ပန်းတနော်မြို့က ပရိတ်သတ်တစ်ဦးကို သွားရောက်တွေ့ဆုံခဲ့တဲ့ သရုပ်ဆောင် ဇေရဲထက်

ပြည်သူချစ်အနုပညာရှင်တွေထဲကမှ တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဇေရဲထက် က ပန်းတနော်မြို့မှ သူ့ရဲ့ အမာခံပရိတ်သတ် တစ်ဦးကို ဖေဖော်ဝါရီလ (၅) ရက် ဒီကနေ့မှာ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပန်းတနော်သူ စိုးစန္ဒာထွန်းဟာ သရုပ်ဆောင်ဇေရဲထက်ကိုအားပေး ချစ်ခင်သူတစ်ဦးဖြစ်ပြီး အပြင်မှာ တွေ့ဆုံချင်ပါတယ်ဆိုတဲ့ ဗီဒီယိုဟာလည်း မကြာသေးမီရက်ပိုင်းက Facebook စာမျက်နှာမှာပျံ့နှံခဲ့ပြီးနောက် သရုပ်ဆောင်ဇေရဲထက်က အခုလို သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ မစိုးန္ဒာထွန်းဟာဆိုရင်တော့ မီးလောင် ဒဏ်ရာ ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ #Pissaya_News Photo;Crd

Read More

ကွယ်လွန်သွားခဲ့တဲ့ ဟာသသရုပ်ဆောင် ဦးကင်းကောင်အတွက် သက်ပျောက်ဆွမ်းကပ်ပေးခဲ့တဲ့ အနုပညာရှင် မောင်နှမများ

ပုပ္ပါး ကို ရိုက်ကူးရေးအတွက် ရောက်ရှိနေစဉ် ဒီကနေ့မနက်အစောပိုင်း မှာ ကွယ်လွန်သွားခဲ့တဲ့ ဟာသ သရုပ်ဆောင် ဦးကင်းကောင် အတွက် သူရဲ့မိသားစုနဲ့အတူ ရိုက်ကူးရေးအဖွဲ့ သားတွေနဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမများကသက်ပျောက် ဆွမ်းကပ်ပေးခဲ့တာဖြစ်ပါတယ်။ လူရွှင်တော် ဟာသ သရုပ်ဆောင် ကြာစိရဲ့ Facebook စာမျက်နှာမှာတော့ “ဦးကင်း ရဲ့ နောက်ဆုံးထွက်သက် အခန်းလေးမှာ သက်ပျောက်ဆွမ်းကပ် တရားနာအမျှပေးဝေပါသည်… ဦးကင်းကြားပါစေ သိပါစေ မြင်ပါစေ နော်” ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ ဟာသ သရုပ်ဆောင် ဦးကင်းကောင် ကတော့ ရိုက်ကူးရေးအတွက်ပုပ္ပါးကို ရောက်ရှိနေစဉ် ချွဲကျပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ #Pissaya_News Photo;KyarSi’s Fb

Read More

သရုပ်ဆောင် ဦးမေတ္တာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတင်ထားရ

ရုပ်ရှင်နှင့်ဗွီဒီယို ဟာသ သရုပ်ဆောင် ဦးမေတ္တာ ဟာ အဆုတ်ထဲသို့ ရေ နှင့် သွေး ရောနှောဝင်ရောက်ပြီး ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါပါရောနှောဖြစ်ပြီး အသက်ရှုကျပ်လာတဲ့အတွက် ဇန်နဝါရီလ (၉) ညနေပိုင်းက ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံကြီးရဲ့အရေးပေါ်ဌာန မှာ တက်ရောက် ဆေးကုသမှုခံယူနေရ တာဖြစ်ပါတယ်။ ယခုအခြေအနေမှာတော့ အနည်းငယ်ပြန်လည်သက်သာလာပြီလို့လည်း သိရပါတယ်။ဆုတောင်းမေတ္တာ ပို့သပေးပြီး စိတ်ပူပြီးသတင်းမေးကြတဲ့ ပရိတ်သတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ် ဆိုပြီး လူရွှင်တော်အသင်း(ရန်ကုန်) ရဲ့ ပြန်ကြားရေးမှူးဖြစ်တဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် ဦးကောင်းကျော် ရဲ့ Facebook စာမျက်နှာမှာရေးသားထား တာတွေ့ရပါတယ်။ #Pissaya_News Photo;UKaungKyaw’s FB

Read More

ပရိတ်သတ်တွေရှေ့ ပြန်ရောက်လာပြီ ဖြစ်တဲ့ သရုပ်ဆောင် ခြူး (ခ) ခြူးလေး

စိတ်ရှုပ်စရာ စိတ်ဆင်းရဲစရာတွေကို မခံမရပ်နိုင်လောက်အောင် ကြုံတွေ့ခဲ့ရလို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ သရုပ်ဆောင် ခြူး (ခ) ခြူးလေး ကတော့ ယခုလက်ရှိမှာတော့ ပရိတ်သတ်တွေရှေ့ ပြန်လည် ရောက်ရှိလာပြီး ရိုက်ကူးရေးတွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ဇန်နဝါရီလ (၉) ရက်နေ့ ညပိုင်းမှာရိုက်ကူးနေတဲ့ “ချစ်ရပါသောနွေ” ရုပ်သံဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ ခြူး(ခ) ခြူးလေးရဲ့ရိုက်ကွင်းပေါ် က ပုံရိပ်တွေကို Pissaya News ပရိတ်သတ်တွေအတွက်ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo Crd;Talent Management Center

Read More

ဇန်နဝါရီလ (၁၁)ရက် နဲ့ (၁၂) ရက်နေ့တွေမှာ ကပြဖျော်ဖြေသွားမယ့် နှင်းဆီပဝါခြုံတဲ့လက်

ပရိတ်သတ်တွေချစ်ခင်အားပေးနှစ်သက်တဲ့ အနုပညာရှင်တွေ ဖွဲ့စည်းထားတဲ့ နှင်းဆီအဖွဲ့သားတွေက “နှင်းဆီပဝါခြုံတဲ့လက်” အငြိမ့်ကို ဇန်နဝါရီလ (၁၁) ရက် နဲ့ (၁၂) ရက်နေ့ ည(၇) နာရီမှာ ရန်ကုန်မြို့ Taw Win Garden Hotelမှာကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားတွေကတော့ မင်းမော်ကွန်း နေတိုး ကျော်ကျော်ဗိုလ် ထွန်းထွန်း ရဲလေး ဖူးစုံ မေကဗျာ မိုးပြည့်ပြည့်မောင် နဲ့ မိုးယုစံတို့က ကပြဖျော်ဖြေသွားမှာပါ။ ဒီပွဲကိုလာရောက်ကြည့်ရှုဖို့ အဆင်မပြေတဲ့ပရိတ်သတ်တွေအတွက်လည်း Channel K ရုပ်သံလိုင်း နဲ့ Facebook Page တို့မှလည်း တိုက်ရိုက်(live) ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ #Pissaya_News Photo;Credit

Read More

ဇန်န၀ါရီလ (၁၁) ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ဟောက်စား”

ပရိတ်သတ်ချစ် အနုပညာရှင်တွေဖြစ်တဲ့ မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ အိချောပို၊ ခင်လှိုင်၊ ဂျိုကာ၊ K ညီ၊ တက္ကသိုလ်ဂွမ်းပုံ နဲ့ အခြားသော အနုပညာရှင် များစွာ ပါဝင်တဲ့ “ဟောက်စား” ရုပ်ရှင် ဇာတ်ကားကြီးကို ဇန်န၀ါရီလ (၁၁) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ပြည့်ဟိန်းသီဟ က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး Bo Bo Flim Production ကထုတ်လုပ်ပေးတာဖြစ်ပါတယ်။ “ဟောက်စား” ရုပ်ရှင် ဇာတ်ကားထဲမှာတော့ ပရိတ်သတ်ချစ် သရုပ်ဆောင် တွေက ဘယ်လိုဇာတ်ရုပ်တွေနဲ့ ဘယ်လို ဟောက်စား လုပ်သွားမလဲဆိုတာ ပရိတ်သတ်တွေက မကြာခင်တွေ့မြင်ရတော့မှာပါ။ #Pissaya_News Photo;Houkser’s Page

Read More

ကျောင်းသား (၁၇၀) ကျော်ကို လတိုင်း Scholar ပေးသွားမယ့် Bella National Star Scholarship

Bella Cosmetics မှ ကျောင်း (၁၈) ကျောင်းမှ တက္ကသိုလ်စတင် တက်ရောက်မယ့် ကျောင်းသား (၁၇၀) ကျော်ကို လတိုင်း Scholar ပေးသွားမှာဖြစ်ပါတယ်။ Bella National Star Scholarship ဟာဆိုရင်တော့ လိုအပ်မှုအတွက်သာမက Merit Base အနေနဲ့လည်း တော်တဲ့သူများ ကိုပါ ရွေးချယ်ပေးသွားမှာဖြစ်တယ် လို့လည်းသိရပါတယ်။ Bella National Star Scholarship ပွဲအခမ်းအနားကိုတော့ ဒီဇင်ဘာလ(၄)ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ စိမ်းလန်းစိုပြေမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပညာရေးနယ်ပယ်အသီးသီးမှ ဆရာ၊ဆရာမကြီးများနဲ့ အနုပညာရှင်များ၊ စာနယ်ဇင်း နှင့် သတင်း မီဒီယာများမှာ တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။ #Pissaya_News Photo:Credit

Read More

“ယူတို့ရဲ့ voting တွေကြောင့် ကျမသာယာရပီလေ 😘😘😁” ဆိုတဲ့ ရွှေအိမ်စည်

ပရိတ်သတ်တွေရဲ့ Voting ကြောင့် Royal Dinner ကို တက်ရောက်ခွင့်ရလို့ ပျော်နေတဲ့ ရွှေအိမ်စည်ရဲ့ ပုံရိပ်လေးတွေကို Pissaya News ပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ #Pissaya_News Photo;Shweeainsi’s Fb

Read More

သေရမယ့်အချိန်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်

ဒီဇင်ဘာ(၂) ရက်နေ့က ဟာသ သရုပ်ဆောင်ကစ်ကစ် ဆေးရုံတက်ရတာ တစ်လပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ကျန်းမာရေး လုံးဝပြန်လည်ကောင်းမွန်လာတာ မဟုတ်ပေမယ့် သေရမယ့်အချိန်တစ်ခု ကို ဖြတ်ကျော်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ သရုပ်ဆောင် ခင်သဇင်ရဲ့ Facebook စာမျက်နှာမှာတော့ “မကစ်ကိုယ်တိုင်ကလည်း ၇ ရက်သားသမီးတွေကို ပန်းလိုမွှေးပြီး ရေလိုအေးစေဖို့ ဆုတောင်းပေးနေကြောင်း စကားပါးလိုက်ပါသေးတယ်လို့ ရေးသားထားတာလည်း တွေ့ရပါတယ်။ ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ အခုဆိုရင်တော့ အဆုတ်ရောဂါ အခြေအနေက ပြသာနာမရှိတော့ပေမယ့် နှလုံးကတော့ ပုံမှန်အလုပ်လုပ်ဖို့ ခက်ခဲနေတာကြောင့် ဆရာဝန်တွေက စောင့်ကြည့်ခိုင်းဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ #Pissaya_News Photo;Khinthazin’s FB

Read More

ဒါရိုက်တာဦးခင်ဇော် ကွယ်လွန်

ဒါရိုက်တာ ဦးခင်ဇော် ဟာ ဒီဇင်ဘာလ (၃) ရက်နေ့ ည(၁၁) နာရီ(၅၅) မိနစ်တွင် ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါရိုက်တာဦးခင်ဇော်ကတော့ ဒါရိုက်တာ မိုက်တီး သရုပ်ဆောင် ချစ်ချစ်ဇော် နဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ #Pissaya_News Photo; UAyekyulay’s FB

Read More