ဦးရွှေမန်းဦးဆောင်တဲ့ကော်မရှင်ကို သက်တမ်းမတိုးဖို့ လွှတ်တော်ဆုံးဖြတ်

 သူရဦးရွှေမန်းဦးဆောင်တဲ့ ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များကော်မရှင်ကို သက်တမ်းတိုးရေး၊ မတိုးရေးနဲ့ပတ်သက်ပြီး ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ သက်တမ်း ထပ်မတိုးဖို့ လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။ ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များကော်မရှင်ဟာ သက်တမ်းသုံးနှစ်ပြည့်ခဲ့ပြီ ဖြစ်တဲ့အတွက် နောက်ထပ်သက်တမ်းအတွက် လွှတ်တော်ရဲ့သဘောတူညီချက်ရယူတဲ့အခါမှာ ကန့်ကွက်မဲ ၅၅၅ မဲ ရရှိခဲ့ပြီ ထောက်ခံမဲ ၂၀ မဲသာရရှိခဲ့တာဖြစ်ပါတယ်။ အရင်က သူရဦးရွှေမန်းကော်မရှင်ကို တနှစ်တခါ သက်တမ်းတိုးဖို့ လွှတ်တော်မှာ ဆုံးဖြတ်ရာမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသာ ကန့်ကွက်ခဲ့ကြပေမယ့် အခုအခါမှာ အရပ်သားလွှတ်တော်ကိုယ်စားလှယ်များပါ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ #Pissaya_General News

Read More

လစ်လပ်ဝန်ကြီး ၂ ဦး နေရာခန့်အပ်ရန် အဆိုပြုချက် မကွေးတိုင်းဝန်ကြီးချုပ် ရုတ်သိမ်း

လစ်လပ်ဝန်ကြီး၂ ဦး ခန့်အပ်မည့်ကိစ္စအား အဆိုပြုထားသော မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က ပြည်သူအသံ နားထောင်ပြီး ယင်းအဆို အား ပြန်လည်ရုတ်သိမ်းကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော် မှာ ယနေ့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင်လစ်လပ်နေတဲ့အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာနဝန်ကြီးနေရာနှင့်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဌာန ဝန်ကြီးနေရာတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဆိုပြုလာတဲ့ နှစ်ဦးမှာ  ဦးအေးငွေ၊ညွှန်ကြားရေးမှူး( ငြိမ်း၊ဆည်မြောင်း ) အသက်(၆၉)နှစ် နဲ့ ဦးအောင်ကျော်မိုး၊ အသက်(၆၇)နှစ် တွဲဖက်ပြည်နယ် ပညာရေးမှူး(ငြိမ်း) တို့ ဖြစ်ပါတယ်။ #Pissaya_Politic

Read More

အနိုင်ရလဒ်အခွင့်အရေးကို ဆုံးရှုံးခဲ့ရတဲ့ ချယ်လ်ဆီး

မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ရဲ့  (ပ)ကျော့အဖြစ် ယှဉ်ပြိုင်ကစားတဲ့  ချယ်လ်ဆီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ တစ်ဖက် ၁ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ အိမ်ရှင်ချယ်လ်ဆီးအသင်းဟာ ဝီလီယံရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် ၇၅ မိနစ်မှာ ဘာစီလိုနာအသင်းမှ ချေပဂိုးပြန် လည်ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ မက်ဆီက ချယ်လ်ဆီး ခံစစ်အမှားကနေ အင်နီယေစတာရဲ့ ဖန်တီးမှုမှတစ်ဆင့် သွင်းယူခဲ့တာပါ။ ဒီပွဲမှာ မက်ဆီဟာ ချဲယ်လ်ဆီးအသင်းကို ပထမဆုံးအကြိမ်အဖြစ် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အခုလို သရေ ရလဒ် ထွက်ပေါ်ခဲ့မှုကြောင့် ဒုတိယအကျော့ ဘာစီလိုနာအိမ်ကွင်းမှာ ချယ်လ်ဆီးအနေနဲ့ ယှဉ်ပြိုင်က စားရမှုမှာဖိအားတွေ ရှိလာနိုင်ပါတယ်။ #Pissaya_Sport #ဝေဖြိုးနိုင်

Read More

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်ပြီး မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နိုင်ငံ ခြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် (၁၂)ဦးပါဝင်တဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲထံမှသိရပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး (Border Liaison Office)ဖွင့်လှစ်မယ့်ကိစ္စရပ်များဆွေးနွေးညှိနှိုင်းရန်သွားရောက်တာ ဖြစ်ကြောင်းလည်း သိရပါတယ်။    

Read More

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာနာရင်ဒရာမိုဒီတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာနာရင်ဒရာမိုဒီတို့သည် ဒေသစံတော်ချိန် ယမန်နေ့ည ၇ နာရီခွဲတွင် နယူးဒေလီမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ(Hyderabad House)၌ တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မပြီးပြတ် သေးသော နယ်နိမိတ်တိုင်းတာ သတ်မှတ်ရေးကိစ္စရပ်များအား အရှိန် အဟုန်မြှင့် ဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများအား နှိမ်နှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား လမ်းပန်းဆက် သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များ ဖွင့်လှစ်၍ နှစ်ဖက်ဒေသ ပြည်သူများ အပြန်အလှန် ကူးသန်း သွားလာနိုင်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံမှ အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော်ဧည့်ဂေဟာ (Hyderabad House) ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေး ထိုးခဲ့သည်။ source_Myanmar State Counsellor Office

Read More

ရခိုင်စည်ပင်ဝန်ကြီးအား တာဝန်မှ ရပ်စဲ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမင်းအောင်အား ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နိုင်ငံတော်သမ္မတက တာဝန်မှ ရပ်စဲ လိုက်သည်။ ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်သည် နိုင်ငံတော်က ဥပဒေအရ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သည့်အတွက်နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွား နစ်နာဆုံးရှုံးသည်ဟု ဆိုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုး တိုင်ကြား ခဲ့ကြခြင်း ဖြစ်သည်။ စွပ်စွဲပြစ်တင်ချက်နှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းစစ်ဆေးစေခဲ့ပြီး အပြီးသတ် အစီရင်ခံစာကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှထံ တင်ပြခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဦးမင်းအောင်အား ပေးအပ်သည့် တာဝန်များကို ဆက်လက်ထမ်း ဆောင်ရန်မသင့်ဟု ရခိုင်ပြည်နယ်လွှတ်တော်က  ဇန်နဝါရီ ၂ ရက်တွင် အရေးပေါ်အစည်းအဝေးခေါ်ယူကာ ဆုံးဖြတ်လိုက်ကြောင်း ပေါက်တော (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးကမဇ္စျိမသို့အတည်ပြုပြောသည်။ လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ဦးမင်းအောင်ကို တာဝန်ဆက်လက်ထမ်းဆောင်ရန်မသင့်ဟူသည့်အဆိုပါ ထောက်ခံသူ ၃၇ မဲနှင့် ကန့်ကွက်မဲ ၈ မဲ ရရှိခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ် လွှတ်တော်တွင် လွှတ်တော်မတတ်သည့် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးကလွဲ၍ ကျန် ကိုယ်စားလှယ်များ ၄၅ ယောက်က ဆန္ဒမဲပေး…

Read More

မြန်အောင်အမတ် ဦးလှမိုးအောင်ကို ဧရာဝတီ ဝန်ကြီးချုပ်အဖြစ် အမည်သွင်း

ကျန်းမာရေးကြောင့် တာဝန်မှ နှုတ်ထွက်သွားသည့် ၀န်ကြီးချုပ် မန်းဂျော်နီအစား မြန်အောင် မဲဆန္ဒနယ်မှလွှတ်​​တော်​ ကိုယ်​စားလှယ် ဦးလှမိုးအောင်အား တာဝန်ပေး ခန့်ထားရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်သို့ အမည်စာရင်း ပေးပို့ခဲ့သည်။ NLDအစိုးရသက်တမ်း(၂) နှစ်နီးပါးရှိချိန်၊ ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းတွင် တိုင်းဒေသကြီး (၃)ခုမှ ၀န်ကြီးချုပ် တစ်ဦးနှင့် ၀န်ကြီး(၅)ဦး တို့ကို တာဝန်မှ နှုတ်ထွက်ခွင့် ပြုခဲ့ပြီး အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်ကို မြှင့်​တင်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ နေရာအတွက်​ ဦးအောင်ကျော်ခိုင်၊ လူမှုရေးဝန်ကြီး ဒေါက်​တာလှမြတ်သွေးနှင့် လ​ပွတ္တာအမတ် ဒေါ်စန်းစန်းမြင့်တို့ ရေပန်းစားခဲ့ပြီး နိုင်ငံတော်သမ္မတ က ဦးလှမိုးအောင်ကို အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။ လစ်လပ်​နေ​သော ဝန်ကြီးချုပ်​နေရာကို အစားထိုးခန့်အပ်ရန် ဧရာဝတီ တိုင်း​ဒေသကြီး လွှတ်​​တော်​၏ အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ(၅)ရက်နေ့က ခေါ်ယူခဲ့သော်လည်း သမ္မတရုံးက အမည်​စာရင်း မ​ပေးပို့သဖြင့် ဇန်နဝါရီ (၁၈)ရက်နေ့သို့​ပြောင်းရွှေ့ ကျင်းပ ခဲ့ရသည်။ source_The Nyang News

Read More

မြောက်ဦးမြို့၌ လူစုလူဝေးဖြစ်ပေါ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ရှိ နန်းတော်ရာကုန်း၌ ရခိုင်ဘုရင့် နိုင်ငံတော် အချုပ် အခြာအာဏာ ကျဆုံးသည့် (၂၃၃) နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ရန်ကိစ္စနှင့် ပတ်သက်၍ တားမြစ်မှုအပေါ် မကျေနပ်သဖြင့် ဇန်န၀ါရီ ၁၆ ရက် ည ၇ နာရီခန့်တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းတို့က မြောက်ဦးမြို့ အတွင်း ကြွေးကြော်သံများဖြင့် လှည့်လည် စဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ရဲလုပ်ငန်းများနှင့် အညီ အဆင့်ဆင့် တားမြစ်ခဲ့သော်လည်း အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် သေနတ်ဖြင့် သတိပေး ခြောက်လှန့်ပစ်ခတ်ခြင်း၊ လူစုကွဲစေရန် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့မှုကြောင့် အမျိုးသား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင် လူစုလူဝေးမှ ကျောက်ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ထိခိုက်ဒဏ်ရာ များရရှိပြီး ခရိုင်အထွေထွေအုပ် ချုပ်ရေးမှူးရုံးဝင်း အတွင်း ၀န်ထမ်း ဆိုင်ကယ်အချို့ပျက်စီးခြင်း၊ ဌာန ပိုင် မော်တော်ယာဉ် အချို့ပျက်စီးခြင်း၊ ရုံးခန်းနှင့် မှန်တံခါးများ ပျက်စီးခြင်း စသည်ဖြင့် ပျက်စီးမှု အချို့ရှိခဲ့ကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် တာဝန်ရှိသူများ က ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ source_moi

Read More

ဝန်ကြီးချုပ်အသစ်ခန့်အပ်မည့် ဧရာဝတီတိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေး ရက်ရွှေ့ဆိုင်

လစ်လပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နေရာ အစားထို့ခန့်အပ်ဖို့အတွက် ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူထားပေမယ့် လွှတ်တော်အစည်းအဝေးကို ဇန်န၀ါရီ ၁၈ ရက်ကို ရက်ရွှေ့ဆိုင်းလိုက်ပါ တယ်။ သမ္မတရုံးက ဝန်ကြီးချုပ်နာမည်စာရင်း အဆိုပြုစာ မရောက်ရှိသေးတဲ့အတွက် ရက်ရွှေ့လိုက်တာလို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ မီဒီယာတွေ လေ့လာသူတွေ ရောက်ရှိစောင့်ဆိုင်းနေ ကြပေမယ့် မနက် ၁၀ နာရီကျော်မှာ အစည်းအဝေး ရက်ရွှေ့ဆိုင်းကြောင်း လွှတ်တော်က ကြေညာခဲ့တာပါ။

Read More

ယန်ဟီးလီကို မြန်မာအစိုးရ ပြည်ဝင်ခွင့်မပေး

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက မြန်မာပြည်ကို လာရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေ လာရောက်လေ့လာလိုတဲ့ အပေါ် မြန်မာအစိုးရက ခွင့်မပြုခဲ့ဘူးလို့ ကုလသမဂ္ဂဘက်က ဒီဇင်ဘာလ ၂၀ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ မစ္စယန်ဟီးလီ အနေနဲ့ လာမဲ့ ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။ တကယ်လို့ သူ့အနေနဲ့ လာရောက်ခွင့်ရခဲ့ရင် ရိုဟင်ဂျာ မွတ်ဆလင်အရေးအပါအ၀င် လူ့အခွင့်အရေးချိုးအခြေအနေတွေကို လေ့လာဖို့ ရည်ရွယ်ထားခဲ့တာပါ။ မြန်မာအစိုးရရဲ့ အခုလို ငြင်းပယ်တဲ့ ဆုံးဖြတ်ချက်ကို နားမလည်တဲ့အပြင် စိတ်ပျက်မှုပါ ဖြစ်ရတယ်လို့ မစ္စယန်ဟီးလီက ပြောပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်မှု မရှိတာဟာ ရခိုင်ပြည်နယ်အပါဝင် အခြားဒေသတွေမှာ အခြေအနေဆိုးဝါးနေတာကို ညွှန်းဆိုနေ တာဖြစ်တယ်လို့လည်း ယန်ဟီးလီက ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်က မြန်မာအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံတမန်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောခဲ့ပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်က ကျွန်မရဲ့ မြန်မာ နိုင်ငံခရီးစဉ်အပြီး ကြေညာ ချက်ထုတ်ပြန်ပြီးကတည်း မရှိတော့ဘူးလို့လည်း ယန်ဟီးလီက ပြောပါတယ်။ မြန်မာအစိုးရဘက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ မစ္စယန်ဟီးလီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အစီအရင်ခံစာဟာ ဘက်လိုက်ပြီး မျှတမှုမရှိဘူးလို့ ပြောထားပါတယ်။ source_bbc burmes

Read More