ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သွားမည့် အင်းယားလမ်း လမ်းလျှောက်သင်္ကြန်

မကြာခင်ရောက်ရှိလာတော့မယ့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အချိန်အခါမှာ ရန်ကုန်မြို့ရဲ့ အကြီးမားဆုံး လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဒီနှစ်မှာတော့ ရန်ကုန်မြို့ အင်းယားလမ်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပွဲတော်ရက်များကိုတော့ သင်္ကြန်ရက်များအတိုင်း (၄) ရက်ကျင်းပသွားမှာ ဖြစ်ပြီး အင်းယားကန်ဘောင်တစ်လျှောက်မှာလည်း Colour Festival Theme များ၊ Splash Walk Activites များ အပြင် နံသာရည်ပတ်ဖြန်းခြင်း စသည့် အစီအစဉ်များလည်းပါရှိမှာ ဖြစ်တယ်လို့သိရပါတယ်။ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးမှ ကြီးမှူးကျင်းပတာဖြစ်ပြီးအင်းယားလမ်း မှာပထမဦးအကြိမပြန်လည်ကျင်းပတာလည်းဖြစ်ပါတယ်။ #Pissaya_News Photo;Crd;

Read More

နို်င်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်ကိုထောင်ဒဏ် ၂၂ နှစ်ချ

့ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးကိုနိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ စစ်တွေခရိုင်တရားရုံးက ဒီကနေ့မှာ ထောင်ဒဏ် ၂၂ နှစ်ချမှတ်လိုက်ပါတယ်။ သူတို့နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ်နှစ် ၂၀ ၊နိုင်ငံတော်အကြည်ညိုပျက်စေ မှုပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း၂၂ နှစ်ကို တစ်ပေါင်း တည်း ချမှတ်ခဲ့တာပါ။ ပြီးခဲ့တဲ့၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုမှာ ဟောပြောချက် တစ်ချို့နဲ့ပတ်သက်ပြီးဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာလည်း ဖြစ်ပါတယ်။ #Pissaya_News Photo;ယခင်ရုံးချိန်များတွင် ဒေါက်တာအေးမောင်ကို ရုံးထုတ်လာစဉ်

Read More

ငွေကျပ် ၂၈,၉၅၇သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 ငွေကျပ် ၂၈,၉၅၇သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေကို တောင်ငူမြို့၊(၄)မိုင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ တောင်ငူမြို့ (၄)မိုင် စစ်ဆေးရေးဂိတ်မှာ HINOအမျိုးအစား(၆)ဘီးမော်တော်ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းရာမှာ မောင်းနှင်ထွက်ပြေးသွားတဲ့အတွက် ပိတ်ဆို့ရှာဖွေရာမှာ ပီနံအိတ် ၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅,၂၅၀ ပြား၊ ငွေ ၉၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တာလည် ဖြစ်ပါတယ်။ #Pissaya_Crime News

Read More

ရတနာပုံဆိုက်ဘာစီးတီးကျောင်းသားသေဆုံးမှု အဓိက တရားခံကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့အမိန့်ချ

 ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ ရတနာပုံဆိုက်ဘာစီးတီးကျောင်းသားအမှုမှာ အဓီက တရားခံဖြစ်တဲ့ မှုံကြီး(ခ) ပြည့်စုံအောင်ကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ နဲ့ထောင်ဒဏ် ၁၀ နှစ်ပါကျခံစေဖို့ပြင်ဦးလွင်ခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ အခြား တရားခံတွေထဲက ကျန် ၃ ဦးကိုတော့ ထောင်ဒဏ် နှစ် ၂၀၊ ၁၀ နှစ်နဲ့ ၇ နှစ်စီအသီးသီးကျခံစေဖို့လည်း အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ #Pissaya_Crime

Read More

ဒေါ်နယ်ထရန့် နှင့် တွေ့ ဆုံဖို့ ဗီယက်နမ်သို့  ကင်ဂျုံအွန် ရောက်ရှိလာ

  ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့တွေ့ဆုံဖို့အတွက် မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအွန် ဟာ ဗီယက်နမ်နိုင်ငံကို ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအွန် ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဗီယက်နမ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်တွေ့ဆုံမှုအတွက် ခေါင်းဆောင် ကင်ဟာ ၂ ရက်ခွဲကြာမီးရထားစီပြီး ခရီးရှည်လာရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ #Pissaya_Interanational News

Read More

သေနတ်သမားများရဲ့ ပစ်ခတ်မှုကြောင့် ပါကစ္စတန် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေ၊ အခြား ၄ဦး ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ Punjab ပြည်နယ်မှာ မနေ့ညပိုင်းက အမည်မသိသေနတ်သမားတစ်ဦး ရဲ့ ဝှေ့ယမ်းပစ်ခတ်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး အခြားလူ ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ သံသယဖြစ်ဖွယ် မော်တော်ဆိုင်ကယ်တစ်စီးအား စစ်ဆေးရေးဂိတ်မှာ ရပ်တန့်စစ်ဆေးစဉ် ဆိုင်ကယ်ပေါ်မှ သေနတ်သမားတွေဟာ ပစ်ခတ်ခဲ့ပြီး အခင်းဖြစ်ပွားရာမှ လွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။ အခုတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ မသိရှိသေးကြောင်း သိရပါတယ်။ #Pissaya_International News Photo Crd; ယခင်တိုက်ခိုက်မှုတွင် တွေ့ရသည့် ဓာတ်ပုံ

Read More

အသည်းအကျိတ် ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်​ ပါမောက္ခချုပ်ဆရာတော်ကြီး သုံးလကြာအနားယူမည်

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်​ကြီး ​ဒေါက်​တာနန္ဒမာလာဘိဝံသသည် အသည်းအကျိတ် ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်​ ခရီးသွားလာခြင်း ၊ဟောပြောခြင်းများကို သုံးလကြာ ရပ်နားထား၍ အနားယူရ မည်ဖြစ်ကြောင်း သိရပါတယ်။ ဆရာတော်ကြီးသည်စင်ကာပူနိုင်ငံတွင် ကျန်းမာ​ရေးစစ်​​ဆေးမှု ပြုလုပ်ချက်အရ သုံးလအတွင်း ၁ ဒဿမ. ၄၃ စင်တီမီတာ မှ ၂ဒဿမ. ၂၁ စင်တင်မီတာခန့်အထိ အရွယ်အစား ကြီးလာသော အသည်းရှိ အကျိတ်ကို Radio Frequency Ablation (RFA) နည်းစနစ်ဖြင့်ကုသမှုခံယူထားတာလည်း ဖြစ်ပါတယ်။ ကုသမှုခံယူထားတဲ့ Biopsy အဖြေရယူစစ်ဆေးရာတွင် ကင်ဆာဆဲလ် မတွေ့ရှိကြောင်းလည်း သိရပါတယ်။ #Pissaya_General News

Read More

နေအိမ်မီးလောင်မှုကြောင့် ကနေဒါတွင် ကလေး ၇ ဦးသေဆုံး

ကနေဒါနိုင်ငံ Halifax မြို့မှာ မနေ့အစောပိုင်းက နေအိမ်တလုံး မီးလောင်မှုကြောင့် ကလေးငယ် ၇ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုကြောင့် နေအိမ်ဟာ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး၊ မီးလောင်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်များရဲ့ အသက်ဟာ အသက် ၃လ မှ အသက် ၁၇နှစ်အထိ ဖြစ်ကြကြောင်း သိရပါတယ်။ #Pissaya_International News

Read More

မန်းရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းမှာ ရှိတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၉ ရက် ၊ ဒီကနေ့ မနက်အစောပိုင်းက ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မန်းရွှေစက်တော် ဘုရားပွဲတော်ရက်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်(ဖေဖော်ဝါရီလ ၉ ရက် )မှ မြန်မာနှစ်ဆန်း တစ်ရက်(ဧပြီလ ၁၇ရက်) ထိကျင်းပလေ့ရှိပါတယ်။ ပွဲတော်ဖွင့်ပွဲကို သီတဂူ ဆရာတော်ဘုရားကြီးနှင့် မကွေးတိုင်း သံဃာ့နာယက ဆရာတော်ကြီးများက ဖွင့်လှစ်ပေးခဲ့ တာဖြစ်ပါတယ်။ ဖွင့်ပွဲနေ့မှာတင် လာရောက်သည့် ဘုရားဖူးများစွာရှိခဲ့ပြီး အရင်နှစ်များထက် ပိုမိုစည်ကားလျက်ရှိတယ်လို့သိရပါတယ်။ #Pissaya_News Photo;Crd

Read More

STRAND Hotel ကို Blue Plaque(အပြာရောင် ကမ္ဗည်းပြား) တပ်ဆင်

ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ STRAND Hotel ကို သမိုင်းဝင်အဆောက်အအုံ တစ်ခုအဖြစ် Blue Plaque (အပြာရောင် ကမ္ဗည်းပြား) ကို ဖေဖော်ဝါရီလ (၇) ရက်နေ့၊ ဒီကနေ့မနက်ပိုင်းမှာတော့ တပ်ဆင်လိုက်ပြီ ဖြစ်ပါတယ်။ STRAND Hotel ကို သမိုင်းဝင်အဆောက်အအုံ တစ်ခုအဖြစ် သတ်မှတ်ခြင်းအခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ #Pissaya_News Photo:Crd

Read More