရေးကံမြင့်နေပေမဲ့ မိမိအနေနဲ့ ကြိုးစားဖို့တော့ လိုပါသည်။ အာရုံစိုက်ထားမှ ပညာရပ်အပေါ်နားလည်လိမ့်မည်။ ဇိမ်ခံပစ္စည်းများ ဒီကာလအတွင်းမဝယ်ပါနဲ့။ အကျိုးပေးဂဏန်း…၇/၀/၃ အထူးဟော… လူပင်ပန်းနွမ်းချိ နေလိမ့်မည်။ ယတြာ… ရဟန်းတစ်ပါးအား ဖိနပ်လှူပါ။ အင်္ဂါ ကံမြင့်မားနေမည်။ အဘက်ဘက်ကအဆင်ပြေလိမ့်မည်။ အကျိုးဖြစ်ထွန်းသောကောင်းသောခရီးတွေသွားရတတ်သည်။ အလုပ်စီးပွား တိုးတတ်နေလိမ့်မယ်။ ဒါကြောင့်ပဲကျွဲကူးရေပါဆိုသလို ငွေကံလဲမြင့်မားနေပါလိမ့်မယ်။ ငွေဝင်သလောက်…

Read More