အီရတ် အလှမယ်ဟောင်း ပစ်သတ်ခံရ

အသက် ၂၂ နှစ်အရွယ် အီရတ်အလှမယ်ဟောင်း Tara Fares မနေ့က ဘဂ္ဂဒက်မြို့တော်မှာ ပစ်သတ်ခံခဲ့ရကြောင်း အီရတ်ပြည် ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် အီရတ်အလှမယ်ဟောင်းဟာ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ အမည်မသိအမျိုးသားတစ်ဦးရဲ့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။ စစ်ဆေးချက်တွေအရ အလှမယ်ဟောင်းဟာ သေနတ်ဒဏ်ရာ သုံးချက်နဲ့ သေဆုံးခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း အီရတ်ပြည် ထဲရေးဝန်ကြီးဌာနမှ ပြောကြားထားကြောင်း သိရပါတယ်။  

Read More

ရည်းစားက အဓမ္မကျင့်နှိပ်စက်တာခံရကြောင်း တိုင်ကြားထားတဲ့ ဂိုဟာရာ

တောင်ကိုရီးယား အဆိုတော် မင်းသမီး ဂိုဟာရာ (Goo Hara) က ရည်းစားရဲ့ညှင်းပန်းနှိပ်စက် အဓမ္မကျင့်မှုကို ခံရကြောင်း တိုင်ကြား ထားကာ စုံစမ်းစစ်ဆေးမှုအတွက် စက်တင်ဘာလ ၁၈ ရက်နေ့က ရဲဌာနကို သွားရောက်ခဲ့ကြောင်း Soompi သတင်းဌာနက ရေး သားထားပါတယ်။ စက်တင်ဘာလ ၁၅ ရက်က ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ခြေတွေလက်တွေမှာ အညိုအမည်းဒဏ်ရာတွေရရှိတဲ့ ဟာရာရဲ့ပုံတွေကို Dispatch မှာ ဖော်ပြထားပါတယ်။ ဟာရာက မီးယပ်သားဖွားအထူးကုနဲ့ အရိုးအထူးကုတို့ဆီက ရရှိတဲ့ ဆေးမှတ်တမ်းကို လည်း ပြသခဲ့ပါတယ်။ ဟာရာဟာ အနိုင်ကျင့်ခံရမှုကြောင့် သားအိမ်နဲ့ မိန်းမကိုယ်မှ သွေးများ ထွက်နေတဲ့အတွက် တစ်ပတ်အနားယူရမယ်လို့ မီးယပ်သား ဖွားအထူးကုက ဆေးမှတ်တမ်းရေးပေးခဲ့ပါတယ်။  ဒဏ်ရာဒဏ်ချက်များရရှိထားပြီး ညှင်းပန်းနှိပ်စက်ခံရတာဖြစ်နိုင်ကြောင်း အရိုးအထူးကုကလည်း ဆေးမှတ်တမ်း ရေးထားပါတယ်။ ဘယ်သူက အရင်ရိုက်တာလဲလို့ ဟာရာကို မေးမြန်းချိန်မှာတော့ “ဘယ်သူက အရင်ရိုက်တယ်ဆိုတာ အရေးမကြီးပါဘူး။ စုံစမ်း စစ်ဆေးမှုပြီးရင် အဖြေပေါ်လာမှာပါ” လို့ သူမက ပြန်ဖြေခဲ့ပါတယ်။ သူမရဲ့ရည်းစားက ဟာရာကို သူ မရိုက်ဘူးလို့ ပြောခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဟာရာက အလားတူ တုံ့ပြန်ဖြေကြားမှုကိုပဲ ပေးခဲ့ပါတယ်။ “အဲဒါလည်း စုံစမ်းစစ်ဆေးမှုပြီးရင် ရှင်းသွားမှာပါ။ မေးမြန်းမှုတွေကို ကျွန်မ အမှန်အတိုင်းပဲ ဖြေသွားမှာပါ”လို့ ဟာရာက ပြောခဲ့ပါတယ်။ ဂိုဟာရာရဲ့ရည်းစားကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ…

Read More

⁠ဟေလီ⁠ဘောဝင်းနဲ့ ⁠စေ့စပ်လိုက်တဲ့ ဂျက်စတင်ဘီဘာ

ဂျက်စတင်ဘီဘာစေ့စပ်လိုက်ပြီဆိုတဲ့သတင်းက မကြာသေးမီရက်ပိုင်းက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ TMZ, CNN နဲ့ E! တို့မှာ ဂျက်စတင်ဘီဘာနဲ့ ဟေလီဘောဝင်းတို့ရဲ့စေ့စပ်သတင်းကို အတည်ပြုထားပြီး ဒီသတင်းကို BBC မှာလည်း ဖော်ပြထားပါတယ်။ ဒီသတင်းဟာ အမှန်ဖြစ်ကြောင်း နောက်ထပ်ယုံကြည်စရာ အချက်တစ်ချက်ကတော့ ဂျေဘီရဲ့ မိဘတွေက အွန်လိုင်းပေါ်မှာ ထူးထူးခြားခြား စာလေးတွေ ရေးသားထားတာပါပဲ။ ဂျေဘီရဲ့ဖခင် ဂျာရမီက အင်စတာဂရမ်မှာ ဂျေဘီရဲ့ ပုံတစ်ပုံတင်လိုက်ပြီး “နောက်ထပ် ကဏ္ဍအတွက် စိတ်လှုပ်ရှားနေတယ် လို့ ပြောထားပါတယ်။ ဂျေဘီရဲ့မိခင် Pattie Mallette ကလည်း သူမရဲ့စိတ်လှုပ်ရှားမှုတွေကို Twitter မှာ ရေးသားထားပါတယ်။ သူမရေးထားတဲ့စာကတော့ “Love Love Love Love Love Love Love.” လို့ ရေးထားပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂျေဘီနဲ့ ဆယ်လီနာဂိုးမက်စ်တို့ ပြတ်သွားပြီးတဲ့နောက် ဂျေဘီနဲ့ ဟေလီတို ပြန်တွဲခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ဂျေဘီနဲ့ ဟေလီတို့ တွဲခဲ့ပါသေးတယ်။ အသက် ၂၁ နှစ်အရွယ် ဟေလီဘောဝင်းဟာ American Vogue, Marie Claire နဲ့ Spanish Harper’s Bazaar စတဲ့ မဂ္ဂဇင်းတွေမှာ ပါဝင်ဖူးပါတယ်။ ဒါ့အပြင် မော်ဒယ်ရှိုးတွေ၊ သီချင်းဗီဒီယိုတွေနဲ့ ရုပ်မြင်သံကြားရှိုး အတော်များများမှာလည်း…

Read More