အကယ်ဒမီဆုချီးမြင့်ပွဲမှာ ပါဝင်သွားမယ့် အကယ်ဒမီရွှေကြိုများ

မကြာခင်မှာ ကျင်းပတော့မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ အကယ်ဒမီရွှေကြိုများ အဖြစ် လူငယ်သရုပ်ဆောင် သစ်တွေနဲ့ အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်တွေ ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။   အကယ်ဒမီ ရွှေကြိုအဖြစ် ပါဝင်သွားမယ့်သူတွေကတော့   သရုပ်ဆောင်နေမင်း၏တူ အုပ်သာကျော် သရုပ်ဆောင်နေထက်လင်း၏သား ထက်လင်းအောင် သရုပ်ဆောင် ခင်ဇာခြည်ကျော်၏သား ဘုန်းမင်းနေလ သရုပ်ဆောင် မင်းသူ၏သား မင်းခန့်ကိုကို သရုပ်ဆောင် ကိုကိုဦး၏သား သီဟအောင် နှင့် သရုပ်ဆောင် အိန္ဒြာကျော်ဇင်၏တူမ မေတိုးခိုင် သရုပ်ဆောင် ခင်လှိုင်၏သမီး သဇင်ထူးမြင့် သရုပ်ဆောင် ဒေါ်မြင့်မြင့်ခင်၏မြေး ဝတ်မှုံသန့် သရုပ်ဆောင် နန်းရွှေရည် သရုပ်ဆောင် ဆောင်းယွန်းစံတို့ကို ရွေးချယ်ထားကြောင်းသိရသည်။   အကယ်ဒမီရွှေကြိုရွေးချယ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့က ရန်ကုန်မြို့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ #Pissaya_News Crd; Photo

Read More

Line Walker- 2 ရိုက်ကွင်းကို သွားရောက်လေ့လာရင်း ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရတဲ့ မင်းရာဇာ

အက်ရှင်ဇာတ်ကားတွေရိုက်ကူးရင်း ပရိတ်သတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် မင်းရာဇာကတော့ Line Walker – 2 ဇာတ်ကားရိုက်ကူးနေတဲ့ ရိုက်ကွင်းကို သွားရောက်လေ့လာတဲ့ အချိန်မှာ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။   မင်းရာဇာ ဟာ Line Walker – 2 ရုပ်ရှင်ဇာတ်ကားထဲမှာ ဂန်းစတား နေရာက ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ သရုပ်ဆောင် မင်းရာဇာ အနေနဲ့ အက်ရှင် ကားတွေကို အဓိကထား သရုပ်ဆောင်သူလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပါဝင်ရမယ့် အခန်းအများကြီး မဟုတ်ပေမယ့် သူကြိုက်တဲ့ ဇာတ်ကားအမျိုးအစား ဖြစ်ပြီး အတွေ့အကြုံရဖို့ အတွက်ပါဝင်ဖြစ်တယ်လို့လည်း သိရပါတယ်။   Line Walker – 2 ဟောင်ကောင်ရုပ်ရှင် ဇာတ်ကားမှာတော့ မြန်မာနိုင်ငံမှ သရုပ်ဆောင် မင်းရာဇာ၊ အောင်မြင့်မြတ်၊ လင်းအောင်ခေတ် နဲ့ HU GO တို့ပါဝင်ထားတာလည်း ဖြစ်ပါတယ်။ #Pissaya_News Photo;Minyarzar’s Fb  

Read More

မတ်လ မှာ ရုံတင်ပြသသွားမယ့် ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက် ရုပ်ရှင်ဇာတ်ကားကြီး

” ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက် ” ရုပ်ရှင်ဇာတ်ကားကို မတ်လ (၁၅) ရက်နေ့မှစတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားကို စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပေးတာ ဖြစ်ပြီး ဒါရိုက်တာ မောင်မျိုးမင်း( ရင်တွင်းဖြစ် ) က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဆရာမကြီးခင်စောဦး ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မိန်းကလေးတိုင်းရဲ့ဘဝမှာတွေ့ကြုံရတဲ့ယောက်ျားသုံးယောက်အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ ရန်အောင် ၊ ပြေတီဦး ၊ မင်းဦး ၊ မင်းဘုန်းမြတ် မို့မို့မြင့်အောင် ၊ အိန္ဒြာကျော်ဇင်၊ နန်းစန္ဒာလှထွန်း ၊ Emily Bo တို့နဲ့အတူ ကိုရီးယား နိုင်ငံမှာ သရုပ်ဆောင် အနုပညာရှင် များလည်းပါဝင်ထားပြီး ကလေးသရုပ်ဆောင် အဖြစ် ၀ါဆိုမြင့်အောင် နဲ့ ပြည့်ပြည့် တို့က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ #Pissaya_Entertainment News Photo;Crd

Read More

မြို့ပြမုဆိုးများ ရုပ်ရှင်ဇာတ်ကား” Red Carpet Show ကျင်းပပြုလုပ်

မြို့ပြမုဆိုးများ ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ Red Carpet Show ဖေဖော်ဝါရီ ၂၀ ရက် နေ့  ည ၇နာရီ က ရန်ကုန်မြို့ Junction City(JCGV) မှာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ Red Carpet Show ကို မြို့ပြမုဆိုးများ ဇာတ်ကားမှာ ပါဝင်ကြသော သရုပ်ဆောင်များနှင့် အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။ ဒီဇာတ်ကားကို Bonanza ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်ထားဖြစ်ပြီး ဒါရိုက်တာ ဥာဏ်ထင် က ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဇင်ဝိုင်း ၊ ရန်အောင်၊ ခါရာ၊ ပြည့်ဝတီမောင်၊ မင်းမြတ်စိုးစံ၊ ခန့်ညား၊ ဂျာဆိုင်းအိန်၊ ဟိန်းသစ်စ၊ မင်းနန္ဒ တို့ကအဓိက ပါဝင်ထားပြီး အခြားသော အနုပညာရှင်များက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မြို့ပြမုဆိုးများ ရုပ်ရှင်ဇာတ်ကားကို မတ်လ (၁) ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ရုံတင်ပြသသွားမှာလည်း ဖြစ်ပါတယ်။ #Pissaya Entertainment News Photo;Crd

Read More

အကယ်ဒမီဆန်ခါတင်ဇာတ်ကား ၂၅ ကား စာရင်းထွက်ပေါ်လာ

၂၀၁၈ ရုပ်ရှင်ထူးချွန်ဆု အတွက် စီစစ်အကဲဖြတ်ရေးအဖွဲ့က အကယ်ဒမီဆန်ခါတင်ဇာတ်ကား ၂၅ ကား ကြည့်ရှုနေပြီဖြစ်ကြောင်း သိရပါတယ်။ အကယ်ဒမီဆန်ခါတင်ဇာတ်ကား ၂၅ ကားစာရင်းထဲမှာ ပရိတ်သတ်တွေကြား ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ ခီမောင်နှံရဲ့ ဇာတ်ကားတွေဖြစ်တဲ့ ဥပါယ်တံမျဉ်’နဲ့ ‘မုဒြာရဲ့ခေါ်သံ’ ဇာတ်ကား နှစ်ကားလည်း ပါဝင်လာပါတယ်။ ၂၀၁၈ အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်တွင် Yangon Convention Center ကျင်းပပြု လုပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ #Pissaya_Entertainment News

Read More

နာမည်ကျော်ကာတွန်းဇာတ်ကောင် ရပ်ကွက်ထဲက ကိုမောင်တင့် (ကိုတင့်) ကွယ်လွန်

ပရိတ်သတ်တွေ ချစ်ကျတဲ့ ကာတွန်း ဇာတ်ကောင်တွေထဲကမှ ရပ်ကွက်ထဲက ကိုမောင်တင့် (ကိုတင့်) ဟာ ဖေဖော်ဝါရီလ (၁၇) ရက် မနေ့နေ့လည်ပိုင်းက ဆိုင်ကယ် accident ကြောင့် ကွယ်လွန် သွားပြီဖြစ်​​ကြောင်း သိရပါတယ်​။ ကိုမောင်တင့် ဇာတ်ကောင်ကတော့ အပြင်မှာတကယ်ရှိခဲ့တာဖြစ်ပြီိး အစ်ကိုဖြစ်သူ ကာတွန်းရွှေထူး(ပြည်) က ညီဖြစ်သူရဲ့ အပြင်ပုံစံအတိုင်းကို ကာတွန်းဇာတ်ကောင် အနေနဲ့ ပုံဖော်ဖန်တီးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ #Pissaya_News Photo;Crd

Read More

မြန်မာနိုင်ငံမှသရုပ်ဆောင်များလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီး

တရုတ်နိုင်ငံ ဟောင်ကောင် Shaw Brother Pictures International Co.,Ltd မှ ရိုက်ကူးတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာနိုင်ငံမှ သရုပ်ဆောင် တွေဖြစ်တဲ့ သရုပ်ဆောင် အောင်မြင့်မြတ် နှင့် လင်းအောင်ခေတ် တို့လည်းပါဝင် သရုပ်ဆောင် ရိုက်ကူးခဲ့ တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ ရိုက်ကူးတဲ့ Line Walker – 2 ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်း အချို့ကိုရန်ကုန်မြို့၊ ရွှေတိဂုံစေတီ အရှေ့ဘက်မုခ် ရေတာရှည်လမ်းအတွင်း ရိုက်ကူးခဲ့ တာဖြစ်ပါတယ်။ #Pissaya_News Photo;Crd

Read More

လူရွှင်တော် ဧရာနှင့် ဟင်းချက်မစားတဲ့ရပ်ကွက်

ပရိတ်သတ်တွေကို ရယ်မောပျော်ရွှင်စရာမှုတွေပေးနေတဲ့ ပြည်သူချစ် အနုပညာရှင်တွေထဲကမှ သရုပ်ဆောင် လူရွှင်တော်ဧရာ လို့ပြောလိုက်တာနဲ့ပရိတ်သတ်သိပီးသားဖြစ်မှာပါ ။ သရုပ်ဆောင် လူရွှင်တော်ဧရာ က သူ မကျန်းမာတဲ့အချိန်မှာတောင် ပရိတ်သတ်အတွက် သူရေးသားထားတဲ့ စာအုပ်လေးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ သူရေးသားထားတဲ့ “ဟင်းချက်မစားတဲ့ရပ်ကွက်”  စာအုပ်ထဲမှာတော့ သူရဲ့ဝါသနာ၊ ဟာသအမြင်၊ ဟာသ အတွေ့အကြုံတွေ နဲ့ ဟာသရဲ့ ဝေါဟာရစကားလုံးတွေကို စာအုပ်အနေနဲ့ ပြောင်းလဲ ဖန်တီးခဲ့တာဖြစ်ပါတယ်။ လူရွှင်တော်ဦးဧရာ ဟာဆိုရင်တော့ မကြာသေးမီက အရိုးပွရောဂါကြောင့် ဆေးရုံတက်ရပြီး ခါးခွဲစိတ်မှုပြုလုပ်ထားရတာလည်း ဖြစ်ပါတယ်။ #Pissaya_News  

Read More

သီလရှင်ဝတ်တဲ့နေ့မှာ ရတဲ့ဆုမို့ ပိုတန်ဖိုးရှိပါတယ်ဆိုတဲ့ နေခြည်ဦး

မိန်းကလေးပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုရရှိထားတဲ့ Beauty Blogger သရုပ်ဆောင် နေခြည်ဦးကတော့ သူမ သီလရှင်ဝတ်တဲ့နေ့မှာ(Social Influencer Award) ဆုရရှိခဲ့တာဖြစ်ပါတယ်။   Pride of Myanmar Award 2018 ပွဲကချီးမြှင့်တဲ့ မျက်မှောက်ခေတ် အလှအပရေးရာတွင် အောင်မြင်နေသော စံပြအမျိုးသမီး၊ လူမှုဆက်ဆံရေး မီဒီယာတွင် လူသိများ ထင်ရှားသူ၊ အမျှော်အမြင်ရှိသောစီးပွားရေးလုပ်ငန်းရှင် တစ်ဦးအဖြစ် ဆုချီးမြှင့်ခံရတာဖြစ်ပါတယ်။ မယ်သီလရှင် ၀တ်တဲ့နေ့မှာရတဲ့ဆုဖြစ်လို့ ပိုတန်ဖိုးရှိပြီး ဆက်လျှောက်ရမယ့် ခြေလှမ်းတွေအတွက်လည်း အားဖြစ်ပါတယ် လို့သူမရဲ့ Facebook စာမျက်နှာမှာရေးသားထားတာ ဖြစ်ပါတယ်။ #Pissaya_news

Read More

ဖေဖော်ဝါရီလ(၁၄)ရက်နေ့ မှာ ပရိတ်သတ်တွေကို “ကတိ”(Promise) ပေးမယ့် အဆိုတော်ချစ်သုဝေရဲ့

ချစ်စရာကောင်းတဲ့ သမီးအမွှာလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မေမေ ချစ်သုဝေရဲ့ “ကတိ” (Promise) ဆိုတဲ့ Album က လာမယ့် ဖေဖော်ဝါရီလ (၁၄) ရက် ချစ်သူများနေ့မှာ ပရိတ်သတ်တွေ ဆီရောက်ရှိ လာ တော့မှာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေမထွက်တာ ၈ နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ချစ်သုဝေအတွက် “ကတိ” (Promise) လို့အမည်ရတဲ့အခွေကတော့ သူမရဲ့ ဒုတိယမြောက် Solo Album လည်းဖြစ်ပါတယ်။ ချစ်သုဝေရဲ့ “ကတိ” (Promise) Album ကို Bo Bo Music Production က Audio CD အနေနဲ့ (၁၄.၂.၂၀၁၉) မှ စတင်ဖြန့်ချီပေးသွားမှာ ဖြစ်ပါတယ်။ #Pissaya_News

Read More