မထင်ထားလောက်အောင် အားပေးမှုတွေရရှိလို့ အရမ်းပျော်နေတဲ့ ရဲနောင်

အဆိုတော် ရဲနောင်ရဲ့  “Charli ချာလီ” အခွေ ပရိုမိုးရှင်းပွဲကြီးကို အောက်တိုဘာလ ၁၄ ရက်နေ့က လှည်းတန်းစင်တာ မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကြီး မှာ အနုပညာရှင်တွေနဲ့ ရဲနောင်ရဲ့  We Love Fan တွေတက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ ပရိသတ်တွေ အများကြီး အားပေးမှုကြောင့် သူအရမ်းကျေးဇူးတင်တဲ့ အကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ မှာ အခုလို ရေးထားပါတယ်။ “ဒီနေ့ ကျွန်တော်ရဲ့ ချာလီအခွေ ပရိုမိုးရှင် ပွဲလေးကို တက်ရောက်ပေးကြတဲ့ အနုပညာညီအစ်ကို မောင်နှမ တွေအားလုံးအားလုံးကို ရင်ထဲမှ လှိုက်လဲစွာ ကျေးဇူးတင်ပါတယ် ခင်ဗျ.. .🎤🎤🎤🎤 .. . . မထင်ထားလောက်အောင် အားပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေ သူငယ်ချင်းတွေအားလုံးကို လဲ ကျေးဇူးတင်ပါတယ် ခင်ဗျ.. 🎼🎼🎼 အရင်လို တစ်စည်းတစ်လုံးထဲ လာဝန်းရံပေးကြတဲ့ We Love တွေအားလုံးကိုလဲ ကျေးဇူးတင်ပါတယ် ခင်ဗျ…” လို့ ရေးထားပါတယ်။ အဆိုတော် ရဲနောင်ရဲ့ Promotion ပွဲကြီးကို ဇော်ကြီး၊ ဆိုဖီယာ၊ မိုင်းမိုင်းဆိုင်း နဲ့ အခြားအနုပညာရှင်များက အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့တာကိုလည်းသိရပါတယ်။

Read More

ညီဖြစ်သူမင်းသွေးအတွက် ရည်းစူပြီး ဘုန်းကြီးဝတ် ကုသိုလ်ပြု လုပ်ပေးနေတဲ့ သရုပ်ဆောင် နေတိုး

သရုပ်ဆောင် နေတိုးဟာ ညီဖြစ်သူမင်းသွေးအတွက် ရည်စူးပြီး ဘုန်းကြီးဝတ်ပြီး ကုသိုလ်ပြုလုပ်နေတယ်လို့ သိရပါတယ်။ သရုပ်ဆောင် နေတိုးက ဒီကနေ့ အောက်တိုဘာလ (၁၅) ရက်နေ့ မှာ မှော်ဘီမြို့၊ အောင်ဇမ္ဗ္ဗူတောရ ကျောင်းတိုက် မှာ ရဟန်းခံ အလှူတော်မင်္ဂလာ ပြုလုပ်ခဲ့ပါတယ်။ သရုပ်ဆောင် နေတိုးဟာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ညီအစ်ကိုတွေ စုပေါင်းပြီးညီဖြစ်တဲ့ မင်းသွေးတွက် ရည်စူးပြီး ကုသိုလ်ပြုလုပ်ပေး တာလို့လည်း သိရပါတယ်။ #Pissaya_News Photo Credit

Read More

ပရိသတ်အကြိုက် နဲ့ ထပ်တူကျမယ့် သီချင်းတွေနဲ့ တစ်ကိုယ်တော် ရှိုးပွဲပြုလုပ်မယ့် စည်သူလွင်

စည်သူလွင်ရဲ့  သီချင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီး အတွက် အဆိုတော် စည်သူလွင်က တစ်ကိုယ်တော်ရှိုးပွဲ တစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်။ သူ့ရဲ့ ရှိုးပွဲနာမည်ကို A Part Of Me လို့ နာမည်ပေးထားပါတယ်။ အဆိုတော် စည်သူလွင်ဟာ နိုဝင်ဘာလ မှာ ပြုလုပ်ဖြစ်မယ့် ရှိုးပွဲ အကြောင်းကို သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလိုရေးထား တာတွေ့ရပါတယ်။ “နိုဝင်ဘာလ ၁၀ ရက်နေ့ မှာပြုလုပ်မယ့်ကျွန်တော့်ပါရဲ့ပွဲလေးကို A Part Of Me လို့ နာမည်ပေးထားပါတယ်။ ဒီပွဲမှာသီဆိုမယ့် သီချင်းေ လးတွေကကျွန်တော့်ရဲ့ဂီတဖြတ်သန်းမှု မှာအစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်ခဲ့လို့ ပါပဲ။ကျွန်တော်တို့ ခေတ်တုန်းကပြန်ဆိုတေးတွေ ထုတ်လုပ်ခဲ့ကြတာခေတ်စားခဲ့ပါတယ်။အဲဒီတစ်ခေတ်မှာ ကိုယ် အရင် ဝါသနာရှင်ဘဝကတည်းကအရမ်းကြိုက်နှစ်သက်ခဲ့ရတဲ့ လေးစားအားကျခဲ့ရတဲ့အဆိုတော်ကြီးတွေရဲ့ သီချင်းကောင်းလေးေ တွကိုကံကောင်းစွာနဲ့ ပြန်လည်သီဆိုခွင့်ရခဲ့ပါတယ်။ Live Show တွေခေတ်စားလာပြန်တော့လဲ Senior အဆိုတော်ကြီးတွေရဲ့ ပွဲတွေမှာသီဆိုခွင့်ရခဲ့ပြန်ပါတယ်။ဒီလိုသီဆိုခွင့်ရခဲ့ပေမယ့်လဲဖျော်ဖြေပွဲတွေမှာကိုယ်ပိုင်သီချင်းတွေကိုပဲဦးစားပေးသီဆိုဖြစ်ခဲ့တာမို့ ဒီသီချင်းလေးတွေကိုသိပ်မဆိုဖြစ်ခဲ့ပါဘူး။အခုပွဲလေးမှာတော့ထူးထူးခြားခြားဖြစ်အောင်ကျွန်တော်ပြန်လည်သီဆိုဖြစ်ခဲ့တဲ့သီချင်းကောင်းလေးတွေကိုပဲသီးသန့် စုစည်းပြီး Senior အဆိုတော်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ ငယ်ငယ်ကအရူးအမူးကြိုက်ခဲ့ကြရတဲ့သီချင်းတွေပဲဖြစ်တာမို့ ပရိတ်သတ်ရဲ့ အကြိုက်နဲ့ လည်းထပ်တူကျမယ်လို့ ထင်မိပါတယ်။ ဒါကြောင့်မို့ အရမ်းကြိုက်ခဲ့ရတဲ့သီချင်းလေးတွေကိုကျွန်တော်နဲ့ အတူတူသီဆိုကြရအောင် A Part Of Me ပွဲလေးကိုလာခဲ့ဖို့ အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျား။စိတ်ချအားလုံးရတဲ့ သီချင်းတွေပဲဖြစ်စေရမယ်။ အသက်လဲ အနှစ် ၂၀ လောက်ပြန်ငယ်သွားမယ်။ ရည်းစားဟောင်းတွေကိုပြန်သတိရမိ ရင်တော့ကိုယ့်ပြသနာကိုယ်ရှင်းနော်။ ကျွန်တော်မပါဘူး” လို့…

Read More

တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီးပရိသတ်ကို တောင်းပန် လိုက်တဲ့ စိုင်းစိုင်း

အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြုလုပ် မယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကတော့ စက် တင် ဘာလ ၁၆ ရက်နေ့မှာ စရောင်းချနေတယ်လို့ သိရပါတယ်။ ထိုနေ့မှာပဲ လက်မှတ်အားလုံးရောင်းကုန်တဲ့ ရောင်းကောင်းခဲ့ တာလည်း ဖြစ်ပါတယ်။   အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ် သက်ပြီး လက်မှတ်မရပဲ အဆင်မပြေဖြစ်နေကြတဲ့ သူငယ်ချင်းတွေ၊ ပရိသတ်တွေကို အခုလိုတောင်းပန်စကားပြောခဲ့ပါတယ်။   “တောင်းပန်ခြင်း” မိတ်ဆွေများခင်ဗျား။ ထိုင်ခုံလက်မှတ် က အမှန် တကယ်မရှိတော့တာပါ ။ ဒီနေရာကနေ အားလုံးကိုတောင်း ပန်ပါတယ်။ ဒီပွဲလေးတစ်ပွဲနဲ့ စိတ်မဆိုးကြပါနဲ့ဦးခင်ဗျာ။ သူငယ် ချင်းများခင်ဗျား။ Friend Zone လက်မှတ်တွေက ထိုင်ခုံနဲ့ မဟုတ်ပါဘူး။ သူငယ်ချင်း တွေထပ်လာလို့ရအောင် ရှေ့ဆုံးမှာစီစဉ်ထားတာပါ။ ပွဲနေ့ကျမှ အဆင်မပြေမှာစိုးလို့ ကြိုတောင်းပန်ထားတယ်နော်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။   မနက်ဖန် ပြုလုပ်မယ့် စိုင်းစိုင်း တစ်ကိုယ်တော်ရှိုးပွဲမှာတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေကတော့ အခုချိန်ကစပြီး ရင်ခုန်နေကြမယ် ထင်ပါတယ်။   #Pissaya_News Photo Credit

Read More

Fan တွေပေးတဲ့ လက်ဆောင်ကြောင့်ပျော်နေတဲ့ မေမဒီ

Myanmar Idol Season 3 မှ ပြိုင်ပွဲဝင် အဆိုတော် မေမဒီ ကတော့ သူရဲ့ Fan တွေပေးတဲ့လက်ဆောင် ကြောင့် အရမ်းကိုေ ပျာ်နေ ပါတယ်။ ‘ Hardcore Madians’ တွေက မေမဒီ ကို ကားတစ်စီးလက်ဆောင်ဝယ်ပေးခဲ့တယ်လို့ သိရပါတယ်။ ‘မေလေးရဲ့ Hardcore Madians တွေလက်ဆောင်ဝယ်ပေး တဲ့ကားလေး. . . အရမ်းပျော်တာပေါ့။ Love u all my fan (or) Madians’ ဆိုပြီး သူမရဲ့ Facebook စာမျက်နှာမှာ ရေးသားထားတာလည်းတွေ့ရပါတယ်။ #Pissaya_News Photo; May Madi’s FB

Read More

အားကစားလုပ်ရင်း Heart Attack ဖြစ်သွားတဲ့ ဟိန်းမင်းသူ

မော်ဒယ်လ် အဆိုတော် ဟိန်းမင်းသူ ဟာအားကစားလုပ်နေရင်း Heart Attack ဖြစ်ခဲ့တဲ့ အတွက်ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ ဆေးရုံပို့ပေးခဲ့ကြတဲ့သူတွေ စိတ်ပူ ပေးခဲ့ကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပြီး ရုတ်တရက်ဖြစ်သွားလို့ အလုပ်ကိစ္စတွေလည်း အကုန်ဖျက်လိုက် ရတဲ့အတွက် တောင်းပန်ထားပါသေးတယ်။ ခုတော့ပြန်ပြီးသက်သာလာပါပြီလို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထား တာလည်းတွေ့ရပါတယ်။ #Pissaya_News Photo; HeinMinThu’s FB

Read More

ပြိုင်ဘက် ပွဲစီစဉ်နေတဲ့ အဆိုတော် အနဂ္ဂ နဲ့ ဘာဘူ

90’s Born တွေကြိုက်နှစ်သက်ခဲ့ရတဲ့ အဆိုတော်တွေ အများကြီးထဲ ကမှ အဆိုတော် အနဂ္ဂ နဲ့ ဘာဘူ ကိုလည်းမှတ်မိနေအုံးမယ်လို့ ထင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပြိုင်ဘက် အခွေထွက်ရှိတုန်းက အခွေထဲက သီချင်းတွေဟာဆိုရင်လည်း ပရိတ်တွေရဲ့ အကြိုက်နဲ့ထပ်တူ ကျခဲ့ရတာလည်း အသေချာပါပဲ။ အခုတော့ အနဂ္ဂ နဲ့ ဘာဘူ နှစ်ယောက်ပေါင်းပြီး ဖျော်ဖြေပွဲတခု စီစဉ်နေတယ်လို့ သိရပါတယ်။ သူတို့သီချင်းတွေကို မမေ့သေးတဲ့ ပရိတ်သတ်တွေ၊ သူတို့ကို သတိရနေတဲ့ပရိတ်သတ်တွေ အတွက် ကတော့ သတင်းကောင်း တစ်ခုဖြစ်လိမ့်မယ်ထင်ပါတယ်။ ‘ ပြိုင်ဘက် (အနဂ္ဂ Vs ဘာဘူ) သီချင်းဆိုဖို့ပွဲကိုစီစဉ်လိုက်ပါပြီ။ Comimg Soon’ ဆိုပြီး အဆိုတော် အနဂ္ဂ ရဲ့ Facebook စာမျက်နှာမှာရေးသားထားလည်းတွေ့ရပါတယ်။ #Pissaya_News Photo;Cerdit

Read More

ဖျော်ဖြေပွဲအတွက် တိုက်ပွဲဝင်နေတဲ့ စိုင်းစိုင်း

ပြီးခဲ့သောဇာတ်လမ်း အကျဉ်း လို့ အမည်ရတဲ့ ဖျော်ဖြေပွဲကို ပြုလုပ်ကျင်းပ သွားမယ့် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် ကတော့ ဖျော်ဖြေပွဲအတွက် သီချင်းလေ့ကျင့်မှုတွေ ပြုလုပ်နေပါပြီ။ ဖျော်ဖြေပွဲကိုတော့ အောက်တိုဘာလ(၁၄) ရက်နေ့ ည (၇း၃၀) မှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ပွဲအတွက် သီချင်းတွေနဲ့ တိုက်ပွဲဝင် နေပါပြီလို့လည်း သူ့ရဲ့ page မှာ ရေးသားထားလည်းတွေ့ရပါတယ်။ #Pissaya_News Photo; Credit

Read More

Miss Grand International 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံမှာလက်ခံကျင်းပ

Miss Grand International ပြိုင်ပွဲဟာဆိုရင်တော့ ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွေထဲမှာ Miss Universe ပွဲကြီးပြီးရင် လူအကြိုက်အများဆုံးပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ Miss Grand International International 2018 ပွဲကြီးကိုတော့ မြန်မာနိုင်ငံမှာ လက်ခံကျင်းပနေတာဖြစ်ပါတယ်။ ကမ္ဘာနိုင်ငံပေါင်း (၈၀) ကျော်မှ အလှမယ်တွေကလည်းမြန်မာနိုင်ငံမှာရောက်ရှိပြီး ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် လျက်ရှိပြီး activity များကိုလည်း Miss Grand International Page မှာ Live အနေနဲ့ထုတ်လွှင့်ပြီး ဖော်ပြ ပေးနေပါတယ်။ Miss Grand International 2018 ပွဲကြီးမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ စုမြတ်ဖူး မှ ၀င်ရောက်ယှဉ်ပြိုင် လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာလာရောက်ကျင်းပတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ် အလာတွေနဲ့ ပြန်မာနိုင်ငံရဲ့ အလှအပတွေကို ကမ္ဘာကသိအောင်ပြသ ခွင့်ရတာ လည်းဖြစ် ပါတယ်။ Miss Grand International 2018 ရဲ့ Final ပွဲကိုတော့ အောက်တိုဘာလ(၂၅)ရက်မှာ ရန်ကုန်မြို့၊ The One Entertainment Park မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ #Pissaya_News Photo; Credit

Read More

မွေးနေ့ကို သူရဲ့ မိသားစု၊ သူ့ရဲ့ပရိတ်သတ်တွေ၊ ရှုတင်အဖွဲ့သားတွေနဲ့ ကျင်းပခဲ့တဲ့ သရုပ်ဆောင်နေဒွေး

အောက်တိုဘာလ (၉) ရက်နေ့က သရုပ်ဆောင်နေဒွေးရဲ့ အသက်(၂၉) နှစ်ပြည့် မွေးနေ့လို့သိရပါတယ်။ မွေးနေ့မှ ခရီးထွက်ရမယ့် သရုပ်ဆောင် နေဒွေး က သူရဲ့မွေးနေ့ကို သူ့ရဲ့ပရိတ်သတ်တွေ၊ မိသားစု၊ ရှုတင် အဖွဲ့သားတွေနဲ့အတူ ရိုက်ကွင်းမှာပဲ အကြိုမွေးနေ့ပွဲလေး ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ လူလားမြောက်အောင်မွေးထုတ်ပေးခဲ့တဲ့ ချစ်မေမေ ကိုလည်းကျေးဇူးတင်ပါတယ်။ မွေးကျေးဇူး ကျွေးကျေးဇူး လည်း ဆပ်ပါမယ်။ မွေးနေ့မှာ မေမေ့အနားမှာ မနေပေးနိုင်တာ ခွင့်လွှတ်ပါဆိုပြီး သရုပ်ဆောင်နေဒွေးက သူ့ရဲ့ မိခင်ကို ကျေးဇူးတင်စကား ပြောထားတာလည်း သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထား ပါသေးတယ်။ #Pissaya_News Photo; NayDway’s FB

Read More