နှစ်ဖက်မိဘသဘောမတူလို့ စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

နိုဝင်ဘာလ (၁၁)ရက်နေ့မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ က နိုဝင်ဘာလ (၉) ရက်နေ့မှာ မင်္ဂလာဦးဆွမ်ကျွေး ပြုလုပ်ခဲ့ပါတယ်။ လက်မှတ်ထိုးပွဲအခမ်းအနား နဲ့ မင်္ဂလညဆွမ်းကျွေး ပြုလုပ်မှုတွေမှာ နှစ်ဖက်မိဘ မတွေ့ရဘူးဆိုတဲ့ မီဒီယာတွေရဲ့ မေးမြန်းမှုမှာတော့ နှစ်ဖက်မိဘက သဘောမတူလို့ ပွဲတွေမတက်ရောက်တာပါ မိဘတွေမပါတော့ စိတ်မကောင်းဖြစ်ရပါတယ်လို့လည်း ရွှေမှုံရတီမှာပြန်လည် ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။ မိဘတွေသဘောမတူပေမယ့် နှစ်ဖက်မိဘဆွေမျိုးအသိုင်းအဝန်းကို အသိပေးပြီးမှ မင်္ဂလာပွဲစီစဉ်တာဖြစ်တယ် လို့လည်း ပြောကြားထားပါသေးတယ်။ ဝေဖန်မှုတွေ မိဘတွေသဘောမတူတဲ့ အခြေနေတွေကြားကနေပဲ ချစ်တာတခုတည်းနဲ့ပဲ လက်တွဲခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ တို့ရဲ့ Pre Wedding ပုံရိပ်လေးတွေကို Pissaya News ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo;ShweHtoo’s FB

Read More

Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ဟန်တီသွားရောက်ယှဉ်ပြိုင်

တရုတ်နိုင်ငံ Sanya မြို့တွင်ကျင်းပပြုလုပ်မည့် ❝ Miss World 2018 ❞ ပြိုင်ပွဲကြီးတွင် Miss Myanmar World 2018 Winner ဟန်တီ သွားရောက်ယှဉ်ပြိုင်ရန်အတွက် နိုဝင်ဘာလ (၉) ရက်နေ့က တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ Miss World 2018 ကို ၀င်ရောက်ယှဉ်ပြိုင်မယ့် ဟန်တီရဲ့ ပုံရိပ်လေးတွေကို Pissaya News ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo;HanThi’s FB

Read More

ရုံတင်ပြသတော့မယ့် ‘တစ်ခုလပ်’ ရုပ်ရှင်ဇာတ်ကားကြီး

ပရိတ်သတ်တွေချစ်ခင်အားပေးကျတဲ့ အနုပညာရှင်တွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ‘တစ်ခုလပ်’ ရုပ်ရှင်ဇာတ်ကားကြီး ကို နိုဝင်ဘာလ (၂) ရက်နေ့ စတင်ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ SG9 Production ရဲ့ ပထမဆုံး ပွဲဦးထွက် ဇာတ်ရုပ်ရှင်ကားကြီး ဖြစ်ပြီး သမီးမြတ်ကျော်ရဲ့ ဇာတ်လမ်း/ဇာတ်ညွှန်း ကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ပုံဖော်ရိုက်ကူးပေးထားတာလည်း ဖြစ်ပါတယ်။ ‘တစ်ခုလပ်’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာပါဝင်ထားတဲ့ သရုပ်ဆောင်တွေက မျိုးသန္တာထွန်း၊ ခင်ဇာခြည်ကျော်၊ လင်းဇာနည်ဇော်၊ သဉ္ဇာမြင့်မိုရ်၊ ချမ်းမေမြတ်နိုး၊ တိုင်ရွှန်၊ အောင်လေးနဲ့ လင်းအောင်ခေတ် တို့ကပါဝင် ထားကြ တာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကရော ပရိတ်သတ်အကြိုက်နဲ့ ထပ်တူကြရဲ့လားဆိုတာကို ပရိတ်သတ်ကြီးက မကြာခင်မှာ သိရှိရတော့မှာပဲ ဖြစ်ပါတယ်။ #Pissaya_News #Entertainment

Read More

ဂီတလောက က ၀င်ငွေနည်းပါတယ်ဆိုတဲ့ ကျော်ထွဋ်ဆွေ

အဆိုတော် ကျော်ထွဋ်ဆွေကတော့ Rappar အဆိုတော်လောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဂီတလောကက ၀င်ငွေနည်းပါတယ်။ ဂီတအပြင်အခြားအလုပ်တွေလည်း လုပ်ဖြစ်မယ်ဆိုတဲ့ အကြောင်း ကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလိုရေးသားထားပါတယ်။ ” ဂီတသမားတွေဟာ ဝင်ငွေနည်းပါတယ်။တချို့က ငါ့ဂီတက လွဲပြီးဘာမှမလုပ်ဘူး ဆိုပြီး ခံယူချက်အပြည့်နဲ့။ တချို့က ငါချစ် တဲ့ဂီတ ကို ဆက် လက် ဖန်တီးခွင့်ရဖို့အခြားတစ်ဖက်က ဝင်ငွေရှာ ရမယ် ဆိုပြီး ယုံကြည်ချက်အပြည့်နဲ့။ ကျွန်တော်ပြောချင်တာက ကျွန်တော် ဂီတအပြင် အခြား တစ်ခုလုပ်မလို့။ ဖောင်းမထုကြပါနဲ့ rapper အပေါင်းတို့” ဆိုပြီးတော့ ရေးသားခဲ့တာဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေရဲ့ ဒီလို ခံယူချက်တွေ အပေါ် အနုပညာရှင် အသိုင်းအဝိုင်းနဲ့ သူ့ရဲ့ သူငယ်ချင်းတွေကလည်း Comment ကနေတဆင့် ထောက် ခံအားပေးခဲ့ပါသေးတယ်။ အဆိုတော် ကျော်ထွဋ်ဆွေ ဟာ သူနဲ့ နှစ်တွေအကြာကြီး ရွှေလက်တွဲခဲ့တဲ့ ချစ်သူ သရုပ်ဆောင်၊ မော်ဒယ် နန်သူဇာ နဲ့လည်း လက်ထပ်ဖို့ ပိုက်ဆံတွေဆုနေတယ်လို့ လည်းသိရပါတယ်။ #Pissaya_News Photo Credit – ကျော်ထွဋ်ဆွေ FB

Read More

အဆိုတော် Rဇာနည် နှင့် ဇနီး ၀မ်း တို့ရဲ့ အိမ်ထောင်သက်တမ်း (၁၅) နှစ်ပြည့်ပွဲကျင်းပပြုလုပ်

အဆိုတော် R ဇာနည်နဲ့ ဇနီးဖြစ်သူ ၀မ်း တို့ရဲ့ အိမ်ထောင်သက်တမ်း (၁၅) နှစ်ပြည့်’Crystal Anniversary’ အထိမ်းမှတ်ပွဲလေးကို အောက်တိုဘာလ (၂၉) ရက်၊ ညနေ (၆) နာရီမှာ၊ ရန်ကုန်မြို့ LOTTE Hotel & Resorts မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Rဇာနည်နဲ့ ၀မ်း တို့ရဲ့ Crystal Anniversary ကိုတက်ရောက်လာကျတဲ့ အနုပညာရှင်တွေနဲ့ ပျော်ရွှင်ကြည်နူးစရာပွဲအမ်းအနားပုံရိပ်လေးတွေကို Pissaya News ပရီတ်သတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo; Credit

Read More

တတိယမြောက် ရုပ်ရှင်ဇာတ်ကားရိုက်ကူးတော့မယ် ဇာဏ်ခီ

ဥပါတ်တံမျဉ် ၊ မုဒြာခေါ်သံ ဇာတ်ကားတွေနဲ့ ပရိတ်သတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဇာဏ်ခီ ကတော့ သူရဲ့ တတိယမြောက် ဇာတ်ကားအတွက် စတင်ပြင်ဆင်နေပါပြီ။ တတိယမြောက် ဇာတ်ကားကိုတော့ ‘ထာဝရ နှောင်ကြိုး’ လို့အမည်ပေးထားတာလည်း ဖြစ်ပါတယ်။ ‘ထာဝရ နှောင်ကြိုး’ ဇာတ်ကားကတော့ ဇာဏ်ခီနဲ့အတူ သရုပ်ဆောင်သစ်တွေလည်း ပါဝင်ပါတယ်။ ရှေ့မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေနဲ့ မတူညီတဲ့ပုံစံတွေ မြင်တွေ့ရအုံးမှာပါလို့လည်း သိရပါတယ်။ ဇာတ်ကားရိုက်ကူးဖို့အတွက် ပုပ္ပါးကိုရောက်ရှိနေကြတဲ့ ထာဝရနှောင်ကြိုး အဖွဲ့သားတွေရဲ့ ပုံရိပ်တွေကို Pissaya News ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo;Now and Eve- ထာဝရနှောင်ကြိုး FB Page

Read More

ရိုက်ကွင်းပေါ်မှ ညိမ်းသော်

မိန်းကလေးပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် ညိမ်းသော်ကတော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလျက်ရှိပါတယ်။ ဇာတ်ကားရဲ့ နာမည်ကတော့ ‘အစိုးမရ အနတ္တ’ လို့ အမည်ပေးထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ဗန်းကြီးက ရိုက်ကူးပူံဖော်တာဖြစ်ပြီး အမျိုးသမီး သရုပ်ဆောင်အနေနဲ့ နန်းစုဦး က ငြိမ်းသော်နဲ့တွဲဖက်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ ညိမ်းသော်ကို ချစ်တဲ့ ပရိတ်သတ်ကြီးအတွက် သူရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို Pissaya News ပရိတ်သတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo;NyeinThaw’s FB

Read More

ကထိန်ခင်းအလှူပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိတ်သတ်တွေချစ်ကျတဲ့ အနုပညာရှင်တွေထဲကမှ ပရဟိတ မင်းသမီး ခိုင်နှင်းဝေကတော့ အောက်တိုဘာလ(၃၀) ရက်နေ့က ရန်ကုန်၊ လှည်းကူးမြို့နယ် ဘားလားကျေးရွာ မှာရှိတဲ့ မေတ္တာမွန်ပရဟိတ ကျောင်းမှာ ကထိန်ခင်းအလှူပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အလှူဖြစ်မြောက်ဖို့အတွက်ကိုတော့ ခိုင်နှင်းဝေ ပရဟိတအသင်း သို့ စင်ကာပူနိုင်ငံမှ Mr.Ong Kim Tat နှင့် Mrs Cheng Keng Wang တို့က ဘုံကထိန်အလှူဖြစ်မြောက်အောင် မတည်လှူဒါန်း ပေးခဲ့တာလို့လည်း သိရပါတယ်။ ပြုလုပ်ခဲ့တဲ့ အလှူက ပကာသနမပါပဲ စည်းစည်းလုံးလုံးနဲ့ ဖြစ်မြောက်ခဲ့ ငွေကျပ်ဆယ်သိန်းကျော် ရွှေမိုးငွေမိုးကြဲပေးတဲ့ အသင်းနာယကကြီးဒေါ်ခင်ဥမ္မာကြီး နဲ့ မနက်အစောထဲကလာပြီး သတင်းရိုက်ကူးပေးတဲံ မီဒီယာ များ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ သူမရဲ့ Facebook စာမျက်နှာ ရေးသားထားပါသေးတယ်။ ခိုင်နှင်းဝေပရဟိတ အသင်း ပြုလုပ်တဲ့ ကထိန်ခင်းအလှူပုံရိပ်တွေကို Pissaya News ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo;KhineHninWai’s FB

Read More

ဖခင်အတွက် ကောင်းမှုကုသိုလ် ပြုလုပ်ပေးနေတဲ့ ပိုးကြာဖြူခင်

သရုပ်ဆောင်ပိုးကြာဖြူခင် ဟာ ကွယ်လွန်သွားတဲ့ သူမဖခင်ဖြစ် သူအတွက် အလှူပြုလုပ်ပေးနေတာတွေ့ရပါတယ်။ သူ့ရဲ့ ဖခင်ကွယ်လွန်သွားတဲ့ တစ်လပြည့်အနေနဲ့ ဦးကျော်သူဦးေ ဆာင်တဲ့ နာရေးကူညီမှုအသင်းက ကျောက်ကပ်သွေးသန့်စင် ဌာနနဲ့ ။ကျောက်ကပ်ရောဂါ လူနာတွေအတွက် အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ” ပါးကြီးဆုံးတာ တစ်လပြည့်လို့ နာရေးကူညီမှုအသင်းက ကျောက် ကပ်သွေးသန့်စင် ဌာနအတွက် အလှူငွေ သွားလှူဖြစ်ခဲ့ပါတယ် အကူညီ လိုအပ် နေတဲ့ ကျောက်ကပ်လူနာ နှစ်ဦးအတွက်လဲ သီးသန့် ဆေးကုသစရိတ် ကူညီထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ် ပါးကြီး ကောင်းရာမွန်ရာ ရောက်ပါစေ” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် အရမ်းကို စိတ်မကောင်းဖြစ်နေရတယ် လို့ လည်း မီဒီယာတွေကို ပြောပြထားပါသေးတယ်။ #Pissaya_News Photo Credit

Read More

ပရိသတ်တွေကို ရင်ထဲ အသဲထဲကကျေးဇူးတင်တဲ့လို့ ပြောလာတဲ့ စိုင်းစိုင်း

နိုင်ငံကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ ” ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” ဖျော်ဖြေပွဲကြီးကို ခမ်းခမ်းနားနားပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲပြီးတဲ့ နောက်မှာလဲ သူ့ရင်ထဲက ခံစားချက်တွေကို အခုလိုပဲ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးခဲ့ပါတယ်။ “၁၀တန်း စာမေးပွဲကြီးပြီးသွားသလိုပဲ ရင်ထဲမှာ ဟာတာတာနဲ့” လို့ ရေးသားခဲ့ပါတယ်။ ဒီပို့ ရဲ့ အောက်မှာပဲ သူကိုချစ်တဲ့ သူ့ရဲ့အခိုင်အမာ ပရိသတ်တွေက ပွဲကို အားရမှုကြောင်း၊ ဒီပွဲကိုလာရတဲ့ အတွက်ကြောင့် စိတ်ကျေနပ်မှုရှိကြောင်းကို ရေးထားကြပါတယ်။ အဆိုတော် စိုင်းစိုင်းကလည်း ဒီပွဲမှာ ပါဝင်အားဖြည့်ပေးခဲ့တဲ့ သူတွေနဲ့ ရွှေပွဲလာပရိသတ်တွေကို အခုလို ကျေးဇူးတင်စကားပြော ထားပါသေးတယ်။ ‘ကျနော့်ရဲ့ ပြီးခဲ့သောဇာတ်လမ်းအကျဉ်းအတွက် Dream Lovers အဖွဲ့  ဆရာ ဓီရာမိုရ် နဲ့ ဂီတကဗျာအဖွဲ့ မမို့မို့ ၊  ဂျွန် ၊ ကြိုးကြာ ၊ မသီရိဂျေ ၊ သီရိဆွေ ၊ ငယ်ငယ် ၊ ကောင်းမြတ် ၊ ဖြိုးကြီး ၊ နန္ဒစိုင်း ၊ မိုးမိုး ၊ ကိုသအို ၊ ဘန်နီ ၊ ဖြိုးလေး ၊ နေဝင်း ၊ G Fatt ၊ ကိုမျိုးကျော့မြိုင် ၊ မောင်မောင်ပြည့်စုံ ၊ ကိုဆန်းထွဋ် ကိုအီကြာကွေး ရွှေစင်အဖွဲ့ …

Read More