ပရဟိတထူးချွန်ဆု ချီးမြှင့်ခြင်းခံရတဲ့ အနုပညာရှင်များ

Hope Charity Myanmar Foundation မှ လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများဆောင်ရွက်နေတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပေးအပ်ခဲ့တဲ့ဆုတွေကတော့ Hope Charity Icon Award (လူမှုအကျိုးပြု ပရဟိတထူးချွန်ဆု) နဲ့ Hope Charity Ambassador Award (လူမှုအကျိုးပြု ပရဟိတဂုဏ်ထူးဆောင် သံအမတ်ဆု) ကိုပေးခဲ့တာပဲ ဖြစ်ပါတယ်။ လူမှုအကျိုးပြုပရဟိတထူးချွန်ဆုကို အကယ်ဒမီဝေဠုကျော် (ဝေဠုကျော် ဖောင်ဒေးရှင်း)၊ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ (ခိုင်နှင်းဝေ ဖောင်ဒေးရှင်း) နဲ့ ရုပ်ရှင်သရုပ်ဆောင် မိုခမ်း M.R.C.S တို့က ရရှိခဲ့ပြီး လူမှုအကျိုးပြု ပရဟိတ ဂုဏ်ထူးဆောင် သံအမတ်ဆု ကိုတော့ တေးသံရှင် ယဉ်မျိုးသူ (မိသားစုအနုပညာ) က ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပွဲအခမ်းအနားကိုတော့ ဒီဇင်ဘာလ (၃) ရက်နေ့၊ ညနေပိုင်းမှာ ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ Sky Star Hotel မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ #Pissaya_News Photo;Khinehninwai’s FB

Read More

ပရိတ်သတ်တွေ ချစ်ကျတဲ့ အနုပညာရှင်တွေနဲ့ ကပြဖျော်ဖြေပေးသွားမယ့် လကာင်္ဒီပချစ်သူ ပြဇာတ်

ဆရာချစ်ဦးညိုရဲ့ နာမည်ကြီး ၀တ္ထု တစ်ပုဒ်ဖြစ်တဲ့ လကာင်္ဒီပချစ်သူ ၀တ္ထုကို စင်တင်ပြဇာတ်အနေနဲ့ ပရိတ်သတ်ကြီးက တွေကမြင်ရတော့မှာပါ။ ဒီပြဇာတ်မှာတော့ မိုးဝင်း၊ ရာဝဏ အဖြစ် လူမင်း၊ ဘိဘိသန အဖြစ် ဟန်ဇာမိုးဝင်း၊ ရာမ အဖြစ် ခါရာ၊ လက္ခဏာ အဖြစ် တိုင်ရွှန် နဲ့ သီတာ အဖြစ် ၀တ်မှုန်ရွှေရည် တို့ကပါဝင်သရုပ်ဆောင်ပြီး ကပြဖျော်ဖြေသွားမှာဖြစ်တယ်လို့သိရပါတယ်။ ‘လကာင်္ဒီပချစ်သူ’ ပြဇာတ်ကိုတော့ Mandalay Entertainment က စီစဉ်တာဖြစ်ပြီး မန္တလေးမြို့မှာ ရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ဒီဇင်ဘာလ (၁၄) (၁၅) ရက်တွေ မှာ ညနေ (၆) နာရီမှ ည( ၉) နာရီအထိ ကပြဖျော်ဖြေ သွားမှာ ဖြစ်ပါတယ်။ “ လကာင်္ဒီပ ချစ်သူ ” အဖွဲ့သားတွေရဲ့ ဇာတ်တိုက်လေ့ကျင့်နေတဲ့ ပုံရိပ်တွေကိုလည်း Pissaya News ပရိတ်သတ်ကြီး အတွက်ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo;Credit

Read More

Solo Album ထွက်ရှိတော့မယ့် Mary

ဒီဇင်ဘာလ(၂) ရက်နေ့မှာ ထွက်ရှိမယ့် Mary ရဲ့ “Midnight Thoughts” ဆိုတဲ့ Solo Album အတွက်စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားမှ Mary ရဲ့ပုံရိပ်လေးတွေကို Pissaya News ပရိတ်သတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။ အဆိုတော် Mary က အခွေအတွက် Promotion Event ကိုတော့ ၂.၁၂.၂၀၁၈၊ ညနေ(၃) နာရီ၊ ရန်ကုန်မြို့၊ လှည်းတန်းစင်တာမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။ #Pissaya_News Photo;Credit

Read More

(၃၀) ပြည့် မွေးနေ့မှာ ပျော်ရွှင်စရာအပြည့်နဲ့ အမှတ်တရ အလှူပွဲလေး ပြုလုပ်ခဲ့တဲ့ ပိုးမီ

Myanmar Idol သီချင်းဆိုပြိုင်ပွဲ ကနေ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုတွေရရှိထားတဲ့ အဆိုတော် ပိုးမီ ကသူမရဲ့ အသက်(၃၀)ပြည့်အတွက် မွေးနေ့အလှူကို တွံတေးမြို့က လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ” တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ မင်္ဂလာ လူငယ်ဖွံ့ ဖြိုးရေး ပရဟိတ ဂေဟာမှာ အခုလို လှူဒါန်းခွင့်ရအောင် ဝိုင်းဝန်း ပါရမီ ဖြည့်ပေးကြတဲ့ ပိုးမီရဲ့ ဒုတိယ မိသားစုလေး ( We love Poe Mi ) အဖွဲ့သားတွေအားလုံးကို ကျေးဇူးတင်ပါတယ် ..ကလေးတွေ ပျော်အောင်သီချင်းတွေ သင်ပေးခဲ့တဲ့ အချစ်တုန်းကြီး Naw Jas ကိုလဲကျေးဇူးပါ. .. ဒီနေ့အတူတူ မလိုက်နိုင်ခဲ့ကြတဲ့ ဖန်လေးတွေ အားလုံးလဲ စိတ်မကောင်းမဖြစ်ပါနဲ့ … နောက်လဲ အမြဲလှူနိုင်အောင် ကြိုးစားကြမယ်နော်” ဆိုပြီး သူမရဲ့ Facebook စာမျက်နှာမှာ ရေးသားထားတာလည်းတွေ့ရပါတယ်။ #Pissaya_News Photo;Credit

Read More

Birthday Suprise လုပ်ပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ Jewel

ဒီနေ့ နိုဝင်ဘာလ (၂၀) ရက်နေ့ကတော့ အလွမ်းသီချင်းတွေကိုသီဆိုတဲ့နေရာမှာ ပရိတ်သတ်အကြိုက်နဲ့ ထပ်တူကျအောင်ခံစားသီဆိုနိုင်တဲ့ အဆိုတော် Jewel ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ အဆိုတော် Jewel ကတော့မွေးနေ့မှာသူမကို မွေးဖွားပေးခဲ့တဲ့ မိခင်၊ Birthday Surprise လုပ်ပေးခဲ့တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ သူမကိုအားပေးကျတဲ့ ပရိတ်သတ်တွေ နဲ့ Birthday Wish လုပ်ပေးကျတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ သူမရဲ့ Facebook စာမျက်နှာ ရေးသားထားတာလည်း တွေ့ရပါတယ်။ Jewel လည်း ဒီနေ့မွေးနေ့မှစပြီး ချစ်ရတဲ့မိသားစု၊ ချစ်ရတဲ့ ပရိတ်သတ်တွေနဲ့အတူ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်နိုင်ပါစေ။ ရှေ့ဆက်လျှောက်လှမ်းမယ့် အနုပညာလမ်းခရီးမှာ လည်း ဒီထက်မက အောင်မြင်မှု တွေ ရရှိပါစေလို့ Pissaya News မိသားစုမှလည်းမွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ #Pissaya_News Photo;Jewel’s FB

Read More

မွေးနေ့မှာ အလှူပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် မေဆူးမောင်

နိုဝင်​ဘာလ ( ၁၈ ) ရက်​​နေ့ကတော့ ပရိတ်သတ်တွေ ခွန်းချိုခ လို့အများဆုံး သိကြတဲ့ သရုပ်ဆောင် မေဆူးမောင် ရဲ့အသက် ( ၂၆ ) နှစ်​ပြည့်​​မွေး​နေ့ပဲဖြစ်ပါတယ်။ မေဆူး​မောင်​ ကသူမရဲ့မွေးနေ့အလှူ အဖြစ် ရန်​ကုန်​မြို့ဗဟိုအမျိုးသမီး​ဆေးရုံ မှာ သူမရဲ့ fan တွေနဲ့အတူ ထမင်း ၊ ဟင်း နဲ့ ​ဆေးပ​ဒေသာပင်​တို့ကို လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။ မေဆူးမောင် ရဲ့ပျော်ရွှင်ကြည်နူးစရာပုံရိပ် လေး တွေကို Pissaya News ပရိတ်သတ်ကြီး အတွက်ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo;Credit

Read More

တန်ဆောင်မုန်းလပြည့်နေ့ညမှာ ကျင်းပပြုလုပ်သွားမယ့် “ဆေးပေါင်းခတဲ့ရန်ကုန်ည”

နိုဝင်ဘာလ(၂၂) ရက်နေ့၊ ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိ Event Park မှာ “ဆေးပေါင်းခတဲ့ရန်ကုန်ည” လို့အမည်ရတဲ့ ဖျော်ဖြေပွဲကြီးကို ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ Steller Seven Entertainment ကစီစဉ်တာဖြစ်ပြီး ပါဝင်ဖျော်ဖြေမယ့် အဆိုတော်တွေက ဇော်ဝင်းထဋ်၊ ရင်ဂို၊ စည်သူလွင်၊ Big Bag နဲ့ အီတိုး တို့ကဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ #Pissaya_News Photo; Credit

Read More

ဒူဘိုင်း မှာ လျှောက်လည်နေကြတဲ့ ဂရေဟမ် တို့မိသားစု

ပရိတ်တွေချစ်ကြတဲ့ အဆိုတော် ဂရေဟမ် တို့မိသားစုကတော့ ဒူဘိုင်းမြို့ကို အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီးဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ ‘November 14 ရက်နေ့မှာကျရောက်မယ့် Daddy နဲ့ Mummy ရဲ့ 25 နှစ်ပြည့် ငွေရတု Anniversary အတွက် Dubai မှာ မိသားစုလေးယောက် အတူလျှောက်လည် 👨‍👩‍👧‍👧♥️ ‘ ဆိုပြီး သူမရဲ့ Facebook Page မှာ ရေးသားထားတာလည်း ဖြစ်ပါတယ်။ ဒူဘိုင်းမှာပျော်နေကြတဲ့ ဂရေဟမ်တို့မိသားစုရဲ့ ပျော်ရွှင်ကြည်နူးစရာ ပုံရိပ်လေးတွေကို Pissaya News ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo;PanYaungChal’s FB Page

Read More

ဇာတိမြို့ကို ရောက်ရှိနေတဲ့ နော်ဖောအယ်ထာ

လူငယ်ပရိတ်သတ်တွေချစ်ကျတဲ့ မော်ဒယ်လ် နော်ဖောအယ်ထာ ကတော့ တောင်ကြီးမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ Facebook စာမျက်နှာမှာတော့ ‘တောင်ကြီးသူ တောင်ကြီးရောက်’ ဆိုပြီး ရေးသားထားတာလည်းတွေ့ရပါတယ်။ သူငယ်ချင်းဖြစ်တဲ့ မေတိုးခိုင် ကိုပါတောင်ကြီးမြို့ကိုအလည်ခေါ်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ နော်ဖောအယ်ထာနဲ့ မေတိုးခိုင်တို့ရဲ့ ပုံရိပ်လေးတွေကို Pissaya News ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo;NawPhawEhHtar’s FB

Read More

စစ်သူကြီး တစ်ဦးရဲ့ပုံစံမြင်တွေ့ရအုံးမယ့် ထူးအောင်

ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဦးဆုံး ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ” ၁၀၁၄” ရုပ်ရှင်ဇာတ်ကား ကြီးထဲမှာတော့ သရုပ်ဆောင် ထူးအောင် က စစ်သူကြီးနေရာကနေ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ “၁၀၁၄ရုပ်ရှင်ကားရဲ့စစ်သူကြီးကိုပုံဖော်ဖို့အသေကြိုးစားနေတယ်။💪💪💪မြင်းစီးတာတော့နည်းနည်းလိုသေးတယ် ” လို့လည်း ထူးအောင် သူရဲ့ Facebook စာမျက်နှာပေါ်မှာရေးသားထားတာ လည်း တွေ့ရပါတယ်။ ဒီ “၁၀၁၄” ကိုတော့ ဒါရိုက်တာကျော်သူက ရိုက်ကူးပုံဖော်မှာလည်း ဖြစ်ပါတယ်။ စစ်သူကြီးပုံဖော်အတွက်ကြိုးစားနေတဲ့ ထူးအောင်ရဲ့ပုံရိပ်တွေကို Pissaya News ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo;HtooAung’s FB

Read More