‘Goblin’ ပြီးနောက် ဒရမ်မာဇာတ်လမ်းတွဲသစ်မှာ ပါဝင်သွားမယ့် လီဒေါင်ဝတ်ခ်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသား တစ်ဦးဖြစ်တဲ့ လီဒေါင်ဝတ်ခ်ဟာ ပြီးခဲ့တဲ့ နှစ် အတွင်းမှာ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်း တွဲ ”Goblin”နဲ့ အာရှတစ်ခွင်မှာ အထူးအားပေး မှုရရှိခဲ့တဲ့ မင်းသားတစ်ဦး ဖြစ်ပါတယ်။ ”Goblin”ဇာတ်လမ်းတွဲ ထုတ်လွှင့်မှုအပြီးမှာ ပရိသတ်တွေဆီက ရရှိခဲ့တဲ့ ချစ်ခြင်းတွေ ပျောက်ကွယ်ခဲ့သလိုခံစားခဲ့ရပြီး စိတ်ဓာတ် ကျခြင်းကို ခံစားခဲ့ရကြောင်း ဖွင့်ဟခဲ့ဖူးတဲ့ လီဒေါင်ဝတ်ခ်ဟာ လတ်တလောမှာတော့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင် သရုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပြီဖြစ် ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။ လီဒေါင်ဝတ်ခ်ဟာ JTBC က ရိုက်ကူး ထုတ်လွှင့်သွားမယ့် ဇာတ်လမ်းတွဲ ”Life” မှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ယင်းရုပ်ရှင် မှာတော့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ ဂျိုဆန်ဝူးနဲ့ တွဲဖက်ပါဝင်သွားမှာဖြစ်ပြီး နှစ်ဦးစလုံးက ပါဝင်သွားမှာဖြစ်ကြောင်း အတည်ပြု ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါ တယ်။ ”Life”ဟာ ဆေးလောကအကြောင်းကို ရိုက်ကူးပုံဖော်သွားမယ့် ဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပြီး ယင်းဇာတ်လမ်းတွဲမှာတော့ ခွဲစိတ်ရေး ဆိုင်ရာ လုပ်ငန်းတွေမှာ ဖြစ်ပျက်တွေ့ကြုံ ရတာတွေကို အလေးပေးရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။ မင်းသား ဂျိုဆန်ဝူးက ယင်း ဇာတ်လမ်းတွဲမှာ ဆေးရုံဥက္ကဋ္ဌတစ်ဦးအဖြစ် ပါဝင်သွားမှာဖြစ်ပြီး လီဒေါင်ဝတ်ခ်ကတော့ ဆရာဝန်တစ်ဦးအဖြစ် ပါဝင်သွားမှာဖြစ်တယ် လို့ သိရပါတယ်။ source_the mirror daily

Read More

Avajar အလှကုန်ပစ္စည်း၏ အမှတ်တံဆိပ်မော်ဒယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် Super Junior

တောင်ကိုရီးယားမှ နာမည်ကျော် အမျိုးသားပေါ့ပ်ဂီတအဖွဲ့ Super Junior သည် Avajar အလှကုန်ပစ္စည်း၏ အမှတ်တံဆိပ်မော်ဒယ် များအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထို့ကြောင့် Super Junior အဖွဲ့သည် ဇန်န၀ါရီလမှစတင်၍ ယင်းအလှကုန်ပစ္စည်း၏ အမှတ်တံဆိပ်မော်ဒယ်များ အဖြစ် ဆောင်ရွက် သွားတော့မည်ဖြစ်သည်။ Avajar အလှကုန်ပစ္စည်းကုမ္ပဏီက ၄င်းတို့အနေဖြင့် Super Junior အဖွဲ့ကို အမှတ်တံဆိပ်မော်ဒယ်များအဖြစ် ရွေးချယ်ခံသည့် အကြောင်းရင်းနှင့်ပက်သက်၍ “ ကျနော်တို့ရဲ့စီးပွားရေးကို Super Junior အဖွဲ့နဲ့အတူ တစ်ကမ္ဘာလုံးကို တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။ သူတို့အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံအများအပြားမှာ ခိုင်မာတဲ့ ပရိသတ် အဖွဲ့တွေကို ရရှိထားပါတယ်” ဟု ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် Super Junior အဖွဲ့သည် ကဏ္ဍအသီးသီးတွင် တက်ကြွစွာလှုပ်ရှားလျက်ရှိပြီး လာမည့် ဇန်န၀ါရီလ ၂၆ရက်နေ့ တွင်လည်း Super TV ဟု အမည်ပေးထားသော သူတို့၏ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် ပြသသွားနိုင်ရန် စီစဉ်ထားသည်။ source_mizzima

Read More

စစ်မှန်တဲ့ ပရဟိတပွဲတွေကို တတ်နိုင်သမျှ ကူညီသီဆိုပေးနေတဲ့ အိမ့်ချစ်

ပရဟိတပွဲများတွင် ပါဝင်သီဆိုဖျော်ဖြေရခြင်းမှာ ကုသိုလ်ရသလို အများအတွက် အထောက်အပံ့ဖြစ်သောကြောင့် မှန်ကန်သည့် ပရဟိတပွဲများတွင် တတ်နိုင်သမျှ သီချင်းဆို၍ ကူညီ ပေးလေ့ရှိကြောင်း အဆိုတော် အိမ့်ချစ်ကပြောသည်။ “တချို့ကျတော့ မဟုတ်ဘဲနဲ့ အကူအညီလာတောင်းတာမျိုး တွေ ကြုံရတယ်။ အဲဒီလိုမျိုးတွေ ဆို အိမ့်ချစ် အားမနာဘူး။ တချို့ က ပျော်လို့၊ ပွဲလုပ်ချင်လို့ အမြဲ တမ်း ပရဟိတဆိုတဲ့ ခေါင်းစဉ် တပ်ပြီးတော့ ပွဲလုပ်နေတဲ့သူတွေ ရှိတယ်သိလား။ ဒါကို ပရိသတ် တွေက သိချင်မှ သိမယ်။ အိမ့်ချစ် တို့က ဒီလောကထဲမှာနေတာမို့ လို့သိတာ။ ပရဟိတဆိုတဲ့ ခေါင်း စဉ်တစ်ခုအောက်မှာ တိတိကျကျ မှန်မှန်ကန်ကန်နဲ့ တကယ်ထိထိ ရောက်ရောက် လုပ်ဆောင်နေတဲ့ သူတွေအတွက် ကူညီပေးရတာ ကိုယ်လည်း ကုသိုလ်ရတယ်လေ’’ ဟု ၎င်းက ပြောသည်။ လတ်တလောတွင် အဆို တော် ဟဲလေးနှင့် တွဲဖက်၍ ‘ချောကလက်မှိုတက် ညိုပြာညက်’တေးစီးရီးကိုဖေဖော်ဝါရီအတွင်းထွက်နိုင်အောင် ကြိုးစားနေ သည်ဟု ဆိုသည်။ ‘‘ကိုဟဲလေးနဲ့ အိမ့်ချစ်က ပွဲတော်တော်များများလည်းတူ တယ်။ သီချင်းလည်း အမြဲတွဲဆို ဖြစ်တယ်။ တကယ်တမ်းတွဲဆို မယ်ဆိုရင် သင်္ကြန်သီချင်းကလွဲ လို့ မရှိဘူး။ အဲဒါကြောင့် အခွေ လေးတစ်ခွေထွက်ရအောင်ဆိုပြီး ခေါင်းစဉ်ကို စဉ်းစားလိုက်တော့ သူကလည်း အသားညိုတယ်၊ ကိုယ်ကလည်း အသားညိုတဲ့အ တွက် ‘ချောကလက်မှိုတက်…

Read More

မင်္ဂလာဆောင်ကောလဟာလများကို ဂေါင်ယူးနှင့် ဂျန်ယူးမီတို့ ငြင်းဆန်ပယ်ချ

တောင်ကိုရီးယားမှ နာမည်ကျော်မင်းသားဂေါင်ယူးနှင့် မင်းသမီး ဂျန်ယူးမီတို့သည် မကြာသေးခင်က ထွက်ပေါ် လာသည့် မင်္ဂလာဆောင် ကြတော့မည်ဆိုသော ကောလဟာလများကို ငြင်းဆန်ခဲ့ကြသည်။ ဇန်န၀ါရီလ ၉ ရက်နေ့တွင် အွန်လိုင်းအသုံးပြုသူတစ်ဦးက “ ဂေါင်ယူးဟာ မင်္ဂလာဆောင်တော့မှာဖြစ်ပါတယ်။ မနေ့တုန်းက သူဟာ ရှီလာဟော်တယ်မှာ ကြိုတင်စာရင်းသွင်းခဲ့ပါတယ်။ အဲဒီ့မှာ အလုပ်လုပ်တဲ့ တစ်ယောက်က ဒီသတင်းကိုပေးတာပါ။ မင်းသမီး ဂျန်ယူး မီနှင့်အတူ မင်္ဂလာဆောင်တော့မှာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။ ထိုသတင်းနှင့်ပက်သက်၍ ဂေါင်ယူးနှင့် ဂျန်ယူးမီတို့၏ အေဂျင်စီဖြစ်သော Soop Entertainment က “ကျနော် တို့ဟာ လူမှုမီဒီယာပေါ်မှာ အခုပြန့်နှံ့နေတဲ့ ကောလဟာလတွေနဲ့ ပတ်သက်လို့   ကြေညာချက် ထုတ်ပြန်ချင်ပါ တယ်။ ဂေါင်ယူးနဲ့ ဂျန်ယူးမီတို့ရဲ့ သတင်းတွေဟာ တကယ့်ကို မှားယွင်းနေပါတယ်။ ဒါကြောင့် အဲဒီမမှန်သတင်း တွေ ထုတ်ပြန်မှုနဲ့ ဆိုးရွားတဲ့မှတ်ချက်တွေအတွက် ကျနော်တို့ဘက်ကနေ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်း သွားမှာဖြစ်ပါတယ်” ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဆက်လက်ပြီး အေဂျင်စီက “ဂေါင်ယူးနဲ့ ဂျန်ယူးမီတို့ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ သတင်းတွေဟာ မှားယွင်း နေပါတယ်။ သူတို့နှစ်ဦးဟာ တကယ့်မောင်နှမတွေလို နေထိုင်ကြတာပါ။ ဂေါင်ယူးဟာ ဂျန်ယူးမီကို သူ့ရဲ့ သွေးရင်းတစ်ယောက်လို သဘောထားပြီး ဆက်ဆံတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဂေါင်ယူးနှင့် ဂျန်ယူးမီတို့သည် Silenced နှင့် Train to…

Read More

ဟောလိဝုဒ်ရုပ်ရှင် Mile 22 ၌ ပါဝင်သရုပ်ဆောင်မည့် အဆိုတော် CL

တောင်ကိုရီးယားမှ နာမည်ကျော်အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ 2NE1 ၏ အဖွဲ့ဝင်ဟောင်းဖြစ်သူ CL သည် ယခု အခါတွင် ပထမဦးဆုံးအကြိမ် အဖြစ် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ခုထဲ၌ ပါဝင်သရုပ်ဆောင်တော့မည် ဖြစ်သည်။ ဇန်န၀ါရီ ၅ ရက်နေ့တွင် CL သည် ရုပ်ရှင်ရိုက်ကူးရေးမှ ဓာတ်ပုံအများအပြားကို သူမ၏ လူမှုမီဒီယာအကောင့်၌ တင်ခဲ့သည်။ ထိုထဲ၌ ပထမဦးဆုံးပုံထဲတွင် သူမသည် အထူးပရောဂျက်တစ်ခုရှိနေကြောင်း အရိပ်အမြွက် ပြောဆိုခဲ့ပြီး “ဘာလဲဆိုတာ တွေးကြည့်စမ်းပါ” ဟု ပုံနှင့်တကွ ရေးသားခဲ့သည်။ ဒုတိယပုံထဲတွင် သူမသည် ဒါရိုက်တာ ပီတာဘာ့ဂ်နှင့်အတူ တွဲရိုက်ထားပြီး တတိယပုံထဲတွင် သူမသည် မင်းသားကြီး ဂျွန်မော့ခ်ကို ဗစ်ခ်ျနှင့်အတူ တွဲရိုက်ထားသည်ကို တွေ့ရသည်။ ထို့နောက် နောက်ဆုံးဓာတ်ပုံထဲတွင် CL သည် ဒါရိုက်တာ၊ အခြားသရုပ်ဆောင် အဖွဲ့ဝင်များနှင့်အတူ ရုပ်ရှင် ရိုက်ကွင်းထဲ၌ ရောက်ရှိနေ ပုံကို တွေ့ရသည်။ CL ပါဝင်သရုပ်ဆောင်မည့် ရုပ်ရှင်ဇာတ်ကားအမည်မှာ Mile 22 ဖြစ်ပြီး ထိုရုပ်ရှင်သည် သူမ၏ ပွဲဦးထွက် ဟောလိဝုဒ်ရုပ်ရှင်ဖြစ်ကြောင်း သိရသည်။ Mile 22 ဇာတ်ကားတွင် နာမည်ကျော်သရုပ်ဆောင် မာ့ခ်ဝါ့ဘာ့ဂ်၊ ရွန်ဒါရောက်ဆေနှင့် အခြားအနုပညာရှင် များစွာပါဝင်သည်။ ယင်းဇာတ်ကားသည် စီအိုင်အေအရာရှိတစ်ဦးနှင့် အင်ဒိုနီးရှားရဲအရာရှိတစ်ဦးတို့ အတူတကွ ပူးပေါင်းကာ နိုင်ငံရေးအကျင့်ပျက်ခြ စားမှုကို ရင်ဆိုင်ဖြေရှင်းကြပုံအား ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ ပီတာဘာ့ဂ်က…

Read More

ဟောလိဝုဒ်ရုပ်ရှင် Mile 22 ၌ ပါဝင်သရုပ်ဆောင်မည့် အဆိုတော် CL

တောင်ကိုရီးယားမှ နာမည်ကျော်အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ 2NE1 ၏ အဖွဲ့ဝင်ဟောင်းဖြစ်သူ CL သည် ယခု အခါတွင် ပထမဦးဆုံး အကြိမ်အဖြစ် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ခုထဲ၌ ပါဝင်သရုပ်ဆောင်တော့မည် ဖြစ်သည်။ ဇန်န၀ါရီ ၅ ရက်နေ့တွင် CL သည် ရုပ်ရှင်ရိုက်ကူးရေးမှ ဓာတ်ပုံအများအပြားကို သူမ၏ လူမှုမီဒီယာအကောင့်၌ တင်ခဲ့သည်။ ထိုထဲ၌ ပထမဦးဆုံးပုံထဲတွင် သူမသည် အထူးပရောဂျက်တစ်ခုရှိနေကြောင်း အရိပ်အမြွက် ပြောဆိုခဲ့ပြီး “ဘာလဲဆိုတာ တွေးကြည့်စမ်းပါ” ဟု ပုံနှင့်တကွ ရေးသားခဲ့သည်။ ဒုတိယပုံထဲတွင် သူမသည် ဒါရိုက်တာ ပီတာဘာ့ဂ်နှင့်အတူ တွဲရိုက်ထားပြီး တတိယပုံထဲတွင် သူမသည် မင်းသားကြီး ဂျွန်မော့ခ်ကိုဗစ်ခ်ျနှင့်အတူ တွဲရိုက်ထားသည်ကို တွေ့ရသည်။ ထို့နောက် နောက်ဆုံးဓာတ်ပုံထဲတွင် CL သည် ဒါရိုက်တာ၊ အခြားသရုပ်ဆောင် အဖွဲ့ဝင်များနှင့်အတူ ရုပ်ရှင် ရိုက်ကွင်းထဲ၌ ရောက်ရှိနေ ပုံကို တွေ့ရသည်။ CL ပါဝင်သရုပ်ဆောင်မည့် ရုပ်ရှင်ဇာတ်ကားအမည်မှာ Mile 22 ဖြစ်ပြီး ထိုရုပ်ရှင်သည် သူမ၏ ပွဲဦးထွက် ဟောလိဝုဒ်ရုပ်ရှင်ဖြစ်ကြောင်း သိရသည်။ Mile 22 ဇာတ်ကားတွင် နာမည်ကျော်သရုပ်ဆောင် မာ့ခ်ဝါ့ဘာ့ဂ်၊ ရွန်ဒါရောက်ဆေနှင့် အခြားအနုပညာရှင် များစွာပါဝင်သည်။ ယင်းဇာတ်ကားသည် စီအိုင်အေအရာရှိတစ်ဦးနှင့် အင်ဒိုနီးရှားရဲအရာရှိတစ်ဦးတို့ အတူတကွ ပူးပေါင်းကာ နိုင်ငံရေးအကျင့် ပျက်ခြစားမှုကို ရင်ဆိုင်ဖြေရှင်းကြပုံအား ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ ပီတာဘာ့ဂ်က ရိုက်ကူးမည်ဖြစ်သည်။…

Read More

Pre Wedding ဓာတ်ပုံ⁠လေး⁠တွေ တင်လိုက်တဲ့ စ⁠န္ဒီ⁠မြင့်လွင်

မတ်လအတွင်းမှာ မင်္ဂလာပွဲ ကျင်းပတော့မယ့် အဆိုတော် စန္ဒီမြင့်လွင်ကတော့ ဒီနေ့(ဇန်နဝါရီ၅ရက်)က Pre wedding ပုံအသစ်လေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်လိုက်ပါတယ်။ ပုဂံမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ချို့ကို တင်ပေးလိုက်တာဖြစ်ပြီး Pre Wedding ပုံလေးတွေကတော့ တစ်မူထူး ဆန်းပြီး လှနေတာကို ပရိသတ်တွေတွေ့ရမှာပါ။ သူမရဲ့ Pre Wedding အတွက် ဝတ်စုံလေးတွေကိုတော့ ဒီဇိုင်နာမပုံ့က ချုပ်ပေးတာဖြစ်ပြီး ဓာတ်ပုံကိုတော့ Lin Tun (Life Photography ) က ရိုက်ကူးပေးထားပြီး မိတ်ကပ်ကို ညီညီမောင်က ပြင်ပေးထားတာ ဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲကို နိုဗိုတယ်မှာ ပြုလုပ်မှာဖြစ်ပြီး ညစာစားပွဲကိုတော့ Lotte ဟိုတယ်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကို ချစ်သူသက် တမ်း တစ်နှစ်ခွဲမှာ စီစဉ်တာ ဖြစ်ပါတယ်။ ချစ်သူကောင်လေးကတော့ သူမအပေါ် သဘောထားကြီး နားလည်ပေးတယ်လို့ ဆိုပါတယ်။သူမအနေနဲ့ အိမ်ထောင်ပြုပြီးသွားရင်လည်း အနုပညာအလုပ်တွေကို ဆက်လုက်လုပ်ကိုင်သွားမှာဖြစ်ပြီဇန်နဝါရီ လအတွင်းမှာ ဆိုဖီယာနဲ့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ကိုလည်း အွန်လိုင်းကနေ ဖြန့်ချိ ပေးသွားမယ်လို့ သိရပါတယ်။   Source – Duwun Photo Credit-စန္ဒီမြင့်လွင် FB ၊Lin Tun (Life Photography )

Read More

အနာဂတ်မှာ ဂျိမ်းစ်ဘွန်းအဖြစ် လူမည်းမင်းသား သို့မဟုတ် အမျိုးသမီး သရုပ်ဆောင်ကို အစားထိုးဖွယ်ရှိဟု ဆို

ဂျိမ်းစ်ဘွန်းဇာတ်ကားတွဲတွေ ပင်တိုင်ထုတ်လုပ်ပေးသူ ဘာဘရာဘရော့ကိုလီက လက်ရှိ ဂျိမ်းစ်ဘွန်း မင်းသားဒင်နီယယ်ခရေ့ဂ်ျ စာချုပ်သက်တမ်းစေ့သွားတဲ့အခါ ၄င်းနေရာအစားထိုးမယ့် သရုပ်ဆောင်ဟာ လူမည်းမင်းသား ဒါမှမဟုတ် အမျိုးသမီး သရုပ်ဆောင်ဖြစ်နိုင်ပါတယ်လို့ ဒေးလီးမေးလ်သတင်းစာကို၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်က ပြောပါတယ်။ဒီဇာတ်ကားတွေက ခေတ်ကာလကို အမြဲထင်ဟပ်ပြလေ့ရှိတာကြောင့် ကျွန်မတို့ နည်းနည်းလက်တည့်စမ်းဖို့ အမြဲကြိုးစားပါတယ်၊ လောလောဆယ်  ဘွန်းဟာဒင်နီယယ်ခရေ့ဂ်ျပေါ့၊ သူ့ကို ကျွန်မသိပ်သဘောကျပါတယ်၊ ဒါပေမဲ့ အနာဂတ်သရုပ်ဆောင်ဟာ ဘယ်သူဖြစ်မလဲဆို တာဘုရားပဲသိမယ်လို့ သူမက ပြောပါတယ်။ အသက် ၄၉ နှစ်ရှိ ခရေ့ဂ်ျဟာ SPECTRE ဇာတ်ကားရိုက်ပြီးနောက် ဘွန်း အဖြစ် သရုပ်မဆောင်တော့ဘူးလို့ ပြောပြီးမှလတ်တလောမှာ Bond 25 လို့ ခေါ်တဲ့ ဘွန်းဇာတ်ကားသစ်ကို ရိုက်ကူးပေးလျက်ရှိပါတယ်။ ၄င်းကိုအစားထိုးမယ့် မင်းသားဟာ လူမည်းမင်းသား အီးဒရစ် အယ်ဘာဖြစ်မယ်လို့ ကော လာဟလတွေထွက်နေပေမဲ့ ၄င်းလူမည်းဖြစ်ခြင်းကြောင့် ပရိသတ်တချို့က လက်မခံကြပါဘူး။ မိန်းမ  ဘွန်း အဖြစ် သရုပ်ဆောင်မယ့် မင်းသမီးအဖြစ် တစ်ပေးခံထားရသူက ဗြိတိန်ဝန်ကြီးချုပ်တယ်ရီဆာမေရွေးချယ်တဲ့ Doctor Who စီးရီးရဲ့ပထမ ဆုံး မိန်းမ Dr.Who အဖြစ် သရုပ်ဆောင်သူ ဂျိုဒီဝှစ်တိတ်ကားဖြစ်ပါတယ်။

Read More

⁠ယောက္ခမဆိုတာ တစ်ခါတုန်းက သားမက်ပါပဲလို့ ဆိုလိုက်တဲ့ လွင်မိုး

အကယ်ဒမီ လွင်မိုးကတော့ သူ့ရဲ့ ခံစားချက်တချို့ကို ဖေ့စ်ဘွတ်ပေါ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ရေးသားလိုက်ပါတယ်။ သူရေးလိုက်တဲ့ စာသားကတော့ ယောက္ခမဆိုတာ တစ်ခါတုန်းက သားမက်ပါပဲ ဆိုတဲ့ စာသားလေး ဖြစ်ပါတယ်။ ဒီစာသားက လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က လွင်မိုးပါဝင်ခဲ့တဲ့ နာမည်ကြီး ဇာတ်ကားကားတစ်ကားနာမည်လည်း ဖြစ်ပါတယ်။ အဲ့ဒီစာသားလေးကို လွန်ခဲ့တဲ့ နာရီပိုင်းက တင်လိုက်တာပါ။ ဒီနေ့(ဇန်နဝါရီ ၄ ရက်)ဟာ လွင်မိုးရဲ့ သမီးကြီး ယွန်း ဝတီလွင်မိုးရဲ့ မင်္ဂလာလက်မှတ် ရေးထိုးပွဲ ကျင်းပတဲ့ နေ့လည်း ဖြစ်ပါတယ်။ ဒီလိုနေ့လေးမှာ သူ့ရဲ့ ရင်ထဲက စကား လုံးတချို့ကို စာသားတွေအဖြစ် ထုတ်ဖော်ပြလိုက်တာလို့ ပြောရမှာပါပဲ။ လွင်မိုးအနေနဲ့ သမီးကြီးကို နှမြောပေမယ့်လည်း မိဘတို့ရဲ့ တာဝန်ဝတ္တရားရှိတဲ့အတိုင်း နှစ်ဖက်မိဘတွေနဲ့ မင်္ဂလာ ပွဲကို ခမ်းခမ်းနားနားပြု လုပ်ပေးခဲ့ပါတယ်။ ဖခင်တစ်ယောက်ရဲ့ ခံစားချက်ကိုလည်း Duwun Media ကိုယခုလို ဖြေဆိုပေးခဲ့ပါသေးတယ်။ “သူတို့နှစ်ယောက်က (၉)တန်းကသူငယ်ချင်းတွေဖြစ်ပြီးတော့ ချစ်သူတွေဖြစ်ခဲ့ကြတာပေါ့။ သမီးက သြစတြေးလျမှာ ကျောင်းသွားတက်တော့ ကောင်လေးကလည်း ကျောင်းလိုက်တက်တယ်။ အဲ့ဒီကတည်းက ကျွန်တော်တို့မိဘ ချင်းစကားပြောပြီးတော့ ပြီးခဲ့တဲ့ (၆)လလောက်က စေ့စပ်ထားတာပေါ့။ သူတို့နှစ်ယောက်က တကယ်လည်း မေတ္တာ ရှိတယ်ဆိုတော့လည်း လက်ထပ်ပေးခဲ့တာပါ။ ပြီးရင်တော့သူတို့ မဲဘုန်းကို ပြန်မှာပါ။” ဆိုပြီး ပြောပြခဲ့ပါတယ်။ ထက်ဦးလှိုင်နဲ့…

Read More

ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုအတွက် စိစစ်အကဲဖြတ်ရေးအဖွဲ့  စတင်ဖွဲ့ စည်း

၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင်အကယ်ဒမီဝါ၀ါ ၀င်းရွှေက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါအဖွဲ့တွင်ဒါရိုက်တာအလွှာ၊ ရုပ်ရှင် ထုတ်လုပ်သူအလွှာ၊ ဇာတ်ညွှန်းအလွှာ၊ အဓိကသရုပ်ဆောင်အလွှာ၊ တည်းဖြတ် မှတ်တမ်း အလွှာ၊ ဇာတ်ပို့ဇာတ်ရံအလွှာ၊ ဗီဒီယိုအလွှာ၊ စက်မှုလက်မှုအလွှာ၊ ရုပ်ရှင် ပြဇာတ်နှင့် တေးဂီတအလွှာနှင့် အုပ်ချုပ် ဖြန့်ချိအလွှာတို့မှ အနုပညာရှင်၊ အတတ် ပညာရှင်များဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ အကယ်ဒမီစိစစ်အကဲဖြတ်ရေးအဖွဲ့အနေ ဖြင့် ဇန်န၀ါရီ ၈ ရက်မှစ၍ ဇာတ်ကားများ ကြည့်ရှု မည်ဖြစ်သည်။၂၀၁၇ ခုနှစ်အတွက် အကယ် ဒမီစာရင်း ၀င် ရုပ်ရှင်ဇာတ်ကားများမှာ နေ၀င်အိပ် တန်းတက်၊ ကြိုးဖြင့်ချည်ထားသော ဗာရာ ဏသီ၊ ခေါက်ထီးလေးမလုံ့တလုံ၊ အရွယ် သုံးပါး ချစ်တတ်သည်၊ ဘုန်းကညာနှစ်ပါး၊ ည၊ ရာဇ၀င်ရိုင်းသူများ၊ အမည်ပေါက်နှင့် ကျူး၊ တောကျီးကန်း၊ ဆိုင်းကြိုက်တဲ့မောင်၊ ပွဲခံမယ်၊ နေခြည်မှာ ရွှေရည်လောင်း၊ ရင် ဘတ်ထဲကဓား၊ တာတေကြီး၊ ငါကဗိုလ် အောင်ဒင်၊ ထာဝရအမေ၊ တိမ်ပြာသောနေ့၊ ဒီမိုရပ်ကွက်နှင့် ကြီးမြတ်သောမြန်မာအပါ အ၀င် ရုပ်ရှင်ဇာတ်ကားပေါင်း ၅၃ ကားရှိ ကြောင်းသိရသည်။ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲကို ၂၀၁၈ ခုနှစ် မတ်လအတွင်း ကျင်းပမည်ဖြစ်ပြီး နေရာကိုအတည်မပြုရ သေးကြောင်း သိရသည်။…

Read More