ရေနွေးသောက်ခြင်းဟာ အလှအပအတွက်လည်း အကျိုးရှိပါတယ်

 နုပျိုစေခြင်း ကြီးရင့်အိုမင်းလာခြင်းဟာ သဘာဝဖြစ်ပေမယ့် အရွယ်မတိုင်မီ အိုမင်းခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကိုကာကွယ်ဖို့အတွက်ေ ရနွေး သောက်ပေးနိုင်ပါတယ်။ ရေနွေးက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို လျင်မြန်စွာ စွန့်ပစ်ပေးနိုင်ပြီး ဓာတ်တိုးပစ္စည်း များကို လျော့နည်းစေနိုင်တဲ့အတွက် အသားအရေ နုပျိုစေနိုင်ပါတယ်။ ဒါ့အပြင် အရေပြား ကလာဒ်စည်း ဆဲလ်အသစ်ဖြစ်ခြင်းကို အားပေးတဲ့အတွက် ချောမွေ့တဲ့အသားအရေကို ရရှိစေနိုင်ပါတယ်။  ဝက်ခြံနဲ့ အမည်းစက်တွေကို ကာကွယ်ပေးခြင်း ဟော်မုန်းဓာတ်တွေနဲ့ ဘက်တီးရီးယား ပိုးမွှားတွေကြောင့် ဝက်ခြံ ဖြစ်လာတတ်ပါတယ်။ အဆီပြန်တဲ့ အသားအရေမှာ ဆဲလ်သေတွေ စုပုံလာပြီး ဝက်ခြံ ဖြစ်တတ်ပါတယ်။ ရေနွေးသောက်ခြင်းဖြင့် ဘက်တီးရီးယား ပိုးမွှားတွေကို သေစေနိုင်ပြီး ဆဲလ်အသစ် ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ကျန်းမာလှပတဲ့ အသားအရေကို ရစေခြင်း ရေဓာတ် ဆုံးရှုံးခြင်းက အသားခြောက်စေနိုင်ပါတယ်။ ဒါကြောင့် ရေဓာတ် ပြည့်ဝပြီး သွေးလှည့်ပတ်မှု ကောင်းစေနိုင်တဲ့ ရေနွေး ကို သောက်သုံးပြီး ဝင်းမွတ်စိုပြေတဲ့ အသားအရေကို ရယူလိုက်ပါ။  အရေပြား ပိုးဝင်မှုကို ပျောက်ကင်းစေနိုင်ခြင်း ဝက်ခြံ၊ မှည့်ခြောက်၊ နှင်းခူ၊ ကာလဝမ်းစတဲ့ ပိုးမွှားရောဂါမျိုးစုံအတွက် ကောင်းမွန်ပါတယ်။ ရေကို ကျွတ်ကျွတ်ဆူ သောက်တဲ့အခါ ပိုမိုသန့်စင်တဲ့အတွက် ပိုးမွှားများကို သေစေနိုင်ပါတယ်။  ဆံပင်ကို သန်မာစေခြင်း ရေနွေးသောက်ခြင်းဖြင့် ဆံကေသာကို အရင်းကနေ အားဖြည့်ပေးပြီး နက်မှောင်တောက်ပစေပါတယ်။  ဆံပင် အရှည်မြန်စေခြင်း ရေနွေးက ဆံပင်အရှည်…

Read More

ရေချိုးရင် ဒီလိုအကျင့်တွေ ရှိလား? ပြင်ဖို့ လိုတယ်နော်

 ခြေထောက်ကို သေချာမပွတ်တိုက်ခြင်း ခြေထောက်မှာရှိတဲ့ မှိုတွေနဲ့ ခြေချောင်းကြားလေးတွေထဲမှာ ခိုကပ်နေတဲ့ ဘက်တီးရီးယားပိုးတွေ ကင်းစင်ဖို့အတွက် ရေချိုး တဲ့အခါမှာ ခြေထောက်ကို သေချာပွတ်တိုက်ပြီး သန့်ရှင်းပေးရပါမယ်။ ဆပ်ပြာအပျော့စားကို သုံးပြီးတော့ ခြေချောင်းတွေ ကြား ကို သေချာဆေးပေးပါ။ ပြီးရင် သေချာ ခြောက်အောင်သုတ်ပါ။ အထူးသဖြင့်တော့ ခြေချောင်းတွေကြားမှာ ခြောက်နေဖို့ အရေးကြီး ပါတယ်။ ရေချိုးရင် ကြေးတွန်းသုံးတဲ့ဟာ (သပွတ်အူ) ကို ရေချိုးခန်းထဲမှာပဲ ထားခြင်း ရေချိုးပြီးတဲ့အခါမှာ ကြေးတွန်းတဲ့ဟာကို ရေချိုးခန်းထဲမှာပဲ တွဲလွဲချိတ်ခဲ့လေ့ ရှိပါတယ်။ တကယ်တော့ ဒါက ခြောက်သွေ့နေမှသာ ပိုးတွေ မပေါက်ဖွားမှာပါ။ သပွတ်အူကို သုံးပြီး ကြေးတွန်းတဲ့အခါမှာ ဆဲလ်သေတွေက ဒီထဲမှာ ကျန်ခဲ့ပြီးတော့ ဘက်တီးရီးယားပိုးတွေ ပေါက် ဖွားနိုင်ပါတယ်။ ဒီတော့ ဒါကို သုံးပြီးရင် သေချာဆေးပြီးတော့ ခြောက်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဒါကို ခြောက်သွေ့တဲ့နေရာမှာ လှန်းထားတာက ရေချိုးခန်းထဲမှာ ထားတာထက်စာရင် ဘက်တီးရီးယားပိုးတွေ ပေါက်တာကို နည်းစေနိုင်ပါတယ်။  ရေချိုးပြီးရင် တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခြင်း တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ပြီး ရေသုတ်တာက နူးညံ့တဲ့အရေပြားကို သွားပြီး ထိခိုက်စေပါတယ်။ ဒီတော့ နူးညံ့တဲ့ အမွေးပွတဘက်လေးနဲ့ ညင်ညင်သာသာပဲ ပွတ်တိုက်ပါ။  နေ့တိုင်းခေါင်းလျှော်ခြင်း နေ့တိုင်းခေါင်းလျှော်တာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ပြောတာ ကြားဖူးကြမှာပါ။ ဒီတော့ ဘယ်လောက်လျှော်တာကို များတယ်လို့…

Read More

လူတိုင်းလိုလိုကြိုက်ကြတဲ့ ချောကလက်လေးတွေအကြောင်း

ချောကလက်ရဲ့ ကောင်းကျိုးတွေက. . . ပထမဆုံး အချက်က အရမ်းအရသာရှိတယ်. . . နောက်ထပ်တစ်ချက်ကတော့ ချောကလက်က စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်တဲ့. . . အလုပ်ခွင်မှာ ပင်ပန်းလာတဲ့ အခါ၊ ကျောင်း သား ကျောင်းသူ တွေ စာကျက်ရတာကြာလာလို့ ခေါင်းမကြည်ဖြစ်လာတဲ့အခါ ချောကကလက် တစ်ပိုင်း နှစ်ပိုင်း ကို စားကြည့်လိုက်ပါ။ ချောကလက်ထဲမှာပါတဲ့ Flavonoids လို့ခေါ်တဲ့ သဘာဝဓာတ်တွေက ဦးနှောက် ကို သွေးလည်ပတ်မှု များစေတာကြောင့် စိတ်ကိုပေါ့ပါးပြီး စိတ်ကူးကောင်းလေးတွေကိုလည်း ဖြစ်စေပါသတဲ့. . . ချောကလက်က စိတ်ဓာတ်ကျတာတွေ စိတ်အလိုမကျဖြစ်တာတွေကို လျော့ပါးသက်သာစေတဲ့ ဆေးကောင်း တစ်လက် လည်း ဖြစ်ပါတယ်။ ခုပြောပြမယ့်အချက်က မမ၀၀လှလှလေးတွေအတွက် သတင်းကောင်းပေါ့နော်. . . ချောကလက်ကို သင့်တင့်ရုံ လေး ပုံမှန်စားရင် လေ့ကျင့်ခန်းလုပ်တဲ့အချိန်ထွက်တက်တဲ့ အဆီကျစေတဲ့ endorohin ဆိုတဲ့ဟော်မုန်းကို ရပါတယ်။ ဒါဆို ချောကလက်လေးစားပြီး ၀ိတ်ထိန်းလို့ ရပြီပေါ့။ နောက်ဆုံးတစ်ချက်ကတော့ ချောကလက်က နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီးတော့ အိုမင်းရင့်ရော် ခြင်း ကို ဖြစ်စေတဲ့ မကောင်းတဲ့ ဓာတ်တိုးအဆိပ်တွေကိုလည်း လျော့ကျစေပါတယ်။ အမျှင်ဓာတ်, iron, magnesium, selenium စတဲ့ လိုအပ်ချက်တွကိုလဲ ဖြည့်ပေးနိုင်ပါတယ်။ နေရောင်ခြည်ဒါဏ်ကိုလည်း အလိုအလျောက် ကာကွယ်ပေးပါတယ်တဲ့နော်။ အရေးကြီးဆုံးကဘာလဲဆိုတော့…

Read More

အကြောပြတ်တာကို သက်သာစေမယ့် နည်းလမ်းတွေက ဘာတွေဖြစ်မလဲ

အမျိုးသမီး အများစုမှာဆိုရင်တော့ ကိုယ်ဝန်ဆောင်ပြီးချိန်မှာ ဗိုက်ကြောပြတ်တာတွေဖြစ်တက်ပါတယ်။ ၀လိုက် ပိန်လိုက် ဖြစ် တဲ့သူတွေလည်း အကြောပြတ်တက်ပါတယ်။ ဟော်မုန်းမညီမျှတာကြောင့် အကြောပြတ်တာ မျိုး တွေ ဖြစ်ပေါ်လာတာပါ။ အကြောပြတ်လေ့ရှိတဲ့ ခန္ဒာကိုယ်အစိတ်အပိုင်းတွေကတော့ ဗိုက်သား၊ တင်ပါး၊ ရင်သား၊ လက်မောင်းသား နဲ့ ပေါင်သားတွေမှာ အများဆုံးဖြစ်တက်ပါတယ်။ အခုလိုမျိုး အကြောပြတ်တာက ဒီအတိုင်းထားရင်တော့ အရှင်းမပျောက်နိုင်ပါဘူး. . . သဘာဝနည်းလမ်း တွေ နဲ့ ကုသလို့ရပါတယ်။ သက်သာစေမယ့်နည်း(၃) မျိုး. . . . (၁) ကြက်ဆူဆီ ။ ။ ကြက်ဆူဆီကို ၀ါဂွမ်းနှစ်ပြီး အကြောပြတ်တဲ့နေရာတွေမှာလိမ်းပေးပါ။ ပြီးရင်အသားထဲစိမ့်ဝင်သွားတဲ့အထိ မိနစ်အနည်းငယ်ပွတ်လိမ်းပေးပါ။ နေ့တိုင်းပြုလုပ်ပေးပါ။ (၁) လလောက်ဆိုရင် သိသာလာပါလိမ့်မယ်။ (၂) အုန်းဆီ ။ ။ အုန်းဆီမှာ အသားအရေစိုပြေစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အကြောပြတ်တာ တွေ ကို သက်သာစေပါတယ်။ အုန်းဆီခဲကို လက်ဝါးမှာအရင်ပွတ်လိမ်းလိုက်ပြီး ဗိုက်ကြောပြတ်တဲ့နေရာတွေ မှာ လိမ်းပေးပါ။ အသားထဲစိမ့်ဝင်သွားတဲ့အထိ ပွတ်လိမ်းပေးပါ။ တစ်နေ့ကို(၂) ကြိမ်ပြုလုပ်ပေးပါ။ (၁) လလောက်ဆိုရင် သက်သာသွားမှာ ဖြစ်ပါတယ်။ (၃) ဗီတာမင် E ။ ။ ဗီတာမင် Eအဆီကို ၀ယ်ပါ။ ပြီးရင် ၀ါဂွမ်းမှာစွတ်ပြီး အကြောပြတ်တဲ့နေရာမှာ လိမ်းပါ။ ပြီးရင် ငြင်သာစွာ ပွတ်လိမ်းပေးပါ။…

Read More

ကျန်းမာရေးကောင်းစေမယ့် သက်စောင့်ဓာတ်တွေအကြောင်း

အလွယ်တကူ ဖျားနာခြင်းကို ကာကွယ်ဖို့အတွက် ခိုင်မာကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်တစ်ခု လိုအပ်ပါတယ်။ ကိုယ်ခံအားစနစ် အားကောင်းနေဖို့အတွက် မရှိမဖြစ် အရေးပါတဲ့ သက်စောင့်ဓာတ်တွေကို Pissaya News ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ တကယ်လိုအပ်တဲ့ ဗီတာမင်ဒီ ဗီတာမင်ဒီဓာတ် ချို့တဲ့တာဟာ အရိုးနဲ့သွားတွေ ဖွံ့ဖြိုးခြင်းမှာ အဟန့်အတား ဖြစ်စေတဲ့အပြင် ကိုယ်ခံအားစနစ်နဲ့  နှလုံးသွေးကြော စနစ်ကို ထိခိုက်စေပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်ကနေ ရရှိနိုင်တဲ့အပြင် – ● ကြက်ဥအကာ ● မှိုအမျိုးမျိုး ● ဆော်လမွန်ငါး ● တူနာငါး ● အမဲအသည်း တွေ စားသုံးခြင်းကနေ ရရှိနိုင်ပါတယ်။ ဗီတာမင်စီ ပြည့်ဝ ကျန်းမာမှ အဆင်ပြေပါမယ် နာမည်ကျော် ဗီတာမင်စီကတော့ အများသိကြတဲ့အတိုင်း ကိုယ်ခံအား တက်လာစေမယ့် အဓိက တွန်းအားဓာတ်ပါပဲတဲ့။ သုတေ သနတွေအရ နာမကျန်းဖြစ်နေတဲ့ လူတွေကို ဗီတာမင်စီ ဖြည့်စွက် တိုက်ကျွေးလိုက်တဲ့အခါ မြန်မြန်နေကောင်း ကျန်းမာလာကြတာကို တွေ့ရပါတယ်တဲ့။ ဗီတာမင်စီ ပြည့်ဝနေတဲ့ အစားအစာတွေကတော့ – ● ဆီးဖြူသီး ● ငရုတ်သီးစိမ်း ● ငရုတ်ပွတောင့် ● သံပရာသီး၊ ရှောက်သီး ● မရမ်းသီး ● ဖန်ခါးသီး တို့ ဖြစ်ပါတယ်။ ဆီးဖြူသီးမှာ သံပရာသီးထက် ဗီတာမင်စီ အဆများစွာ ပါဝင်နေပါတယ်တဲ့။ လတ်ဆတ်တဲ့…

Read More

ညအိပ်ရာမ၀င်ခင် မျက်နှာသစ်ကြစို့

ညဘက်မှာ ညဥ့်နက်အောင်နေပြီး အရမ်းအိပ်ချင်နေတဲ့အချိန်မှာ မျက်နှာသစ်ရမယ်ဆိုတော့ နည်းနည်းတော့ ရက်စက်တယ်လို့ ထင်မှာတယ်။ ဒါပေမဲ့ ညမအိပ်ခင်မှာ လုပ်ရမယ့်စာရင်းတွေရှိပါတယ်။ မျက်နှာသစ်တာ၊ သွားတိုက်တာ၊ ညအိပ်ဝတ်စုံလဲတာ၊ နာရီနှိုးစက်ပေးတာ စသဖြင့်ပေါ့။ ဒီစာရင်းကို ပြည့်အောင်လုပ်ဖို့ အားမရှိတော့ဘူး ဆိုရင်တောင် မျက်နှာလေးတော့ သစ်သင့်ပါတယ်။ >> ဘာကြောင့် မဖြစ်မနေ လုပ်ရတာလဲ? မျက်နှာမသစ်ဘဲ အိပ်တာက ဝက်ခြံတွေ ပေါက်စေတယ်နော်။ ဒါကတော့ ရှင်းပါတယ်။ မျက်နှာကို ပုံမှန်မသစ်ရင် ချွေးပေါက်တွေ ပိတ်ပြီးတော့ ဝက်ခြံထွက်စေတတ်တယ်။ တစ်နေကုန် လိမ်းထားတဲ့မိတ်ကပ်တွေ၊ တစ်နေကုန် ဖုန်း၊ Gym ပစ္စည်းတွေ၊ တခြားလူတွေနဲ့ ထိတွေ့မိတဲ့ အမှိုက်အမှုန်တွေက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားစေတယ်။ ညဘက်မှာ အရေပြားအသစ် ပြန်လည်မွေးဖွားဖို့ အချိန်လိုတယ်။ ညဘက်မှာ ကောင်းကောင်းအိပ်မှ မနက်ခင်းမှာ အသားအရေ လှမယ်ဆိုတာ ၁၈၂၈ ခုနှစ်ကတည်းက သိပြီးသား ဖြစ်မှာပါနော်။ ညဘက်မှာ အိပ်နေနေ၊ မနေနေ အရေပြားဆဲလ်တွေ ပွားနှုန်းအမြန်ဆုံးဖြစ်ပြီး အရေပြားတွေကို ပြုပြင်ပေးတယ်။ ဒီလိုပွားနေ ပြင်နေချိန်မှာ အာဟာရဓာတ်တွေ လိုအပ်ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်။ အခုခေတ်ကမ္ဘာကြီးရဲ့ ညစ်ညမ်းလေထုထဲကနေ အရေပြားကို ကာကွယ်ဖို့ လိုတယ်။ နေ့ဘက်မှာ သဘာဝထွက်နေတဲ့ အဆီတွေ၊ ချွဲတွေအပြင် ပတ်ဝန်းကျင်က အမှုန်အမှိုက်တွေ လာစုနေတဲ့အတွက် အရေပြားအပြင်လွှာဟာ ညစ်ပတ်နေတယ်။ အပြင်ဘက်က…

Read More

ညအိပ်စဉ် အလွန်အမင်းချွေးထွက်ခြင်း

1. ညအိပ်စဉ်ချွေးပြန်ခြင်းနှင့် ပတ်သက်၍ ထင်ရှားသည့်အချက်များ (1) ညအိပ်စဉ် ချွေးပြန်ခြင်း (Night Sweats) သည် အဝတ်အစားများသာမက အိပ်ရာပါရွှဲရွှဲစိုစေသည် အထိ ချွေးပြန်စေ တာဖြစ်ပါတယ်။ (2) အိပ်ခန်းသည် သက်တောင့်သက်သာရှိသည်အထိ အေးမြနေသော်လည်း ညအိပ်စဉ်ချွေးပြန်ခြင်းဖြစ်ပေါ်နိုင် ပါတယ်။ (3) ဟော်မုန်းဓာတ်များအပြောင်းအလဲဖြစ်ပေါ်ခြင်းသည် ညဘက်ချွေးပြန်ခြင်းကို မကြာခဏဖြစ်ပေါ်စေ တတ်ပါတယ်။ ချွေးပြန်တယ်ဆိုတာဟာ ကိုယ်ခန္ဓာကိုအေးမြစေတဲ့နည်းလမ်းတစ်ခုပါ။ နေ့ဘက်အချိန်တွေမှာ လူတိုင်းချွေးထွက်တတ်ပါတယ်။ ဒါပေမယ့် တချို့လူတွေမှာ ညဘက်ကျမှပိုပြီး အလွန်အမင်းချွေးပြန်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ညဘက်ဇောချွေးပြန်ခြင်း ဟာ စောင်အထူကြီးတွေခြုံမိလို့ ရိုးရိုးချွေးပြန်တာမျိုးနဲ့ မတူပါဘူး။ ညဝတ်အင်္ကျီတွေ၊ အိပ်ရာခင်းတွေ ရွှဲရွှဲစိုတဲ့အထိကိုဖြစ်စေတာပါ။ အိပ်ရာခင်းတွေနဲ့ ခေါင်းအုံးတွေ ရွှဲရွှဲစိုလွန်းလို့ ဆက်ပြီးအိပ်စက်လို့ မရနိုင်ဖြစ်တတ်ပါတယ်။ ရေကူးကန်ထဲကို ခုန်ချရသလိုခံစား ချက်မျိုးလို့ night sweats ဖြစ်ပေါ်သူ တချို့က ၄င်းတို့ အတွေ့အကြုံကို ဖော်ပြတတ်ကြပါတယ်။ ညဘက်အခန်းထဲမှာအေးနေ ရင်တောင် အလွန်အမင်းဇောချွေးပြန်ခြင်းဖြစ်ပေါ်ပါတယ်။ 2. ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ (1) ကင်ဆာ ညအိပ်စဉ်အလွန်အမင်းချွေးပြန်ခြင်းဟာ အောက်ပါကင်ဆာအကျိတ်ရောဂါတွေရဲ့ ကနဦးပိုင်းလက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။ – သွေးကင်ဆာ (Leukemia) – ပြန်ရည်အိတ် (ပြန်ရည်ကြောကျိတ်)ကင်ဆာ (Lymphoma) – ကင်ဆာကဲ့သို့သော အကျိတ်အဖုရောဂါ (Carcinoid tumors) – အရိုးကင်ဆာ (Bone Cancer) – အသည်းကင်ဆာ (Liver Cancer)…

Read More

ရင်ဘတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းများ

1. အရည်များများ သောက်ပါ။ အရည်တွေက အချွဲတွေကို ကျဲသွားစေပါတယ်။ အထူးသဖြင့် ရေနွေးနွေးက ရင်ဘတ်နဲ့ နှာခေါင်းရှိ ချွဲသလိပ်တွေကို သန့်စင်ပေးပါတယ်။ ဒါက နှာပိတ်ခြင်းကို သက်သာစေပါတယ်။ ရေ၊ ကြက်ခေါက်ဆွဲစွပ်ပြုတ်၊ ပန်းသီးဖျော်ရည်နွေးနွေး၊ ကဖင်းဓာတ်မပါတဲ့ လက်ဖက်စိမ်းဖျော်ရည်တွေ သောက်ပေးပါ။ 2. ဇလုံနှင့် တဘက်ကို အသုံးပြုပြီး ရေနွေးငွေ့ရှုပါ။ ရေနွေးငွေ့တွေကို လိုချင်တဲ့နေရာမှာ ပိုပြီးတိတိကျကျ ရဖို့အတွက် ဘေစင်ထဲမှာ ဇလုံကြီးကြီးတစ်ခု ထည့်ပြီး ရေပူ အပြည့် ဖြည့် ပါ။ ပြည့်ပြီဆိုရင် ဇလုံအပေါ်မှာ ခန္ဓာကိုယ်ကို ကိုင်းထားပြီး ခေါင်းမှာ တဘက်တစ်ခု ခြုံလိုက်ပါ။ ရေနွေးငွေ့တွေ မျက်နှာဆီ ကို ရောက်ပါစေ။ အပူချိန် အရမ်းများလာရင် (သို့) သက်သောင့်သက်သာ မဖြစ်ဘူးဆိုရင် ခေါင်းကို ပြန်မော့လိုက်လို့ ရပါတယ်။ ပြီးရင်တော့ ရေအေးအေးလေးတစ်ခွက် ပြန်သောက်လိုက်ခြင်းဖြင့် အေးသွားစေပြီး ရေဓာတ် ပြန်လည်ပြည့်ဝစေနိုင်ပါတယ် 3. ပျားရည်သောက်ပါ။ ချောင်းဆိုးခြင်း၊ နှာပိတ်ခြင်းများအတွက် ပျားရည်က အစွမ်းထက်ပါတယ်။ တခြား ချောင်းဆိုးပျောက်ဆေးရည်တွေ သောက်သလိုပဲ ပျားရည်ကိုလည်း တစ်နေ့ 2 ဇွန်းလောက် သောက်ပေးပါ။ ဒါပေမယ့် အသက် 1 နှစ်အောက် ကလေးတွေကိုတော့ ပျားရည် လုံးဝ မတိုက်ရပါဘူး။ 4. အဆီရှူပါ။ (သို့) ပရုတ်ဆီလိမ်းပါ။ အချို့သော အဆီတွေက…

Read More

မနက်ခင်းမှာ လန်းလန်းဆန်းဆန်း နိုးထနိုင်ဖို့

၁။ နာရီ နှိုးစက်ကို ပိတ်ပြီး ပြန်အိပ်ခြင်းက ပိုပြီးအိပ်ချင်မူးတူး ဖြစ်စေကာ မလန်းမဆန်း ဖြစ်စေနိုင်ပါတယ်။ ၂။ မနက်ခင်း နေရောင်ခြည်ဝင်စေရန် ခန်းဆီးလိုက်ကာတွေကို ဖွင့်လိုက်ခြင်းက ပိုပြီးနိုးနိုးကြွကြွ ဖြစ်စေနိုင်ပါတယ်။ ၃။ ဒီနေ့ ဘာတွေပြီးအောင် လုပ်မယ်ဆိုတာ မိမိကိုယ်ကို ပြန်ပြောပါ။ ၄။ မနက်စာ ကောင်းကောင်းစားခြင်းက စိတ်ခံစားမှု၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။ ၅။ မနက်ခင်း စောစောစီးစီး လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် နှလုံးခုန် မြန်စေပြီး သွေးလည်ပတ်မှု ကောင်းစေကာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ Credit – Dr. Mya Phoo Ngon (www.drmyanmar.com)

Read More

အကျိုးများတဲ့ ပဲပိစပ်

 ပဲပိစပ်၏ကောင်းကျိုးများ ပဲပိစပ်နဲ့ပြုလုပ်ထားတဲ့ တို့ဖူး၊ ပဲနို့ စတဲ့အစားအစာတွေကို ကိုလက်စရောပါဝင်မှုများတဲ့ တိရိစ္ဆာန်မှ ရရှိတဲ့အစားအ စာတွေရဲ့နေရာမှာ အစားထိုးပြီးစားသုံးသင့်ပါတယ်။ ပဲပိစပ်မှာဆိုရင် ဗီတာမင် B နဲ့ omega 3 fatty acid ကဲ့သို့သော အာဟာရဓာတ်များစွာပါဝင်ပါတယ်။ ပဲပိစပ်ကနေရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့နှလုံးသွေးကြောရောဂါများ – ပဲပိစပ် တစ်နေ့လျှင် အနည်းဆုံး 25 g စားသုံးခြင်းဖြင့် ကိုလက်စရောနဲ့ မကောင်းတဲ့ LDL ဆိုတဲ့ ကိုလက်စထရောဓာတ်ကို ကျဆင်းစေပါတယ်။ ကင်ဆာရောဂါ – ပဲပိစပ်မှာ အမျိုးသမီးဟော်မုန်း အီစရိုဂျင်နဲ့တူတဲ့ phytoestrogen ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ လျော့ကျစေပါတယ်။ အမျိုးသမီးများသွေးဆုံးပြီးနောက် ခံစားရသောရော ဂါလက္ခဏာများ – ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ အရိုးပွခြင်းကဲ့သို့သော သွေးဆုံးရင်ကြုံတွေ့ရတတ်တဲ့ လက္ခဏာတွေကိုလည်း သက်သာစေပါတယ်။ စဉ်းစားသင့်သည့်အချက်များ ပဲပိစပ်မှာ အကျိုးပြုတဲ့အာဟာရဓာတ်တွေများစွာပါဝင်ပေမယ့် လူတိုင်းနဲ့မတည့်ပါဘူး။ လူအများအပြား အထူးသဖြင့် ကလေးနဲ့ တစ်နှစ်အောက်ကလေးငယ်တွေက ပဲနို့နဲ့ ဓာတ်မတည့်တာတွေဖြစ်တတ်ပါတယ်။ ဓာတ်မတည့်ဘူးဆိုရင်တော့ ပဲနို့လုံးဝရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင်အချို့သောအမျိုးသမီးတွေမှာ ပဲပိစပ်ထဲမှာပါဝင်တဲ့ phytoestrogen ကြောင့် ဟော်မုန်း ပမာဏတွေများ လာစေပြီးတော့ ကင်ဆာဖြစ်နိုင်ချေပိုများစေပါတယ်။ Credit – Dr. Mya Myo Myo Swe (www.drmyanmar.com)

Read More