အနာဂတ်မှာ ဂျိမ်းစ်ဘွန်းအဖြစ် လူမည်းမင်းသား သို့မဟုတ် အမျိုးသမီး သရုပ်ဆောင်ကို အစားထိုးဖွယ်ရှိဟု ဆို

ဂျိမ်းစ်ဘွန်းဇာတ်ကားတွဲတွေ ပင်တိုင်ထုတ်လုပ်ပေးသူ ဘာဘရာဘရော့ကိုလီက လက်ရှိ ဂျိမ်းစ်ဘွန်း မင်းသားဒင်နီယယ်ခရေ့ဂ်ျ စာချုပ်သက်တမ်းစေ့သွားတဲ့အခါ ၄င်းနေရာအစားထိုးမယ့် သရုပ်ဆောင်ဟာ လူမည်းမင်းသား ဒါမှမဟုတ် အမျိုးသမီး သရုပ်ဆောင်ဖြစ်နိုင်ပါတယ်လို့ ဒေးလီးမေးလ်သတင်းစာကို၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်က ပြောပါတယ်။ဒီဇာတ်ကားတွေက ခေတ်ကာလကို အမြဲထင်ဟပ်ပြလေ့ရှိတာကြောင့် ကျွန်မတို့ နည်းနည်းလက်တည့်စမ်းဖို့ အမြဲကြိုးစားပါတယ်၊ လောလောဆယ်  ဘွန်းဟာဒင်နီယယ်ခရေ့ဂ်ျပေါ့၊ သူ့ကို ကျွန်မသိပ်သဘောကျပါတယ်၊ ဒါပေမဲ့ အနာဂတ်သရုပ်ဆောင်ဟာ ဘယ်သူဖြစ်မလဲဆို တာဘုရားပဲသိမယ်လို့ သူမက ပြောပါတယ်။ အသက် ၄၉ နှစ်ရှိ ခရေ့ဂ်ျဟာ SPECTRE ဇာတ်ကားရိုက်ပြီးနောက် ဘွန်း အဖြစ် သရုပ်မဆောင်တော့ဘူးလို့ ပြောပြီးမှလတ်တလောမှာ Bond 25 လို့ ခေါ်တဲ့ ဘွန်းဇာတ်ကားသစ်ကို ရိုက်ကူးပေးလျက်ရှိပါတယ်။ ၄င်းကိုအစားထိုးမယ့် မင်းသားဟာ လူမည်းမင်းသား အီးဒရစ် အယ်ဘာဖြစ်မယ်လို့ ကော လာဟလတွေထွက်နေပေမဲ့ ၄င်းလူမည်းဖြစ်ခြင်းကြောင့် ပရိသတ်တချို့က လက်မခံကြပါဘူး။ မိန်းမ  ဘွန်း အဖြစ် သရုပ်ဆောင်မယ့် မင်းသမီးအဖြစ် တစ်ပေးခံထားရသူက ဗြိတိန်ဝန်ကြီးချုပ်တယ်ရီဆာမေရွေးချယ်တဲ့ Doctor Who စီးရီးရဲ့ပထမ ဆုံး မိန်းမ Dr.Who အဖြစ် သရုပ်ဆောင်သူ ဂျိုဒီဝှစ်တိတ်ကားဖြစ်ပါတယ်။

Read More

⁠ယောက္ခမဆိုတာ တစ်ခါတုန်းက သားမက်ပါပဲလို့ ဆိုလိုက်တဲ့ လွင်မိုး

အကယ်ဒမီ လွင်မိုးကတော့ သူ့ရဲ့ ခံစားချက်တချို့ကို ဖေ့စ်ဘွတ်ပေါ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးသားလိုက်ပါတယ်။ သူရေးလိုက်တဲ့ စာသားကတော့ ယောက္ခမဆိုတာ တစ်ခါတုန်းက သားမက်ပါပဲ ဆိုတဲ့ စာသားလေး ဖြစ်ပါတယ်။ ဒီစာသားက လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လွင်မိုးပါဝင်ခဲ့တဲ့ နာမည်ကြီး ဇာတ်ကားကားတစ်ကားနာမည်လည်း ဖြစ်ပါတယ်။ အဲ့ဒီစာသားလေးကို လွန်ခဲ့တဲ့ နာရီပိုင်းက တင်လိုက်တာပါ။ ဒီနေ့(ဇန်နဝါရီ ၄ ရက်)ဟာ လွင်မိုးရဲ့ သမီးကြီး ယွန်း ဝတီလွင်မိုးရဲ့ မင်္ဂလာလက်မှတ် ရေးထိုးပွဲ ကျင်းပတဲ့ နေ့လည်း ဖြစ်ပါတယ်။ ဒီလိုနေ့လေးမှာ သူ့ရဲ့ ရင်ထဲက စကား လုံးတချို့ကို စာသားတွေအဖြစ် ထုတ်ဖော်ပြလိုက်တာလို့ ပြောရမှာပါပဲ။ လွင်မိုးအနေနဲ့ သမီးကြီးကို နှမြောပေမယ့်လည်း မိဘတို့ရဲ့ တာဝန်ဝတ္တရားရှိတဲ့အတိုင်း နှစ်ဖက်မိဘတွေနဲ့ မင်္ဂလာ ပွဲကို ခမ်းခမ်းနားနားပြု လုပ်ပေးခဲ့ပါတယ်။ ဖခင်တစ်ယောက်ရဲ့ ခံစားချက်ကိုလည်း Duwun Media ကိုယခုလို ဖြေဆိုပေးခဲ့ပါသေးတယ်။ “သူတို့နှစ်ယောက်က (၉)တန်းကသူငယ်ချင်းတွေဖြစ်ပြီးတော့ ချစ်သူတွေဖြစ်ခဲ့ကြတာပေါ့။ သမီးက သြစတြေးလျမှာ ကျောင်းသွားတက်တော့ ကောင်လေးကလည်း ကျောင်းလိုက်တက်တယ်။ အဲ့ဒီကတည်းက ကျွန်တော်တို့မိဘ ချင်းစကားပြောပြီးတော့ ပြီးခဲ့တဲ့ (၆)လလောက်က စေ့စပ်ထားတာပေါ့။ သူတို့နှစ်ယောက်က တကယ်လည်း မေတ္တာ ရှိတယ်ဆိုတော့လည်း လက်ထပ်ပေးခဲ့တာပါ။ ပြီးရင်တော့သူတို့ မဲဘုန်းကို ပြန်မှာပါ။” ဆိုပြီး ပြောပြခဲ့ပါတယ်။ ထက်ဦးလှိုင်နဲ့…

Read More

ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုအတွက် စိစစ်အကဲဖြတ်ရေးအဖွဲ့  စတင်ဖွဲ့ စည်း

၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင်အကယ်ဒမီဝါ၀ါ ၀င်းရွှေက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါအဖွဲ့တွင်ဒါရိုက်တာအလွှာ၊ ရုပ်ရှင် ထုတ်လုပ်သူအလွှာ၊ ဇာတ်ညွှန်းအလွှာ၊ အဓိကသရုပ်ဆောင်အလွှာ၊ တည်းဖြတ် မှတ်တမ်း အလွှာ၊ ဇာတ်ပို့ဇာတ်ရံအလွှာ၊ ဗီဒီယိုအလွှာ၊ စက်မှုလက်မှုအလွှာ၊ ရုပ်ရှင် ပြဇာတ်နှင့် တေးဂီတအလွှာနှင့် အုပ်ချုပ် ဖြန့်ချိအလွှာတို့မှ အနုပညာရှင်၊ အတတ် ပညာရှင်များဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ အကယ်ဒမီစိစစ်အကဲဖြတ်ရေးအဖွဲ့အနေ ဖြင့် ဇန်န၀ါရီ ၈ ရက်မှစ၍ ဇာတ်ကားများ ကြည့်ရှု မည်ဖြစ်သည်။၂၀၁၇ ခုနှစ်အတွက် အကယ် ဒမီစာရင်း ၀င် ရုပ်ရှင်ဇာတ်ကားများမှာ နေ၀င်အိပ် တန်းတက်၊ ကြိုးဖြင့်ချည်ထားသော ဗာရာ ဏသီ၊ ခေါက်ထီးလေးမလုံ့တလုံ၊ အရွယ် သုံးပါး ချစ်တတ်သည်၊ ဘုန်းကညာနှစ်ပါး၊ ည၊ ရာဇ၀င်ရိုင်းသူများ၊ အမည်ပေါက်နှင့် ကျူး၊ တောကျီးကန်း၊ ဆိုင်းကြိုက်တဲ့မောင်၊ ပွဲခံမယ်၊ နေခြည်မှာ ရွှေရည်လောင်း၊ ရင် ဘတ်ထဲကဓား၊ တာတေကြီး၊ ငါကဗိုလ် အောင်ဒင်၊ ထာဝရအမေ၊ တိမ်ပြာသောနေ့၊ ဒီမိုရပ်ကွက်နှင့် ကြီးမြတ်သောမြန်မာအပါ အ၀င် ရုပ်ရှင်ဇာတ်ကားပေါင်း ၅၃ ကားရှိ ကြောင်းသိရသည်။ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲကို ၂၀၁၈ ခုနှစ် မတ်လအတွင်း ကျင်းပမည်ဖြစ်ပြီး နေရာကိုအတည်မပြုရ သေးကြောင်း သိရသည်။…

Read More

ဒုက္ခရောက်နေတဲ့ ကိုယ်ဝန်သည်ပရိသတ်ကို အိမ်ဝယ်ပေးခဲ့တဲ့ တေလာဆွစ်

တေလာဆွစ်က ကမ္ဘာတစ်ဝှမ်းက သူမရဲ့ပရိသတ်တွေ အချင်းချင်း ဆက်သွယ်နိုင်ဖို့ Swift Life အမည်နဲ့ ဆိုရှယ်မီဒီ ယာအသစ် ဖွင့်လှစ်ပြီးနောက်မှာတော့ ပရိသတ်တစ်ယောက်က သူမ အခက်အခဲကြုံနေချိန်မှာ တေလာဆွစ်က ကူညီပေးခဲ့ပုံကို ဝေမျှလာတာ ဖြစ်ပါတယ်။ “ဒီအကြောင်းကို ဒီမှာတင်ရမလားလို့ ခဏတော့ စဉ်းစားနေသေးတယ်။ နောက်ဆုံးမှာတော့ တေလာ ကျွန်အတွက် လုပ်ပေးခဲ့တာကို အားလုံးကိုပြောပြဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ သူမက ဆိုရင်း အဖြစ်အပျက်အစုံကို ရေးသား ပြောပြခဲ့တာ ဖြစ်ပါတယ်။ တေလာဆွစ်ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ စတက်ဖနီဟာ အိမ်ခြေရာမဲ့ဖြစ်ပြီး သူမကိုယ်ဝန်ဆောင်ချိန်မှာ သူမ ရဲ့ချစ်သူ မက်သရူးကလည်း အလုပ်ပြုတ်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တေလာဆွစ်ဟာ မန်ချက်စတာရှိုးပွဲတစ်ခု အပြီး စင်နောက်မှာ သူမကို သတင်းကောင်းတစ်ခု ပေးခဲ့တာ ဖြစ်ပါတယ်။ “အတိုချုပ်ပြောရရင်တော့ ကျွန်မတို့နေတဲ့ တိုက်ခန်းက လုံခြုံရေးပြဿနာတွေကြောင့် ပိတ်ခံလိုက်ရတယ်။ ကျွန်မ တို့မှာ ဘာမှမရှိတော့ဘူး။ လမ်းပေါ်မှာ နေနေရတဲ့အထဲ မက်သရူးက အလုပ်ပြုတ်သွားတယ်။ ကျွန်မအမေက ဒီ အကြောင်းကို တေလာ့ကို ပြောပြပြီး ကျွန်မ သွားကြည့်တဲ့ သူ့ရဲ့မန်ချက်စတာရှိုးပွဲမှာ ကျွန်မ စိတ်ချမ်းသာရအောင် တစ်ခုခုပြောပေးဖို့ တောင်းဆိုလိုက်တယ်။ ရှိုးပွဲအပြီးမှာ တေလာက ကျွန်မတို့ကို သူ့ရဲ့အဝတ်လဲခန်းကို ခေါ်သွား တယ်” လို့ သူမက ဆိုပါတယ်။ အဲဒီနောက် တေလာက “စတက်ဖနီ..ရှင်က ကျွန်မဘဝထဲမှာ…

Read More

Black Knight”ဇာတ်ကားသစ်တွင်ပါဝင် သရုပ်ဆောင်ထားတဲ့ကင်ရာဝန်နှင့် ရှင်ဆေးကွမ်

ရေနတ်သားဇာတ်ကားဖြင့်လူကြိုက်များလာခဲ့သောမင်းသမီးရှင်ဆေးကွမ်သည်“Doctors” ဇာတ်လမ်းတွဲဖြင့်အောင်မြင်လာခဲ့သော မင်းသား ကင်ရာဝန်နှင့်တွဲဖက်ပြီး“Black Knight”ဇာတ်လမ်းတွဲတွင်ပါဝင်သရုပ်ဆောင်ထားပါသည်။ ကင်ရာဝန်သည်ကင်တေးဟီးနဲ့ အတူတွဲဖက် သရုပ်ဆောင်ခဲ့သော“တစ်ခါတုန်းကတက္ကသိုလ်မှာ”ဇာတ်လမ်းတွဲဖြင့်အောင်မြင်လာ ခဲ့သောမင်းသားတစ်ဦးဖြစ်ပါသည်။ကင်ရာဝန်သည် ဇာတ်လမ်းတွဲတွေထက်ရုပ်ရှင်ဇာတ်ကားများတွင်အတွေ့များသောမင်းသား တစ်ဦးဖြစ်ပါသည်။သူ့ဇာတ်ကားအများစုသည်ခပ်ကြမ်းကြမ်း ဇာတ်လမ်းတွေဖြစ်နေတတ်ပါသည်။ ဂန်နန်ဘလူးတွင်လီမင်ဟိုနဲ့အတူအမည်းဂိုဏ်းသားတွေအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသည်။သူနောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့သော“Doctors” ဇာတ်လမ်းတွဲကိုမင်းသမီးပတ်ရှင်ဟေးနဲ့အတူပါဝင်သရုပ်ဆောင်ထားပါသည်။ထိုဇာတ်လမ်းတွဲသည် အောင်မြင်ခဲ့သော ဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့ပါသည်။ ၂၀၁၇မှာတော့မင်းသမီးရှင်ဆေးကွမ်နဲ့တွဲဖက်ပြီး“BlackKnight”ဇာတ်လမ်းတွဲတွင်သရုပ်ဆောင်ထားပါသည်။ထိုဇာတ်လမ်းတွဲတွင်မင်းသား ကင်ရာဝန်သည်အချစ်ကံခေသောစီးပွားရေးသမားဇာတ်ကောင် မွန်ဆိုဟိုနေရာတွင်ပါဝင်သရုပ်ဆောင်ထားပါသည်။အေးစက်စက် ဇာတ်ကောင်တွေနဲ့အမြဲဒွန်တွဲတွေ့ရတတ်သောမင်းသမီးရှင်ဆေးကွမ်သည်နောက်ပိုင်းမှာခပ်သွက်သွက်ဇာတ်ကောင်တွေနဲ့တွေ့လာရပါ တယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ခရီးသွားအေဂျင်စီတစ်ခုမှာအလုပ်လုပ်နေပေမဲ့ပြည်ပခရီးကိုတစ်ခါမှာမသွားဖူးတဲ့ ဂျန်ဟေရာဇာတ်ကောင် နေရာတွင်ပါဝင်သရုပ်ဆောင်ထားပါသည်။ “BlackKnight”ဇာတ်ကားလေးသည်လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာလောက်ကချစ်ပုံပြင်လေးကနေစတင်လာခဲ့ပါသည်။ဒီဇာတ်လမ်းတွဲလေး“KBS-2”ရုပ်သံဌာနမှဒီဇင်ဘာ၆ရက်တွင်စတင်ထုတ်လွှင့်ပြသခဲ့ပါသည်။ source_news watch

Read More