အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော် ရွေးချယ် တာဝန်ပေးအပ်ခြင်းခံရ

 မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့မှာ မနေ့က ကျင်းပခဲ့တဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်စ်မှာ အဆိုပြုရွေးချယ်မှု အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ဒုတိယ အကြိမ်မြောက်အဖြစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ သြစတြေးလျနှင့် အာဆီယံဒေသတွင်း နိုင်ငံများအားလုံး ပါဝင်သည့် အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှာ ဥက္ကဋ္ဌအသစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ Major General Khiev Sameth က ရွေးချယ် တင်မြှောက်ခံခဲ့ရပြီး မြန်မာမှ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မလေးရှားမှ ဘင်ဟာဂျီမိုဒ် အမင်၊ တီမောမှ ဖရန်စ္စကို ခါလ်ဘူအာဒီလေ တို့နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်သွားကြမှာဖြစ်ကြောင်းလည်း သိရပါတယ်။ #Pissaya_Sport

Read More

တစ်ကျော့ပြန် ရီးရဲလ် နည်းပြဖြစ်လာခဲ့တဲ့ ဇီဒန်း

ရလဒ်ဆိုးများကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရီးရဲလ်မက်ဒရစ်က အသင်းနည်းပြဟောင်း ဇီဒန်းကို ပြန်လည်ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းဟာပြီးခဲ့တဲ့ရက်ပိုင်းကစပိန်ဘုရင့်ဖလား၊လာလီဂါနဲ့ချန်ပီယံလိဂ်ပြိုင်ပွဲ(၃)ခုစလုံးမှာရလဒ်တွေဆိုးကြုံခဲ့ရတာကြောင့် နည်းပြဆိုလာရီကို ထုတ်ပယ်ပြီး ဇီဒန်းကို ၃ နှစ်စာချုပ်နဲ့ ပြန်လည်ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဆုဖလား ၉ ဆုကို ရယူပေးထားခဲ့တဲ့ နည်းပြတဦးလည်းဖြစ်ပါတယ်။ #Pissaya_Sports

Read More

ဂန်းနား ပရိတ်သတ်တွေပျော်ခဲ့တဲ့ည

မနေ့က ကစားခဲ့ကြတဲ့ အာဆင်နယ် အသင်းနဲ့ မန်ယူအသင်းတို့ ပွဲစဉ်မှာ အာဆင်နယ်က ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဂန်းနား ပရိတ်သတ်တွေအတွက် အပျော်တွေဖန်တီးပေးနိုင်ခဲ့ကြပါတယ်။ အာဆင်နယ်အသင်းရဲ့ ကွင်လယ်မှာ ရမ်ဆေးနဲ့ ဇက်ခါတို့ရဲ့ အတွဲညီမှုက အာဆင်နယ်အတွက် အဖိုးတန် အနိုင် သုံးမှတ်ကို ဆောင်ကျဉ်းပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပထမပိုင်း ၁၂ မိနစ်မှာ ဇက်ခါရဲ့အဝေးကန်ချက်က အာဆင်နယ်အတွက် အဖွင့်ဂိုးသေချာစေခဲ့ပါတယ်။ အာဆင်နယ်အတွက် အဖိုးတန် ဒုတိယဂိုးကို ၆၉ မိနစ်မှာ မန်ယူကစားသမား ဖရက်ကြောင့် ပေးရတဲ့ ပင်နယ်တီကနေ အဘာမီယန်က ကန်သွင်းပေးခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ်တို့ အနိုင်သေချာစေခဲ့ပါတယ်။ #Pissaya_sport

Read More

မထင်မှတ်ဘဲ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတဲ့ PSG

ဒီကနေ့မနက်က ကစားခဲ့ကြတဲ့ မန်ယူအသင်းနဲ့ PSG အသင်းတို့ပွဲစဉ်မှာ ၃-၁ ဂိုးနဲ့ မန်ယူအသင်းက အနိုင်ယူခဲ့ပါတယ်။ ဒီပွဲစဉ်ဟာပြင်သစ်လိဂ်ချန်ပီယံ PSG အသင်းအတွက် မျှော်မှန်းမထားတဲ့ ရလဒ်တခုဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေလဲ ထွက်ခွာခဲ့ရပါတယ်။ မန်ယူအသင်းရဲ့ အနိုင်ဂိုးတွေကို လူကာကူနဲ့ ရပ်ရှ်ဖို့ဒ် တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး၊ PSG အသင်းရဲ့ ခြေပဂိုးကိုတော့ ဘားနက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့မန်ယူအသင်းဟာ အဝေးဂိုးစည်းမျဉ်းနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

Read More

အိမ်ကွင်းမှာ ဘုန်းမောက်ကို ဂိုးမိုးရွာခဲ့တဲ့ အာဆင်နယ်

ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဘုန်းမောက်ပွဲစဉ်မှာတော့ အာဆင်နယ် အသင်းက ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ပထမဂိုးကို ပွဲအစ ၄ မိနစ်မှာ အိုဇေးလ်က သွင်းယူခဲ့ပါတယ်။ ၂၇ မိနစ်မှာတော့ ကွင်းလယ်မှာ အိုဇေးလ်နဲ့ အတူ ခြေစွမ်းပြနေတဲ့ မီခီးတာရန်က အာဆင်နယ်အတွက် ဒုတိဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယဂိုးသွင်းယူပြီး ၃ မိနစ်အကြာမှာတော့ ဘုန်းမောက်က ခြေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၄၇မိနစ်နဲ့ ၅၉ မိနစ်တွေမှာ ကိုစီယန်နီနဲ့ အူဘာမီရန် တို့ က အာဆင်နယ်အတွက် ဆက်တိုက်ဆိုသလို အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပြီး ပွဲသိမ်းဂိုးကိုတော့ တိုက်စစ်မှုး လာကာဇက်က ပြစ်ဒဏ်ဘောကနေတဆင့် လှလှပပ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ #Pissaya_Sport

Read More

မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်း ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင် ကို နိုင်ငံတကာ ပွဲများတွင် တာဝန်ပေးအပ်ခြင်း မပြုဖို့ စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ဆုံးဖြတ်

မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်း ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်သည် လူမှုကွန်ယက်ပေါ်တွင် ယူ-၂၂ ဘောလုံးအသင်းကို ဝေဖန်ပြစ်တင်သည့် ပရိသတ်များကို မသင့် မလျော် ပြန်လည်တုံ့ပြန်ခဲ့မှု အပေါ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ထုတ်ပြန်ချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက် အပြည့်အစုံကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။ ၁။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၏ တာဝန်ပေးချက်အရ မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်း ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်သည် လူမှုကွန်ယက်ပေါ်တွင် ယူ-၂၂ ဘောလုံးအသင်းကို ဝေဖန်ပြစ်တင်သည့် ပရိသတ်များကို မသင့် မလျော် ပြန်လည်တုံ့ပြန်ခဲ့မှု အပေါ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ၁၉-၂-၂၀၁၉ ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး အောက်ပါတိုင်း အရေးယူရန် ဆုံးဖြတ်ပါသည်။ ဂိုးနည်းပြ ဦးဖြိုးကိုကိုလှိုင်သည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေး စည်းမျဉ်း အပိုဒ်(၇) (က)(ဃ)နှင့်(ည) တို့ကို ကျူးလွန်ခဲ့ပြီး ပရော်ဖက်ရှင်နယ် နည်းပြကျင့်ဝတ်နှင့် ညီညွတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ပေါ်လွင် ထင်ရှားခဲ့သဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၇)နှင့် (၂၀)တို့အရ ၄င်းအား ပရော်ဖက်ရှင်နယ် နည်းပြအနေဖြင့် ပရိသတ်များ၊ ပြည်သူများနှင့် ဆက်ဆံရာတွင် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်နိုင်သည် အထိစောင့်ကြည့်ပြီး ယခု…

Read More

မလေးရှားနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ မြန်မာနည်းပြပြော

မလေးရှားအိမ်ကွင်းမှာ ကစားရမယ့် ဆူဇူကီးဖလား ပြိုင်ပွဲအ တွက်မြန်မာအသင်းအနေနဲ့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေး က သတင်းဇာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ” အခုအချိန်မှာ ကျွန်တော်တို့ အားလုံး အသင့်ဖြစ်နေကြပါပြီ။ မလေးရှားအသင်းက နားရက်ပိုရလို့ ဆိုပေမယ့် ကျွန်တော်တို့ အသင်းကလည်း ပြီးခဲ့တဲ့ ပွဲစဉ်(၃)ပွဲမှာကစားသမားတွေ အပြောင်းအလဲ လုပ်ပြီး အနားရအောင် စီစဉ်ထားပြီးသားပါပဲ။ ဗီယက်နမ်နဲ့ပွဲမှာ ကစားသမား (၅)အထိ အပြောင်းအလဲ လုပ်ပြီးကစားခဲ့တာ အားလုံးအမြင်ပါပဲ။ ဒါကြောင့် ပွဲပန်းမှုဒဏ် မရှိသလို အသင်းမှာ ပွဲပယ်၊ ဒဏ်ရာရ ကစားသမားလည်း မရှိပါဘူး။ ကစားသမား ၂၃ ဦးစလုံး လန်းဆန်းတက်ကြွနေကြပြီး မနက်ဖြန် ပွဲအတွက် အသင့်ဖြစ်နေမှာပါ။” မနက်ဖြန်ကန်မယ့်ပွဲမှာ မလေးရှားပရိတ်သတ်တွေအနေနဲ့ ကွင်းအပြည့်အားပေးမှာ ဖြစ်ပေမယ့် မြန်မာအသင်းအနေနဲ့ ဖိအား မရှိဘူးလို့လည်း နည်းပြချုပ်က ဆိုပါတယ်။ #Pissaya_Sport

Read More

ပရီးမီးယားလိဂ်မှာ ကစားလိုတဲ့ အဲလ်ဗက်စ်

ဘောလုံးသမားဘ၀ကနေ အနားမယူခင် ပရီးမီးယားလိဂ်မှာ ကစားလိုကြောင်း ပီအက်စ်ဂျီနောက်ခံလူအဲလ်ဗက်စ်က ပြောကြားလိုက်ပါတယ်။ အသက် ၃၅နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဲလ်ဗက်စ်ဟာ အ၇င်က ချဲလ်ဆီးနဲ့မန်စီးတီးအသင်းတွေမှာ ကစားနိုင်မယ့် အခွင့်အရေးကို ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။ အဲလ်ဗက်စ်ဟာ လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူခဲ့ရာကနေ ကြံ့ခိုင်မှုပြန်ရလာနေပြီလည်း ဖြစ်ပါတယ်။ #Pissaya_Sport

Read More

မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့ယနေ့ ယှဉ်ပြိုင်မည်

အမျိုးသမီး ဘောလုံး အိုလံပစ် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု င ရဲ့နောက်ဆုံးဘောလုံးပွဲစဉ် အဖြစ် မြန်မာအမျိုးသမီး အသင်းနှင့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းတို့ဟာ ဒီကနေ့ ညနေပိုင်း ၆ နာရီမှာ ရန်ကုန်မြို့ ရှိ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။ အဲ့ဒီ ပွဲစဉ်ကို ကွင်းဝင်ကြေးအခမဲ့ဖြင့်လာရောက် အားပေးနိုင်ကြောင်းလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ ထုတ်ပြန်ထားပါတယ်။ #Pissaya_Sport

Read More

အာရှဘောလုံးအဖွဲ့ချုပ် AFC ရုံးချုပ်သစ် ဖွင့်လှစ်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်

အာရှဘောလုံးအဖွဲ့ချုပ် AFC ရုံးချုပ်သစ်ဖွင့်ပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ AFC ရုံးချုပ်သစ်တွင် ဒေသစံတော်ချိန် ယနေ့မနက် (၁၀း၀၀)နာရီက ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ခဲ့ကြကြောင်း ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ဖွင့်ပွဲ အခမ်းအနားသို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနို၊ အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရှိတ်ဆာလ်မန်နှင့် AFC တာဝန်ရှိသူများ၊ အာရှဘောလုံး အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အထူးဧည့်သည်တော်များ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ #Pissaya_Sport

Read More