ရုပ်သံလိုင်း (၈) လိုင်းမှာပြသသွားမည့်၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားပွဲ

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ (၂၃) ရက်၊ စနေနေ့ ညနေ (၃) နာရီ၊ ရန်ကုန်မြို့ (The One Entertainment Park) မှာ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲကို Mahar၊ Channel 9၊ MNTV၊ MRTV ၊ MRTV – 4၊ Channel 7 ၊ MWD၊ Channel K ရုပ်သံလိုင်းများမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပြီး Facebook Live အနေနဲ့ အကယ်ဒမီဆုချီးမြှင့်ပွဲ Official Facebook Page (Mahar) ၊ Myanmar Celebrity နဲ့ အခြားသော Facebook Page များမှလည်း တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ #Pissaya_News

Read More

အလှမယ် ထက်ထက်ထွန်း စည်ပင်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များ စတင်

အလှမယ် တစ်ဦးအနေနဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေတဲ့ အလှမယ် ထက်ထက်ထွန်း ဟာမကြာခင်မှာ ကျင်းပသွားမယ့် စည်ပင်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။   ထက်ထက်ထွန်း အနေနဲ့မဲဆန္ဒရှင် အသိပညာပေးကွင်းဆင်းခဲ့ပြီး၊ ပြည်သူများရဲ့ စည်ပင်ဆိုင်ရာ အခက်အခဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နားထောင်ပေးဖြစ်ခဲ့တယ်လို့သိရပါတယ်။   စည်ပင်ရွေးကောက်ပွဲကိုတော့ ၂၀၁၉၊ မတ်လ(၃၀) ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။   #Pissaya_News Photo;HtetHtetHtun’s FB

Read More

ဧပြီလ (၅) နေ့တွင်ကျင်းပပြုလုပ်သွားမည့် Star Awards ဆုပေးပွဲကြီး

Stellar Seven Entertainment မှတာဝန်ယူကျင်းပမည့် Star Awards ပွဲကြီးကို လာမည့် ဧပြီလ(၅)ရက်နေ့၊ သုဝဏ္ဏဘူမိ Event Park မှာ ညနေ(၄) နာရီအချိန်တွင် Red Carpet စတင်မှာဖြစ်ပြီး ညနေ(၆)နာရီအချိန်မှာတော့ပွဲစတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ Star Awards ပွဲဟာ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) ရဲ့ စီစဉ်မှုဖြစ်တယ်လို့ သိရပါတယ်။ Star Awards ဆုပေးပွဲကတော့  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပေးအပ်တဲ့ အကယ်ဒမီဆုပေးပွဲ ကဲ့သို့ တစ်နှစ်တာ အတွင်းရိုက်ကူးထုတ်လုပ်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား နှင့် ဇာတ်လမ်းတွဲ များကို စီစစ်ပြီး Star Awards ကော်မတီအဖွဲ့ ဝင်များက ရွေးချယ်ဆုံးဖြတ်ကာ အနုပညာရှင်များကို ထူးချွန်ဆုချီးမြှင့်သွားမယ့် ဆုပေးပွဲတစ်ခုဖြစ်ပါတယ်။ #Pissaya Crd;  

Read More

ကားတိုက်ခံရမှုကြောင့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတဲ့ ဖွေးဖွေး

ပရိတ်သတ်တွေချစ်ခင်အားပေးကြတဲ့ သရုပ်ဆောင်ဖွေးဖွေး ဟာကားတိုက်ခံရမှုကြောင့် ခွဲစိတ်ကုသမှုခံယူထားရတယ်လို့ သိရှိရပါတယ်။ အနုပညာအသိုင်းအ၀ိုင်းမှ Producer တစ်ဦးကလည်း သူရဲ့ Facebook စာမျက်နှာမှာ “ဖွေးဖွေး ကားတိုက်ခံရ မနေ့ညက ခွဲစိတ်ပြီး” ဆိုပြီး ရေးသားထားတဲ့အတွက် အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ဖွေးဖွေး ကိုချစ်ကြတဲ့ ပရိတ်သတ်တွေကလည်း  စိတ်မကောင်းဖြစ်နေရပါတယ်။ #Pissaya_News Photo;PhwayPhway’s FB Page

Read More

မကြာခင်မှာ ကျင်းပတော့မယ့် အကယ်ဒမီထူးခွန်ဆုပေးပွဲကြီး

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးခွန်ဆုပေးပွဲ အကယ်ဒမီပေးပွဲ အခမ်းအနားကို မကြာခင်မှာ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။   အကယ်ဒမီ ဆုပေးပွဲအခမ်းအနားကို မတ်လ(၂၃) ရက်၊ ညနေ(၃) နာရီ အချိန်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်၊ The One Entertainment Park မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။   Facebook Live ကြည့်ချင်သူများအတွက် အကယ်ဒမီဆုချီးမြင့်ပွဲ Official Page မှလည်းတိုက်ရိုက် ထုတ်လွှင့်ပြသ သွားမှာဖြစ် တယ်လို့သိရှိရပါတယ်။   #Pissaya_News Photo;အကယ်ဒမီဆုချီးမြင့်ပွဲ Fb Page

Read More

မိဘမဲ့ကလေးငယ်တွေကို ရှင်ပြုအလှူပြုလုပ်ပေးခဲ့တဲ့ အဆိုတော် ရတနာမိုင် တို့မိသားစု

အဆိုတော်ရတနာမိုင်တို့ မိသားစုမှ မိဘမဲ့ ကလေးငယ်လေးများကို  ရှင်သာမဏေ အဖြစ် ရှင်ပြုအလှူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရှင်သာမဏေ (၁၆) ပါးကို ရှင်ပြုပေးခဲ့တာ ဖြစ်ပြီး ဘ၀မှာ ဘုရားဒါယိကာမ၊ ရဟန်းဒါယိကာမ ဖြစ်ခဲ့ဖူးတဲ့ ပီတီတွေကိုလည်း ရတနာမိုင်က သူမရဲ့ Facebook စာမျက်နှာမှာရေးသားထားပါသေးတယ်။ ရတနာမိုင် တို့မိသားစုရဲ့ ပဗ္ဗဇ္ဇအမွေခံ ရှင်ပြုအလှူတော်ကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဓမ္မဂုဏ်ရည်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ #Pissaya_News Photo;Yadanarmy’s Fb

Read More

သားယောကျာ်းလေး (၃) ယောက်ပိုင်ဆိုင်လိုက်ရတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ

သရုပ်ဆောင် အလုပ်နဲ့ လူမှုအကျိုးပြု ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ ဟာ အခုဆိုရင်တော့ သားလေး (၃) ယောက်ကို ပိုင်ဆိုင်ထားတဲ့ မေမေ ခိုင်နှင်းဝေ ဖြစ်နေပါပြီ။ သားလေး (၃) ယောက်ကို ပိုင်ဆိုင်လိုက်ရလို့ ၀မ်းသာပီတိဖြစ်နေတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ က “ကျွန်မ ထံသို့ ရောက်ရှိလာတဲ့ ပန်းရိုင်းလေး 3 ပွင့် (သို့) သားလေးသုံးယောက် ခိုကိုးရာမဲ့ ကလေးတွေကို ကျွန်မ ရင်ခွင်ထဲမှာ ခေါ်ယူစောင့်ရှောက်လိုစိတ်ပြင်းပြလွန်းလို့ ဘုရား က လက်ဆောင် အနေနဲ့ ဒီနေ့ သားလေး သုံးယောက်ကို ကျွန်မရင်ခွင်ထဲအရောက် ပို့ပေးလိုက်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်ရှင် 🙏🙏🙏 ကျွန်မ ကလေး တွေကို နေစရာအိမ်လေးတလုံးနဲ့ သူတို့လေးတွေ ဘဝမှာ အားငယ်စိတ်တွေမဖြစ်ရအောင် ကျွန်မ အားအင်ပေးချင်စိတ်နဲ့ သူတို့လေးတွေ အတွက် နေစရာလေးဖြစ်ပေါ်လာအောင် ကြိုးစားနေချိန်မှာပဲ ကျွန်မမေတ္တာမှန်လို့ ကလေးလေး တွေ ကျွန်မလက်ထဲရောက်လာခဲ့ပြီ ….. အူဝဲ 👶👶👶👶 အဲ့ဒီအသံလေးက ကျွန်မ နားထဲမှာတော့ အမေ သားတို့တွက် ပိုကြိုးစားပေးပါလို့ ပြောနေသယောင် ကြားယောင်မိလို့ အမေ သားတို့အတွက် ကြိုးစားပါ့မယ်လို့ ကတိပေးခဲ့တယ် အဲ့ကတိအတိုင်း မေမေ့ သားလေးတွေ လူမှန်းသိတတ်စအရွယ်မှာ မိဘမဲ့ ဆိုတာထက် ငါတို့အမေက ခိုင်နှင်းဝေ ဆိုတာမျိုးဖြစ်လာအောင် အမေ…

Read More

“လူလည်ကြီးများရွာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ပြုလုပ်ကျင်းပ

 လူလည်ကြီးများရွာ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့က ရန်ကုန်မြို့၊ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပေးတာဖြစ်ပြီး အကြည်တော် ရဲ့ ၀တ္ထုကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ “လူလည်ကြီးများရွာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခန့်စည်သူ၊ ပြေတီဦး၊ခိုင်သင်းကြည်၊ အိချောပို ဒိန်းဒေါင်၊ ဗေလုဝ၊ ဆင်မ၊ ဇော်ဝင်းနိုင်၊ ညောင်ညောင်၊ အကယ်ဒမီ အောင်ခိုင်၊ ကိုပေါက်၊ နေလင်း၊ဇော်ဇော်၊ချမ်းသာ၊ အောင်သီဟ၊ အေးသီတာ၊ ကြူ ကြူ သင်း နှင့် အခြားသော အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ “လူလည်ကြီးများရွာ”ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ (၁) ရက်မှစတင်ပြီးရုံတင်ပြသသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ #Pissaya_News Photo;crd

Read More

သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အယူခံလျှောက်ထားမှု ပယ်ချခံရ

 ပုဇွန်တောင်မြို့နယ်တရားရုံးမှမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊၁၆(ဂ) နဲ့ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သည့်အပေါ် သရုပ်ဆောင်မိုးအောင်ရင်မှ ခရိုင်တရားရုံးကို အယူခံတင်ရမှာ ပယ်ချခံခဲ့ရကြောင်း သိရပါတယ်။ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အယူခံလျှောက်ထားမှုကို အရှေ့ပိုင်းခရိုင်တရားရုံးက ဒီကနေ့မှာပယ်ချလိုက်တာလဲ ဖြစ်ပါတယ်။ သရုပ်ဆောင်မိုးအောင်ရင် အနေနဲ့ တရားဥပဒေလုပ်ထုံး လုပ်နည်းအရ ခရိုင်မှ ပယ်ချသော်လည်း တိုင်းနဲ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးများသို့ အယူခံ ဆက်တက်နိုင်ကြောင်းလည်း သိရပါတယ်။ #Pissaya_News Photo;crd

Read More

Pre-Listening Party ကျင်းပသွားမယ့် ဖြိုးလေးရဲ့ “ဘာတွေဖြစ်”

လူငယ်ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ Snare အဖွဲ့မှ အဆိုတော် ဖြိုးလေး ရဲ့ သီချင်းခွေ အသစ်အနေနဲ့ ထွက်ရှိလာမယ့် ‘ဘာတွေဖြစ်? ‘ Album အတွက် Pre- Listening Party ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖြိုးလေး က သူရဲ့ “ဘာတွေဖြစ်” Album အတွက် Pre-Listening Party ကို ဖေဖော်ဝါရီလ(၂၆) ရက်နေ့မှ မတ်လ (၃) ရက် အတွင်း Genius (Yangon)မှာ အခွေ Pre-Order ဖြင့် ပထမဦးဆုံး ၀ယ်ယူ အားပေးတဲ့ ပရိတ်သတ် အယောက် (၃၀) ကို Pre- Listening Party တက်ရောက်ဖို့ ဖိတ်ကြားသွားမှာ ဖြစ်တယ်လို့ လည်း သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။ “ဘာတွေဖြစ်” Album ရဲ့ Pre- Listening Party ကို မတ်လ (၄) ရက်နေ့၊ ရန်ကုန်မြို့၊ တာမွေ (အရှေ့မျဉ်းပြိုင်ကွင်းလမ်း) မှာ ရှိတဲ့ The Maze Club မှာ ညနေ (၆) နာရီမှ ည (၈) နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ #Pissaya_News Photo;Phyolay’s…

Read More