အောက်တိုဘာလ (၁၂) ရက်နေ့မှာရုံတင်ပြသတော့မယ့် ‘ အေoးချစ်’ ရုပ်ရှင်ဇာတ်ကားကြီး

အဝေးချစ် ချစ်နေရတဲ့ (LDRS) စုံတွဲလေးတွေအတွက် ‘အဝေးချစ်’ ရုပ်ရှင်ဇာတ်ကြီးကို မကြာခင်ရုံတင်ပြသ တော့မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ ခရေဖြူထုတ်လုပ်ရေးက စီစဉ်တာဖြစ်ပြီး ပုညခင်ရဲ့ ၀တ္ထုကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ကရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပါတယ်။ ‘အဝေးချစ်’ ဇာတ်ကားထဲမှာတော့ သရုပ်ဆောင် အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ ထွန်းကိုကို၊ သန္တဗိုလ် နဲ့ တခြားသော သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထား တာတွေ့ ရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ အောက်တိုဘာလ (၁၂) ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်တဲ့အတွက် ‘အဝေးချစ်’ ဆိုတဲ့အတိုင်း ဇာတ်သိမ်းခန်းက ငိုရမှာလား? ဒါမှမဟုတ် အဝေးချစ် ချစ်နေရတဲ့ ချစ်သူလေးတွေ ပြန်ဆုံစည်း ရမှာလား? ဆိုတာကို မကြာခင်မှာသိရတော့မှာ ဖြစ်ပါတယ်။ #Pissaya_News

Read More

ပရိတ်သတ်တွေရဲ့အသည်းကိုခြွေလိုက်ပြန်တဲ့ မေ

မေ ကတော့ သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေရဲ့အသည်းကို ထပ်မံခြွေလိုက်ပြန်ပါတယ်။်ဘာလို့လဲဆိုတော့ အောက်တိုဘာလ (၁) ရက်နေ့ ညပိုင်းမှာ Online မှာ တင်ခဲ့တဲ့သူမဆိုထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ သီချင်းကြောင့်ပဲဖြစ်ပါတယ်။ သူမ ဆိုထားတဲ့ “မင်းကိုချစ်လို့” သီချင်းလေးကိုတော့ ပရိတ်သတ်တွေ အားလုံးကလည်း မှတ်မိမယ် လို့ထင် ပါတယ် တယ်။ သီချင်းအဟောင်း တစ်ပုဒ်ဖြစ်ပေမယ့် Cover ပြန်ဆိုတဲ့ အနေနဲ့မဟုတ်ပဲ မူရင်းသီချင်းရေးသူ ဆီကနေ ပြန်ဝယ်ပြီး Version အသစ်နဲ့ပြန်ဆိုထားတာပါ။ အဆိုတော်မေ က ဒီသီချင်းကို သူမ ကိုယ်တိုင်လည်း ငယ်ငယ်တည်းက ကြိုက်ခဲ့ရတဲ့သီချင်းဖြစ်ပြီး နောက်ထွက် မယ့် အခွေမှာလည်း ကိုယ်ပိုင်သီချင်း အဖြစ်ထည့်ချင်တဲ့အတွက်ကြောင့် ပြန်ဝယ်ပြီးဆိုထားတာလို့ သိရပါတယ်။ နောက်ထွက်မယ့်အခွေကလည်း ကြာအုံးမှာဖြစ်ပြီး သီချင်းကိုလည်း အရမ်းကြိုက်နေလို့ ပရိတ်သတ်တွေကို ပေးချင်တဲ့အတွက် MTV လေးရိုက်ပြီး ပေးလိုက်တာပါလို့ သူမရဲ့ Facebook စာမျက်နှာမှာလည်း ရေးသား ထားတာ တွေ့ရပါတယ်။ Version အသစ်နဲ့ မေ ခံစားသီဆိုထားတဲ့ မင်းကိုချစ်လို့ သီချင်း ကတော့ Online မှာတင်ပြီး နာရီပိုင်း အတွင်း မှာပဲ ဒီ MTV ကို like & Share လုပ်သူတွေနဲ့ ကြည့်ရှုသူတွေလည်းအရမ်းကိုများပြားခဲ့တာလည်း ဖြစ်ပါတယ်။ #Pissaya_News #Cerdit-…

Read More

Online ကနေဖြန့်ချီသွားမယ့် နန်းဆုရတီစိုး ရဲ့ Music Video အသစ်

သရုပ်ဆောင် အဆိုတော် နန်းစုရတီစိုး ကတော့ သူရဲ့ပရိတ်သတ်ကြီးအတွက် နောက်ထပ်သီချင်း အသစ်တစ် ပုဒ်ကို ထပ်မံဖန်တီးပုံဖော်နေတယ်လို့ သိရပါတယ်။ သီချင်းနာမည်ကတော့ ‘မေမေဆူမှာဆိုးလို့’ လို့အမည်ရပါတယ်။ ဒီသီချင်းကိုတော့ သူမရဲ့ ချစ်သူ အဆိုတော် G Fatt ကရေးသားပေးထားတာပဲ ဖြစ်ပါတယ်။ ‘မေမေဆူမှာစိုးလို့’ သီချင်းကိုတော့ Music Video အနေနဲ့ပါ Online ကနေတစ်ဆင့် နန်းဆုက သူမရဲ့ ပရိတ်သတ်တွေအတွက် ဖြန့်ချီပေးသွားမှာလည်းဖြစ်ပါတယ်။ ဒီ Music Video အသစ်ကို အောက်တိုဘာလ (၂) ရက်နေ့မှာ ထွက်မယ်စီစဉ်ထားပေမယ့် (၃) ရက်နေ့မှ ထွက်ဖို့ဆုံးဖြတ်လိုက် တာမို့ တစ်ရက်လေးနောက်ဆုတ်ပြီး သည်းခံစောင့်ပေးကြပါဦးလို့ သူမရဲ့ Facebook စာမျက်နှာလည်းရေးသားထားပါသေးတယ်။ #Pissaya_News #Photo Cerdit; Nansu Yati Soe Fb

Read More

မကြာခင်မှာပရိတ်သတ်တွေရှေ့ရောက်လာတော့မယ့် “သမ္မတကြီးထံပေးစာ”

ပရိတ်သတ်တွေအားလုံးစောင့်မျှော်နေကျတဲ့ ‘သမ္မကြီးထံပေးစာ’ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကတော့ ‘လူနေ’ ရဲ့ ၀တ္ထုကို ဒါရိုက်တာ ၀ိုင်း က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ပါဝင်တဲ့ သူရုပ်ဆောင်တွေက အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေး၊ မေဆူးမောင်၊ အရိုင်း၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ ထူးသာ၊ ဦးဝင်းမြိုင်၊ ၀င်းနိုင်(နဂါးလေး)၊ သန်းသန်းစိုးနဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားတာပါ။ ‘သမ္မတကြီးထံပေးစာ’ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ စက်တင်ဘာလ (၁၉) ရက်နေ့မှာ မြန်မာတစ်ပြည်လုံးမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ နာမည်နဲ့တင် ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို တစ်ခဲနက် ရရှိပိုင်ဆိုင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ #Pissaya_News

Read More

အဆိုတော်အောင်ရင် ကြက်သီးထလောက်အောင် သီချင်းဆိုကောင်းခဲ့တဲ့ ဝေလ

အဆိုတော်ဝေလရဲ့ “Wai La Live In 360”  တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီးကို စက်တင်ဘာ (၂၉) ရက်နေ့က အမျိုးသား ကဇာတ်ရုံမှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ ဒီရှိုးပွဲကြီးကို ၀ါရင့်အနုပညာရှင်များစွာ အားပေးခဲ့ပြီး ဒီထဲမှာ အဆိုတော် အောင်ရင်လည်းအားပေးခဲ့ပါတယ်။ အဆိုတော် အောင်ရင်က ဝေလ သီချင်းဆိုတာနဲ့ ပတ်သက်ပြီး “Huge congratulations Wai La Runner Band, ဓီရာမိုဃ် နဲ့ ဂီတကဗျာအဖွဲ့ Soe Naing Tun ပွဲအစအဆုံးတိုင် ငါ့မှာလေထဲ လွင့်သွားသ လိုဖြစ်လိုက် ကြက်သီးတွေထလိုက် ခဏအသက်ရှုဖို့မေ့ လိုက်နဲ့ အရမ်းကိုမိုက်တယ်ကွာ တကယ်ထိုက်ထိုက်တန်တန်လုပ်သွားတယ် အမုန်း ကောင်းလို့ စွန်းခိုက်ကွာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ မှာ ရေးခဲ့ပါတယ်။ အဆိုတော်ဝေလရဲ့ ပထမဆုံးဖျော်ဖြေပွဲမှာပဲ ပရိတ်သတ်တွေရဲ့ အခိုင်အမာ အားပေးမှုကို ရရှိနေတာကိုလည်း  တွေ့ရပါတယ်။ Photo Credit – ဝေလ ဖေ့စ်ဘွတ်

Read More

ASEAN JAPAN Music Festival အတွက် ဂျပန်နိုင်ငံရောက်နေတဲ့ စိုင်းစိုင်း

နိုင်ငံကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ အာဆီယံ ဂီတဖျော်ဖြေပွဲအတွက် ဂျပန်နိုင်ငံတိုကျိုမြို့ ကို ဒီနေ့မနက်မှာ ရောက်နေပြီလို့ သိရပါတယ်။ ” ASEAN JAPAN Music Festival မှာ ဖျော်ဖြေရန် ဒီည Tokyo သွားပါမယ် ခင်ဗျာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မနေ့က ရေးထားပါတယ်။ ဂျပန်မှာ ရောက်နေတဲ့ စိုင်းစိုင်းကို ချစ်ကြတဲ့ မြန်မာပရိသတ်ကြီးက လည်း ဒီပွဲကြီးအတွက် စိုင်းစိုင်းနဲ့အတူ ရင်ခုန်နေမယ်လို့ ထင်ပါတယ်။ ဒီပွဲကြီးဟာ အာဆီယံနိုင်ငံအသီးသီးမှာ အောင်မြင်မှုရရှိနေကြတဲ့ အဆိုတော်တွေနဲ့ အတူ စိုင်းစိုင်းခမ်းလှိုင်က လည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ပါဝင် သီဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ #Pissaya_News Photo Credit – စိုင်းစိုင်း ဖေ့စ်ဘွတ်

Read More

ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက် အလှူငွေလှူဒါန်းခဲ့တဲ့ ရန်အောင်

အကယ်ဒမီများရှင် သရုပ်ဆောင်ရန်အောင်က ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အလှူငွေ ၃ သိန်းကျပ် လှူဒါန်းခဲ့တယ် လို့ သိရပါတယ်။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ရန်အောင်ဟာ အလှူအတန်းလည်း မပျက်အောင် ဆောင်ရွက်နေတာဖြစ်ပြီး အခုတစ်ခါမှာလည်း မကြာခင်ကျင်းပပြုလုပ်မယ့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွကလှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် အကယ်ဒမီများရှင် ရန်အောင် မှ ငွေကျပ် သုံးသိန်း (၃၀၀, ၀၀၀ိ /- ) လှူဒါန်းပါသည်။ သာဓု သာဓု သာဓု” ဆိုပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ အလုပ်မှုဆောင် ဦးဝင်းမြိုင်ရဲ့ ဖေ့စ်ဘွတ် အကောင့်မှာ စက်တင်ဘာလ ၂၇ ရက်နေ့ ညက တင်ခဲ့တာပါ။ အကယ်ဒမီရန်အောင်ရဲ့လှူဒါန်းငွေကို ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ပါဝင်ကူညီဆောင်ရွက်နေတဲ့ ဦးဝင်းမြိုင်၊ ဒေါ်ခင်မို့မို့အေး နဲ့ ဒေါ်ခင် သန်းနွယ်တို့က လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာလည်း ရန်အောင်ဟာ သူရဲ့ တူလေး မင်းဇေနဲ့အတူ တွဲပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

Read More

၂၈.၉.၁၈ မှ ၀၄.၁၀.၁၈ ထိ တစ်ပတ်အတွင်းMingalar Cinemas အဆင့်မြင့်ရုပ်ရှင်ရုံများတွင်အများပြည်သူအပန်းဖြေကြည့်ရှု့နိုင်ရန် စီစဉ်တင်ဆက်လိုက်သောဇာတ်ကားများ

Credit – Mingalar Cinemas #Pissaya_News

Read More

အီရတ် အလှမယ်ဟောင်း ပစ်သတ်ခံရ

အသက် ၂၂ နှစ်အရွယ် အီရတ်အလှမယ်ဟောင်း Tara Fares မနေ့က ဘဂ္ဂဒက်မြို့တော်မှာ ပစ်သတ်ခံခဲ့ရကြောင်း အီရတ်ပြည် ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် အီရတ်အလှမယ်ဟောင်းဟာ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ အမည်မသိအမျိုးသားတစ်ဦးရဲ့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။ စစ်ဆေးချက်တွေအရ အလှမယ်ဟောင်းဟာ သေနတ်ဒဏ်ရာ သုံးချက်နဲ့ သေဆုံးခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း အီရတ်ပြည် ထဲရေးဝန်ကြီးဌာနမှ ပြောကြားထားကြောင်း သိရပါတယ်။  

Read More